#Local_News
Published_ 13 May 2023

မုန်တိုင်းအန္တရာယ်ရှိပြီး အနီရောင်အဆင့်သတ်မှတ်ထားတဲ့ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ထဲက ကျေးရွာတချို့ကို ဘေးလွတ်ရာကို စတင်ပြောင်းရွှေ့​ပေးနေ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

မြောက်ဦးမြို့နယ်ထဲက ဘာညိုကျေးရွာအုပ်စု၊ မညင်းချောင်းကျေးရွာ၊ တာဘွေကျေးရွာ၊၀က်ခမောက်ကျေးရွာစတဲ့ကျေးရွာများက အိမ်ထောင်စုများကိုမေလ ၁၃ ရက်နေ့မနက် ၈ နာရီအချိန့်ခန့်က ပြောင်းရွှေ့ပေးနေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

 

အဆိုပါမုန်းတိုင်းဘေးရှောင်ရွှေ့ပြောင်းအိမ်ထောင်စုတွေကို ဘေးလွတ်တဲ့နေရာဖြစ်တဲ့ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၌ခေတ္တပြောင်းရွှေ့နေတာဖြစ်သည်။

 

မုန်တိုင်း “မိုခါ” ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်ပြီး အနီရောင်အဆင့် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။

 

အနီရောင်အဆင့်ကို မုန်တိုင်း မြန်မာ့ကမ်းရိုးတန်းဆီ မဖြတ်ကျော်မီ (၁၂)နာရီအလိုအချိန်ဟု သတ်မှတ်ထားပေမယ့်လည်းအခုဖြစ်ပေါ်နေတဲ့ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm) “မိုခါ”ဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးကနေ အားအလွန်ကောင်းသည့်အဆင့်ဖြင့် ဖြတ်ကျော် နိုင်တဲ့အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ခြင်းဖြစ်​ကြောင်းလည်း သိရသည်။

 

#ymg/ynzw #Local_News #မြောက်ဦးမြို့နယ် #ကျေးရွာတချို့ဘေးလွတ်ရာပြောင်းရွေ့
#YMG #Yangon_Media_Group