#Local_News
Published_ 11 November 2022
ရန်ကုန်မြို့အနီးကျေးလက်ဒေသတွေမှာ ငှက်ဖျားခြင်များပေါက်ဖွားနိုင်တဲ့အတွက် ငှက်ဖျားရောဂါသတိပြုဖို့ လိုတယ်လို့ ပြည်သူ့ကျန်းမာရေးပညာပေးပညာရှင် ဒေါက်တာခင်မောင်လွင်က သတိပေးပြောကြားလိုက်ပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_11 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ခုနှစ်လတာကာလအတွင်း ပြည်ပကို ပဲတန်ချိန် ၈ သိန်း ၉ သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၇၀၇ ဒသမ ၇၉ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 11 november 2022
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နေပြည်တော်၊ မုံရွာမြို့တွေမှာ စိုက်ပျိုးထွက်ရှိတဲ့ အော်ဂဲနစ်အစေ့လွတ် မာလကာသီး တစ်ခြင်းကို ကျပ် ၂၅၀၀၀နဲ့ ၃၀၀၀၀ ထိ ဈေးကောင်းရရှိနေတယ်လို့ အစေ့လွတ်မာလကာစိုက်ပျိုးတောင်သူတွေ ဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 11 November 2022
၁။ ယိုးဒယားမျိုး အစေ့လွတ် မာလကာသီးတစ်ခြင်း ကျပ် ၂သောင်းကျော်ထိဈေးကောင်းရနေ
၂။ ခုနှစ်လတာကာလအတွင်း ပြည်ပသို့ပဲတန်ချိန် ၈ သိန်း ၉ သောင်းကျော်တင်ပို့ထား
၃။ ရန်ကုန်မြို့အနီး ကျေးလက်ဒေသများတွင် ငှက်ဖျားခြင်များပေါက်နိုင်၍ ငှက်ဖျားရောဂါသတိပြုရန်လို
၄။ သီရိလင်္ကာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကဏ္ဍများအတွင်း လေကြောင်းလုပ်ငန်းထိပ်ဆုံးမှ ပါဝင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 11 November 2022
လက်ရှိနေပြည်တော်အိမ်ခြံမြေ ဈေးကွက်အနေအထားဟာ အရောင်းဈေးကွက်ပဲရှိနေပြီး အဝယ်ဈေးကွက်က ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 11 Nov 2022
စာရေးဆရာ အကြည်တော်ရဲ့ နောက်ဆုံး နာရေးခရီးကို သူရဲ့မိသားစုဝင်တွေနဲ့အတူ စာအုပ်ထုတ်ဝေသူတွေ၊ စာပေလောကမှမိတ်ဆွေ၊အပေါင်းအသင်းတွေ၊စာပေလောကသားတွေ၊ သူ့ကိုချစ်ခင်မြတ်နိုး တန်ဖိုးထားကြတဲ့ စာဖတ်ပရိတ်သတ်တွေ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
နိုင်ငံကျော် စာရေးဆရာ အကြည်တော်ရဲ့ လွမ်းတဖွယ် နောက်ဆုံးခရီးမြင်ကွင်းတွေကို သတင်းရုပ်သံတင်ဆက်ထားပါတယ်။
Source: YGM
#Akyitaw_Funeral
#Myanmar_Famous_writer_last_journey
#အကြည်တော်
#Local_News
Published _ 11 november 2022
ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ကလေးငယ်တစ်ဦး ဆော့ကစားရင်း ချော်လဲကာ မျက်လုံးထဲသို့ အကင်တုတ် စိုက်ဝင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် နိုဝင်ဘာ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးအချင်းချင်း ဆော့ကစားရာမှ အကင်တုတ်ဟာ မျက်စိထဲသို့ စိုက်ဝင်မှုဖြစ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရှိရသည်။
နှလုံးလှ လူမှုကူညီရေးအသင်းမှ "မနေ့ကဖြစ်သည်၊ ကလေးငယ်များအား ဂရုတစိုက်ကြည့်ရှုရန် လိုအပ်ပါသည်။ အသင်းရုံးသို့ဖုန်းဆက်အကူအညီတောင်းခံလာသောကြောင့် အချိန်နှင့်တပြေးညီ မူဆယ်မှ လားရှိုးသို့ပို့ဆောင်ပေးခဲ့ရပါတယ်။ အမြန်ဆုံးပြန်ကောင်းပါစေ ကလေးရေ ဘာမှမဖြစ်ပါစေနဲ့။ အသားကင်ဒုတ်ထိုးမိတာကလေး အချင်းချင်း ဆော့ကစားပြီးဖြစ်တာပါ" ဟု၎င်း၏ လူမှုကွန်ယက်ပေါ်တွင် ပြောကြားထားသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 11 november 2022
ရန်ကုန်မြို့မှာ နေ့စဉ်တစ်ရက်ကို မီး ၄ နာရီ ပုံမှန်ပြတ်နေသော်လည်း ယခုရက်ပိုင်းမှာ ပိုပြတ်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ အသိပေးချက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ထားသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း အရေးပေါ်ထိန်းသိမ်းပြုပြင်နေ၍ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းနေခြင်းကြောင့် မီးပိုပြတ်မည် ဟုဆိုကာ ထုတ်ပြန်ထားခြင်းပင်ဖြစ်သည်။
ရန်ကုန်မြို့ Down Town မြို့နယ်တွေဖြစ်ကြသည့် ပုစွန်တောင်နှင့်ဗိုလ်တထောင်မြို့နယ်များ၌လည်း အောက်တိုဘာလ ဒုတိယပတ်လောက်မှစတင်ပြီး နေ့စဉ် ၂ နာရီ အနည်းဆုံး ပြတ်ကာ တစ်ချို့ရက်များတွင်မူ မနက် ၈နာရီဝန်းကျင်လောက်မှစ၍ ပုံမှန်ပြတ်လေ့ရှိကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများထံမှ သိရှိရသည်။
"ဒီနေ့အထိပဲ ပြတ်တာက ၊ နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၆ နာရီထဲကနေ ပြတ်တာ နေ့လည် ၁နာရီလောက်ကမှ ပြန်လာတယ်။ ဒါဗိုလ်တထောင်ဘက်ခြမ်းကလိုင်းပါ။ ပုစွန်တောင်ဘက်ကတော့ မနက်ပိုင်းလာပြီး နေ့လည်ပိုင်းရောက်တာနဲ့ ပြတ်သွားပါတယ်"လို့အဆိုပါမြို့နယ်ရှိ နေထိုင်သူတချို့က ပြောသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွေကို ပို့နေတဲ့အလုံသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်အမှတ်(၁,၂)မှ (45)MW ၊ Toyothai ဓာတ်အားပေးစက်မှ (115)MW ၊ သာကေတဓာတ်အားပေးစက်မှ (17)MW ၊ UPP (ရွာမ)ဓာတ်အားပေးစက်မှ (45)MW ၊ Max Power (သာကေတ)ဓာတ်အားပေးစက်မှ(45)MW ၊ လှော်ကားဓာတ်အားပေးစက်မှ (60)MW ၊ U Energy ဓာတ်အားပေးစက်မှ (106)MW ၊စုစုပေါင်း (433)MW ခန့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု လျော့နည်းနေကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 11 november 2022
ထိုင်းကိုလာရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် အပြန်လေယာဉ်လက်မှတ်များ၊ တည်းခိုမည့်နေရာများကို အတိအကျ စီစဉ်ပြီးမှ လာကြရန် ဘန်ကောက်ရှိ မြန်မာသံရုံးမှ ယမန်နေ့က သတိပေးချက် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံသို့ သွားရောက်ကြသည့် မြန်မာနိုင်ငံသားအချို့အသွား၊ အပြန်လေယာဉ်လက်မှတ်နှင့်အတူ သတ်မှတ်ထားသည့် ငွေကြေးပမာဏယူဆောင်သွားသော်လည်း တည်းခိုမည့်နေရာ အတိအကျ မပါဘူးဟုဆိုကာ လေဆိပ်အတွင်း ထိန်းသိမ်းခံရပြီးနောက် ယခုလိုမျိုး ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများအနေနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းများမှ တစ်ဆင့်အလည်အပတ်ခရီး လာရောက်လျှင် အပြန်ခရီးစဉ် လေယာဉ်လက်မှတ်၊ လူပုဂ္ဂိုလ်တစ်ဦးအတွက် ဘတ် ၁၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ မိသားစုတစ်စုအတွက် ဘတ် ၂၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ ထိုင်းနိုင်ငံမှာ တည်းခိုမည့် ဟိုတယ်စီစဉ်ထားမှု အထောက်အထား၊ ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏ နေအိမ်၌ တည်းခိုမည်ဆိုလျှင် မိတ်ဆွေမှ ဖိတ်ကြားထားသောစာ (ဤစာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ဖော်ပြထားရမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒါ့အပြင် လေဆိပ်လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာ ဖြေဆိုနိုင်ရမည်ဟုလည်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _11 November 2022
အလုပ်နှင့်ထောင်ဒဏ်၂နှစ်ချမှတ်ခံထားရသော မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဟောင်း ဦးမျိုးသစ်ကို ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဝန်ကြီးဟောင်းဦးမျိုးသစ်ကို ၂၀၂၁ ခုနှစ်တွင် ချမ်းအေးသာစံမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅(ခ)အမှုဖြင့် တရားစွဲဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ၃ ရက်က မန္တလေးဗဟိုအကျဉ်းထောင်အထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ်(၂)နှစ်ကျခံစေရန် အမိန့်ချထားခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#World_Business
Published 11 November 2022
ဆိုရှယ်မီဒီယာ တွစ်တာ(Twitter)ရဲ့ ပိုင်ရှင်အသစ်ဖြစ်လာတဲ့ 'အီလွန်မက်စ်'က တွစ်တာကုမ္ပဏီဟာ ဒေဝါလီခံရနိုင်ဖွယ်ရှိတယ်လို့ နိုဝင်ဘာ ၁၁ ရက်နေ့(ကြာသပတေးနေ့)က ပြောကြားလိုက်ပါတယ်။
တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ဝယ်ယူပြီးနောက် 'မက်စ်'က တွစ်တာဝန်ထမ်းများကို အစည်းအဝေးခေါ်ပြောကြားခဲ့ရာမှာ ဒေဝါလီခံရခြင်းနဲ့ ကြုံတွေ့ရနိုင်ကြောင်း သတိပေးလိုက်တယ်လို့ ဘလွန်းဘာ့ဂ်သတင်းဌာနက တင်ပြခဲ့ပါတယ်။
ဒါဟာ တွစ်တာကိုရောက်ရှိပြီးနောက် 'မက်စ်'ရဲ့ပထမဆုံးအစည်းအဝေးခေါ်ယူမှုဖြစ်ပြီး လာမယ့်ဘဏ္ဍာရေးနှစ်အတွင်း ကုမ္ပဏီဟာ ဒေါ်လာဘီလီယံနဲ့ချီပြီး ဆုံးရှုံးရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီကို 'မက်စ်'တာဝန်ယူပြီးနောက် ကြောငြာရှင်များ ထွက်ခွာကုန်ကြကာ နေ့စဉ်ဒေါ်လာ ၄ သန်းခန့် ဆုံးရှုံးနေရတယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။
ဝန်ထမ်းများအနေနဲ့ အိမ်မှအလုပ်လုပ်ခွင့်ကိုလည်း ခွင့်မပြုတော့ဘဲ တစ်ပတ်ကို ရုံးမှာအနည်းဆုံးနာရီ ၄၀ တက်ပေးဖို့အသိပေးရန်လည်း တောင်းဆိုလိုက်ပါတယ်။
ကုမ္ပဏီကနေ အကြီးတန်းအမှုဆောင်အချို့လည်း နှုတ်ထွက်သွားတယ်လို့ သိရှိရပါတယ်။
ကုမ္ပဏီကို 'မက်စ်'ဝယ်ယူပြီးနောက် ထိပ်သီးအရာရှိ ၃ ဦးဖြစ်တဲ့ အမှုဆောင်အရာရှိချုပ်၊ ဘဏ္ဍာရေးအရာရှိချုပ်၊ မူဝါဒသတ်မှတ်ရေးဆိုင်ရာအကြီးအကဲတို့ကို အလုပ်ထုတ်လိုက်ပြီး သူတို့အတွက် နစ်နာကြေး ဒေါ်လာ ၁၂၂ သန်းပေးဆောင်ရဖို့ရှိနေကာ နောက်ပိုင်းမှာ အခြားဝန်ထမ်းတွေလည်း နှုတ်ထွက်ကုန်ကြတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ 'ယိုးလ်ရော့သ်'နဲ့ 'ရော်ဘင်ဝီလာ'တို့ ကုမ္ပဏီကနေ နှုတ်ထွက်သွားပြီလို့ သတင်းအရင်းအမြစ်တစ်ခုကနေ သိရှိထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီလုံခြုံရေးအကြီးအကဲ'လီယာကစ္စနာ'၊ ကိုယ်ရေးအရာရှိချုပ်၊ တိုင်ကြားရေးအရာရှိချုပ်တို့လည်း နှုတ်ထွက်စာတင်ထားပါတယ်။
ကုန်ကျစရိတ်ကာမိရန်အတွက် ကုမ္ပဏီရဲ့ဝန်ထမ်းအင်အား ၅၀ ရာခိုင်နှုန်းလျှော့ချဖို့နဲ့ အသိအမှတ်ပြုအမှတ်အသားမူဝါဒအတွက် ၈ ဒေါ်လာကောက်ခံဖို့ကိုပင် ကြေညာခဲ့ပါတယ်။
အစောပိုင်းကာလတုန်းက ကုမ္ပဏီဟာ ကြောငြာသူများကို ပစ်မှတ်ထားပြီး အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်များကို အသုံးချနေတယ်လို့ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်က စွပ်စွဲခဲ့တာကြောင့် မေလမှာ ဒေါ်လာသန်း ၁၅၀ ပေးဆောင်ဖို့ သဘောတူခဲ့ရပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_11 November 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YUPT ကုမ္ပဏီပိုင်ယာဉ်လိုင်းများဖြစ်သည့် YBS ယာဉ်လိုင်းလေးလိုင်းသည် နိုဝင်ဘာ ၉ ရက်မှ စတင်ပြီး ပြေးဆွဲမှု ယာယီရပ်နားထားကာ ယာဉ်အသစ်များဖြင့်အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း YUPT ကုမ္ပဏီမှ အသိပေးကြေညာထားသည်။
အဆိုပါယာဉ်လိုင်း လေးခုမှာ YBS 15 ၊ YBS 17၊ YBS 26 နှင့် YBS 114 တို့ဖြစ်ပြီး အစားထိုးလဲလှယ်ရန် ယာယီရပ်နားထားခြင်းဖြစ်ပြီး ရပ်နားလိုက်သည့် ယာဉ်လိုင်းလေးခုအနက် YBS15 မှာ YUPT ကုမ္ပဏီမှ မဟုတ်ဘဲ ယာဉ်လိုင်းနံပါတ်တူ ပြေးဆွဲနေသည့် ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီမှ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) လက်အောက်တွင် ယာဉ်စီးရေပေါင်း ၈၃၀ ကျော်ရှိပြီး နေ့စဉ်ပြေးဆွဲနေသောယာဉ်မှာ အစီးရေ ၅၀၀ ကျော်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
Page 1360 of 1847