#Health_Tips
Published 28 December 2022
လူတွေရဲ့ ရုပ်ရည်အိုမင်းရင့်ရော်ခြင်းကို နှေးစေတဲ့ အစားအစာများရှိသလို ရင့်ရော်ခြင်းကိုမြန်စေတဲ့ အစားအစာတွေလည်းရှိတယ်လို့ ဒေါက်တာ'မိုင်ယာရို့စ်မန်း'က ပြောပြခဲ့ပါတယ်။
စားသင့်သည့်အရာများ
မုန်လာဥနီ - အရေပြားကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်အတွက် အရေးပါတဲ့ ဗိုက်တာမင်-အေဓာတ်တွေ ပါဝင်ပါတယ်။
ဗာဒံစေ့ - အရေပြားတင်းရင်းကျစ်လျစ်မှုအတွက် လိုအပ်တဲ့ ဗိုက်တာမင်-အီး ပါဝင်ပါတယ်။
ဖရဲဝါသီး၊ ငရုတ်ပွသီး - သူတို့မှာပါဝင်တဲ့ ဗိုက်တာမင်-စီက ကော်လာဂျင်ထုတ်လုပ်ပေးကာ အရေပြားတွန့်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ထဲ ရောဂါပိုးမွှားမဝင်လာအောင် တားဆီးပေးပါတယ်။
သစ်ကြားသီးနှင့်ငါး - သူတို့မှာပါဝင်တဲ့ အိုမီဂါ-၃က ရောဂါကူးစက်မှုကိုကာကွယ်ပေးပြီး ငါးအပြင် သစ်ကြားသီး၊ ချီယာစေ့တို့မှာလည်း ပါဝင်ပါတယ်။
ဖရုံစေ့ - ဇင့်ဓာတ်ပါဝင်ပြီး ကိုယ်ခံအားအတွက်အရေးပါတဲ့အပြင် အရေပြားရောင်ရမ်းခြင်း၊ ဝက်ခြံထွက်ခြင်းတို့ကို လျှော့ချပေးပါတယ်။
ဘရာဇီးလ်အခွံမာသီး - ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဆယ်လီနီယမ်ပါဝင်ကာ အရေပြားစောစီးစွာရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။
ရေ - အရေးကြီးဆုံးအရာဖြစ်ပြီး ရေပုံမှန်မသောက်သုံးပါက အရေပြားခန်းခြောက်ကာ ပိုမိုတွန့်ကုန်တတ်ပါတယ်။
မစားသင့်သည့်အရာများ
အကြော်စာများ - ဆီများများနဲ့ ကြော်လှော်ထားတဲ့ အစာတွေဟာ ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေကိုထိခိုက်စေတဲ့ ဓာတ်တိုးပစ္စည်းများစွာပါဝင်ကာ စောစီးစွာရင့်ရော်စေပါတယ်။
သကြား - အရေပြားရောင်ရမ်းခြင်းကို ဖြစ်စေကာ ကော်လာဂျင်ဖြစ်ပေါ်ခြင်းကို ထိခိုက်စေပါတယ်။
ဂျုံဖြူ - ဆာလောင်မှုကိုအားပေးကာ ရောဂါကူးစက်ခြင်းများ၊ အူလမ်းကြောင်းရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုတို့ ဖြစ်ပွားနိုင်ပါတယ်။
အဆင့်ဆင့်ထုတ်လုပ်ထုပ်ပိုးထားသောစားစရာများ - တာရှည်ခံပစ္စည်းတွေက ကင်ဆာဖြစ်စေပြီး အိုမင်းရင့်ရော်ခြင်းကို စောစီးစွာဖြစ်ပေါ်စေပါတယ်။
ဆား - သွေးကြောတွေကိုပျက်စီးစေပြီး သွေးပေါင်ချိန်တိုးခြင်း၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်တို့ကို ထိခိုက်စေခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ အရေပြားထိခိုက်ခြင်းတို့ ဖြစ်စေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 27 December 2022
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NCA ရေးထိုးထားတဲ့ အဖွဲ့တွေထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ကို ဒီဇင်ဘာလ ၁၉ ရက်မှာ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Industry
Published 27 December 2022
တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ဒေသမှ လန်ကောင်ရွာသားများဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်များအတွင်း ဝါးယက်လုပ်ပစ္စည်းများ ရောင်းချခြင်း၊ ဧည့်ခရီးသွားဆက်စပ်လုပ်ငန်းနဲ့ ယဉ်ကျေးမှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်းတို့ဖြင့် သူတို့ရဲ့ဝင်ငွေတိုးပွားလာခဲ့ပြီး တစ်ချိန်ကနိမ့်ပါးခဲ့တဲ့နေရာကို ဧည့်ခရီးသွားဆွဲဆောင်ရာနေရာအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
#Yangon_Media_Group
Published: 27 December 2022
"Joint Sea 2022" လို့အမည်ပေးထားတဲ့ တရုတ်နှင့်ရုရှးပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုဟာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ အရှေ့ပင်လယ်ရေပြင်မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိပြုလုပ်ခဲ့တဲ့ အဲဒီ ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို တရုတ်နှင့်ရုရှား စစ်တပ်တွေက နှစ်ပတ်လည်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အတိုင်း ကျင်းပခဲ့တာဖြစ်ပါတယ်။
တရုတ်နှင့်ရုရှားနှစ်နိုင်ငံဟာ ရေကြောင်းလုံခြုံရေးခြိမ်းခြောက်မှုတွေကိုတုန့်ပြန်နိုင်ဖို့နှင့် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးထိန်းသိမ်းဖို့၊ ပြီးတော့ ခေတ်သစ်မှာ တရုတ်နှင့်ရုရှားတို့ရဲ့ အလုံးစုံမဟာဗျူဟာမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့ကြတာပါ။
မနက်၉နာရီခွဲမှာ ပိတ်သိမ်းပွဲကျင်းပတဲ့အခါ နိုင်ငံတော်အလံလွှင့်ထူထားကြတဲ့ တရုတ်နှင့်ရုရှား ရေတပ်သင်္ဘောစုတွေက ပဲ့ထိန်းဒုံးကျည်ခရုစာစစ်သင်္ဘော ဗာယက် Varyag ကိုအခြေပြုပြီး ညာနှစ်ထပ်ကော်လံပုံစံနှင့်ဖွဲ့စည်းပြသခဲ့ပြီး တပ်မှူးတွေနှင့် ရေတပ်သားတွေက သင်္ဘောပေါ် တန်းစီလျက်ရှိခဲ့ကြပါတယ်။
ရေတပ်လေ့ကျင့်ရေးဆိုင်ရာ တရုတ်ရေတပ်စုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဝမ်ယုက လေ့ကျင့်ခန်းပြီးဆုံးကြောင်း ကြေညာတဲ့အခါ နှစ်နိုင်ငံတပ်မှူးတွေနှင့်စစ်သားတွေက သူတို့ရဲ့ ဦးထုတ်တွေဝှေ့ယမ်းနှုတ်ဆက်ခဲ့ကြပါတယ်။
(၇)ရက်ကြာပြုလုပ်ခဲ့တဲ့ ယခုရေတပ်ပူးတွဲလေ့ကျင့်မှုဟာ ပူးတွဲထိန်းချုပ်ခြင်း၊ယာယီစစ်ဆေးခြင်းနှင့်ဖမ်းဆိးခြင်း၊ ပူးတွဲ ကယ်ဆယ်ခြင်း၊ ရေငုပ်သင်္ဘောဖျက် ပူးတွဲလုပ်ဆောင်ခြင်းနှင့် ပူးတွဲလေကြောင်းရန်ကာကွယ်ခြင်းတွေကို လုပ်ဆောင် ခဲ့ကြပါတယ်။
“ ပူးတွဲလေကြောင်းရန်ကာကွယ်ရေလေ့ကျင့်ခန်းမှာ တရုတ်နှင့် ရုရှားရေတပ်တွေဟာ သူတို့ရဲ့အဆင့်မြင့်စစ်သင်္ဘောတွေကို လေကြောင်းရန်ကာကွယ်မှုပုံစံနှင့် စေလွှတ်ခဲ့ပါတယ်။ မျိုးစုံသောခြိမ်းခြောက်မှုတွေကို အကျိုးရှိရှိတုန့်ပြန်ခဲ့ပါတယ်။ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရည်ရွယ်တဲ့ လေ့ကျင့်မှုတွေ ပြီးမြောက်ခဲ့ပါတယ်။ နှစ်နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေးနယ်ပယ်မှာ နောက်ဆုံးပေါ် အောင်မြင်မှုတွေကို ဖော်ထုတ်ပြသနိုင်ခဲ့ကြပါတယ်” လို့ စစ်သင်္ဘော ဖရီးဂိတ်ဘင်ကျောင်းရဲ့ ကပ္ပတိန် ရှောင်ကျန်ပင်းက ပြောပါတယ်။
“ အချက်အလက်တွေနှင့်တကယ့်ဖြစ်ရပ်တွေအရ လေ့ကျင့်မှုဟာ တိုက်ခိုက်ရေးအခြေအနေတွေကို အပြည့်အဝ အဆင့် မြှင့်တင်စေနိုင်ခဲ့ပါတယ်။နှစ်ဘက်စလုံးရဲ့ ပညာရှင်ပီသမှုကိုပြသနိုင်ခဲ့ပြီး နှစ်နိုင်ငံတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေနိုင်ခဲ့ပါတယ်” လို့ ဖျက်သင်္ဘော ဘောင်တိုးရဲ့ ကပ္ပတိန် ဂူဂျွန်းကပြောပါတယ်။
“ တရုတ်နှင့်ရုရှားရေတပ်တွေရဲ့ ပူးတွဲ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုဟာ ပူးတွဲဆောင်ရွက်ရာမှာ အောင်မြင်မှု နောက်တစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၇ ရက်က နှစ်ဘက်က တပ်မှူးတွေနှင့် စစ်သားတွေ ထူးချွန်တဲ့စစ်အရည်အသွေးနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေနှင့်အတူ လေ့ကျင့်ခန်းအားလုံး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။နှစ်နိုင်ငံရေတပ်တွေရဲ့ အပြုသဘောဆောင်ပူးပေါင်းဆောင်ရွက်မှုတွေပိုမိုတိုးတက်လုပ်ဆောင်ဖို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ အဲဒါဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသဆွင်းလုံခြုံတည်ငြိမ်ရေးကို ကြီးစွာသော ပံ့ပိုးမှုအသစ်တွေဖြစ်စေမှာအသေအချာ ဖြစ်ပါတယ်” လို့ မစ္စတာဝမ်ကပြောကြားခဲ့ပါတယ်။
Source: CCTV+
#Joint_Sea_2022
#China_Russia_Navies_joint_exercise
#China_Myanmar_Defence_Tie
#Local_News
Published_27 December 2022
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေထဲက ယာဉ်လိုင်း ၁၅ ခုကို CCTV ကင်မရာတွေ တပ်ဆင်ထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
နှစ်သစ်ကူးပိတ်ရက်တွေနဲ့ လွတ်လပ်ရေးနေ့မှာ ကျိုက်ထီးရိုးစေတီတော်ကြီးသို့ လာရောက်ဖူးမြော်နိုင်ဖို့ တောင်တက်ကား(၁၅၀)ကျော်နှင့်ကေဘယ်တွေဖွင့်လှစ်ထားတယ်လို့ ဂေါပကအဖွဲ့ဝင်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_27 December 2022
အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုပမာဏဟာ တန်ချိန် ၁ သန်းနဲ့ ၆ သောင်း ၉ ထောင်ကျော်အထိ ရှိလာပြီး ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၉၁၇ ဒသမ ၆၉ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 27 December 2022
၁။ ပြည်ပ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၁၇ ဒသမ ၆၉ သန်းရရှိထား
၂။ ပိတ်ရက်များတွင်ကျိုက်ထီးရိုးစေတီဖူးမြော်နိုင်ရန် တောင်တက်ကား(၁၅၀)ကျော်နှင့် ကေဘယ်များဖွင့်လှစ်ထားဟုဆို
၃။ YBS ယာဉ်လိုင်း ၁၅ လိုင်းတွင် CCTV ကင်မရာတပ်ဆင်ထားပြီးဟု YRTC ထုတ်ပြန်ထား
၄။ တစ်ရွာလုံးဝါးထည်ပစ္စည်းထုတ်လုပ်သည့် တရုတ်ရွာကလေး
ခရီးသွားတွေဆွဲဆောင်သည့်နေရာတစ်ခုအဖြစ် ပေါ်ထွန်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
ရွှေစက်တော် မန်းချောင်းအတွင်းမှာ အပျော်စီးလှေ ခရီးစဉ် စတင်မယ် လို အဲဒီခရီးစဉ်ကို ဖော်ဆောင်မယ့် Power of Success ကုမ္ပဏီ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 December 2022
နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်မှု ရှိစေရန် တစ်နိုင်ငံလုံးတွင် လူဦးရေစာရင်းကောက်ယူမှုလုပ်ငန်း စတင်တော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။
"ရွေးကောက်ပွဲအတွက် မြေပြင်မှာ စာရင်းကောက်တဲ့လုပ်ငန်းလုပ်မှာဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကောက်ယူတဲ့လုပ်ငန်းတွေ လုပ်မှာ၊ ရုံးပိတ်ရက်တွေကလွဲလို့ ကျန်တဲ့ရက်တွေမှာ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းကောက်ယူတဲ့လုပ်ငန်းတွေကို လုပ်သွားမှာပါ"ဟု အဆိုပါ ဌာန၏ တာဝန်ရှိသူက ပြောသည်။
စာရင်းကောက်ယူသည့် လုပ်ငန်းအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဖွဲ့စည်းထားသော မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက် ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန နှင့် အခြားလူမှုရေးအသင်းအဖွဲ့များက ပါဝင်ကြမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 27 December 2022
ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ ရွှေမုဌော ဘုရားနှင့် မြို့တော်ခန်းမအနီး အလျား ၁၁၁၅ ပေ၊ အနံ ပေ ၃၀၀ ရှိ ရန်ကင်းသာ ပန်းခြံသစ်တွင် အပန်းဖြေရန် သူလာရောက်လည်ပတ်မှုများ ရှိနေကြောင်း ပဲခူးဒေသခံများက ပြောသည်။
"ပြီးခဲ့တဲ့ ၅ ရက်လောက်က ဖွင့်တာ၊ ညဘက်တွေဆိုရင် ပိုလှပါတယ်။အဲဒီထဲမှာ မြက်ခင်းအလှတွေ ရှိတယ်၊ အရိပ်ရတဲ့ အပင်ကြီးတွေလည်း ရှိတယ်၊ အပန်းဖြေထိုင်ခုံတွေလည်း ရှိတယ်။ ဆိုင်ကယ်နဲ့လူသူတွေအတွက် ဆိုင်ကယ်ရပ်မယ့်နေရာတွေလည်း လုပ်ထားတယ်ဗျ၊လာလည်သူတွေ ရှိပါတယ်"ဟု ပဲခူးဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ပန်းခြံအတွင်းတွင် ၃၂ ပေ အမြင့် ဒိုင်နိုဆော ၊ ပေ ၂၀ အမြင့်ရှိ ဂေါ်ဇီလာ ရုပ်၊ ၆ ပေ ၃ လက်မ ရှိ ကာတွန်းရုပ် များလည်း တည်ဆောက်ထားကြောင်း၊ ပန်းခြံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ငွေ ၁၁၉ ဒသမ ၂၂ ၉ သန်း အကုန်အကျခံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့စာရင်းများအရ သိရသည်။
ပဲခူးတိုင်းဒေသကြီး အနေဖြင့် လက်ရှိ ပန်းခြံများကိုအဆင့်မြှင့်ခြင်း ၊ ပြည်သူများ အပန်းဖြေရန်နေရာများ ဖော်ထုတ်သည့် လုပ်ငန်းလုပ်ကိုင်ခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_27 December 2022
တရုတ်နှစ်သစ်ကူးနီးလာသော်လည်း ဝယ်သူနည်းပါးခြင်းကြောင့် ဖရဲဈေးကွက်အရောင်းအဝယ် အေးနေကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရုတ်ဘက်မှ ဖြေလျှော့မှုများလုပ်ထားသည့်အတွက် နေ့စဉ်မူဆယ်နယ်စပ်ဂိတ်သို့ ဖရဲကားအစီးရေ ၁၀၀ ဝန်းကျင်ဝင်ရောက်မှုရှိခဲ့သော်လည်း လက်ရှိတွင် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအချိန်က နှစ်သစ်ကူးလည်းနီးလာပြီဆိုတော့ ဖရဲကလှိုင်လှိုင်သွားရမယ့်အချိန်။ အရောင်းအဝယ်ကောင်းနေရမှာပေါ့။ အခုဟာက ဈေးကွက်ကအေးနေတယ်။ ဖရဲကားအစီးရေ ၁၅ စီးဝန်းကျင်လောက်ပဲ ဝင်တော့တယ်။ ဝယ်လက်ကလည်းနည်းသွားတယ်”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၈)ရက်နေ့မှစတင်ကာ တင်ပို့ရမည့်နေရာများကိုကန့်သတ်၍ လောဒေါင်းသတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၇)ရက်နေ့မှ စတင်ကာ ကိုဗစ် လော့ဒေါင်းကို အပြီးပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
မူဆယ်(၁၀၅) မိုင်သို့ ယခုနှစ် မိုးရာသီဖရဲသီးဈေးကွက်အချိန်တွင် ပျမ်းမျှ ဖရဲသီးကား အစီးရေ နှစ်စီး၊ သုံးစီးခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး လက်ရှိ ဖရဲ၊ သခွါး ကားအစီးရေ(၁၀၀) ပတ်ချာလည် ဝင်ရောက်နေကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်များတွင် တရုတ်ဘက်သို့တစ်ရက်လျှင် ဖရဲကားအစီးရေ ၃၀၀ ခန့်အထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံး တင်ပို့နေကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅)မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်းသိရသည်။
#ymg/sth
#Yangon_Media_Group
Page 1351 of 1916