#World_Health
Published 16 February 2023
အမေရိကန်မှာ ကလေးတွေအသုံးပြုလေ့ရှိတဲ့ မိတ်ကပ်တွေနဲ့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ ခဲနဲ့ အက်စ်ဘတ်စ်တို့စ်လိုမျိုး ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းများပါဝင်ကြောင်း အမေရိကန်ကိုလံဘီယာတက္ကသိုလ်မှ လေ့လာချက်အသစ် တွေ့ရှိခဲ့ပါတယ်။
Environmental Research and Public Health ဂျာနယ်မှ စစ်တမ်း ၂၀၀ ကျော်ကောက်ယူခဲ့ရာ ၇၉ ရာခိုင်နှုန်းသောမိဘတွေက သူတို့ရဲ့ အသက် ၁၂ နှစ်နဲ့အောက်ကလေးတွေဟာ ကလေးအတွက်ကြော်ငြာထားတဲ့ မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းများကို အသုံးပြုကြကြောင်း ဖြေကြားခဲ့ကြပါတယ်။
ဒီပစ္စည်းတွေထဲမှာ ခဲ, asbestos, PFAS, phthalates နဲ့ formaldehyde တို့လို အဆိပ်အတောက်ဓာတုပစ္စည်းများပါဝင်ကြောင်း အစောပိုင်းလေ့လာမှုတွေမှာလည်း သတိပေးထားပြီးဖြစ်ပါတယ်။
ထိုအဆိပ်သင့်ဓာတုပစ္စည်းတွေဟာ ကလေးငယ်များအတွက် အန္တရာယ်များ လှပါတယ်။
ထိုဓာတုပစ္စည်းတွေကို ဘယ်လိုပဲထည့်သွင်းထားသည်ဖြစ်စေ ကင်ဆာ၊ အာရုံကြောဆိုင်ရာပြဿနာများ၊ အခြားပြင်းထန်သော ကျန်းမာရေးအကျိုးဆက်များနဲ့ ဆက်စပ်နေပါတယ်။
မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းများ အသုံးပြုခြင်းအတွက် ဖြစ်လာနိုင်တဲ့ အန္တရာယ်များကိုသိရှိစေရန် အရေးကြီးတယ်လို့ သုတေသီများ ရေးသားခဲ့ကြပါတယ်။
လေ့လာမှုပြုလုပ်ခဲ့တဲ့ ကလေးတွေထဲမှာ ၅၄ ရာခိုင်နှုန်းက မိတ်ကပ်ကို အနည်းဆုံးလစဉ်အသုံးပြုကြပါတယ်။
၁၂ ရာခိုင်နှုန်းက နေ့စဉ်လိမ်းခြယ်ကြပြီး ၂၀ ရာခိုင်နှုန်းကတော့ လိမ်းတဲ့အခါတိုင်း ၈ နာရီထက်ပိုကြာမြင့်စွာ လိမ်းထားရပါတယ်။
ကလေး ၃ ပုံ ၁ ပုံလောက်က အလှကုန်ပစ္စည်းကို မတော်တဆမျိုချမိတာမျိုးရှိကြောင်း သိရပါတယ်။
အရေပြားထိတွေ့မှုအပြင် လက်ကနေ ပါးစပ်ကိုထိမိတဲ့အနေအထားမျိုးတွေမှာ မတော်တဆမျိုချမိတတ်ကြောင်း၊ ကလေးရဲ့အရွယ်အစား၊ ကြီးထွားမှုနှုန်း၊ ကိုယ်ခံအားစနစ်တို့ကြောင့် ဒီအဆိပ်အတောက်တွေကို ပိုပြီးခံစားရတတ်ကြောင်း လူထုကျန်းမာရေးသိပ္ပံပရော်ဖက်ဆာ'ဂျူလီဟာ့စ်မန်း'က ပြောပြခဲ့ပါတယ်။
အဆိပ်သင့်ဓာတုပစ္စည်းတွေပါဝင်နေတာတောင် ကလေးတွေအတွက် အလှကုန်ပစ္စည်းများကို ရောင်းချခွင့်ရနေပါတယ်။
ဒီလေ့လာတွေ့ရှိမှုကနေ အလှကုန်လုပ်ငန်းတွေအနေနဲ့ ကလေးတွေကို အဆိပ်သင့်ဓာတုပစ္စည်းတွေကနေ ကာကွယ်ပေးဖို့လုပ်ဆောင်ရာမှာ အကူအညီဖြစ်စေရန် မျှော်မှန်းရပါမယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 16 February 2023
သွေးတိုးရောဂါဆိုတာက နှလုံးရောဂါအဖြစ်နိုင်ဆုံးအန္တရာယ်တွေထဲက တစ်ခုဖြစ်ပေမယ့် ကာကွယ်လို့လည်းရနေပါတယ်။
ကမ္ဘာတဝှမ်းမှာ သွေးတိုးရောဂါခံစားနေရသူ ၁ ဘီလီယံကျော်ရှိနေပါတယ်။
အပေါ်သွေး ၁၃၀ မီလီမီတာမာကျူရီနဲ့အထက်၊ အောက်သွေး ၈၀ မီလီမီတာမာကျူရီနဲ့အထက်ရှိခြင်းကို သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။
ACE inhibitor လို ဆေးတွေနဲ့ သွေးပေါင်ချိန်လျော့ကျအောင် သုံးစွဲကြပေမယ့် စားသောက်နေထိုင်မှုပုံစံ ပြုပြင်ပြောင်းလဲခြင်းဖြင့်လည်း သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းသိမ်းပေးပြီး နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။
သွေးပေါင်ချိန်ကို အကောင်းဆုံးလျှော့ချထိန်းသိမ်းနိုင်ရန် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက မရှိမဖြစ်လိုအပ်ပါတယ်။
အထူးသဖြင့် ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို အာဟာရဓာတ်များပါဝင်တဲ့ အစားအစာတွေဟာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။
သွေးတိုးဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးအစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အချဉ်ဓာတ်ပါသောအသီးများ
(၂) ဆော်လ်မွန်နှင့် အဆီဓာတ်ပါသောငါးများ
(၃) ဆွစ်ဇာလန်ဟင်းရွက်စိမ်း
(၄) ဖရုံစေ့
(၅) ပဲအမျိုးမျိုး
(၆) ဘယ်ရီသီးများ
(၇) စိတ်ကူးယဉ်မညှိုးပန်း
(၈) အစိမ်းဖျော့ရောင်အခွံမာသီး
(၉) မုန်လာဉနီ
(၁၀) တရုတ်နံနံ
(၁၁) ခရမ်းချဉ်သီး
(၁၂) ပန်းဂေါ်ဖီစိမ်း
(၁၃) ဂရိဒိန်ချဉ်
(၁၄) ဆေးဖက်ဝင်ဟင်းခတ်ပစ္စည်းများ
(၁၅) ချီယာစေ့နှင့်နှမ်းကြတ်စေ့
(၁၆) သကြားမုံလာ
(၁၇) ဟင်းနုနွယ်
နေထိုင်မှုပုံစံများအပြင် ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းဖြင့် သွေးပေါင်ချိန်လျှော့ချနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေကို နည်းပါးစေပါတယ်။
Source: healthline
#Yangon_Media_Group
Published 16 Feb 2023
ဟောလီဝုဒ်ရဲ့ လိင်ဆွဲဆောင်မှုပြင်းသော ကာလသားကြိုက် မင်းသမီးအဖြစ်ထင်ရှားခဲ့တဲ့ ရေကွယ်ဝဲချ်ဟာ ဗုဒ္ဓဟူးနေ့က အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
သူမရဲ့ လော့အင်ဂျိလိအခြေစိုက် မန်နေဂျာ ဂျိန်းမက်နိုက်က သူမဟာ နာမကျန်းခဏဖြစ်ပြီး ကွယ်လွန်သွားတာဖြစ်တယ်လို့ သတင်းထုတ်ပြနပေးပါတယ်။
သူမဟာ ၁၉၆၀ပြည့်နှစ်များနှင့် ၁၉၇၀ပြည့်နှစ်စောစောပိုင်းများမှာ "Bedazzled" ၊"Bandolero!" ၊"100 Rifles," ၊"Myra Breckinridge"နှင့် "Hannie Caulder ရုပ်ရှင်ကားတွေမှာ နာမည်အလွန်ကြီးခဲ့ပါတယ်။
သူမဟာ ချီကာဂိုမှာမွေးဖွားခဲ့ပြီး ဖခင်မှာ ဘိုလစ်ဗီးယားက လေကြောင်းအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ သူမငယ်ရွယ်စဉ်မှာ မိသားစုဟာ ကာလီဖိုနီးယားကိုပြောင်းရွှေ့လာခဲ့ပြီး သူမဟာ အလှမယ်ရွေးပွဲတွေ ဝင်မပြိုင်ခင် ဘဲလေးအကသင်ယူခဲ့ပါတယ်။
သူမဟာ ရာစုနှစ်တစ်ဝက်ကျော်နီးပါး ရုပ်ရှင်နှင့်အသက်မွေးခဲ့ပြီး ဇာတ်ကားပေါင်း ၃၀ကျော်နှင့် ရုပ်သံစီးရီးပေါင်း ၅၀ကျော်မှာ သရုပ်ဆောင်ခဲ့ပါတယ်။
Source Reuters
#Raquel_Welch
#Raquel_Welch_died


#Local_News
Published_ 15 February 2023
ပြည်တွင်းမှု လက်မှုပညာပန်းတိမ်နဲ့ ပြုလုပ်ထားတဲ့ ရွှေအချောထည်တွေကို ဂျာပန်နိုင်ငံကဝယ်ယူဖို့ကမ်းလှမ်းထားပြီး ပြည်တွင်းရွှေကွက်အခြေအနေနဲ့ နိုင်ငံ့အခြေအနေကို ဂျပန်နိုင်ငံကရွှေလုပ်ငန်းရှင်တချို့လာရောက် လေ့လာခဲ့ပါတယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌက ပြောပါတယ်။
#Yangon_Media_Group
#World_Records
Published 15 February 2023
အသက် ၂၃ နှစ်အရွယ် ချီဟွာဟွာခွေးဟာ ကမ္ဘာ့အသက်အကြီးဆုံးသက်ရှိခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ကြေညာပြီး ၂ ပတ်အကြာမှာပဲ သူ့ထက်အသက်အများကြီးပိုကြီးတဲ့ ခွေးတစ်ကောင်ထွက်ပေါ်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 February 2023
ပြည်တွင်းမှာ ကြက်သွန်နီဈေးနှုန်းတည်ငြိမ်စွာနဲ့ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးနေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝန်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 February 2023
လတ်တလောမှာ YBS ယာဉ်တွေအနေနဲ့ CNG အခက်အခဲကြောင့် CNG တန်းစီရတဲ့ အချိန်တွေများနေပြီး ပြေးဆွဲပေးရတဲ့ အချိန်နည်းနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 15 February 2023
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁၈၅၄ ဒေါ်လာအထိ ဈေးပြန်ကျလာပြီး ဈေးအနည်းငယ်တည်ငြိမ်နေပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ အနည်းငယ်ပြန်ကျလာတဲ့အတွက် ပြည်တွင်းရွှေဈေးဟာလည်း အကယ်ဒမီ အခေါက်ရွှေ ၂၁ သိန်း ၈သောင်းကျော် သတ်မှတ်ထားပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 15 February 2023
၁။ ပြည်တွင်းရွှေတွင်းတွေ ရွှေအထွက်များနေပြီး ရွှေအထည်ပြတ်တွေရောင်းချမှုများလာ
၂။ YBSယာဉ်များ CNG အခက်အခဲကြောင့် ပြေးဆွဲပေးရသည့်အချိန်နည်းနေ
၃။ မြန်မာ့ကြက်သွန်နီကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်မည်
၄။ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိခွေးအဖြစ်ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သည့် အသက်(၃၀)နှစ်အရွယ်ခွေးဘိုဘီ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published-15 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၃ နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တိုက်ခန်းနေသူများ ကြောက်လန့်၍ တိုက်ခန်းများပေါ်မှ တွဲခိုဆင်းကြသည့် ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါ မီးလောင်မှု ဖြစ်ရာနေရာသို့ Level 1 ယာဉ်အုပ်စု ထွက်ခွာ၍ ငြှိမ်းသတ်ခံရကာ ညနေ ၃ နာရီ ခွဲခန့်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းမီးလောင်မှုကြောင့် ဒဏ်ရာရ လူနာ ၄ ဦး နှင့် အမျိုးသမီးတစ်ဦး မီးဟတ်ခံရကြောင်းလည်း ရန်ကင်းမြို့နယ် ပရဟိတလူငယ်များ ပရဟိတအသင်း က လူမှုကွန်ရက်တွင် ရေးသားထားသည်။
"မီးလောင်တာက နည်းပါတယ်။တိုက်ခန်းဖြစ်နေတော့ မီးခိုးတွေထွက်တာကြောင့် အသက်ရှုရခက်တာတွေတော့ ရှိခဲ့ကြတယ်လို့သိရတယ်။ဒါပေမဲ့ အန္တရာယ် ဖြစ်တာမျိုးထိ မီးခိုးမွှန်တာ မရှိခဲ့ဘူး။တိုက်ခန်းမှာနေတဲ့ လူတွေကတော့ကြောက်လန့်ပြီးတော့ ဝရံတာက ကျော်ချတာ၊တွဲဆင်းတာ၊လှေကားနဲ့ ဆင်းတာတွေ ရှိခဲ့တယ်။ဒါကလည်း အန္တရယ်ရှိတယ်၊မြန်မာနိုင်ငံမှာ ဒီလို သဘာဝဘေးတွေနဲ့ ပတ်သက်ရင် အများပြည်သူကို ပညာပေးတာတွေ လုပ်ထားသင့်တယ်လို့ မြင်ပါတယ်"ဟု ရပ်ကွက် နေသူတစ်ဦးကပြောသည်။
ymg/mt
#Yangon_Media_Group








#Local_News
Published_ 15 February 2023
ခရီးသွားပြည်သူတွေ ဘေးကင်းစေဖို့ရည်ရွယ်ပြီး ဘေးကင်းအောင်ဆောင်ရွက်ထားတဲ့ သဗ္ဗာန်တွေသာ ရန်ကုန်မြစ်ကြောင်းအတွင်း မောင်းနှင်ခွင့်ပြုတော့မယ်လို့ သဗ္ဗာန်သမားတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published-15_February-2023
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင်ရှိသော အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကို ယခုဖေဖော်ဝါရီလကုန်တွင် ပုဂ္ဂလိကသို့လုပ်ငန်းအပ်နှံတော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရသည်။
ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အပ်ငွေလုပ်ငန်းစနစ်ဖြင့် တာဝန်ယူတည်ဆောက်ပေးနေသည့်ပင်မတမံ မြေကြီး၊ ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေလွှဲစနစ်လုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်းနှင့် စီမံကိန်းအတွင်း အလယ်ပေါင်းလောင်းမြစ်ကူး တံတားတို့မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်းပြီးစီးမှုများမှာ စီမံကိန်းတစ်ခုလုံး၏ ရှစ်ရာခိုင်နှုန်းခန့် ဖြစ်ပြီး အဆိုပါ ရှစ်ရာခိုင်နှုန်းခန့်ပြီးစီးပါက ကျန်လုပ်ငန်းများကို IPP/BOT စနစ်ဖြင့် Pan Theingi Energy Co.,Ltd. အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းအပ်နှံရန် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
Pan Theingi Energy Co.,Ltd. အနေဖြင့် ယခုနှစ် ပွင့်လင်းရာသီလက်ကျန်ကာလအတွင်း ဆောင်ရွက်နိုင်မည့်လုပ်ငန်းများဖြစ်သည့် စီမံကိန်းချဉ်းကပ်လမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းလုပ်ငန်း၊ ရေလွှဲရေထုတ်ပြွန် ဆက်လက်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံမြေကြီး၊ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများ ကို အမြန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1352 of 1993