#Local_News
Published_ 19 February 2023
နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့အချိန်တွင် အမြင့်ဆုံးသို့ရောက်ရှိနေပြီဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီ ဖြစ်ကြောင်း ယမန်နေ့ကကျင်းပတဲ့ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားတွင် နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြားဆက်ဆံရေးသည် ခိုင်မာသထက် ခိုင်မာလျက်ရှိ ပြီး နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့်ဆက်ဆံရေးအား တန်ဖိုးထား ထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ယင်းကာလတစ်လျှောက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံနှင့်နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သည့်အပေါ်တွင်လည်း တန်ဖိုးထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး၏ အလယ်ကာလ ၁၉၈၀ - ၁၉၉၀ ပတ်ဝန်းကျင်မှ ယနေ့အချိန အထိ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်ပြည့်စုံစေရေးအတွက်နှင့်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားမြင့်မားစေရေးတို့အတွက် ရုရှားနိုင်ငံတွင် ပညာတော်သင်များ စေလွှတ်သင်ယူခဲ့ကြပါတယ်။
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို မကြာမီကာလတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည့်အဆင့် တစ်ဆင့်သို့ ရောက်ရှိစေရေးအတွက် မိမိတို့၏ပူးတွဲကြိုးပမ်းမှုများကို သိသိသာသာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
အခမ်းအနားတွင် မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး မြန်မာ နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
ရုရှား-မြန်မာ ချစ်ကြည်ရေးအတွက် ရုရှားနိုင်ငံမှေ တည်ဆောက်ပေးခဲ့တဲ့ တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်က ဖွင့်လှစ်ခဲ့သော စဝ်စံထွန်းဆေးရုံ၊ ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်အင်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင်ဆည်တို့ဖြစ်ကြပါတယ်။
ygm_mnn
#Yangon_Media_Group


Published 19 Feb 2023
တရုတ်လျှပ်စစ်ကားထုတ်လုပ်တဲ့ ဘီဝိုင်ဒီ BYD ဟာ ပင်လယ်ရပ်ခြားလုပ်ငန်းတွေကိုတိုးချဲ့နေရာ ၂၀၂၃ခုနှစ်မှာ ဘီဝိုင်ဒီကားအရောင်းဟာ ပြိုင်ဘက် အမေရိကန် Tesla တဲဆ်လာလို ကျော်ဖြတ်ဖို့ ရည်မှန်းထားပါတယ်။
ဂျပန်၊အရှေ့တောင်အာရှနှင့် ဥရောပအပါအဝင် နိုင်ငံပေါင်း ၄၀ကျော်ကို လုပ်ငန်းတွေတိုးချဲ့ထားတဲ့ BYD ဟာ ဒီနှစ် အတွင်းမှာ လျှပ်စစ်ကားစီးရေ (၂)သန်းနီးပါး အထိရောင်းချဖို့ အစီအစဉ်ရေးဆွဲထားပါတယ်။
“ နှစ်ပေါင်း ၂၀ ကျော် သုတေသနနှင့်ဖွံ့ဖြိုးရေးရလာဒ်တွေအရ ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။ဇိမ်ခံကားတွေအတွက် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံတွေကို ကျွန်တော်တို့ ပြောင်းလဲပစ်ပါမယ်” လို့ BYD တည်ထောင်သူနှင့် ဥက္ကဋ္ဌ ဝမ်ချွမ်ဖူးက ပြောခဲ့ပါတယ်။
BYD ဟာ ၂၀၀၃ခုနှစ်မှာ ကားဈေးကွက်ထဲဝင်ရောက်လာပြီးနောက် ဇိမ်ခံလျှပ်စစ်ကားတွေကို ရည်မှန်းပစ်မှတ်ထားနေပါတယ်။
BYD ဟာ ၂၀၂၃ခုနှစ်အတွင်း လမ်းကြမ်းမောင်း အက်စ်ယူဗွီ ကား Yangwang U8 နှင့် U9 supercarတို့ကို ယွမ်ငွေ ရှစ်သောင်းနှင့် တစ်သန်းခွဲအကြား ဈေးနှုန်းတွေနှင့် ရောင်းချဖို့ရှိနေပါတယ်။
Yangwang မိုဒယ်လ်ဟာ ကားဘီးလေးဘီးမှာ တစ်ဘီးစီးကို သီးခြားခွဲထိန်းချုပ်မောင်းနှင်တာဖြစ်လို့ ကားဘီးတစ်လုံးပေါက်သွားရင်တောင် ကားကိုဆက်မောင်းနိုင်မှာဖြစ်ပါတယ်။ U8 ကတော့ ရေပေါ်မှာ ပေါလောပေါ်ပြီး မောင်းနှင်နိုင်ပါတယ်။
BYD ဟာ ဇိမ်ခံလျှပ်စစ်ကားလုပ်ငန်းထဲကို ဝင်လာဖို့လုပ်နေပါတယ်။ ကုမ္ပဏီဟာ Song၊Qin၊Dolphin နှင့် Han တို့လို ယွမ်တစ်သိန်းမှ သုံးသိန်းအကြား ဈေးနှုန်းနိမ့်နှင့်အလတ် ကားတွေမှာ ရောင်းအားအလွန်ကောင်းနေပါတယ်။ တရုတ်နိုင်ငံမှာ ဗောက်စ်ဝက်ဂွန်နှင့်ဟွန်ဒါ လျှပ်စစ်ကားတွေဟာ BYD ရဲ့ ဈေးကွက်မင်းမူနေမှုကို စိန်ခေါ်လာနေပါတယ်။
Source: Nikkei Asia
#BYD
#Tesla
#Luxury_EV


#World_Health
Published 19 February 2023
စိတ်ခံစားချက် မကောင်းတဲ့အခါမျိုးမှာ ဝမ်းနည်းစရာသီချင်းတွေ နားထောင်ခြင်းဖြင့် ရင်ဖွင့်လို့ရနိုင်ကြောင်း စိတ်ကျန်းမာရေးပညာရှင်များ ဆိုပါတယ်။
ခက်ခဲနေတဲ့အချိန်မျိုးမှာ အဆွေးသီချင်းနားထောင်ခြင်းဖြင့် စိတ်ခံစားချက်သန်မာစေပြီး ခံစားရသက်သာစေပါတယ်။
ဒီအကြောင်းတွေကို အိုဟိုင်ယိုတက္ကသိုလ် ဝက်စ်နာဆေးဘက်ဆိုင်ရာစင်တာမှ 'အာရီယာနာဂယ်လစ်ဂါ'က ပြောကြားခဲ့ပါတယ်။
အဆွေးသီချင်းတွေက လူတွေခံစားချက်မြိုသိပ်ထားတာတွေကို လက်သင့်ခံနိုင်လောက်တဲ့ အတိုင်းအတာဖြင့် ဖော်ထုတ်ပေးနိုင်ဖွယ်ရှိပါတယ်။
အမှန်တကယ်က ခံစားချက်တွေကို ရှောင်ဖယ်နေလို့ ပျောက်ကွယ်သွားမှာမဟုတ်ကြောင်း၊ အဆွေးသီချင်းက ခံစားရသက်သာစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လေ့လာချက်အရ လူတွေဟာ စိတ်ပျက်စရာကိစ္စကြုံတွေ့တဲ့အခါ ဒေါသထွက်စရာသီချင်းကို ရွေးချယ်နားထောင်ချင်ကြပြီး လမ်းခွဲရတဲ့အခါမျိုးမှာ အဆွေးသီချင်းကို ရွေးချယ်နားဆင်ချင်ကြပါတယ်။
အဆွေးသီချင်းတွေက သံစဉ်နှေးတာကြောင့် နှလုံးခုန်နှုန်းနဲ့ သွေးဖိအားလျော့ကျစေကာ ကြွက်သားတောင့်တင်းခြင်းကို ပြေလျော့စေပါတယ်။
စိတ်ဓာတ်ကျနေသူတွေဟာ ခေတ်ပေါ်မြူးကြွတေးသီချင်းများအစား အေးဆေးတည်ငြိမ်တဲ့သီချင်းတွေကို ပိုမိုနားထောင်ချင်ကြပါတယ်။
အသက်အရွယ်ကြီးသူတွေမှာလည်း ငြိမ်သက်တဲ့သီချင်းများ နားထောင်ခြင်းဖြင့် စိုးရိမ်ပူပန်ခြင်း၊ မခံမရပ်ဖြစ်ခြင်းတို့ လျော့ကျစေပြီး စိတ်အခြေအနေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ အားအင်တို့ကို မြှင့်တင်ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။
Source: everydayhealth
#Yangon_Media_Group
#World_Health
Published 19 February 2023
မက္ကဆီကိုမှ ကလေးတစ်ယောက်မွေးဖွားရာမှာ အမြီးပါဝင်လာကြောင်း ဆရာဝန်များဖော်ပြခဲ့ကြပါတယ်။
နျူဗိုလီယွန်ရှိဆေးရုံမှာ ထိုမိန်းကလေးငယ်ကို ဗိုက်ခွဲမွေးဖွားခဲ့ပြီး မိဘတွေ ကျန်းမာလျက်ရှိပါတယ်။
ထိုအမြီးက ၂.၂ လက်မရှိပြီး အရေပြား၊ အမွေးအမျှင်များရှိကာ ထိပ်ဖျားချွန်ပါတယ်။
ထိုကလေးကို နေ့စေ့လစေ့မွေးဖွားခဲ့ပြီး ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။
သူ့ကိုမွေးဖွားပြီးခဏအကြာမှာပဲ ဆရာဝန်တွေက အမြီးကိုတွေ့ရှိခဲ့ပါတယ်။
မြီးညှောင်ရိုးအောက်နားကနေ ထွက်နေကာ လက်ဝဲဘက်ကို အနည်းငယ်စောင်းနေပါတယ်။
အမြီးကို အပ်နဲ့ထိုးကြည့်ရာမှာတော့ ကလေးက ငိုနေခဲ့ပါတယ်။
အခြားဘက်မှာတော့ ကလေးဟာ ကျန်းမာလျက်ရှိပြီး ဦးနှောက်၊ နှလုံး၊ အကြားအာရုံ၊ ဆီး အားလုံးပုံမှန်ပဲဖြစ်ပါတယ်။
ကလေးကို ဆေးရုံမှဆင်းခွင့်ပေးခဲ့ပြီးနောက် ၂ လသားအရွယ်မှာ ပြန်လည်ဆန်းစစ်ခဲ့ကြရာ ကိုယ်အလေးချိန်၊ အရပ်အမြင့်ပုံမှန်ရှိခဲ့ပြီး အမြီးက ၀.၃ လက်မပိုရှည်လာပါတယ်။
ထို့နောက် ခွဲစိတ်ဆရာဝန်တွေက အမြီးကိုဖြတ်တောက်ပေးခဲ့ပါတယ်။
ထိုနေ့မှာပဲ လူနာကို ဆေးရုံမှဆင်းခွင့်ပေးခဲ့ကာ နောက်ဆက်တွဲဆိုးကျိုးတွေ မခံစားခဲ့ရပါဘူး။
အမြီးကိုနောက်ထပ်ခွဲခြမ်းစိတ်ဖြာခဲ့ရာမှာ တစ်ရှူးပျော့၊ သွေးကြောများ၊ အာရုံကြောတွေနဲ့ ဖွဲ့စည်းထားကြောင်း တွေ့ရှိခဲ့ရပါတယ်။
ကလေးမမွေးခင်အထိ အမြီးပါလာတာကို သိကြလေ့မရှိဘဲ ဘာကြောင့် ဒီလိုအမြီးပါရလဲဆိုတာကိုလည်း မသိကြပါဘူး။
လူသားမျိုးရိုးတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀ ခန့်က မျောက်တွေဆီကနေ မျိုးရိုးကွဲထွက်လာစဉ် အမြီးမပါတော့တာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 19 Feb 2023
ဂျပန်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရေပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ မြောက်ကိုးရီးယားဒုံးကျည်ဟာ အမေရိကန်ပြည်ထောင်စု မည်သည့်နေရာကိုမဆို ရောက်ရှိအောင်ပစ်လွှတ်နိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုလိုက်ကြပါတယ်။
ဒုံးကျည်ဟာ အလွန်မြင့်မားတဲ့ ဝေဟင်လမ်းကြောင်းကပစ်လွှတ်ခဲ့တာဖြစ်ပြီး ပုံမှန်ပစ်လွှတ်နေကျ အမြင့်ထက်များစွာ မြင့်မားပြီး သွားနိုင်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဇာကာဇူ ဟာမာဒါက သတင်းထောက်တွေကိုပြောကြား လိုက်ပါတယ်။ ဒုံးကျည်ဟာ ကီလိုမီတာ ၁၄၀၀၀ အတိုင်းအတာအထိပစ်လွှတ်နိုင်လို့ ဒါဟာ အမေရိကန်တစ်နိုင်ငံလုံး ကို ရောက်နိုင်တာဖြစ်တယ်လို့ သူကပြောပါတယ်။
ဒုံးကျည်ဟာ ပြုံယမ်းမြို့တော် ဆင်ခြေဖုံးတစ်နေရာရာက ပစ်လွှတ်လိုက်တာလို့ ယူဆရပြီး ဂျပန်ပင်လယ်ထဲကျရောက်ခဲ့ တာဖြစ်ပါတယ်။ ၆၆ မိနစ်ကြာ ပျံသန်းမှုအတွင်း အမြင့် ၅၇၀၀ကီလိုမီတာအထိ ရောက်ရှိခဲ့ပါတယ်။ဒီဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက မြောက်ကိုးရီးယား က ပစ်လွှတ်ခဲ့တဲ့ ကမ္ဘာ့ တိုက်ကြီးများအကြားပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားထဲမှာ ၁၁စီးမြောက်ဖြစ်ပါတယ်။
တနင်္ဂနွေနေ့မနက်(ဖေဖော်ဝါရီ၁၉)မှာ ဒုံးကျည်ပစ်တဲ့အကြောင်း နှင့် ၄၀၁၅ စက္ကန့်အတွင်း ခရီးအရှည် ၉၈၉ ကီလိုမီတာကို အမြင့် ၅၇၆၈ ကနေ ပျံသန်းခဲ့တယ်လို့ မြောက်ကိုးရီးယားက အတည်ပြုလိုက်ပါတယ်။
“ဒါဟာ ကျွန်ုပ်တို့ရဲ နျူးကလီးယားဟန့်တားလက်နက်ရဲ့ အင်အားကြီးမားမှုကို အာမခံပြီး ရှင်းရှင်းလင်းလင်းသက်သေပြလိုက်တာ ဖြစ်တယ်” လို့ ကိုရီးယား သတင်းအေဂျင်စီ KCNA ကပြောပါတယ်။
မြူးနစ်မှာ လုံခြုံရေးဆိုင်ရာညီလာခံတစ်ခုတက်ရောက်ဖို့ရောက်ရှိနေကြတဲ အမေရိကန်၊ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒုံးကျည်ပစ်လွှတ်တဲ့သတင်းရရှိပြီးနောက် ချက်ခြင်းအစည်းအဝေးတစ်ခုခေါ်လိုက်ကြပါတယ်။
ဒါဟာ ရန်လိုတဲ့အပြုအမူဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကပြောလိုက်ပြီး မြောက်ကိုးရီးယားရဲ့ ဒီလုပ်ရပ်ဟာ ဒီနိုင်ငံသုံးနိုင်ငံကို ပိုပြီး ပေါင်းစည်းညီညွတ်သွားစေတယ်လို့လည်း ထပ်လောင်းပြောကြားလိုက်ပါတယ်။
Source: NikkeiAsia
#North_Korea_Missile
#North_Korea
#Indo_Pacific

#Local_News
Published_ 18 February 2023
ရာသီအကူးအပြောင်းကာလဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာ မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေ ဆက်ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 18 February 2023
နောင်တစ်ချိန်မှာ YBS ယာဉ်တွေထဲမှာ လျှပ်စစ်ကားတွေပါဝင်လာအောင်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_ 18 February 2023
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်တွင် လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းကသိရသည်။
မနက်ဖြန် ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၉ နာရီမှ ၄ နာရီအထိ အင်းစိန်၊ရွှေပြည်သာ၊မရမ်းကုန်း ၊မြောက်ဥက္ကလာ၊ထောက်ကြန့် ၊မှော်ဘီ ၊လှည်းကူး၊ ဖောင်ကြီး ၊အင်းတိုင်၊ မင်္ဂလာဒုံ ၊ ဒါးပိန် ၊ရွှေလင်ပန်း မြို့နယ်တို့တွင် လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း ယင်းက ထုတ်ပြန်ထားသည်။
ယာယီဖြတ်တောက်ရခြင်းမှာ 230 kv လှော်ကားပင်မဓာတ်အားပေးစက်ရုံတွင် တည်ဆောက်ပြီးစီးသွားသော တိုးချဲ့ ဓာတ်အားပို့လွှတ်စနစ်အသုံးပြုရန်အတွက် ဖြစ်ကြောင်းလည်း သိရသည်။
ymg/ynzw
#Yangon_Media_Group
#World_Climate
Published 18 February 2023
ကမ္ဘာ့အကြီးဆုံး ရေခဲပြင်စကိတ်ကွင်းဖြစ်ပြီး ယူနက်စ်ကိုအမွေအနှစ်နေရာလည်းဖြစ်တဲ့ ကနေဒါမှ အထင်ကရ ရစ်ဒေါတူးမြောင်းစကိတ်ကွင်းကြီးကို ဆယ်စုနှစ် ၅ ခုအတွင်းပထမဆုံးအကြိမ်အဖြစ် ယခုဆောင်းရာသီမှာ ဖွင့်လှစ်နိုင်ဖွယ်မရှိကြောင်း သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- အဖြစ်ဆိုးတွေထပ်မဖြစ်အောင် အခုကတည်းကဘာတွေပြင်ဆင်ထားသင့်သလဲ??
#Yangon_Media_Group
#Local_News
Published_ 18 February 2023
ဖေဖော်ဝါရီလဒုတိယအပတ်တစ်ပတ်လုံး ရန်ကုန်ရွှေဈေးဟာ ဈေးဆက်တိုက်ကျဆင်းနေပေမယ့် အရောင်းအဝယ်မရှိဘဲ အေးဆက်နေတယ်လိုရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 18 Feb 2023
- အဲသလို သန္ဓေပြောင်းတာဟာ ဘယ်လောက်ကြောက်စရာကောင်းမလဲ ကိုဗစ်လိုဖြစ်လာနိုင်သလား ??
#Yangon_Media_Group
Page 1353 of 1999