#Local_News
Published_ 13 November 2022
အရေးပေါ်လူနာတင်ယာဉ်တွေကို စစ်ဆေးရေးဂိတ်တွေမှာ အမြန်ဆုံးစစ်ဆေးပေးပြီး ဦးစားပေးသွားလာခွင့်ပြုပေးစေချင်တယ်လို့ လူမှုပရဟိတအသင်းတွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 13 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေလဲ့(မြွေမင်းသမီး)နှင့်အတူ
-"မြွေတွေအများကြီးသေရင် ဂေဟစနစ်တွေပျက်စီးလာပြီး ကြွက်တွေပေါများလာမှာဖြစ်ကြောင်း
-မြွေဖမ်းတဲ့အခါ မေတ္တာပို့တယ် ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီးဖမ်းရမယ်ဆိုတာမျိုးက သေချာသင်ထားလို့ အခုထိအန္တရယ်ကင်းနေတာဖြစ်ကြောင်း " စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
ရုပ်သံကြည့်ရန်..........https://fb.watch/gMfrGAHTi2/
#Yangon_Media_Group
#Local_News
Published_13 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ခုနှစ်လကျော်ကာလအတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးက ကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 13 Nov 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ရွှေလဲ့(မြွေမင်းသမီး)နှင့်အတူ
-"မြွေတွေအများကြီးသေရင် ဂေဟစနစ်တွေပျက်စီးလာပြီး ကြွက်တွေပေါများလာမှာဖြစ်ကြောင်း
-မြွေဖမ်းတဲ့အခါ မေတ္တာပို့တယ် ဘယ်လိုအစိတ်အပိုင်းတွေကို ကိုင်တွယ်ပြီးဖမ်းရမယ်ဆိုတာမျိုးက သေချာသင်ထားလို့ အခုထိအန္တရယ်ကင်းနေတာဖြစ်ကြောင်း " စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
Video ကြည့်ရန်>>>https://fb.watch/gMfed99Y-y/
#Yangon_Media_Group
Published 13 Nov 2022
တောင်အာဖရိကအမျိုးသမီးတစ်ဦးဟာ ရင်သားသေးအောင်ခွဲစိတ်ပြုပြင်ဖို့အတွက် ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားတဲ့အနေနှင့် ဝိတ်ချဝါယာကြိုးတွေနှင့် ပါးစပ်ကိုတုပ်နှောင်ပိတ်ခဲ့တယ်လို့သိရပါတယ်။
အက်ဗီဝီမာဇော့စ်စီဝီဟာ ရင်သားသေးအောင်ခွဲစိတ်ကုသမယ့်တစ်ဦးအတွက်လိုအပ်တဲ့ BMI ခန္ဓာအလေးချိန်ညွှန်းကိန်း ရရှိဖို့ သူ့ခန္ဓာကိုယ်အလေးချိန်ကိုချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
သူမဟာ ၁၂ကီလိုဂရမ် ဝိတ်ကျသွားဖို့အတွက် ပြတ်တောင်းပြတ်တောင်း အစားမစားဘဲနေခဲ့ပါတယ်။ ဒါပေမယ့် ကိုယ် အလေးချိန်က ထင်သလိုကျမသွားဘဲ တန်းနေတဲ့အခါ ဒီ့ထက်ပိုပြီး ပြတ်သားတဲ့ ဆောင်ရွက်မှုတွေ လုပ်မှဖြစ်တော့မယ်လို့ သူမက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနှစ်ဇွန်လမှာတော့ သူမရဲ့သွားတွေကို ဝိတ်ချဝါယာကြိုးတွေ တပ်ဆင်ခဲ့ပါတော့တယ်။
သွားနှင့်မေးရိုးဆိုင်ရာ ကွင်းတွေထဲမှာ ဝါယာကြိုးတွေ ရစ်ပတ်ထားပါတယ်။ အဲဒါကို တပ်ဆင်မယ့်သူရဲ့ သွားတွေမှာ တပ်ဆင်ပေးပြီး ပါးစပ်ဟလို့မရအောင်လုပ်ရတာဖြစ်ပါတယ်။ သူမရဲ့အတွေ့အကြုံကို တစ်တော့ပေါ်မှာ တင်ပြီးတဲ့နောက် အဆိုပါ အငြင်းပွားစရာဖြစ်နေတဲ့ ဝိတ်ချပစ္စည်းလေးကို လူတွေ အတော်စိတ်ဝင်စားခဲ့ကြပါတယ်။
“ မကောင်းတဲ့ မှတ်ချက်တွေ ကျွန်မ အများကြီးရတယ်။ ဒါပေမယ့် အားလုံးကို ကျွန်မ မမှတ်မိဘူး။ ကျွန်မအနေနှင့် အဲဒါတွေအပေါ်အာရုံမထားမိအောင်ကြိုးစားနေတယ်” လို့ အက်ဗီဝီက ဗြိတိန်ထုတ် သူရိယ အပျော်ဖတ်သတင်းစာကို ပြောပါတယ်။
“ ကျွန်မအကြောင်း ရှယ်ပေးတုန်းက ဒီအက်ပလီကေးရှင်းဟာ ကျွန်မအတွက် အသစ်အဆန်းဖြစ်နေတုန်းပါ။ မကောင်းတဲ့မှတ်ချက်တွေက ဒီအလုပ်တစ်ခုလုံးကို ကျွန်မရပ်ပစ်ချင်လာတယ်”လို့ မာဇော့စ်စီဝီက ပြောပါတယ်။
“ ဒါပေမယ့် ကျွန်မ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ကျွန်မရှယ်သင့်တဲ့ကိစ္စလို့ ခံစားရလို့ ဖြစ်တယ်။ အဲဒီအပြင် ကောင်းတဲ့မှတ်ချက်တွေက မှတ်ချက်ဆိုးတွေကို ချေဖျက်ပစ်လိုက်တာပဲ”
အက်ဗီဝီဟာ ဝိတ်ချဝါယာကို ဇွန်လကုန်မှာ စတင် တပ်ဆင်ခဲ့ပြီး (၇)ပတ်တိတိ ဆက်လက်တပ်ဆင်ထားခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ ၁၄.၃ ကီလိုဂရမ်( ၃၁.၅ ပေါင်)တိတိ ဝိတ်ကျခဲ့ပါတယ်။
သူမရဲ့မေးရိုးတွေစိထားရတဲ့အတွက် သူမဟာ စမုသီလို၊ဟင်းချိုလိုနှင့် ဒိန်ချဉ်လို အရည်မျိုးတွေကိုသာ စားသုံးခဲ့ကြရ ပါတယ်။ အရသာကောင်းတဲ့ ဟင်းချိုတွေသောက်ရတဲ့အခါ သူမဟာ စားချင်စိတ်ကို မနည်းချုပ်တီးထားရတယ်လို့ ပြော ပါတယ်။
ဝိတ်ချဝါယာတွေဖြုတ်ပစ်ပြီးတဲ့အခါ သူမဟာ သူမအကြိုက် ဂျလာပင်နိုဘာဂါကို စားချင်စိတ်ပြင်းပြခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ တစ်ရက်စောင့်ဆိုင်းခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မေးရိုးဟာ ပုံစံအသေနှင့် (၇)ပတ်ကြာနေခဲ့ရတဲ့အတွက် သူမရဲ့ ကြွက်သားတွေ ဖြေလျော့ဖို့ အချိန်ပေးဖို့ လိုအပ်တာကြောင့်ဖြစ်ပါတယ်။
“ ဒီအလုပ်က နည်းနည်း အစွန်းရောက်ပေမယ့် ကျွန်မအတွက် အတော်အထောက်အကူဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာလရှည်တစ်ခုအထိ ကျွန်မဟာ သန့်ရှင်းတဲ့အစားအစာပဲစားခဲ့ရပြီး စည်းကမ်းကို လိုက်နာခဲ့ရတာ ကြောင့်ဖြစ်တယ်” လို့ အက်ဗီဝီကပြောပါတယ်။ ဝိတ်ချဝါယာဟာ လူတိုင်းအတွက်တော့ မဖြစ်နိုင်ဘူးလို့လည်း သူမက ဖြည့်စွက်ပြောပါတယ်။
“ ရှင်တို့အနေနှင့် အဆင်သင့်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်နေတဲ့အချိန်မှ ဒါကိုလုပ်ပါ။ အထူးသဖြင့် ကိုယ်က အစားကို ရူးသွပ်တဲ့သူဆိုရင်ပေါ့” လို့ သူမကပြောပါတယ်။
Source: The Sun
#Slimming_wires
#South_African_Woman_Weight_Loss_Program
#Aviwe_Mazosiwe



Published 13 Nov 2022
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အရှေ့တောင်အာရှခေါင်းဆောင်တွေက ဦးဆောင်တဲ့ နိုင်ငံတကာထိပ်သီးအစည်းအဝေးတစ်ခုမှာ အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံကို ရည်ညွှန်းပြောဆိုရာမှာ ကိုလံဘီယာနိုင်ငံလို့ သုံးနှုံးသွားခဲ့တဲ့အကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။
“ အခု ကျွန်တော်တို့ ဒီနေရာ ကမ္ဘောဒီးယားမှာ ပြန်လည်အတူဆုံကြပြီ။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပြီးတဲ့ တိုးတက်မှုတွေထက်ပိုပြီး ခိုင်မာတဲ့ တိုးတက်မှုတွေကို တည်ဆောက်ဖို့ မျှော်လင့်ရည်သန်ပါတယ်။ အာဆီယဥက္ကဋ္ဌ နှင့် ကျွန်တော်တို့အားလုံး ကို အိမ်ရှင်အဖြစ်ဆောင်ရွက်ပေးတဲ့ “ကိုလံဘီယာ” ဝန်ကြီးချုပ်ရဲ့ ခေါင်းဆောင်မှုကို ကျွန်တော် ကျေးဇူးတင်လိုပါတယ်” လို့ ဖနွမ်းပင်က အာဆီယံခေါင်းဆောင်တွေနှင့် တွေ့ဆုံရာမှာ ဘိုင်ဒင်ကပြောခဲ့တာပါ။
သူက လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ညွှန်းဆိုရာမှာ အဲသလိုကိုလံဘီယာဝန်ကြီးချုပ်လို့ မှားယွင်းပြောဆိုမိခဲ့တာ ဖြစ်ပါတယ်။
ဂျိုးဘိုင်ဒင်ဟာ တောင်အမေရိကားက “ကိုလံဘီယာ”ကို စိတ်ထဲစွဲနေပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အာရှကို လာဖို့ အိမ်ဖြူတော်ကနေ ထွက်ခွာတုန်းမှာ အလားတူအမှားဖြစ်ခဲ့ပါသေးတယ်လို့ အေအက်ဖ်ပီကရေးပါတယ်။
“ ကျွန်တော် ကိုလံဘီယာကို သွားတော့မှာဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပြီးခါမှ ချက်ခြင်းပင် “ ကျွန်တော်ဆိုလိုတာ ကမ္ဘောဒီးယားပါ” လို့ အမှားပြင်ခဲ့ပါတယ်။
ယခုလမှာ အသက်(၈၀)ပြည့်မှ ဘိုင်ဒင်ကို ဝါရှင်တန်မှာ စကားခဏခဏမှားပြောတတ်သူအဖြစ် သိထားကြပါတယ်။
သူ့ရဲ့အတိုက်အခံ ရီပတ်ဘလီကန်တွေက အဲဒါတွေကို အကြောင်းပြုပြီး သူဟာ သမ္မတရာထူးအတွက် သိပ်အိုနေပြီလို့ ဝေဖန်ကြပါတယ်။
သူ့ကိုထောက်ခံသူတွေကတော့ အဲသလိုပြောကြတာတွေဟာ “အိုပယ်” ဝါဒပဲလို့ ပြောလိုက်ပြီး သမ္မတဟာ ကလေးဘဝက စကားထစ်ခဲ့တာကို ကြိုးစားကျော်လွှားခဲ့ရတယ်။ ပြီးတော့ ဆယ်စုနှစ်များစွာ လူထုကို စကားပြောရာမှာလည်း လက်တန်းပြောဆိုခဲ့လို့ ဖြစ်တယ်လို့ ကာကွယ်ချေပခဲ့ကြပါတယ်။
Source: AFP/Reuters
ရုပ်သံကြည့်ရန်.....https://fb.watch/gMvfv1FJk4/
#Biden_ASEAN
#Biden_Columbia
#Columbia_Cambodia
#LocalNews
Published _13 November 2022
ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ကျင်းပမည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို နိုဝင်ဘာလ ၂၁ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရသည်။
“ပြီးခဲ့တဲ့နှစ်က ကိုဗစ်ဖြစ်ပွားနှုန်းလျော့ကျသွားပြီးတဲ့နောက်မှာ ကမ်းခြေဟိုတယ်တွေ ပြန်စတင်လို့ရအောင် ပထမအကြိမ် ဆောင်းဦးပွဲတော်ကို လုပ်ခဲ့တယ်။အဲဒီကစပြီး သင်္ကြန်ထိ ဧည့်သည်တွေလာတယ်၊ပြောရရင် မိုးမကျခင် ခရီးသွားရာသီတစ်ခုလုံး လာတယ်။ဒီနှစ်ဆိုရင် သီတင်းကျွတ်၊ တန်းဆောင်မုန်း ကတည်းက ဧည့်သည် မပြတ်ဘူး၊ အခုလို ဆောင်းဦးပွဲတော် လုပ်ပြီးပြီဆိုရင် ခရီးသွားက ပိုပြီးတော့ လာမယ်လို့ မျှော်လင့်ရတယ်"ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။
ပထမအကြိမ် ဆောင်းဦးပွဲတော်ကို ငပလီကမ်းခြေတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ဆောင်းဦးပွဲတော်တွင် သဲသောင်ပြင် ဘော်လီဘောပွဲ၊ ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ သဲပန်းချီပြိုင်ပွဲ၊ စက်ဘီစီးပြိုင်ပွဲစသည့်ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group



#LocalNews
Published _13 November 2022
ရက်ပေါင်း ၆၀ ကျော် ကြာ ပျောက်ဆုံးနေသည့် လူငယ်အမျိုးသားတစ်ဦးကို ကန်တော်ကြီးအနီးတွင်ရှိနိုင်ဟုယူဆရ၍ ရှာဖွေခဲ့သော်လည်း မတွေ့သေးကြောင်း ဒို့ညီနောင်နာရေးနှင့်လူမှုကူညီဆောင်ရွက်ရေး အသင်း နှင့် မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းတို့က သိရသည်။
ပြီးခဲ့သည့် နှစ်လကျော်ကပင် ပျောက်ဆုံးနေသော အဆိုပါ လူငယ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်က ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်သာရှိသေးကြောင်း၊ရှာဖွေသည့်အဖွဲ့များက နိုဝင်ဘာလ ၁၂ ရက် ညနေ ၃ နာရီခန့်အချိန်က ည ၈ နာရီကျော်ထိ ကန်တော်ကြီးအတွင်းရှိ ကရဝိတ် ၊ မျှော်စင်ကျွန်းအနီး တဝိုက်ရှိ ရေပြင်တို့တွင် ပူးပေါင်းရှာဖွေခဲ့ကြကြောင်း သိရသည်။
"ပရဟိတ ကွန်ရက်တွေကို ကာယကံရှင် မိသားစုက ဆက်သွယ်လာတာ၊ပျောက်နေတာ နှစ်လကျော်ပြီတဲ့၊လူကတော့ ပျောက်နေလို့ သေပြီလို့ ယူဆနေကြတယ်။အဲလိုနဲ့ ကန်တော်ကြီး ကန်ထဲမှာ မြှုပ်ထားတယ်လို့ မိသားစုတွေက အိပ်မက်မက်တာမျိုးပေါ့၊ဒါကြောင့် မိသားစုဝင်တွေ အကူအညီတောင်းလို့ အသင်းတွေ စုပြီးတော့ နိုင်သလောက် ရှာကြတာပါ၊ဒါပေမဲ့လည်း မတွေ့ပါဘူး"ဟု အဆိုပါ ပရိဟိတ အသင်း တာဝန်ရှိသူကပြောသည်။
ymg/mt
#Yangon_Media_Group



#Local_News
Published_ 13 November 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊အမှတ် (၃)ရပ်ကွက်၊ လှည်းတန်းလမ်းဆုံအနီးနှင့် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတစ်ဝိုက်တို့တွင် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူများနှင့် လက်ခံဝယ်ယူသူစုစုပေါင်း (၁၁)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များကဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်၊၊
ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတရားခံ(၉) ဦးနှင့် ကျူးလွန်ရာမှရရှိသည့် လက်ကိုင်ဖုန်းများ လက်ခံဝယ်ယူသူတရားခံ (၂)ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ (၁၂၀)လုံး၊ ခါးပိုက်နှိုက်ရာမှရရှိခဲ့သည့် ငွေစက္ကူရောရာ(၅,၆၈၀,၀၀ဝိ/) ကျပ်၊ ၎င်းတို့စီးနင်းအသုံးပြုခဲ့သည့် Toyota Filder အဖြူရောင်မော်တော်ယာဉ်တစ်စီးတို့နှင့်အတူ ဒုစရိုက်မှုကိုမလိုလားသူတာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊
စစ်ဆေးဖော်ထုတ်မှုအရ နိုဝင်ဘာလ ၁၀ရက်တွင်ကမာရွတ်မြို့နယ်တွင်(၄) ဦးဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်သူ(၂)ဦး၊ဆက်လက်အသွင်ယူစောင့်ဆိုင်းနေစဉ် ခါးပိုက်နှိုက်မှုကျူးလွန်ရန် ရောက်ရှိလာသည့် မင်္ဂလာဒုံမြို့နယ်နေထိုင်သူ (၃)ဦး၊လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူသူ(၁)ဦး၊ခါးပိုက်နှိုက်မှုကျူးလွန်သည့် နေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ(၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အဖွဲ့များခွဲကာ လှည်းတန်းကုန်းကျော်တံတားအနီး၌ လက်ကိုင်ဖုန်းမျိုးစုံ (၈၆)လုံး၊ ကမာရွတ်မြို့နယ်၊ ဂမုန်းပွင့်ကုန်တိုက်အရှေ့၊ 199 စတိုးဆိုင်အရှေ့၊ IT လက်ဖက်ရည်ဆိုင်အရှေ့၊ လှည်းတန်းလမ်းဆုံအနီး၊ လှည်းတန်းစင်တာအရှေ့နှင့် လှည်းတန်းဈေး အတွင်းတို့မှ လက်ကိုင်ဖုန်းမျိုးစုံ (၁၈)လုံး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတဝိုက်မှ လက်ကိုင်ဖုန်းမျိုးစုံ (၁၆)လုံး၊ စုစုပေါင်း လက်ကိုင်ဖုန်းမျိုးစုံ (၁၂၀)လုံးတို့အား အဆိုပါနေရာများ၌ သွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများထံမှ ခါးပိုက်နှိုက်မှုများကျူးလွန်ခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်၊၊
ဖမ်းဆီးရမိသည့် အုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူများနှင့်လက်ခံဝယ်ယူသူများမှာ
(၁)သူရထွန်း(ခ)ဘောကြီး(၂၁)နှစ်၊
(၂)ဇော်မျိုးဦး(ခ) ဝက်ကြီး(ခ)ပါကျဲ (၂၇)နှစ်၊
(၃)ကျော်ကျော်(ခ)အသေးလေး(၂၆)နှစ်၊
(၄)ကျော်မျိုးနိုင်(ခ)ကိုမျိုး(ခ)အပုလေး(၂၇)နှစ်၊
(၅)လင်းလင်းထွန်း (ခ)ဝိုင်းဝိုင်း(၂၂)နှစ်၊
(၆)စိန်သန်းအေး(ခ)စိန်ကြီး(၃၀)နှစ်၊
(၇)ဇော်မင်းထွေး(ခ)အောင်လေး(ခ)ကုလားကြီး (၂၈)နှစ်
(၈)ထွန်းမင်းလတ်(ခ)တုတ်တုတ်(၂၄)နှစ်
(၉)လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူ မျိုးကျော်သူ (၃၁)နှစ်
(၁၀)ခါးပိုက်နှိုက်မှုကျူးလွန်သည့်နေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးသူ
သက်နိုင်ထွန်း (၄၁)နှစ်
(၁၁)လက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူပေးသူ ကျော်မျိုးလှိုင်(ခ) ကျော်ကြီး(၂၆)နှစ်တို့အား ဖမ်းဆီးရမိကြောင်းထုတ်ပြန်ထားသည်၊၊
ဖမ်းဆီးရမိတရားခံများအား ရန်ကုန်မြို့အတွင်း ခါးပိုက်နှိုက်မှု၊ လုယက်မှုနှင့် အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခဲ့ရာ တရားခံ(၁၁) ဦးအနက်(၄)ဦးသည်လူသတ်မှုအား အဓိကဦးဆောင်ကျူးလွန် တိမ်းရှောင်လျက်ရှိသည့် တရားခံပြေးများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group




Published 11 Nov 2022
နယူးဇီလန်က တံငါသည်တစ်အုပ်စုဟာ သူတို့မျှော်မှန်းထားတာထက် ပိုကြီးတဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းမိလိုက်ပါတယ်။ အဲဒီငါးကတော့ မာကိုငါးမန်းကြီးတစ်ကောင်ဖြစ်ပါတယ်။အဲဒီငါးကြီးဟာ ရေထဲကနေ သူတို့ငါးဖမ်းလှေပေါ်ကို သူ့ဘာသာ သူ ခုန်တက်လာခဲ့တာပါ။
အဲဒီငါးကြီး လှေပေါ်ကိုခုန်တက်လာတဲ့ တခဏကိုရိုက်ကူးထားတဲ့ ဗွီဒီယိုဟာ အွန်လိုင်းပေါ်မှာ ခေတ်စားသွားပါတယ်။
“ ဖောက်သည်တွေကို ကျွန်တော်ကပြောပါတယ်။ ငါးကလှေထဲ ခုန်ဝင်လာရင် ပိတ်ပင်လို့မရပါဘူး” လို့ of Churchys Charters NZ ရဲ့မာလိန်မှူး ရွိုင်းချာချီက ပြောပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်တုန်းက သူဟာ အခြား ဖောက်သည်ငါးဦးနှင့်အတူ ဝစ်ရှန်ခါမှာ ငါးဖမ်းကြစဉ် ဖြစ်ပွားခဲ့တာပါ။
သူတို့က မက်ခရယ်လ်ငါးကြီးတွေဖမ်းဖို့ပါ။ ဒါပေမယ့် ရုတ်တရက်ကြီး မာကိုငါးမန်းကြီးက အစာကိုလာဟပ်ပါတယ် အဲဒီငါးဟာ ကမ္ဘာ့ အလျင်အမြန်ဆုံးငါးမန်းဖြစ်ပြီး တစ်နာရီကို ၄၆ မိုင်အထိသွားနိုင်ပါတယ်။
“ သူက ခုန်ဆွခုန်ဆွလုပ်နေလို့ ကျွန်တော်တို့ ပြန်ပြီးတွန်းလှန်ရပါတယ်” လို့ ချာချီက ရှင်းပြပါတယ်။ သူက အနားက ဖောက်သည်တွေကို သတိထားလှုပ်ရှားဖို့ သတိပေးနေရင်းကြားထဲမှာပဲ စက္ကန့် ၃၀လောက်အကြာမှာ အဲဒီငါးကြီးဟာ လှေပေါ်ကို ခုန်တက်လာပါတယ်”
သူတို့ဟာ ဘာလုပ်ရမှန်းမသိအောင်ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြပါတယ်။ အဲဒီငါးမန်းကြီးဟာ ၈ပေမှ၉ပေအထိ အလျား ရှိပြီး ပေါင်၃၀၀လောက် အလေးချိန်စီးမယ့်ပုံရပါတယ်။
ဒါပေမယ့် ကံကောင်းချင်တော့ အဲဒီနောက်ကယ်မယ့်သူတွေ ရောက်မလာခင်မှာ ငါးမန်းကြီးဟာ လူးလွန့်လှုပ်ရှားပြီး သူ့ဘာသူ ရေထဲ အထိအခိုက်မရှိဘဲ ပြန်ခုန်ဆင်းသွားပါတယ်။
ငါးမန်းဟာ လှေပေါ်မှာ သုံးမိနစ်လောက် လူးလူးလွန့်လွန့်နေသွားခဲ့တာဖြစ်တယ်လို့ ချာချီကပြောပါတယ်။
SOURCE: NY-POST
#Mako_Sharks
#Fishing_Newzealand
#Churchys_Charters_NZ


#World_Health
Published 13 November 2022
မျက်စိရောဂါကိုကုသရာမှာ အသုံးပြုတဲ့ဆေးဝါးဟာ ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ရာမှာ ထိရောက်နိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ဗာတီပေါ်ဖင်(Verteporfin)ဆိုတဲ့ဆေးဟာ ကိုဗစ်ရောဂါကို ကုသနိုင်တာမျိုးတော့မဟုတ်ပေမယ့် ကိုဗစ်-၁၉ရောဂါဖြစ်စေတဲ့ SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ရပ်တန့်နိုင်မှာဖြစ်ပါတယ်။
SARS-CoV-2 က ခန္ဓာကိုယ်ထဲ ဝင်ရောက်ကူးစက်ပြီးနောက် ပျံ့ပွားမှုဖြစ်ကာ ကိုဗစ်ရောဂါဖြစ်လာစေပြီး မျိုးဗီဇကွဲတွေ ထွက်ပေါ်လာစေပါတယ်။
အခြားဗိုင်းရပ်စ်တွေကဲ့သို့ပင် SARS-CoV-2 ပျံ့ပွားရာမှာ ဆဲလ်တွေကိုဝင်ရောက်ပြီး သူတို့ရဲ့လမ်းကြောင်းအတိုင်း အသုံးချသွားပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဆိုတဲ့အတိုင်း အဆုတ်ကိုပြင်းထန်စွာထိရောက်တဲ့အပြင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်အနှံ့အပြားကိုပါ ထိခိုက်စေပါတယ်။
ဒါကြောင့် သုတေသီများက လမ်းကြောင်းတစ်ခုကို ရွေးခြယ်ကာ ခန္ဓာကိုယ်အင်္ဂါများအပြင် ကိုယ်ခံအားစနစ်နဲ့ ရောင်ရမ်းခြင်းတို့ကိုပါ ထိန်းချုပ်ရာမှာ အရေးကြီးပါတယ်။
သိပ္ပံပညာရှင်တွေက ကိုဗစ်လူနာတွေထံမှ တစ်ရှူးနမူနာများအသုံးချကာ ကူးစက်ပြီးခဏအကြာမှာပဲ ဆဲလ်တွေရဲ့ ဟစ်ပိုလမ်းကြောင်း စတင်အလုပ်လုပ်ပါတယ်။
ဒါပေမဲ့ ပရိုတိန်းတစ်မျိုးအလုပ်လုပ်တဲ့အချိန်မှာ ဟစ်ပိုလမ်းကြောင်းကတော့ အလုပ်မလုပ်တော့ဘဲ SARS-CoV-2 တွေ ပျံ့ပွားလာတာဖြစ်ပါတယ်။
ဗာတီပေါ်ဖင်ဆေးဟာ FDA အသိအမှတ်ပြုပြီးဖြစ်ပြီး မျက်စိရောဂါအချို့ကိုကုသရာမှာ အသုံးပြုကာ အထူးသဖြင့် မျက်လုံးသွေးကြောများပုံမှန်မဟုတ်ခြင်း အခြေအနေတွေမှာ အသုံးပြုလေ့ရှိပါတယ်။
ဆဲလ်ပျံ့ပွားခြင်းကို ပိတ်ပင်ခြင်းမျိုးနဲ့ ချိတ်ဆက်တစ်ရှူးကျဉ်းမြောင်းခြင်းကို ကာကွယ်တဲ့နေရာတွေမှာ အသုံးပြုပါတယ်။
ဗာတီပေါ်ဖင်က SARS-CoV-2 ပျံ့ပွားခြင်းကို တားဆီးကာ ဟစ်ပိုလမ်းကြောင်းကို ဆက်လက်အလုပ်လုပ်နေအောင် ဆောင်ရွက်ပေးပါတယ်။
စမ်းသပ်မှုလုပ်ခဲ့ရာမှာတော့ အလုပ်ဖြစ်ခဲ့ပြီး ဗာတီပေါ်ဖင်က SARS-CoV-2 ပျံ့ပွားခြင်းကို တားဆီးနိုင်ခဲ့ပါတယ်။
ဒီတွေ့ရှိမှုက ကိုဗစ်ကပ်ရောဂါပြဿနာတွေကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းနိုင်ဖွယ်ရှိနေပါတယ်။
Source: The Jerusalem
#Yangon_Media_Group
#Local_New
Published_ 13 November 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် နေပြည်တော် နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့၍ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားခဲ့ပါတယ်။
နစကဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နေပြည်တော် ဒေသခံပြည်သူများ၏ သားသမီးများနှင့် အနယ်နယ်အရပ်ရပ်မှ ထူးချွန်ကျောင်းသူ၊ ကျောင်းသားများအတွက် သင်ကြား၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ အဆင့်မြင့်အင်ဂျင်နီယာ ပညာရပ်များကို လေ့လာသင်ယူခွင့်ရရှိစေရန်၊ ကျွမ်းကျင် အင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ များ၏လူမှုစီးပွားဘဝဖွံ့ဖြိုး ရေးကို အထောက်အကူပြုနိုင်စေရန်ရည်ရွယ်ပြီး နေပြည်တော်နည်းပညာ တက္ကသိုလ်ကို ဖွင့်လှစ်ပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ အဆင့်မြင့် တက္ကသိုလ်ကြီးတစ်ခုဖြစ်လာစေရန်ရည်ရွယ်ပြီး အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကို နေပြည်တော်နည်းပညာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဖွဲ့စည်းတည်ထောင်ပေးထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော် နည်းပညာတက္ကသိုလ်ကို အရည်အသွေးမြင့်မားသည့် သင်ကြား သင်ယူမှုနည်းစနစ်များ၊ နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ ခေတ်မီသင် ထောက်ကူပစ္စည်းများ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ သုတေသနဓာတ်ခွဲခန်းများ၊ ခေတ်မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံ ဖြည့်ဆည်းပေးထားပြီး သင်ကြားသင်ယူမှု အထောက်အကူပြုစနစ် (Learning Management System – LMS) ကို အသုံးပြုကာ ထိထိရောက်ရောက် သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နေပြည်တော်နည်းပညာတက္ကသိုလ်သည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်တွင် တည်ရှိကာ ပညာသင်ကြားမှုများ အဆင်ပြေချောမွေ့စေရန်အတွက် စာသင်ဆောင်များ၊ စုဝေးခန်းမကြီး၊ သင်ကြားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာရုံးခန်းများ၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ စာကြည့်တိုက်နှင့် Elibary တို့ကို ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group



Page 1357 of 1847