#Local_News
Published_ 16 May 2023
.
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၅၀ဦးကို မေလ၁၆ရက်(ယနေ့)ထပ်မံစေလွှတ်လိုက်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

မေလ၁၆ရက်တွင်ကုန်ထုတ်လုပ်သားသစ် (၁၃၅) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၁၅)ဦး၊ စုစုပေါင်းလုပ်သား (၁၅၀) ဦးကို စေလွှတ်ခဲ့ပြီး မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကိုမှာကြားခဲ့ပြီး လိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ယခု မေလ ၉ရက်ကလည်းကိုရီးယားသမ္မတနိုင်ငံသို့အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သား (၁၄၉) ဦးကို စေလွှတ်ခဲ့ကြောင်းဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။
#ymg/pl
#Local_News #EPSစနစ် #မြန်မာလုပ်သား ၁၅၀ဦး #ကိုးရီးယားနိုင်ငံသို့ယနေ့ထပ်မံစေလွှတ်
#Yangon-Media-Group