#Local_News
Published_16 May 2023

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ဇောတိကအိမ်ရာတွင် ရေခဲသေတ္တာဆိုင်မှ ကွန်ပရဆာ(Compressor)ပေါက်ကွဲ မှုကြောင့် အမျိုးသား ၂ ‌ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း Medicalလူ ငယ်များအသင်းကသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ဇ/မြောက် ရပ်ကွက်၊ ဇောတိက အိမ်ရာရှိ တိုက်ခန်းမြေညီထပ်တွင်ဖွင့်လှစ်ထားသည့် ရေခဲသေတ္တာဆိုင်မှ ကွန်ဗက်ဆာ-လေအိုး- ဂတ်အိုး ပေါက်ကွဲမှု မေလ၁၅ရက် နေ့လယ်၁၂နာရီ၄၅မိနစ်ကဖြစ်ပွားခဲ့ပြီး အမျိုးသား၂ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့်  အရေပြားတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သူ ၂ဦးကို Medicalလူငယ်များအသင်းက မြေပြင်စစ်ဆေးကုသမှုများပြုလုပ်၍ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ရကြောင်း သိရသည်။
#ymg/pl
#Local_News #သင်္ဃန်းကျွန်းမြို့နယ် #ဇောတိကအိမ်ရာ #ကွန်ပရဆာ(Compressor)ပေါက်ကွဲမှု #ဒဏ်ရာပြင်းထန်စွာရရှိ
#YMG #Yangon_Media_Group