#Local_News
Published-13 May 2023

မြန်မာနိုင်ငံသားတစ်ဦးကို အလုပ်ရမည်ဆို၍ ပွဲစားကကားဖြင့်ခေါ်ယူကာ ရင်းဂစ် ၄၀၀ ယူပြီး ကားပါကင်၌ထားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။

 

ယင်းမြန်မာနိုင်ငံသားက အလုပ်ရမည်ဟုဆိုသ​ဖြင့် ဂျိုဟိုးမြို့မှ ကွာလာလမ်ပူမြို့သို့ ပွဲစားကားဖြင့်လိုက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဘာတူးကစ်လူနေအိမ်များရှိရာ ကားပါကင်တွင် ပွဲစားကရင်းဂစ် ( ၄၀၀)ယူ၍ ကားဆီထည့်ရန် သွားမည်ဖြစ်သောကြောင့် ယင်းနေရာတွင် ခဏစောင့်ရန်ပြောပြီး လိမ်လည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းနောက်ပြန်ပေါ်မလာသ​ဖြင့် ၎င်းမြန်မာနိုင်ငံသားမှာ ကားပါကင်၌ပင်တစ်ညလုံးနေခဲ့ရကြောင်းသိရသည်။

 

နောက်နေ့နံနက်တွင်ယင်းကားပါကင်မှမြန်မာနိုင်ငံသားတစ်ဦးက  နှလုံးလှအဖွဲ့ဖုန်းနံပါတ်ပေး၍ဆက်သွယ်အကူအညီတောင်းခံလာ‌သည့်အတွက် မေလ ၁၂ ရက်တွင် ရုံးသို့သွားရောက်ခေါ်ယူခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့က သိရသည်။

 

မိမိတို့မြန်မာနိုင်ငံသားအချင်းချင်း ဒုက္ခရောက်အောင်မလုပ်ကြရန်လည်း အဆိုပါအသင်းကမေတ္တာရပ်ခံထားသည်။



#ymg/pl #Local_News #မလေးရှား #အလုပ်သွင်း​ပေးမည်ဟုပွဲစားကငွေလိမ်လည်
#YMG #Yangon-Media-Group