#Local_News
Published _12 October 2022
ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်နှင့်ပတ်သက်သည့်အမှုအတွက် ယနေ့အောက်တိုဘာလ ၁၂ ရက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများ ကပြောသည်။
"ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နဲ့ ၄/၂၀၂၂ အတွက် တစ်မှုကို ၃ နှစ် ချတယ်။ တစ်ပေါင်းတည်း ကျခံရမှာဖြစ်လို့ စုစုပေါင်း ၃ နှစ် ကျခံရမှာပါ "ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုများထဲမှ စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ ငွေလှူသည်ဆိုသော အမှုမှာ ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့ ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် တရားလွှတ်တော်ချုပ်၌ ရှေ့နေအဖွဲ့က ချေဖျက်ခွင့်တင်ခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်က ပယ်ချခြင်းကို ခံခဲ့ရသေးသည်။
စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ် ကလည်း အဆိုပါဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူခဲ့သည်ကိုလည်း တရားရုံး၌ ကိုယ်တိုင်သက်သေလာရောက် ထွက်ဆိုပြီးလည်း ဖြစ်သည်။
ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရဆဲ ဖြစ်သော ရဟတ်ယာဉ်အမှု ၅ မှုလုံးနှင့် ပတ်သက်၍ တရားလိုပြသက်သေ ညွှန်ကြားရေးမှူးတစ်ဦးအား စစ်ဆေးခဲ့ကာ နောက်တစ်ပတ်တွင် အပြီးသတ် လျှောက်လဲချက် ပေးကြရတော့မည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူရင်ဆိုင်နေရသော အမှုများထဲမှ တရားရုံးကစစ်ဆေးအမိန့်ချပြီးသည့်အမှုများအတွက် စုစုပေါင်းထောင်ဒဏ် နှစ် ၂၃ ကို ချမှတ်ခံထားရပြီး ဖြစ်သောကြောင့် ယနေ့ ချမှတ်သည့် ထောင်ဒဏ်နှင့်ဆိုပါက စုစုပေါင်း ထောင်ဒဏ်၂၆ နှစ်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_News
Published 12 October 2022
OPEC+ က အမေရိကန်ရဲ့ကန့်ကွက်မှုကြောင့် ရေနံထုတ်လုပ်မှုကို ဖြတ်တောက်ပစ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပြီးနောက် ဒါဟာ အမေရိကန်နဲ့ ဆော်ဒီအာရေဗျဆက်ဆံရေးမှာ နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က အင်္ဂါနေ့က အခိုင်အမာဆိုလိုက်ပါတယ်။
အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဌဖြစ်သူ အင်အားကြီး ဒီမိုကရက်တစ်လွှတ်တော်အမတ်'ဘော့ဘ်မီနန်ဒက်ဇ်'က အမေရိကန်အနေနဲ့ ဆော်ဒီအာရေဗျကို လက်နက်ရောင်းချခြင်းများအပါအဝင် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် ပြောကြားခဲ့ပြီး နောက်တစ်ရက်မှာပဲ 'ဘိုင်ဒင်'က အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။
အိမ်ဖြူတော်အရာရှိချုပ်'ကာရင်ဂျင်ပီယာရဲ'က မူဝါဒပြန်လည်သုံးသပ်ရေးလုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် အချိန်ဘယ်လောက်ကြာမှာလဲဆိုတာနဲ့ ဘယ်သူဦးဆောင်ပြီး သုံးသပ်မှာလဲဆိုတာကိုတော့ မပြောပြသွားပါဘူး။
အမေရိကန်အနေနဲ့ ဒီအခြေအနေကို ရက်တွေလတွေကြာအောင် အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
အမေရိကန်တာဝန်ရှိသူများမှ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း ဆန့်ကျင်ရေးစည်းရုံးမှုများပြုလုပ်ပြီးနောက် OPEC+ က ရေနံထုတ်လုပ်မှုလျှော့ချမယ့်အစီအစဉ်ကို ပြီးခဲ့တဲ့အပတ်က ကြေညာလိုက်ပါတယ်။
ယူကရိန်းကိုကျူးကျော်တာကြောင့် အနောက်နိုင်ငံများက ရုရှားရေနံကိုပိတ်ပင်ခဲ့တဲ့အပေါ် ကန့်ကွက်ခဲ့တဲ့ရုရှားကို ဆော်ဒီအာရေဗျက ကူရောင်းနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
အမေရိကန်အရာရှိများက ထုတ်လုပ်မှုလျှော့ချခြင်း အစီအစဉ်မလုပ်နိုင်ရန် အာရပ်ဘက်မှအကြီးမားဆုံးမိတ်ဖက်နိုင်ငံဖြစ်တဲ့ ဆော်ဒီကို တိတ်တဆိတ်နားချဖို့ ကြိုးပမ်းကြပေမယ့် ဆော်ဒီအုပ်ချုပ်သူ အိမ်ရှေ့မင်းသား'မိုဟာမက်ဘင်ဆယ်လ်မန်'ကို ပါလာအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
၂၀၁၈ ခုနှစ် ဝါရှင်တန်ပို့စ်သတင်းထောက်'ဂျာမယ်ခါရှိုဂီ'သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး 'ဘင်ဆယ်လ်မန်'နဲ့ 'ဘိုင်ဒင်'တို့ ဂျက်ဒါမှာတွေ့ဆုံစဉ် အကြိတ်အခဲဖြစ်ခဲ့ကြပါတယ်။
'ခါရှိုဂီ'ကို ဖမ်းဆီးသတ်ဖြတ်မှုမှာ အိမ်ရှေ့မင်းသားက အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးများက ပြောကြားခဲ့ပါတယ်။
'ခါရှိုဂီ'ဟာ အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း ဆော်ဒီအေးဂျင့်များရဲ့ အပိုင်းပိုင်းဖြတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
ဘုရင်'ဆယ်လ်မန်'ရဲ့သားဖြစ်သူ အိမ်ရှေ့မင်းသားက သူသတ်မိန့်ပေးတာမဟုတ်ဘူးလို့ ဆိုလိုက်ပေမယ့် သူ့ရဲ့လက်အောက်မှာတင် ဖြစ်ခဲ့တာလို့ ဆိုလိုက်ပါတယ်။
"ဘိုင်ဒင်ကဒီအကြောင်းတွေကို ချက်ချင်းဆွေးနွေးဖို့ ဆန္ဒရှိနေမယ်ထင်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက အကြာကြီးစောင့်ဆိုင်းမနေသင့်ဘူးလို့ ထင်ပါတယ်" လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ'ဂျွန်ကာဘီ'က ပြောကြားလိုက်ပါတယ်။
'ဘိုင်ဒင်'နဲ့အစိုးရအဖွဲ့က အမေရိကန်ရဲ့ရန်သူတော်ဖြစ်ပြီး ဆော်ဒီရဲ့ဒေသတွင်းပြိုင်ဘက်လည်းဖြစ်တဲ့ အီရန်ကို လျစ်လျူရှုထားမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'နက်ဒ်ပရိုက်စ်'က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
ဆော်ဒီထံ အမေရိကန်လက်နက်များရောင်းချလာရတာဟာ အီရန်ရဲ့ခြိမ်းခြောက်မှုကြောင့်လို့လည်းဆိုပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _12 October 2022
မြန်မာ့တန်းမြင့်ဆန် တန်ချိန် နှစ်ထောင်ကျော် ကို ဘင်္ဂလားဒေ့ရှ်သို့ စတင်တင်ပို့ရန် သင်္ဘောပေါ်သို့ ဆန်များ တင်ဆောင်နေကြပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။
အဆိုပါ သင်္ဘောမှာ ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေခြင်းဖြစ်ပြီး သင်္ဘောအမည်မှာ MV VTC Ocean ဖြစ်ကာ ယင်းသင်္ဘောပေါ်သို့ မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့တင်ပို့နိုင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာ ဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ ရာခိုင်နှုန်း တန်ချိန် ၂၅၀၀၀၀ စာချုပ်ချုပ်ထားပြီးဖြစ်ကြောင်း ၊ ယခု MV VTC Ocean သင်္ဘောဖြင့်တင်ပို့မှုမှာ အဆိုပါစာချုပ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#World_Health
Published 12 October 2022
တရုတ်ကနေ တစ်ကမ္ဘာလုံးကို ကိုဗစ်ရောဂါပျံ့နှံ့စေခဲ့ကာ လူသန်းပေါင်းများစွာ သေဆုံးခဲ့ပြီး ကာကွယ်ဆေးထိုးခြင်း၊ လော့ဒေါင်းချခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများ လုပ်ဆောင်လာရပါတယ်။
ကျန်းမာရေးအတွက် နှာခေါင်းစည်းတပ်ဆင်လာရခြင်းက လူတွေအနေနဲ့ ကျင့်ဝတ်သိက္ခာပိုင်းမြင့်မားလာစေကြောင်း အမေရိကန်နဲ့တရုတ်သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။
မီးနီဖြတ်မောင်းခြင်း၊ ကားပါကင်စည်းမျဉ်းချိုးဖောက်ခြင်း၊ ငွေကြေးလိမ်လည်ခြင်းစတဲ့ အကျင့်ဆိုးတွေကိုအဓိကထားပြီး လေ့လာချက် ၁၀ ခုပြုလုပ်ခဲ့ရာမှာ နှာခေါင်းစည်းတပ်ဆင်လေ့ရှိသူတွေက မတပ်တဲ့သူတွေထက် အပြုအမူဆိုးတွေလုပ်နိုင်ချေ နည်းပါးသွားကြောင်း လေ့လာခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ နှာခေါင်းစည်းတပ်ဆင်တဲ့သူတွေက ကိုယ်ကျင့်တရားဉာဏ်တိုးပွားစေပြီး အချို့လူတွေကို စည်းကမ်းလိုက်နာရန် လှုံ့ဆော်ပေးနိုင်ကြောင်း သုတေသီများဆိုပါတယ်။
နှာခေါင်းစည်းတစ်မျိုးတည်းက အပြုအမူတွေကိုလွှမ်းမိုးစေတာမဟုတ်ပါဘူး။
အားလုံးခြုံကြည့်ရင်တော့ နှာခေါင်းစည်းတပ်ခြင်းက မတပ်တဲ့သူတွေထက် အကျင့်ဆိုးပြုနိုင်ချေ ၄ ရာခိုင်နှုန်းမျှ ကွာခြားကြောင်း မာဆာချူဆက်နည်းပညာတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဂျက်ဆန်လူ'နဲ့အဖွဲ့က သုံးသပ်ခဲ့ကြပါတယ်။
၂၀၂၀ အစောပိုင်း ကပ်ရောဂါစတင်ပျံ့ပွားကတည်းက လူမှုသိပ္ပံပညာရှင်များက နှာခေါင်းစည်းတပ်ဆင်တဲ့သူများလာခြင်းက အကျိုးသက်ရောက်မှုများရှိလာပြီး နောက်ဆက်တွဲအပြုအမူများကိုတော့ မလေ့လာမိခဲ့ကြပါဘူး။
ယူဆချက်တစ်ခုမှာ နှာခေါင်းစည်းတပ်ဆင်ခြင်းက လူတို့ရဲ့ကိုယ်ကျင့်တရားအသိဉာဏ်ကို မြှင့်တင်ပေးတယ်လို့ 'လူ'က ဆိုပါတယ်။
အခြားသူများကို ကာကွယ်ရန်နဲ့ စုပေါင်းအကျိုးစီးပွားအဆင်ပြေစေရန် ကိုယ်ကျင့်တရားတာဝန်တို့ကို ကိုယ်စားပြုခြင်းက ကိုယ်ကျင့်တရားဆိုင်ရာပြယုဂ်ဆိုရင် နှာခေါင်းစည်းတပ်ဆင်ခြင်းက လူတစ်ဦးချင်းစီရဲ့ မှန်ကန်တဲ့လမ်းစဉ်ကို ရွေးချယ်နိုင်ရန် ညွှန်ပြပေးလိမ့်မယ်လို့ ဆိုပါတယ်။
အဆိုပါအကြောင်းအရာကို လေ့လာရန်အတွက် လေ့လာချက် ၁၀ မျိုးဖြင့် တရုတ်မှာစမ်းသပ်ခဲ့ကြပါတယ်။
လူသွားလူလာများတဲ့ လမ်းစုံတွေမှာ ကင်မရာများစောင့်ကြည့်ထားရာ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ လမ်းသွားလမ်းလာများနဲ့ စက်ဘီးသမားများက နှာခေါင်းစည်းမတပ်ထားသူတွေထက် စည်းကမ်းပျက်မှုနည်းပါးကြောင်း တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ ကမ္ဘာတဝှမ်းကလူတွေ နှာခေါင်းစည်းတပ်ဆင်ခဲ့ကြပေမယ့် ယခုလေ့လာချက်က တရုတ်မှာသာ စမ်းသပ်ခဲ့တာဖြစ်တာကြောင့် ယေဘုယျကောက်ချက်ချလို့တော့ မရပါဘူး။
ကျန်တဲ့အချိန်တွေမှာဆိုရင် ဘဏ်ဓားပြတိုက်သူတွေနဲ့ အကြမ်းဖက်သမားတွေကသာ နှာခေါင်းစည်းဖြင့် မျက်နှာအုပ်ထားကြတာကြောင့် ဒီလေ့လာချက်က အကြမ်းဖက်သမားပေါများတဲ့ နေရာတွေမှာကော ကိုယ်ကျင့်တရားကောင်းမွန်စေမှာလားဆိုတာတော့ သိချင်နေကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 12 October 2022
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)ကို ပြိုင်ပွဲဝင် ၁၈၈၃ ဦးဖြင့် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စတင်ကျင်းပကြောင်း သိရပါတယ်။
အဆိုပါ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီကော်မတီနာယက နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။
နစက ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံများက နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးကိုသတ်မှတ်သည့်အခါ အဆိုပါနိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့် ကာကွယ်ရေးစွမ်းအားများအပြင် သမိုင်းတန်ဖိုးကြီးမားသည့် ယဉ်ကျေးမှုရေးရာအခန်းကဏ္ဍကိုလည်း ထည့်သွင်းသတ်မှတ်လေ့ရှိကြကြောင်း၊
မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏ ရှည်လျားသည့် ယဉ်ကျေးမှုသမိုင်းကြောင်းများနှင့် ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းပြောကြားပါတယ်။
အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၈၈၃ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အကဲဖြတ် ပညာရှင် ၁၇၀ ဖြင့် စနစ်တကျ စိစစ်အကဲဖြတ် အမှတ်ပေး သွားကြမှာ ဖြစ်ပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၂၃) ကြိမ်တိုင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် (၂၂) ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ပြီး ၅ နှစ်ကျော်နီးပါး ရပ်နားထားခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင် ရှေးယခင်အခါများနည်းတူ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကနေ နိုင်ငံတော်အဆင့် ပြိုင်ပွဲကြီးအဖြစ် ပြန်လည်ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခု(၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာအကကို ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက စုပေါင်းပါဝင် ယှဉ်ပြိုင်သွားကြမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group


Published 11 October 2022
နောက်ထပ် Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ နှစ်မျိုးမှာ ပိုးသတ်ဆေးတစ်မျိုးတွေ့ရှိရပြန်တဲ့အတွက် စင်္ကာပူတွင် ပြန်လည် သိမ်းဆည်းနေကြောင်းနှင့် ယခုအခါ စားသုံးရန် အန္တရာယ်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် အဆိုပါ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးရှိလာပြီဖြစ်တယ်လို့ စထရိတ်တိုင်းမ်သတင်းစာက သတင်းရေးသားထားပါတယ်။
နောက်ထပ် အက်သလင်းအောက်ဆိုက် တွေ့ရှိရတဲ့ Mie Sedaap အသင့်ခေါက်ဆွဲထုတ်ကုန်နှစ်မျိုးကတော့ Mie Sedaap's Kari Spesial အသင့်စားခေါက်ဆွဲခွက်အမျိုးအစားနှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲခွက် အမျိုးအစားတို့ဖြစ်ကြပါတယ်လို့ စင်္ကာပူ အစားအစာ အေဂျင်စီကပြောပါတယ်။
အင်ဒိုနီးရှားကုန်စုံဆိုင်ဖြစ်တဲ့ Indostop စင်္ကာပူစတိုးကို အဲဒီအမျိုးအစားနှစ်မျိုးကို ပြန်လည်သိမ်းဆည်းဖို့ အေဂျင်စီက ညွှန်ကြားခဲ့ပါတယ်။
အောက်တိုဘာ(၈)ရက်ကလည်း Mie Sedaap Soto flavour နှင့် Mie Sedaap Curry flavour အသင့်စားခေါက်ဆွဲထုတ် တွေကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။
အဲဒီမတိုင်ခင် အောက်တိုဘာ (၆)ရက်က အဲဒီအမှတ်တံဆိပ်ထဲက Korean Spicy Soup နှင့် Korean Spicy Chicken အသင့်စားခေါက်ဆွဲနှစ်မျိုးကို ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။
ပြန်လည်သိမ်းဆည်းထားတဲ့ အသင့်စားခေါက်ဆွဲတွေထဲက ငရုတ်သီးမှုန့်တွေထဲမှာ အက်သလင်းအောက်ဆိုက် ပါဝင်နေ တာ ဖြစ်တယ်လို့ သိရပါတယ်။
ထုတ်လုပ်တဲ့ PT Wings Surya ကုမ္ပဏီက Mie Sedaap အသင့်စားခေါက်ဆွဲတွေနှင့် ငရုတ်သီးမှုန့်တွေကို လက်လီဆိုင်တွေကနေ ပြန်လည်သိမ်းယူရာမှာ သွင်းကုန်လုပ်ငန်းရှင်တွေနှင့်အတူ လုပ်ဆောင်နေပါတယ်လို့ပြောပါတယ်။ သူတို့ရဲ့ထုတ်ကုန်တွေမှာ မသန့်တာတွေဖယ်ရှားနိုင်ဖို့ ဖော်စပ်နည်းကို ပြန်လည်ပြုပြင်မယ်လို့လည်း သူတို့ကပြောပါတယ်။
အက်သလင်းအောက်ဆိုက်ဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အစားအစာတွေမှာ သုံးဖို့ ခွင့်ပြုမထားပါဘူး။ အနည်းငယ်စားသုံးမိလို့ ချက်ခြင်းလက်ငင်း အကျိုးသက်ရောက်မှုမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အက်သလင်းအောက်ဆိုင်ကို ရေရှည်စားသုံးမိရင် မျက်စေ့၊အရေပြား၊နှာခေါင်းနှင့်လည်ချောင်းဦအဆုပ်တို့မှာ မအီမသာဖြစ်စေနိုင်ပြီး ဦးနှောက်နှင့်အာရုံကြောကိုထိခိုက်စေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအေဂျင်စီရဲ့အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
အက်သလင်းအောက်ဆိုက်နှင့် ထိတွေ့မိရင်ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်လည်းရှိတယ်လို့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အက်သလင်းအောက်ဆိုက်တွေ့ရှိလို့ စင်္ကာပူမှာပြန်လည်သိမ်းဆည်းရတဲ့ Mie Sedaap တံဆိပ် အသင့်စားခေါက်ဆွဲ(၆)မျိုးမှာ -
-Mie Sedaap Kari Spesial Instant Cup Noodles
- Mie Sedaap Korean Spicy Chicken Instant Cup Noodles
- Mie Sedaap Soto flavour instant noodles
- Mie Sedaap Curry flavour instant noodles
- Mie Sedaap Korean Spicy Chicken instant noodles
- Mie Sedaap Korean Spicy Soup instant noodles တို့ဖြစ်ကြပါတယ်။
Source Straits Times
#Mie_Sedaap
#Ethylene_oxide
#Singapore_SFA
#Local_News
Published_11 October 2022
နေပြည်တော်မှာ (၇)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ပြုလုပ်မှာပါ။
#Yangon_Media_Group
Published 11 Oct 2022
ပြင်သစ်ရဲ့ ကြီးမားတဲ့ ရေနံကုမ္ပဏီကြီးဖြစ်တဲ့ တိုတယ်လ်စွမ်းအင်ကုမ္ပဏီရဲ့ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ အတွက် ပြင်သစ်နိုင်ငံတစ်လွှားက ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီတွေ လက်ကျန်အတော်နည်းနေတဲ့ ပြဿနာနှင့် ရင်ဆိုင်နေကြရပါတယ်။
အစိုးရက စေ့စပ်ညှိနှိုင်းဖို့ပြောနေတဲ့ကြားထဲက တိုတယ်လ်ရဲ့ အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြနေကြတာဟာ ရက်သတ္တပတ် (၃)ပတ်ရှိပြီဖြစ်ပါတယ်။
ပြင်သစ်ရဲ့ ဓာတ်ဆီဆိုင်တွေရဲ့ ၃၀ရာခိုင်နှုန်းခန့်ဟာ ဆီတွေအကုန်ပြတ်လပ်နေတာ ဒါမှမဟုတ် လောင်စာဆီ တစ်မျိုးမျိုး ပြတ်လတ်နေတာနှင့်ကြုံနေကြရပါတယ်။ အဲဒါကြောင့် ဆိုင်တွေမှာ ဆီလာထည့်တဲ့ ကားတန်းတွေဟာ အရှည်ကြီးဖြစ်နေပြီး ယာဉ်မောင်းတွေဟာ ကြံရာမရဖြစ်နေကြရပါတယ်။
လစာကိစ္စနှင့်ဆက်စပ်ပြီး ဆန္ဒပြနေကြသူတွေကို အလုပ်ပြန်ဆင်းကြဖို့ လစာကိစ္စဆွေးနွေးမယ်လို့ ကုမ္ပဏီက တနင်္ဂနွေနေ့က သဘောတူခဲ့လို့ ဆန္ဒပြတာတွေရပ်သွားနိုင်တယ်လို့တော့ မျှော်လင့်နေကြပါတယ်။
လောင်စာဆီဈေးနှုန်းတွေနှင့်ငွေကြေးဖောင်းပွမှုတွေမြင့်တက်နေတာကြောင့် ပြင်သစ်အိမ်ထောင်စုတွေ ဝယ်လိုအားတွေဆုတ်ယုတ်နေချိန်မှာ ယခု ဓာတ်ဆီအကျပ်အတည်းထပ်မံပေါ်ပေါက်နေတာဖြစ်ပါတယ်။
Source AFP
#France_Petrol_Crisis
#France_Energy_Crisis
#TotalEnergies_Strikes
#World_Society
Published 11 October 2022
ဘိုလစ်ဗီယာနိုင်ငံ အယ်လ်အာလ်တိုရှိ လမ်းတစ်လမ်းမှာ အစ်ဆက်နဲ့ မီဂွယ်တာပိုတိုညီအစ်ကိုဟာ ပထမဆုံးစစ်တုရင်ပွဲကို ကစားနေခဲ့ကာ ကုန်သည်ကြီးတစ်ဦးက စောင့်ကြည့်ပေးခဲ့ပါတယ်။
#Yangon_Media_Group
Published 11 Oct 2022
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် နိုင်ငံရေးအရဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှုတွေကို ဘယ်လိုကန့်သတ်ချက်မှ မထားရှိဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဖိတ်ခေါ်တာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲတို့ ယနေ့ အောက်တိုဘာ (၁၁)ရက်နေ့တွင် နေပြည်တော်မှာ တွေ့ဆုံခဲ့ရာမှာ နစကဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အကြေအလည်ဆွေးနွေးပါမယ်။ ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး အမြင်ကျယ်ကျယ် ဖြင့် လေးလေးနက်နက်ဆွေးနွေးပေးစေချင်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်ပြောပါတယ်။
အဲဒီနောက် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် အဖွဲ့ဝင်တွေက ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ မည်သည့်ကန့်သတ်ချက်မှမထားရှိဘဲ လွတ်လပ်စွာဆွေးနွေးရမှာဖြစ်လို့ အားရကျေးဇူးတင်ကြောင်းနှင့် နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုတွေကို နိုင်ငံရေးအရသာ ဆွေးနွေးဖြေရှင်းရေးကိုလည်း ရပ်တည်လျက်ရှိတဲ့ အခြေအနေတွေကို သဘောထားအမြင်ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်ချူပ်ကြီးမြထွန်းဦး၊ဒုတိယဗိုလ်ချူပ်ကြီးမိုးမြင့်ထွန်း၊ဒုတိယဗိုလ်ချူပ်ကြီးရာပြည့်၊ မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌနှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နှင့် ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း တို့တက်ရောက်ခဲ့ကြပါတယ်။
မွန်ပြည်သစ်ပါတီ(NMSP)ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် နစက ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမးရေးဆွေးနွေးမှုကော်မတီတို့နှင့် ဆက်လက်ဆွေးနွေးကြမယ်လို့ သတင်းရရှိပါတယ်။
Ymg/knl
#Peace_Talk_Myanmar
#Myanmar
#NMSP_SAC



#Local_News
Published _ 11 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပကို လယ်ယာထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 11 October 2022
ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ တီဘီဝေဒနာရှင်တွေကို စီမံချက်နဲ့ ရှာဖွေပြီး တီဘီဆေးဝါးနဲ့ကုထုံးတွေ အခမဲ့ပေးနေတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
Page 1382 of 1817