#Local_News
Published-16 May2023

ရခိုင်ပြည်နယ်အတွင်းတိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံး နစ်နာခဲ့ရသူများကို ကူညီပေးနိုင်ရန် အလှူငွေကောက်ခံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအစည်းအရုံး (ဂျပန်နှင့်) ရခိုင်အသင်း (ကိုးရီးယား)တို့မှ အသီးသီးထုတ်ပြန်ထားသည်။

မိုခါ ဆိုင်ကလုန်မုန်တိုင်းကြောင်း ဖြစ်ပေါ်လာမည့် ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့် တပြေးညီ ကူညီနိုင်ရန်အတွက် ရခိုင်အမျိုးသားအသင်း (ကိုးရီးယား)မှ အလှူငွေများ ကောက်ခံပြီး လေဘေးသင့် ပြည်သူများကို လှူဒါန်း သွားမည်ဖြစ်၍ တောင်ကိုးရီးယားနိုင်ငံကိုရောက်ရှိနေကြသူရခိုင်လူမျိုးများနှင့်လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်းနှိုးဆော်ထားသည်။

ထို့အပြင် ရက္ခိုင်အစည်းအရုံး(ဂျပန်)မှလည်း မတည်ငွေ ယန်း သောင်း (၃၀) လှူဒါန်းရန် စီစဉ်ထားပြီး ဂျပန် ရောက် ရခိုင်များနှင့် တခြားလှူဒါန်းလိုသူများ အနေဖြင့်လည်း ရက္ခိုင်အစည်းအရုံး (ဂျပန်)နှင့် အတူ လူသား ချင်းစာနာထောက်ထားသည့် အနေဖြင့် ပူးပေါင်း ပါဝင်ကြရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရခိုင်​ပြည်နယ်တွင်မိုခါ ဆိုင်ကလုန်မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့အပါအဝင် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူ အစရှိသဖြင့် မြို့နယ်များတွင် အပျက်အစီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်းသိရသည်။
#ymg/pl
#YMG #Yangon_Media_Group