Published 7 April 2023
နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံတို့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် အစည်းအဝေးကို ယနေ့ ဧပြီ(၇)ရက်တွင် အွန်လိုင်းဖြင့် ကျင်းပခဲ့ကြောင်းနစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးမှာ ဦးစွာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့အချင်းချင်းယုံကြည်မှု၊ နားလည်မှုများဖြင့် ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ယခုကိစ္စသည် သုံးနိုင်ငံရှိပြည်သူများ၏ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများကို ထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် လက်တွဲဖြေရှင်းရမည်ဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းအချက်အလက်များကို မျှဝေဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် လာအိုနိုင်ငံဝန်ကြီးချုပ်က လက်ရှိ မိမိတို့သုံးနိုင်ငံရင်ဆိုင်နေရသည့် လေထုညစ်ညမ်းမှုသည် ဘုံဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုပင်ဖြစ်ပါ ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ရည်မှန်းချက်ထားပြီး ကာကွယ်တားဆီးရေးကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ လူထုမှပါဝင်ဆောင်ရွက်နိုင်ရန်အတွက်တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ အတွေ့ အကြုံများအပေါ်မူတည်ပြီးလည်း ဆောင်ရွက်လျက်ရှိကြောင်း၊မိမိတို့အနေဖြင့် လေထုညစ်ညမ်းမှုကို တိုင်းတာသည့်ကိစ္စရပ်များကိုဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းအချက်အလက်မျှဝေခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့တယ်လို့သိရှိရပါတယ်။
အစီအစဉ်အရ နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောဆိုရာတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဉတုအခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင်ယခုနှစ်မေလခန့်အထိ ဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပြီး ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ASMC မှရရှိသော Fire Hotspot အချက်အလက်များကို နေ့စဉ်စောင့်ကြည့်ပြီး တိုင်းဒေသကြီး/ပြည်နယ်များသို့ပေးပို့၍ FireHotspot လျော့ချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့်မြန်မာ၊ ထိုင်း၊ လာအို နှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်တွင် Fire Hotspot လျော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး လုပ်ငန်းများကိုအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းနယ်စပ် ဒေသများနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါကာလများတွင်လည်း မြန်မာနိုင်ငံအတွင်း ရာသီဥတုပူပြင်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းတစ်ခြမ်းလုံးတွင် တောမီးလောင်ကျွမ်းမှု ပိုမိုများပြားခဲ့တယ်လို့ သိရှိရပါတယ်။
ASEANSpecialized Meteorological Centre (ASMC) မှ ရရှိသော အချက်အလက်များအရလည်း မီးခိုးမြူ ငွေ့ သိပ်သည်းစွာ ဖြစ်ပေါ်မှုသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်တွင်မြန်မာနိုင်ငံအရှေ့ပိုင်း၌ အနည်းငယ်ဖြစ်ပေါ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် ပိုမိုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၂ ရက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင်အနည်းငယ်သာဖြစ်ပေါ်ပြီး လာအိုနိုင်ငံတောင်ပိုင်းတွင် ပိုမိုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါတယ်။
၊၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်တွင် မီးခိုးမြူ ငွေ့ သိပ်သည်းမှုလျော့ပါးပြီးလာအိုနိုင်ငံတောင်ပိုင်းတွင် သိပ်သည်းသော မီးခိုးမြူ ငွေ့ဖြစ်ပေါ်သည်ကို တွေ့ရှိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီ ၄ ရက်တွင် မြန်မာနိုင်ငံအရှေ့ဖျား၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုမှာ သိပ်သည်းစွာဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
#မြန်မာ၊ထိုင်း၊လာအိုဝန်ကြီးချုပ်သုံးဦီးသုံးဖလှယ်အစည်းအဝေး
#နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ
#YangonMediaGroup

#Local_News
Published_ 7 April 2023
သင်္ကြန်ကာလ နီးကပ်လာတဲ့အတွက် ရွှေစျေးကွက်ထဲမှာ လက်၀တ်ရတနာများ အရောင်းအဝယ် အနည်းငယ်ပြန်ဖြစ်လာတယ်လို့ ရန်ကုန်ရွှေစျေးကွက်ထဲမှ သိရပါတယ်။
#Local_News #သင်္ကြန်ကာလ #ရွှေလက်၀တ်ရတနာများ #ရောင်းအဝယ်
#YMG #Yangon_Media_Group
#World_Beauty
Published_ 7 April 2023
မွမ်ဘိုင်းအထပ်မြင့်အခန်းတစ်ခန်းမှာ အိန္ဒိယမိတ်ကပ်ပညာရှင် 'ဒီဘတ်စ်ရီဘနာဂျီ' က အညိုရောင်က လှပတယ်ဆိုတဲ့ အယူအဆတစ်ခုကို တစ်ကမ္ဘာလုံးကပရိသတ်တွေထံ ချပြခဲ့ပါတယ်။
#World_Beauty #အိန္ဒိယ #မိတ်ကပ်ပညာရှင်များ #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
သင်္ကြန်ရက် နီးလာချိန်တွင် စက်သုံးဆီဈေးများ ဆက်တိုက်မြင့်တက်လာပြီးလက်လီ ၊ လက်ကားဈေး နှစ်ခုစလုံး မြင့်တက်နေပါတယ်။
#Local_News #သင်္ကြန် #စက်သုံးဆီဈေး #လက်လီ၊လက်ကားဈေးနှစ်ခုစလုံးမြင့်တက် #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
သင်္ကြန်တွင်းမှာ ကျိုက်ထီးရိုးစေတီတော်ကို ဘုရားဖူးတွေလာရောက်နိုင်ဖို့ အခမဲ့တည်းခိုနိုင်တဲ့နေရာတွေ တောင်တက်ကားတွေ စီစဉ်ထားတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #သင်္ကြန်တွင်း #ကျိုက်ထီးရိုးစေတီ #အခမဲ့တည်းခိုနေရာ
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
မြဝတီ-ကော့ကရိတ်လမ်းကို မဖြတ်သန်းဖို့ သတိပေးစာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နေတာကြောင့် ဒေသခံတွေက အခြေခံစားသောက်ကုန်ဈေး မြင့်တက်မှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
#Local_News #မြဝတီ-ကော့ကရိတ်လမ်း #သတိပေးစာတစ်စောင် #အခြေခံစားသောက်ကုန်ဈေးမြင့်တက် #YMG #Yangon_Media_Group
#Daily_News
Published_ 7 April 2023
၁။မြဝတီ-ကော့ကရိတ်လမ်းကို မဖြတ်သန်းရန် သတိပေးစာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နေ၍ ဒေသခံများက အခြေခံစားသောက်ကုန်ဈေး မြင့်တက်မည်ကို စိုးရိမ်နေ
၂။သင်္ကြန်တွင်းတွင် ကျိုက်ထီးရိုးစေတီကို လာရောက်နိုင်ရန် အခမဲ့တည်းခိုနေရာများ ၊ တောင်တက်ကားများ စီစဉ်ထားဟုဆို
၃။သင်္ကြန်မတိုင်မှီ စက်သုံးဆီဈေး ဆက်တိုက်မြင့်တက်လာ 92တစ်လီတာလျင် ၂၃၀၀ကျပ် ဝန်းကျင်သို့ရောက်လာ
၄။အိန္ဒိယမှ အညိုရောင်အသားအရည်ပိုင်ရှင် မိတ်ကပ်ပညာရှင်များ၏ ဗီဒီယိုများရေပန်းစား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 7 April 2023
အခုရက်ပိုင်းဧပြီလ(၈)ရက်မှ(၁၁)ရက်အတွင်း ဒေသအချို့မှာမိုးသည်းထန်တာ၊မိုးသက်လေပြင်းကျရောက်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီလ(၇)ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #ဒေသအချို့၌ မိုးသည်းခြင်း #မိုးသက်လေပြင်းကျရောက်ခြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ အပါအဝင် သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၃၃ ဒသမ ၁၈ သန်းရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
အဆိုပါ ကုန်သွယ်မှုရငွေများမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ (၁) ရက်မှ မတ်လ (၂၄) ရက်အထိ ပြည်ပသို့တင်ပို့သည့် သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုမှ ပို့ကုန်ဝင်ငွေဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၂ ဒဿ မ ၆၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၁၀ ဒဿမ ၅၄ သန်း ရရှိခဲ့ကြောင်း သိရသည်။
ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းများ တင်ပို့ရာတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ သွပ်၊ ကျောက်မီးသွေးနှင့် အခြားသတ္တုအမျိုးမျိုး တင်ပို့နေကြောင်း သိရသည်။
ymg/ppk
#Local_News #သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှု #အမေရိကန်ဒေါ်လာ
#YMG #Yangon_Media_Group





#Local_News
Published_ 7 April 2023
တရုတ်နိုင်ငံ၊ ဂန်ဆူးပြည်နယ်၊ Lanzhouမြို့တွင် The 29th China Lanzhou Investment and Trade Fair ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်၊၊
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များသာမက တရုတ်နိုင်ငံတွင် လာရောက်၍ စီးပွားရေး လုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်မည်ဖြစ်သည်၊၊
ကုန်စည်ပြပွဲ၌ မြန်မာပြခန်းဆောင် ခင်းကျင်းပြသမည်ဆိုပါက မြန်မာလုပ်ငန်းရှင်များအတွက် အကျယ် (၃၀) စတုရန်းမီတာရှိသော ပြခန်းတစ်ခုကို(အခမဲ့) ထောက်ပံ့ပေးမည်ဖြစ်သည်ဟုဆိုသည်၊၊
ယင်းကုန်စည်ပြပွဲသည် မြန်မာနိုင်ငံနှင့် ဂန်ဆူးပြည်နယ်တို့အကြား ချစ်ကြည်ရင်းနှီးမှုများ ဖလှယ်ခြင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အားပေးမြှင့်တင်ရန် ဖြစ်သည့်အတွက် ဖိုရမ်များ၊ Guest Country of Honour, Guest Provinces of Honour and Themes Cities အစီအစဉ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အစီစဉ်များနှင့် ကွန်ဖရင့်များကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃၊ E-mail:
ymg/tthl
#Local_News #တရုတ်နိုင်ငံ #Lanzhouကုန်စည်ပြပွဲ #ပြခန်းအခမဲ့ #မြန်မာလုပ်ငန်းရှင်များ #YMG #Yangon_Media_Group
#Local_News
Published_ 7 April 2023
မဲခေါင်မြစ်ကော်မရှင် ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေးတို့အား လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဧပြီ ၄ ရက် နှင့် ၅ ရက် တို့တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဧပြီ ၄ ရက်တွင် ကျင်းပတဲ့ မဲခေါင်မြစ် ကော်မရှင်ဝန်ကြီးများအဆင့် အစည်းအဝေး၌ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Bounkham Vorachit က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ MRC အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်နှင့် ဒုတိယအတွင်းဝန် ဒေါ်အေးစုသွယ်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဧပြီ ၅ ရက်တွင်ကျင်းပတဲ့ စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်း အဝေး၌ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Sonexay Siphandone မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo Hun Sen ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh ၊ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ် ဆိုင်ရာရုံး အတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton ၊ တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Guoying Li ၊ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် မဲခေါင်မြစ်ကော်မရှင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Pedro Zwahlen တို့က မဲခေါင်မြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #မဲခေါင်မြစ် #ကော်မရှင်ထိပ်သီးအစည်းအဝေး #ဝန်ကြီးများအဆင့် #မြန်မာကိုယ်စားလှယ်အဖွဲ့ #YMG #Yangon_Media_Group


#Local_News
Published_ 7 April 2023
သင်္ကြန်ရုံးပိတ်ရက်ကာလ နယ်ပြန်မည့်သူများအတွက် ရထားလက်မှတ်များကို ဧပြီ ပထမပတ်မှစ၍ ရောင်းချပေး လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ဧပြီ ၇ ရက်မှစတင်၍ သင်္ကြန်အထူးရထားများကို ပြေးဆွဲပေးမည်ဖြစ်သည့်အတွက် ရထားလက်မှတ် ဝယ်ယူလိုသူများအနေဖြင့် အထက်တန်းတွဲ လက်မှတ်များကို သုံးရက်ကြိုတင်စနစ်၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုတင်စနစ်ဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်နှင့် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း ၊ဧပြီ ၈ ရက်တွင်ရန်ကုန်-မန္တလေး၊ မန္တလေး- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင်၊ ရန်ကုန်- ပြည် နှင့် ပြည်- ရန်ကုန် အထူး ရထားများကို ပြေးဆွဲပေးသွား မည်ဖြစ်သည်။
သင်္ကြန်ကာလတွင် လူစီးရထားများ အားလုံးပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် အထူးရထား ခရီးစဉ်ကို ပြန်လည်ပြေးဆွဲ မည်ဖြစ်ကာ ခရီးသည်စီးနင်းမှု အခြေအနေပေါ်မူတည်၍ လိုအပ်ပါက ဧပြီ ၉ ရက် နှင့် ဧပြီ ၁၈ ရက်တို့တွင် အထူးရထား များကို ထပ်တိုးပြေးဆွဲပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ymg/ppk
#Local_News ##သင်္ကြန်အထူးရထား #နယ်ဝေးရထားလက်မှတ်များစတင်ရောင်းချ #YMG #Yangon_Media_Group
Page 1357 of 2065