#LocalNews
Published_17 November 2022
တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက် ၊ ၂၂ဝ၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် (ယနေ့) ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊
အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၅၁၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းတွင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကိုရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ ၎င်းတို့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအား ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံခြားသားများဖြစ်ကြသည့် ဩစတြေးလျနိုင်ငံသား ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး Mr. Sean Turnell ၊ ပန်းချီဆရာ ထိန်လင်း၏ ဇနီး Mrs. Vicky Bowman ( ဗြိတိန်နိုင်ငံသူ )၊ Mr. TORU KUBOTA ( ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ)၊ကျော်ဌေးဦး ( အမေရိကန်နိုင်ငံသား )တို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ် များကိုပါ ဆက်လက်ကျခံပါမည်" ဟူသောစည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။
၎င်းအပြင် ယခင် အစိုးရလက်ထက်က ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးကျော်တင့်ဆွေ၊ဒေါက်တာလဲ့လဲ့မော် နှင့် ဦးသန်းဌေး ၊ အကျဉ်းကျခံနေရသော အနုပညာရှင်များထဲမှ Mrs. Vicky Bowman ( ဗြိတိန်နိုင်ငံသူ ) ၏ ခင်ပွန်း ထိန်လင်း (ပန်းချီဆရာ) နှင့် ဆင်မ (ခ) ဇော်မင်းထိုက် (ဟာသသရုပ်ဆောင်) တို့လည်း ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုရာတွင် ပါဝင်သည့်အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုခံထားရသည့် ဘုဏ်းသိုက် (သရုပ်ဆောင် / ဒါရိုက်တာ)၊ဖွေးဖွေး (ခ) ရွှေရည်ကိုဦး (သရုပ်ဆောင်)၊ဟေမာန်သူသူအောင် (မော်ဒယ်)၊မယ်မင်းဘုံ (ဒါရိုက်တာ)၊ဆုမွန် (အစီအစဉ်တင်ဆက်သူ)၊နီနီခင်ဇော် (အဆိုတော်)၊သီဟဖြိုး (ခ) ကိုဘင်း (သရုပ်ဆောင်)၊သဇင်ထူးမြင့် (ခ) သဲသဲ (သရုပ်ဆောင်)၊ထက်ထက်ထွန်း (မော်ဒယ်)၊ နန်းခင်ဇေယျာ (သရုပ်ဆောင်)၊ယွန်းဝတီလွင်မိုး (သရုပ်ဆောင်)တို့အား စွဲဆိုထားသည့် အမှုများကိုပိတ်သိမ်းခွင့်ပြုလိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _17 november 2022
မန္တလေးမှာ သေဆုံးနေသည့် မွေးကင်းစကလေးငယ်တစ်ဦးအား စည်ပင်အမှိုက်ကန်အတွင်း လာရောက်စွန့်ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၅ရက်၊ ညနေ ၅နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၈လမ်းနှင့် ၄၄လမ်း ၄၅လမ်းကြား၌ သေဆုံးနေသည့်ကလေးငယ်တစ်ဦးအား လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"သေဆုံးကလေးငယ်တစ်ဦး လာပစ်သွားတယ်လို့ ဖုန်းဆက်အကြောင်းကြားတာကြောင့် သွားခေါ်ယူပြီး တောင်အင်းပို့ဆောင်ဖို့ နောက်ကျသွားတဲ့အတွက် ညက ရုံးမှာလက်ခံထားပြီး မနက်မှ တောင်အင်းကိုပို့ဆောင်ပေးပါမယ်"ဟု အဆိုပါကယ်ဆယ်ရေးအဖွဲ့မှ ဆိုထားသည်။
သေဆုံးနေသည့် မွေးကင်းစကလေးငယ်ကို လာရောက်စွန့်ပစ်ထားကြောင်း ဖုန်းဆက်သတင်းပေးချက်ရရှိသဖြင့် သွားရောက်သယ်ယူခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၆ရက်မှာ တောင်အင်းသို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရှိရသည်။
Photo - မြရည်နန္ဒာလူမှုကူညီရေးအဖွဲ့
#ymg/NN
#Yangon_Media_Group
#LocalNews
Published_17 November 2022
ယနေ့ (နိုဝင်ဘာလ ၁၇ )ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံသို EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၆ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှထုတ်ပြန်ထားသည်။
အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သားသစ် (၃၈) ဦး၊ ကုန်ထုတ်လုပ်သား (၁၀) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၇၈) ဦး စုစုပေါင်း ၁၂၆ ဦးကိုစေလွှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် နိုဝင်ဘာလ ၂၃ ရက်တွင်လည်း Regular ( ကုန်ထုတ် ၊ စိုက်ပျိုး/မွေးမြူရေးနှင့် ဆောက်လုပ်ရေး) လုပ်ငန်းများလုပ်ကိုင်ရန် မြန်မာအလုပ်သမား ၇၃ ဦး ၊ Re-entry (ကုန်ထုတ်) အလုပ်သမား ၃၉ ဦး ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ထုတ်ပြန်ထားသည်။
တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၁၆၉ ဦးစေလွှတ်ခဲ့ကြောင်း ဖော်ပြထားသည့်စာရင်းများအရ သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်အထိ Regular ကုန်ထုတ်လုပ်သားသစ် ၊ CBT ကုန်ထုတ်အလုပ်သမားသစ် ၊ Re-entry ကုန်ထုတ်လုပ်သား ၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား စုစုပေါင်း ၄၈၆ ဦးကို ပို့ဆောင်ပေးထားကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group

Published 17 Nov 2022
ယခင်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးသန်းဋ္ဌေး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကိုပြောပါတယ်။
အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ယနေ့တွင် နိုင်ငံခြားသား (၄)ဦးအပါအဝင် အကျဉ်းသား ၆၁၈ ဦး နှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းသိရှိရပါတယ်။
-ymg/knl
#YMG
Published 17 Nov 2022
အနုပညာရှင် (၁၁)ဦးကို ၅၀၅-ကဖြင့်အရေးယူခြင်းမှ ဖြေလျော့ပေးလိုက်တယ်လို့ နစက ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMGကိုပြောပါတယ်။
ထိုသူတို့မှာ-
ဘုန်းသိုက်၊
သီဟဖြိုး၊
သဇင်ထူးမြင့်၊
ယွန်းဝတီလွင်မိုး၊
ဖွေးဖွေး၊
ဟေမန်သူသူအောင်၊
မယ်မင်းပုံ၊
စုမွန်၊
နန်းခင်ဇေယျာ၊
နီနီခင်ဇော်၊
ထက်ထက်ထွန်းတို့ဖြစ်တယ်လို့သိရပါတယ်။
Published 17 Nov 2022
ဩစတြေလျပါမောက္ခ ရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား (၄)ဦးကို အမျိုးသားနေ့ကိုဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက YMGကိုပြောပါတယ်။
အဆိုပါနိုင်ငံခြားသား (၄)ဦးမှာ ဩစတြေးလျမှ ပါမောက္ခ ရှောင်တာနယ်၊ဗြိတိန်နိုင်ငံမှ သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်း၊ ဂျပန်နိုင်ငံသား တိုရူကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦးတို့ဖြစ်ကြောင်းသိရပါတယ်။
ယနေ့တွင် အဆိုပါနိုင်ငံခြားသား (၄)ဦးအပါအဝင် အကျဉ်းသား ၆၁၈ ဦး နှင့် အကျဉ်းသူ ၉၄ ဦး စုစုပေါင်း အကျဉ်းသား ၇၁၂ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
-ymg/knl
#YMG
Published 16 Nov 2022
ဒေါ်နယ်ထရမ့်က ၂၀၂၄ခုနှစ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပြန်ပြီးအရွေးမခံရအောင် ကာကွယ်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ “ဂျိုးဘိုင်ဒင် နောက်ထပ်လေးနှစ်မရအောင် ကျွန်တော်အသေအချာလုပ်ပါမယ်” လို့ သူက ပြောခဲ့ပါတယ်။ သူဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ကြေညာခဲ့တဲ့ ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့ ပလက်ရှယ်မာအာလာဂိုအိမ်မှာ သူ့ကိုထောက်ခံသူတွေကို ပြောကြားခဲ့တာပါ။ “ကျွန်တော်တို့နိုင်ငံ ဒါကိုမယူနိုင်တော့ဘူး” လို့ သူကပြောပါတယ်။
Source AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook>>> https://fb.watch/gQLY_x_HOU/
#Trump_announces_his_presidential_bid
#Biden_Vs_Trump
#US_Politics
Published 16 Nov 2022
၂၀၂၂ခုနှစ် နိုဝင်ဘာ (၁၇)ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့ကိုဂုဏ်ပြုသောအားဖြင့် ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် ယနေ့အထိ နိုင်ငံတော်ရဲ့ တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်များချီးမြှင့်ခြင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရအရေးယူထားတဲ့ အနုပညာရှင်များနှင့်ပြစ်ဒဏ်ကျခံလျက်ရှိသူများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ ပြုလုပ်သွားမယ်လို့ ယနေ့ည (၈)နာရီသတင်း မှာ MRTVက ကြေညာသွားပါတယ်။
ဘွဲ့တံဆိပ်များချီးမြှင်ခြင်းအမိန့်ကြေညာစာနှင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ထုတ်ပြန်မှုများကို နိုဝင်ဘာ (၁၇)ရက် မနက်ဖန် မနက်(၇)နာရီအချိန် မြန်မာ့အသံနှင့်မြဝတီရုပ်မြင်သံကြာတို့မှထုတ်လွှင့်ပေးသွားမည်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
-ymg/knl
#Yangon_Media_Group
#Local_News
Published_16 November 2022
နိုင်ငံတကာအဆင့်မီ ငါးလေးလံဈေးကြီးတည်ဆောက်မယ့် အစီအစဉ်ကို ခဏရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Event
Published 16 November 2022
လစ်ဗျားနိုင်ငံရဲ့သဲကန္တာရထဲမှာ လေးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များ၊ လေးဘီးကားများ စုဝေးနေကြပေမယ့် ပဋိပက္ခတွေ ဖြစ်နေတဲ့နိုင်ငံအတွက်တော့ ပုံမှန်အနေအထားတစ်ခုပါပဲ။
#Yangon_Media_Group
#Local_News
Published_ 16 November 2022
မြန်မာနိုင်ငံမှာ သေဆုံးနှုန်းအများဆုံး မကူးစက်တတ်တဲ့ရောဂါတွေထဲမှာ ဆီးချိုသွေးချိုရောဂါပါဝင်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1351 of 1847