#Local_News
Published - 12 May 2023

Volkswagen ID - 4 အမျိုးအစား EV ကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသောကြောင့် မေလ ၁၁ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

ယင်းမှာ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Construction and Development Infrastructure Co., Ltd. မှ တင်သွင်းလာ‌သော ကားများ ဖြစ်ကြောင်း သိရသည်။

 

ရောက်ရှိလာသော ကားများမှာ Volkswagen ID - 4 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂၉) စီးဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

 

#ymg/pl #Local_News #Volkswagen ID - 4 #EVကားများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်
#YMG #Yangon_Media_Group