Published 6 Feb 2023
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev နှင့် နျူကလီးယား စွမ်းအင်နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာပူးပေါင်းဆောင် ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ (၆)ရက်က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်တဲ့ အဖွဲ့ဝင်တွေကို ယနေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန်၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်အတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးကဲ့သို့သောလုပ်ငန်း အပါအဝင် ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ တွင်အကျိုးရှိစွာ အသုံးပြုဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် နျူကလီးယား စွမ်းအင်နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် နည်းပညာပူးပေါင်းဆောင် ရွက်ရေးအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့်တာဝန်ရှိသူတို့ တက်ရောက် ကြပြီး ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
-ymg/knl
#Myanmar
#Myanmar_Russia


#Local_News
Published_ 6 February 2023
အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 February 2023
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်လိုသူတွေအနေနဲ့ နောက်ပိုင်းမှာ သတ်မှတ်ချက်နဲ့ ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်ရနိုင်တော့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 6 February 2023
တနင်္သာရီတိုင်းဒေသကြီးကိုလာရောက်ကြတဲ့ ရှင်ကိုးရှင်ဘုရားဖူးတွေ၊ရှေးမြိုဟောင်းတွေကိုလာရောက်သူတွေ အနည်းငယ်ရှိလာသော်လည်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုနည်းပါးနေဆဲဖြစ်တယ်လို တနင်္သာရီတိုင်းယဉ်ကျေးမှုအမွေအနှစ်များစောင့် ရှောက်ရေးအဖွဲ့မှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 6 February 2023
၁။ တနင်္သာရီတိုင်းကို ရှင်ကိုးရှင်ဘုရားဖူးအချို့လာရောက်ကြသော်လည်း ခရီးသွားပါးနေဆဲဖြစ်ဟုဆို
၂။ သတ်မှတ်ချက်နှင့်ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လိုင်စင်ရနိုင်တော့မည်ဟုဆို
၃။ တနင်္သာရီ၊ ကချင်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် မိုးထစ်ချုန်းနိုင်
၄။ ငွေကြေးဖောင်းပွခြင်းကြောင့် ဂျပန်နိုင်ငံ၏ ရာသီစာအထူးဆူရှီများဈေးနှုန်းမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 February 2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဆိပ်ကမ်းပေါင်း ၄၀ ကျော်ရဲ့ အခွန်ကောက်လုပ်ငန်းတွေကို လေလံပေးမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
Published 6 Feb 2023
တူရကီနှင့် ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ယနေ့ တနင်္လာနေ့က အင်အားအလွန်ပြင်းထန်တဲ့ ပြင်းအား ၇.၈ အဆင့် ငလျင်ကြီးလှုပ်ရှားသွားရာ လူ၅၀၀ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာဒဏ်ရာရရှိခဲ့ပါတယ်။ အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ပြီး အပျက်အစီးအပုံတွေကြားထဲ အသက်ရှင်ကျန်ရစ်သူတွေကိုရှာဖွေနေပါတယ်။
ငလျင်ဟာ ဆောင်းမနက်ခင်း အလင်းမလာခင်မှာ လှုပ်ရှားသွားတာဖြစ်ပြီး ဆိုက်ပရပ်စ်နှင့် လက်ဘွနွန်တို့မှာလည်း ငလျင်ဒဏ်ခံစားခဲ့ကြရပါတယ်။
“ ကျွန်မတို့ ပုခက်နှင့်အလွှဲခံလိုက်ရသလိုပဲ။ အိမ်မှာ ကျွန်မတို့ (၉)ယောက်ရှိနေကြတယ်။ ကျွန်မသားနှစ်ယောက် အပျက်အစီးပုံကြားထဲမှာရှိနေတုန်း။ ကျွန်မသူတို့ကိုစောင့်နေတာ” လို့ လက်ကျိုးသွားပြီး မျက်နှာဒဏ်ရာရသွားတဲ့ အမျိုးသမီးကြီးတစ်ဦးက ရိုက်တာကိုပြောပါတယ်။ သူမဟာ တူရကီ အရှေ့တောင်ပိုင်း ဒီယာဘာကီယာမှာနေထိုင်သူဖြစ်ပြီး ပြိုကျနေတဲ့ ခုနှစ်ထပ်တိုက်ကြီးအနီး လူနာတင်ယာဉ်ပေါ်ကနေ ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီမှာနေလာတာ အနှစ် (၄၀)ရှိပြီ ဒီလိုမျိုးတစ်ခါမျှမကြုံဖူးဘူးလို့လည်း တူရကီနိုင်ငံ ဂါဇီယာတက်ပ်မြို့က အာဒမ်ဆိုသူ ကပြောပါတယ်။ သူ့မြို့ဟာ ငလျင်ဗဟိုချက်အနားမှာတည်ရှိနေပါတယ်။
၂၈၄ ဦးသေဆုံးပြီး ၂၃၂၃ ဦးဒဏ်ရာရခဲ့တယ်လို့ တူရကီ ဒုသမ္မတ ဖူယက်အောက်တေးက ပြောပါတယ်။ ငလျင်ဒဏ်ခံနေ ရတဲ့နေရာတွေကို အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေနှင့် လေယာဉ်တွေစေလွှတ်ထားပြီး အဆင့်(၄) တပ်လှန့် ထားကာ နိုင်ငံတကာအကူအညီတွေတောင်းခံနေပါတယ်။
ဆီရီးယားနိုင်ငံမှာလည်း လူပေါင်း ၂၃၇ ဦးကျော်သေဆုံးပြီး ၆၀၀ခန့်ဒဏ်ရာရတယ်လို့ အစိုးရကျန်းမာရေးအရာရှိတစ်ဦးက ပြောပါတယ်။ အများဆုံးထိခိုက်တာက ဟာမာ၊အလက်ပိုနှင့် လာတီကီယားတို့ဖြစ်ပြီး အဆောက်အဦးများစွာပြိုကျပျက်စီးခဲ့ပါတယ်။
Source: Reuters
#Turkey_Syria_Earthquakes
#Strong_Earthquakes_hit_Turkey_Syria
#Turkey_Syria




#Local_News
February 5, 2023
၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယခုလ ၂၁ ရက်မှာ စတင်ကျင်းပမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီကနေ သိရပါတယ်။ ၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ အောက်တိုဘာလ ၂၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ ရတနာပုံ၊ အား/ကာသိပ္ပံ၊ မဟာယူနိုက်တက်၊ ဂျီအက်ဖ်အေ၊ ရခိုင်ယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်နှင့် ကချင်ယူနိုက်တက် စုစုပေါင်း အသင်း ၁၂ သင်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် ရန်ကုန်ယူနိုက်တက်မြက်ခင်းတု(YUSC) ကွင်းတို့မှာ ကျင်းပသွား မယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 6 February 2023
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် အသစ်ဖြစ်သူ Dr Piti Srisangnam အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ ဖေဖော်ဝါရီ ၃ ရက်တွင် လက်ခံတွေ့ဆုံခဲ့ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးကြပါတယ်။
ထိုသို့ တွေ့ဆုံစဉ် အာဆီယံဖောင်ဒေးရှင်းနှင့် အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီအဖွဲ့ဖြစ်သည့် Board of Trustees များနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြပါတယ်။
ASEAN Foundation သည် အာဆီယံ အသိုက်အဝန်း ထူထောင်ရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်ရာ အာဆီယံအား ပြည်သူများ ပိုမိုသိရှိစေရန် ဆောင်ရွက်ရာ၌ ထိရောက်သည့် တစ်ထောင့် တစ်နေရာမှ ပါဝင်ဆောင်ရွက်ရန်ကိစ္စတို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများမှ အကူအညီများရယူ၍ ASEAN Foundation အနာဂတ် စီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားရန် အစရှိသည့် ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 6 February 2023
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC) အမှုဆောင် ညွှန်ကြားရေးမှူး Ms. Ghada Waly နှင့် အဆိုပါရုံးတွင် ဖွဲ့စည်းထားသော ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများ၏ FINGOV တို့အကြား ဆွေးနွေးပွဲကို Vienna International Centre ၌ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ဗီယင်နာအခြေစိုက် အမြဲတမ်းကိုယ်စားလှယ်များ၊ ဘာသာရပ် တာဝန်ခံများနှင့်အတူ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံသံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဂါနာ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Philbert Abaka Johnson က moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ UNODC အနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သည့် အောင်မြင်မှုများ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ UNODC ၏ အခန်းကဏ္ဍ၊ စံတန်ဖိုးများနှင့် ရည်မှန်းချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အစီအစဉ်များကိုဆွေးနွေးကြပါတယ်။
ထို့ပြင် ဘဏ္ဍာရေးနှင့်စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အလှူရှင် နိုင်ငံများ၏ထည့်ဝင်မှုနှင့်၎င်းတို့၏ ဦးစားပေး ဒေသ/နိုင်ငံများရှိ စီမံကိန်းများကို အကောင်အထည်ဖော်မှု၊ ဝန်ထမ်းရွေးချယ်ခန့်အပ်မှုများတွင် ဒေသခွဲအားလုံးကို ကိုယ်စား ပြုသည့် ကျွမ်းကျင်သူများပါဝင်ပြီး ကျား-မ တန်းတူညီမျှစွာ ခန့်ထားရေး၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများက မေးမြန်းသည့် မေးခွန်းများ၊ အကြံပြုချက်များအား အမှုဆောင်ညွှန်ကြားရေးမှူးက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါတယ်။
FINGOV အဖွဲ့သည် UNODC၏ အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျား-မတန်းတူ ညီမျှမှုရှိရေး၊ မူဝါဒများနှင့်အစီအစဉ်များ၊ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများနှင့်ပတ်သက်၍ ဆောင်ရွက် သော အဖွဲ့ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#World_Politics
Published 6 February 2023
ယူကရိန်းဟာ စစ်ပွဲရေးရာအတွက် ရာထူးအပြောင်းအလဲ ပြုလုပ်တဲ့အနေဖြင့် ကာကွယ်ရေးဝန်ကြီး 'အိုလက်ဆီရက်ဇ်နီကော့ဗ်'ရဲ့နေရာမှာ သမ္မတ'ဇယ်လန်စကီ'နဲ့ရင်းနှီးသူ စစ်တပ်ထောက်လှမ်းရေးအေဂျင်စီမှ အကြီးအကဲဖြင့် အစားထိုးသွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ရက်ဇ်နီကော့ဗ်ကို အခြားဝန်ကြီးရာထူးနေရာသို့ ပြောင်းရွှေ့မှာဖြစ်ပြီး သူ့နေရာမှာတော့ GUR စစ်တပ်ထောက်လှမ်းရေးအေဂျင်စီမှ အကြီးအကဲ'ကီရီလိုဘူဒါနော့ဗ်'နဲ့ အစားထိုးသွားမှာဖြစ်တယ်လို့ ဥပဒေပြုအမတ်နဲ့ Servant of the People ပါလီမန်အဖွဲ့အကြီးအကဲဖြစ်သူ 'ဒေးဗစ်အာရက်ခမ်မီယာ'က ပြောပြခဲ့ပါတယ်။
"စစ်ပွဲကြောင့် အမှုထမ်းရေးရာမူဝါဒပိုင်းမှာ အပြောင်းအလဲပြုလုပ်ရတာ ဖြစ်ပါတယ်" လို့ တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းကို အနောက်တိုင်းနိုင်ငံရဲ့ သန့်ရှင်းရိုးသားသောအစိုးရအဖွဲ့ စံနှုန်းများအတိုင်း ဆောင်ရွက်ထားရှိရန် ဇယ်လန်စကီက ကတိပြုထားရာ ပြီးခဲ့တဲ့လက အကျင့်ပျက်ခြစားမှုကြောင့် ရာထူးထုတ်ပယ်ခြင်းတွေ နှုတ်ထွက်ခြင်းတွေ ပြုလုပ်ခဲ့ပြီး အခု ရက်ဇ်နီကော့ဗ်ကို ရာထူးပြောင်းလဲခြင်းက အစိုးရအဖွဲ့အတွင်း အကြီးမားဆုံးအပြောင်းအလဲ ဖြစ်လာမှာဖြစ်ပါတယ်။
ယူကရိန်းရှိ ကာကွယ်ရေးဝန်ကြီးဌာနလိုမျိုး အဖွဲ့အစည်းကြီးတွေကို ယခုလိုစစ်ပွဲကာလအတွင်း နိုင်ငံရေးသမားတွေ မဦးဆောင်သင့်ဘဲ ကာကွယ်ရေး သို့မဟုတ် လုံခြုံရေးဌာနမှာ အတွေ့အကြုံရှိသူတွေပဲ ဦးဆောင်သင့်တယ်လို့ အာရက်ခမ်မီယာက ဆိုပါတယ်။
ရက်ဇ်နီကော့ဗ်ကို ဗျူဟာမြောက်စက်မှုဝန်ကြီးအဖြစ် ခန့်အပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။
ရာထူးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ရက်ဇ်နီကော့ဗ်က အဆိုပါအပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ချက်က ဇယ်လန်စကီနဲ့သာ သက်ဆိုင်ကြောင်း ယူကရိန်းFakty ICTV အွန်လိုင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။
"ထိုရာထူးနေရာအတွက် ကျွန်တော့်မှာ ကျွမ်းကျင်မှုမရှိတာကြောင့် ဒီလိုကမ်းလှမ်းမှုမျိုး ရုတ်တရက်ရလာခဲ့ရင် ငြင်းပယ်သွားမှာပါ" လို့ ဆိုခဲ့ပါတယ်။
ရက်ဇ်နီကော့ဗ်ဟာ ရုရှားတို့မကျူးကျော်ခင် လပိုင်းအလို ၂၀၂၁ နိုဝင်ဘာလကမှ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး ရှေ့နေဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ရာထူးအပြောင်းအလဲကို ဘယ်အချိန်မှာ တရားဝင်ကြေညာမလဲဆိုတာကိုတော့ အာရက်ခမ်မီယာက မပြောပြသွားပါဘူး။
ယခုလအတွင်း ရုရှားဘက်က အဓိကထိုးစစ်ဆင်မှုကြီးတစ်ရပ် ပြုလုပ်ဖို့စီစဉ်လျက်ရှိရာ ယူကရိန်းတို့ စိုးရွံ့နေရတဲ့ကာလနဲ့ တိုက်ဆိုင်နေပါတယ်။
ယူကရိန်းဘက်ကလည်း တန်ပြန်ထိုးစစ်ဆင်ဖို့ စီစဉ်နေကြပေမယ့် အနောက်နိုင်ငံတွေထံမှ တင့်ကားတွေနဲ့ လက်နက်အကူအညီများကို စောင့်ဆိုင်းနေရပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 6 February 2023
နယ်စပ်ကုန်သွယ်မှုတွင် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားရတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သိရသည်။
ယင်းကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်ကစတင်မည် ဖြစ်ပြီး ကုန်ပစ္စည်းသယ်ဆောင်ခွင့် QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၀ ရက်ထိ စမ်းသပ်ကာလ Pilot Project အဖြစ် မြန်မာ - တရုတ် ကုန်သွယ်ရေးဂိတ်များ ဖြစ်ကြသော မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်၊ မြန်မာ - ထိုင်း ကုန်သွယ်ရေးနယ်စပ်ဂိတ်ဖြစ်သော မြဝတီ နယ်စပ်ဂိတ်များတွင် အခကြေးငွေမကောက်ခံဘဲ စမ်းသပ်လျက်ရှိကြောင်း သိရသည်။
စမ်းသပ်ကာလ ပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက်မှ စတင်၍ ယာဉ်တစ်စီးလျှင် ငွေကျပ် ၅၀၀၀ နှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း၊ကုန်သွယ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့် လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်း များအတွက် နယ်စပ်ပို့ကုန် လိုင်စင်ကို Myanmar Tradenet 2.0 စနစ် ဖြင့် ဦးစွာလျှောက်ထားရမည်ဖြစ်ကြောင်းနှင့် ပို့ကုန်လိုင်စင်ရရှိပြီးနောက်ယာဉ်များ၏ အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊Vehicle Monitoring System ဝက်ဘ်ဆိုက် တွင် ဖြည့်သွင်း လျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုအပ်သောအချက်အလက်များကို ကုန်သွယ်ရေး ဦးစီးဌာနက စိစစ်ပြီးမှသာ QR Code ပါဝင်သော ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်း လိုင်စင်လျှောက်ထားရန် မလိုသည်ကုန်ပစ္စည်းများအတွက် ပို့ကုန်လုပ်ငန်း အဆင်ပြေစေစေရန် Automatic Licensing စနစ်ဖြင့် ချက်ချင်းခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်သည့်ယာဉ်များကိုလမ်းကြောင်းတစ်လျှောက် ကုန်စည်စစ်ဆေးရေး ဂိတ်များရှိ တာဝန်ကျဝန်ထမ်းများမှ Tracking Mobile Appဖြင့် QR Code များကို စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် QR Code ပြသစစ်ဆေးခြင်းမခံယူသောယာဉ်များကို စစ်ဆေးရေးဂိတ်များက ထွက်ခွာခွင့် ပြုမည် မဟုတ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1358 of 1984