#Myanmar_News
Published 15 Nov 2022
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အောက်တိုဘာ ၁၉ရက်က ပါဆယ်ထုတ်အတွင်း မိုင်းထည့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီလို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာက ကျူးလွန်သူများ ဖော်ထုတ်ဖမ်းဆီးရရှိရေးအတွက် အသွင်ယူသတင်းရယူ စုံစမ်းထောက်လှမ်းခြင်းနှင့် ခိုင်လုံသည့် လုံခြုံရေး မှတ်တမ်း အထောက်အထားများကို အခြေခံကာရရှိလာသော သတင်းတွေကို ကွင်းဆက်မပြတ် အပူတပြင်း လိုက်လံစုံစမ်းခဲ့ရာ အင်းစိန်ဗဟိုအကျဉ်းထောင်အား ဖောက်ခွဲမှုကျူးလွန်စဉ် မှတ်တမ်းတင် VIDEO ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက် Social Media ပေါ်တွင် ထုတ်လွှင့်ဖော်ပြခဲ့သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ (၁၃၁)ရပ်ကွက်၊ မြတ်လေးလမ်း၊ အမှတ်(၂၈၀)နေ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU (၂၅)နှစ် (ဘ)ဦးအောင်ကြီးအား အောက်တိုဘာလ ၂၅ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ ဒဂုံတက္ကသိုလ် မှတ်တိုင်၌ စတင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိသူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU က အဆိုပါ ဖောက်ခွဲမှုကို ၎င်း၏ ခင်ပွန်းဖြစ်သူ ကောင်းထက်(ခ)ဖိုးစီ(၂၅)နှစ်က ကျူးလွန်ခဲ့ကြောင်းထွက်ဆိုခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူ ကောင်းထက်(ခ)ဖိုးစီ(၂၅)နှစ် (ဘ)ဦးအောင်စိုးအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၁)ရပ်ကွက်၊ မြတ်လေးလမ်း၊ အမှတ်(၂၈၀)၌ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီ နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာမှာ ဖောက်ခွဲမှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် 9MM ကျည်(၃၀) တောင့်၊ ဒီတိုနေတာ(၂)ချောင်း၊ လက်လုပ်မိုင်းဖောက်ခွဲရာတွင်အသုံးပြုခဲ့သည့် A,B,C,D ခလုတ် များပါ Digital Remote Controller တစ်ခု၊ Vinric စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ Alkaline စာတန်းပါ ဓာတ်ခဲအသေးတစ်လုံး၊ ပေါက်ကွဲမှုဖြစ်ပွားမှုအား Video ရိုက်ကူးရာတွင် အသုံးပြုသည့် ဖုန်းနံပါတ် 09-750048060 ၊ 09-950357050 Sim Card ၂ ကတ်ပါ Tecno Pova Neo အမျိုးအစား နက်ပြာရောင်ဖုန်းတစ်လုံး၊ Sim Card ၂ ကတ်ပါ Oppo A 5s အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံး နှင့် ပြစ်မှုကျူးလွန်စဉ်က ကောင်းထက်(ခ) ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ ၂ ဦး ဝတ်ဆင်ခဲ့သည့်အဝတ်အစားများကို သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။
ကောင်းထက်(ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း Facebook လူမှုကွန်ရက်စာမျက်နှာ အသုံးပြု၍ “PDF Brother” Page မှသိခဲ့သည့် “စွန်ရဲ”အမည်ခံ အမျိုးသမီး(ဖမ်းဆီးရန်ကျန်)က Signal မှ ဆက်သွယ်ကာ ၎င်းအား “Special Task Agency Of Burma (STA) အထူးတာဝန် လုပ်ငန်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် လက်ခံကာ လစဉ်တစ်သိန်းကျပ်ရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇွန်လနှင့် ဩဂုတ်လများအတွင်း ၎င်းတို့အဖွဲ့ဝင်များအကြား လက်နက်ခဲယမ်းများအား သယ်ဆောင်ခြင်း၊ ပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းနှင့် ဇနီးဖြစ်သူ ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ) JULU ကိုလည်း STA ရဲ့ အဖွဲ့ဝင်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဝင်ရောက်စေခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ကောင်းထက်(ခ) ဖိုးစီသည် လက်လုပ်မိုင်းများထည့်ထားတဲ့ အထုပ်ကို အငှားယာဉ်ဖြင့်တင်ဆောင်ကာ ကျော်ဟိန်း (ဖမ်းဆီးရန်ကျန်)နှင့် ချိန်းဆိုထားသည့် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်အနီးရှိ ဒါရ်ကာဗလီသို့ သွားရောက်ခဲ့ပြီးနောက် ဗလီသို့ ရောက်ရှိချိန်တွင် ကျော်ဟိန်းနှင့်အတူ လက်လုပ်မိုင်းများဖြင့် ပါဆယ်ထုပ်ပြုလုပ်ရန် မုန့်များနှင့် တစ်ရှူးများဝယ်ယူ၍ ပါဆယ်ထုပ်များ ပြုလုပ်ခဲ့ပြီး ပါဆယ်ထုပ်များအတွင်း၌ လက်လုပ်မိုင်းများတပ်ဆင်ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သူက ထွက်ဆိုတယ်လို့သိရပါတယ်။
အဲဒီနောက် ကောင်းထက်(ခ)ဖိုးစီက ချမ်းမြေ့သူ(ခ)ဂျူးဂျူး(ခ)JULU အား Video ရိုက်ကူးရန် သတိပေးပြီးနောက် မြင့်မိုရ်လမ်းအတွင်းမှနေ၍ အဝေးထိန်း Remote Controller အားနှိပ်၍ ဖောက်ခွဲခဲ့ရာမှာ ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးအနက် ဝင်ပေါက်အနီးရှိ အမှိုက်ပုံး ပေါ်နှင့် ပါဆယ်လက်ခံသည့်ဌာန ကောင်တာပေါ်တို့တွင် ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၂ လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။
ကောင်းထက်(ခ) ဖိုးစီသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ သင်္ဃန်းကျွန်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်ထွေးနှင့် ဒုဦးစီးမှူး ဦးကျော်မိုးတို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် အခြေအနေ စောင့်ကြည့်ပေးခြင်းဖြင့် အကြမ်းဖက်မှုလုပ်ရပ်တွေကို ပူးပေါင်းပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အင်းစိန်ထောင်ပေါက်ကွဲမှုတွင် ပါဆယ်ထုပ် လာရောက်ပေးပို့သူ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြပါတယ်။
အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးရမိခဲ့တဲ့ ကောင်းထက်(ခ)ဖိုးစီနှင့် ချမ်းမြေ့သူ(ခ) ဂျူးဂျူး(ခ) JULU တို့ ၂ ဦးကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ၎င်းတို့နှင့် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိတယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။
#Ymg/knl
#Yangon_Media_Group
#Local_News
Published_14 November 2022
မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေမှာ စီးနင်းသူခရီးသည်ဦးရေဟာ ပိုများလာတာဖြစ်တဲ့အတွက် ယာဉ်အစီးရေမလုံလောက်တာဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#World_Expo
Published 14 November 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကျူဟိုင်မြို့မှာ ပြုလုပ်တဲ့ ၁၄ ကြိမ်မြောက်နိုင်ငံတကာလေကြောင်းနဲ့ အာကာသပြပွဲမှာ ခြေ ၄ ချောင်းပါတဲ့ တရုတ်နိုင်ငံထုတ်စက်ရုပ်ခွေးကို ပထမဆုံးထုတ်ဖော်ပြသခဲ့ပါတယ်။
#Yangon_Media_Group
#Myanmar_News
Published 14 Nov 2022
နစကဟာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီး(၂)ဦးကို တာဝန်မှအနားယူခွင့်ပေးလိုက်ပြီး အဆိုပါနေရာတွေအတွက်လည်း အစားထိုးခန့်အပ်မှုတွေ ယနေ့ပြုလုပ်ခဲ့ပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့ကို တာဝန်မှအနားယူခွင့်ပေးခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးအား စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန် ပူးတွဲထမ်းဆောင်ရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ်အဖြစ် ဦးမျိုးသန့်ကို ခန့်အပ်ကြောင်း နစက အတွင်းရေးမှူးလက်မှတ်ရေးထိုး၍ အမိန့်ကြေညာစာ(၄)ခု ယနေ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
#Yangon_Media_Group



Published 14 Nov 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တွေ့ဆုံကြပြီး ထိပ်သီးဆွေးနွေးမှုကို စတင်ခဲ့ကြပါတယ်။
နှစ်နိုင်ငံဟာ ကြီးထွားလာနေတဲ့ ခြားနားမှုတွေကို စီမံထိန်းသိမ်းနိုင်ပြီး ပဋိပက္ခတွေရှောင်ရှားနိုင်ကြလိမ့်မယ်လို့ နှစ်ဦး စလုံးက ပြောကြပါတယ်။
သူတို့ဟာ ဘာလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်ခင် တွေ့ဆုံကြတာဖြစ်ပြီး အစည်းအဝေးမစတင်ခင်မှာ နှစ်နိုင်ငံအလံတွေရှေ့မှာ လက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်။
ရာသီဥတုပြောင်းလဲခြင်းကစပြီး စားနပ်ရိက္ခာနှင့်လုံခြုံရေးတွေအထိ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို တရုတ်နှင့်အမေရိကန်ဟာ ဖြေရှင်းဖို့ အဓိကျတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ရမယ်လို့ ကမ္ဘာကြီးက မျှော်လင့်ထားတယ် လို့ဘိုင်ဒင်ကပြောပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေး လက်ရှိအနေအထားက ကျွန်တော်တို့အားလုံးအတွက် စိတ်ပူပန်မှုဖြစ်စေပါတယ်။ အနေအထားဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိသလို နိုင်ငံတကာ လူ့အသိုက်အဝန်းရဲ့ မျှော်လင့်ထားမှုတွေရဲ့ မျှော်လင့်ချက်တွေအပေါ်မှာလည်း ကျေနပ်စရာမကောင်းပါဘူးလို့ ရှီကျင့်ဖျင်က ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
ရုပ်သံကြည့်ရန်>>>>https://fb.watch/gN_QahC6Gy/
Source: AFP
#Biden_Xi_Summit
#Bali_US_China_Summit
#G-20_Bali
#Local_News
Published_ 14 November 2022
မြန်မာနိုင်ငံနေအမျိုးသမီးတွေအနေနဲ့ မိမိတို့ရဲ့လုံခြုံရေးအတွက် ဥပဒေအရအကျုံးဝင်တဲ့ လုံခြုံရေးသုံးပစ္စည်းတွေဆောင်ထားနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေဒေါ်ပွင့်တင်မကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 14 November 2022
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုနှင့် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်းကြောင့် အချိန်အခါမဟုတ်မိုးရွာ၊ မိုးသည်းထန်မိုးကြိုးပစ်၊မိုးသီးကြွေနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်၊၊
နိုဝင်ဘာလ(၁၄)ရက်ညနေပိုင်းကထုတ်ပြန်သည့် အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက်တွင် သတိပေးထားသည်၊၊
ထုတ်ပြန်ချက်တွင် “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ နိုဝင်ဘာ(၁၆)ရက်မှ(၂၀)ရက်အတွင်းကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိလေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသေ ာလေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများဖြစ်ပေါ်နေခြင်းကြောင့်လည်းကောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် နေပြည်တော်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါသည်။”ဟုဖော်ပြထားသည်၊၊
ဒါကြောင့်မို့လို့ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့် အတူမိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ကြောင်း ထုတ်ပြန်ထားသည်၊၊
ymg/tthl
#Yangon_Media_Group

#Local_News
Published _ 14 November 2022
လက်ရှိတွင် ကြက်သွန်ဈေးက ပုံမှန်အတိုင်း အတက်အကျမရှိပဲ ငြိမ်သက်နေပြီး ကြက်သွန်အသစ်တွေဝင်ရောက်မှုကလည်း အခုရက်ထဲ အဝင်စိပ်လျက်ရှိနေတယ်လို့ ကုန်စည်ဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_14 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၄ ရက်အထိကို ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထားတယ်လို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 14 November 2022
၁။ ၇ လကျော်ကာလအတွင်း ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၂၇ ဒသမ ၆၂ သန်းရရှိထား
၂။ ကြက်သွန်အသစ်များအဝင်စိပ်လာ၍ ဈေးကွက်ထဲ၌ အရောင်းအဝယ်အေးနေဟုဆို
၃။ အမျိုးသမီးများ လုံခြုံရေးအတွက် ဥပဒေအရအကျုံးဝင်သော လုံခြုံရေးသုံးပစ္စည်းများကို ဆောင်ထားနိုင်
၄။ တရုတ်လေကြောင်းနှင့်အာကာသပြပွဲအတွင်း ကင်းထောက်နှင့်တိုက်ခိုက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်စက်ရုပ်ခွေးအားဖော်ထုတ်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_14 November 2022
နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၃၅၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ တစ်ပါတ်ထက် ၂၀ ကျော်မြင့်တက်လာတာဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 14 November 2022
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက အမျိုးသား ၆ ဦးပြုတ်ကျ၍ ၃ ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခန့်က မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်း ကြိုးပြုတ်ထွက်ခဲ့၍ အမျိုးသား ၆ ဦးမှ ပြန်လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းခဲ့ကြသည်။
ကန်အတွင်းဆင်းစဉ် အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ပြုတ်ကျသွားခဲ့ကြသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်း၊ ထားဝယ်စုရပ်ကွက်အရန်မီးသတ်စခန်း၊ မြိတ်တောင်ရပ်ကွက်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသား ၃ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၃ ဦးကိုမူ သေဆုံးလျက်ပြန်လည်သယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအသင်းအဖွဲ့များထံမှ သိရသည်။
သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Page 1355 of 1847