#Local_News
Published_ 16 May 2023

မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် အစီအစဉ်များစတင်နေပြီဟု UMFCCI Task Forceအဖွဲ့ဝင်ထံမှသိရသည်။

“မုန်တိုင်းဝင်တဲ့အချိန်မှာထိခိုက်တဲ့ဒေသကရခိုင်ပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူး ။စစ်ကိုင်း၊မကွေးနဲ့တခြားတိုင်းဒေကြီးတွေမှာလည်းထိခိုက်ဆုံးရှုံးမှုတွေရှိတာကြောင့်ဒေသအလိုက် အကူအညီတွေခွဲခြားဖြန့်ဝေသွားမှာပါ”ဟု UMFCCI Task Forceအဖွဲ့ဝင် အဝေးပြေးကုန်တင်ကားအစင်းဥက္ကဌဦးကျင်သိန်းကပြောသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ညီနောင်အသင်းများမှတဆင့်လက်တလောအဆက်အသွယ်များပြန်လည်ပြုလုပ်နေပြီးအကူအညီလိုအပ်သည့်နေရာများကို အဝေးပြေးကုန်တင်အသင်းမှအထောက်အပံများပေးပို့သွားမည်ဟုသိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိမိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ ၊ ဆေးဝါးများလှူဒါန်းပေးနိုင်ရေး၊ စသည့်လက်တလောဆောင်ရွက်နိုင်မည့်အစီအစဉ်များကိုအမြန်ဆုံးဆောင်ရွက်ရန် စီစဉ်နေကြောင်းသိရသည်။

မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်မှ မတ်လ၁၅ရက်နေ့ကဖွဲ့စည်းထားသောUMFCCI Task Force မှ လက်လောမှာ အလှူငွေကျပ်ငွေ၁၃ဘီလီယံကို လိုအပ်တဲ့နေရာတွေမှာအကူအညီပေးအပ်သွားမည်ဟုသိရသည်။
ymg/ppk
#Local_News #ဒေသအလိုက်မတူညီတဲ့အကူအညီ #UMFCCI Task Forceပြော
#YMG #Yangon_Media_Group