#Local_News


Published_ 2 May 2023

ပြည်တွင်းရှိ စားသုံးသူများ အနေနှင့် Online Shopping များနှင့်ပတ်သက်၍ အခက်အခဲ များ၊ မကျေနပ်မှုများရှိပါက စား သုံးသူရေးရာဦးစီးဌာနသို့ ဆက် သွယ် တိုင်ကြားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှအသိပေး ကြေညာချက် ထုတ်ပြန်ထား သည်။

ပြည်သူများအနေဖြင့် Online Shopping တွင် ငွေပေးချေပြီး နောက် ပစ္စည်းပေးပို့မှုမရှိခြင်း၊ ကြော်ငြာထားသော ပစ္စည်းနှင့် လက်ခံရရှိသော ပစ္စည်း၏ အရည်အသွေး ကွဲလွဲနေခြင်းတို့ ကို တိုင်ကြားနိုင်ကြောင်းသိရသည်။

ထို့ပြင် စားသုံးသူထံမှ ငွေကြေးရယူပြီး နောက် သက်ဆိုင်ရာ Online Shopping ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ မရခြင်းအပြင် ကုန်ပစ္စည်းများပေါ်တွင် ရိုက်နှိပ် ထားသော အချက်အလက်များ အား ချဲ့ကားဖော်ပြထားခြင်းများ ကိုလည်း တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

အလားတူ ကုန်ပစ္စည်းများ ကို သဘောတူညီထားသည့် အချိန်အတွင်း ပို့ဆောင်မှုမရှိ ခြင်း၊ Online Shopping ၏ ကုန်ပစ္စည်းပို့ဆောင်ရေး ဝန် ဆောင်မှုလုပ်ငန်းများ၏ ပစ္စည်း လက်ခံပြေစာများကို အတုပြုလုပ် ခြင်း စသည်တို့ကိုလည်း တိုင် ကြားနိုင်ကြောင်း သိရသည်။
စားသုံးသူများ အနေဖြင့် တိုင်ကြားလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၏ Official Website တွင် လည်းကောင်း၊ DOCA Myanmar Mobile Application အား Download ဆွဲ၍လည်းကောင်း တိုင်ကြားနိုင်ကြောင်း စားသုံးသူ ရေးရာဦးစီးဌာနမှ အသိပေးကြေညာ ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် Consumer Call Center ၏ Hot Line ဖုန်းနံပါတ် ၁၅၃၅ သို့ ခေါ်ဆို၍ဖြစ်စေ၊ စား သုံးသူရေးရာဦးစီးဌာန၏ Face- book မှတစ်ဆင့်ဖြစ်စေ၊ စားသုံး သူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (CICC) တွင် ဖြစ် စေ တိုင်ကြားနိုင်ကြောင်း သိရ သည်။

ymg/ppk
#YMG #Yangon_Media_Group