#Local_News
Published_7 December 2022
ရန်ကုန်-မော်လမြိုင် ညပိုင်းပြေးဆွဲသည့် ညရထားကို ယနေ့ ဒီဇင်ဘာလ ၇ ရက်တွင် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။
ကိုဗစ်ဖြစ်ပွားပြီးနောက် အဆိုပါ ညရထားခရီးစဉ်ကို ယာယီရပ်နားထားခြင်းဖြစ်ပြီး ရထားစီးနင်းသူခရီးသည်များလာသည့်အတွက် ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။
မော်လမြိုင်လမ်းကြောတွင် ရထားစီးနင်းသူခရီးသည်ဦးရေများလာပြီးနောက် ရန်ကုန်-မော်လမြိုင် အဆန်ရထား (ရန်ကုန်-မော်လမြိုင်)၊နှင့် အစုန်ရထား (မော်လမြိုင်-ရန်ကုန်)ကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ခရီးစဉ်သည် ရန်ကုန်-မော်လမြိုင် တိုက်ရိုက်စီးနင်းကြမည့် ခရီးသည်တွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရထားပြေးဆွဲမည့် ခရီးစဉ်တွေအနေဖြင့် မော်လမြိုင်မြို့၊ ပေါင်မြို့၊ သထုံမြို့၊ တောင်စွန်းမြို့၊ ကျိုက်ထိုမြို့၊ ပဲခူးမြို့နှင့် ရန်ကုန်မြို့ စသည့် ဘူတာများတွင် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Government
Published 7 December 2022
အသတ်ခံလိုက်ရတဲ့ သတင်းထောက်'ဂျာမယ်ခါရှောဂီ'နဲ့ စေ့စပ်ထားတဲ့ချစ်သူက ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသား'မိုဟာမက်ဘင်ဆယ်လ်မန်'ကို တရားစွဲဆိုခဲ့ရာ ဝါရှင်တန်ရှိ ဖက်ဒရယ်တရားသူကြီးက အင်္ဂါနေ့မှာ ပယ်ချလိုက်ကာ သမ္မတ'ဘိုင်ဒင်'ရဲ့ လွတ်ငြိမ်းခွင့်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ခရိုင်တရားသူကြီး 'ဂျွန်ဘိတ်စ်'က တရားစွဲဆိုချက်ကို မငြင်းပယ်ချင်ပေမယ့် 'ဘိုင်ဒင်'အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရွေးချယ်စရာ မရှိခဲ့ပါဘူး။
'ခါရှောဂီ'အသတ်ခံရမှုမှာ မင်းသားပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်တွေ ရှိနေပေမယ့် အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က မင်းသားကို ကင်းလွတ်ခွင့်ပေးထားတယ်လို့ အသိပေးခဲ့ကြောင်း 'ဘိတ်စ်'က ရေးသားဖော်ပြခဲ့ပါတယ်။
စက်တင်ဘာလတုန်းက ဆော်ဒီဘုရင်ကြီး'ဆယ်လ်မန်'ဟာ မင်းသား'မိုဟာမက်'ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
'ခါရှောဂီ'ဟာ ၂၀၁၈ အောက်တိုဘာလက အစ္စတန်ဘူလ် ကောင်စစ်ဝန်ရုံးမှာ ဆော်ဒီအေးဂျင့်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ဒီကိစ္စကို မင်းသား'မိုဟာမက်'က အမိန့်ပေးခဲ့တာဖြစ်မယ်လို့ အမေရိကန်ထောက်လှမ်းရေးက ယူဆထားပါတယ်။
'ခါရှောဂီ'အသတ်ခံရခြင်းနဲ့ ပတ်သက်ပြီး အမိန့်ပေးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ကို မင်းသားက ငြင်းပယ်ထားကာ နောက်တော့မှ သူ့မျက်မှောက်မှာပင် ဖြစ်ပျက်ခဲ့တယ်ဆိုတာကို သိလိုက်ရကြောင်း ဆိုပါတယ်။
ဘိုင်ဒင်တို့အဖွဲ့က မင်းသား'မိုဟာမက်'ဟာ နိုင်ငံခြားအစိုးရအဖွဲ့ရဲ့ အကြီးအကဲဖြစ်နေပြီး အမေရိကန်တရားရုံးများရဲ့ စီရင်ချက်ချခွင့်မှ ကင်းလွတ်ကြောင်း ဆုံးဖြတ်လိုက်ကြတယ်လို့ အမေရိကန်တရားဥပဒေဌာနမှ ရှေ့နေများက ပြောကြားခဲ့ပါတယ်။
'ဘိုင်ဒင်'ဟာ ဇူလိုင်လတုန်းက မင်းသားနဲ့ စွမ်းအင်၊ လုံခြုံရေးကိစ္စရပ်များဆွေးနွေးရန် ဆော်ဒီအာရေဗျသို့ လာရောက်ခဲ့ကာ ဝေဖန်ခံခဲ့ရပါတယ်။
'ခါရှောဂီ'အသတ်ခံရခြင်းနဲ့ ပတ်သက်ပြီး မင်းသားမှာတာဝန်ရှိကြောင်း ဘိုင်ဒင်က အသိပေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က ပြောကြားထားပါတယ်။
'ခါရှောဂီ'ဟာ ဝါရှင်တန်ပို့စ်သတင်းမှာ အိမ်ရှေ့မင်းသားကို ဝေဖန်ခဲ့ဖူးပါတယ်။
တူရကီလူမျိုးချစ်သူ'ဆန်ဂျစ်'နဲ့လက်ထပ်ရန် လိုအပ်တဲ့စာရွက်စာတမ်းများကို ရယူဖို့ အစ္စတန်ဘူလ် ဆော်ဒီကောင်စစ်ဝန်ရုံးကို ရောက်လာစဉ် အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_7 December 2022
လက်နက်ကိုင်တစ်ဖွဲ့က သံဃာတစ်ပါးနှင့် ကျောင်းအုပ်ဆရာကြီးတစ်ဦးကိုလုပ်ကြံ၍ ဆရာမ ၄ ဦးအား ဖမ်းဆီးသွားမှု ဒီဇင်ဘာလ ၆ ရက်က မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အဖွဲ့က ပေါက်မြို့နယ်၊ ကူးကားကျေးရွာအုပ်စု၊ ပေါက်ချောင်းအလယ်စုကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့် အဆိုပါကျေးရွာ တေဇိန္ဒရာမကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် သက်တော်(၆၀)နှစ်၊ ဝါတော်(၃၇)ဝါရ ဘဒ္ဒန္တတေဇိန္ဒအား သတ်ဖြတ်သွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ကနဦးအနေဖြင့် သူငယ်တန်းမှ သတ္တမတန်းအထိ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိစဉ် ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင် အပါအဝင် ဆရာ ၄ ဦး၊ ဆရာမ ၆ ဦး၊ ကျောင်းလုပ်သား ၁ ဦးတို့ကို ဆိုင်ကယ် ၁၀ စီးဖြင့် လက်နက်ကိုယ်စီကိုင်ဆောင် ရောက်ရှိလာသော တစ်ဖက်အဖွဲ့က တစ္ဆေ(ခ)အေးငြိမ်းဖြိုး ဦးဆောင်သော အင်အား(၂၀)ဦးခန့်က CDM မလုပ်ဟုဆိုကာ ခြိမ်းခြောက်ပြောဆို၍ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် အသက် ၂၈ နှစ်အရွယ်ဆရာမများ ဖြစ်ကြသော ပေါက်မြို့နယ်၊ အောက်တံခွန်ရပ်ကွက်နေ ဒေါ်ချမ်းမြေ့သူ၊အောင်တော်မူရပ်ကွက်နေ ဒေါ်ဌေးအိဝင်း ၊ ဆေးပင်ကြီးကျေးရွာနေ ဒေါ်နှင်းဆီ ၊ ဂန့်ဂေါမြို့နယ်၊ မောက်လင်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ဆရာမ ဒေါ်သီသီခိုင် တို့ ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_6 December 2022
YBS ခရီးသည်တင်ယာဉ်များပေါ် လူအုပ်စုဖွဲခါးပိုက်နှိက်၊ လုယက်သူ ၆ ဦးကို ဒီဇင်ဘာလ ၅ ရက်က ပြည်လမ်းနှင့် ခရေပင်လမ်းဆုံမီးပွိုင့်၌ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
အဆိုပါ ၆ ဦးမှာ YGN 3H-4879 ၊ TOYOTA Probox အဖြူရောင်အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိခဲ့ရသဖြင့် ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းစစ်ဆေးချိန်တွင် အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။
ဖမ်းမိသူများမှာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် (၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၆၄)နေ အသက် ၃၂ နှစ်အရွယ် ဘိုဘိုပြည့်(ခ) ကိုပြည့် ၊ (၁၅)ရပ်ကွက်၊ ပဒုမ္မာလမ်းနေသူများ ဖြစ်သော အသက် ၃၂ နှစ်အရွယ် ကိုကိုအောင်(ခ) ကိုအောင်၊ အသက် ၂၅ နှစ်အရွယ် စိုးပိုင်(ခ) ဗိုက်ပူ ၊ (၁၉)ရပ်ကွက်၊ မိုင်းပွန်စော်ဘွားလမ်းနေ အသက် ၂၁ နှစ်အရွယ် ခိုင်မင်းဦး (ခ) ဖိုးသား ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ထောင်ကျော်ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေအသက် ၂၈ နှစ်အရွယ် ပြည့်ဖြိုးကို(ခ) ကုလားနှင့် ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ အသက် ၄၂ နှစ်အရွယ် ညီညီတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့စီးလာသော ယာဉ်အတွင်းရှာဖွေရာ ခါးပိုက်နှိုက်မှု များကျူးလွန်ခဲ့ရာမှရရှိခဲ့သည့် အလေးချိန် တစ်ပဲလေးရွေးခန့်ရှိ မောင်းကွင်းပုံ ရွှေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံရှစ်လုံးနှင့် ငွေစက္ကူရောရာ ၈၀၀၀၀ တို့ကို သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသူများက YBS ယာဉ်များပေါ်သို့တက်ကာ ခရီးသွားပြည်သူများထံမှ ငွေ၊ လက်ကိုင်ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများကို ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ကြကြောင်း ထွက်ဆိုကြောင်း နစက ထုတ်ပြန်ထားသော သတင်းအရ သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 7 December 2022
ယူကေမှာ အသက် ၆၁ နှစ်အရွယ်အမျိုးသားရဲ့ လည်ချောင်းမှ ကင်ဆာအကျိတ်ကို စက်ရုပ်ဖြင့် ပထမဆုံးခွဲစိတ်ကုသမှုပြုလုပ်ခဲ့ကာ အသက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။
'မာတင်နျူဂျန့်'လို့ခေါ်တဲ့လူနာထံမှ ၂.၃ လက်မအရွယ်အကျိတ်ကိုဖယ်ရှားပြီး အစာရေမျိုပြွန်ခွဲစိတ်မှုပြုလုပ်ရန်အတွက် ဂလူဆက်စ်တာရှိုင်းယားတော်ဝင်ဆေးရုံမှ ခွဲစိတ်ဆရာဝန်များက Versius လို့ခေါ်တဲ့ အဆင့်မြင့်စက်ရုပ်ကို အသုံးပြုခဲ့ကြပါတယ်။
စက်ရုပ်ဖြင့်ခွဲစိတ်မှုက အမာရွတ်နဲ့ ခွဲစိတ်မှုအပြီး နာကျင်မှုတို့ကို အနည်းငယ်သာ ခံစားရစေမှာဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့မြေးတွေ၊ ကလေးတွေ၊ ဇနီးမယားတွေကို နောက်ထပ်တစ်ခါပြန်တွေ့နိုင်တော့မှာဖြစ်တဲ့အတွက် ဆေးရုံကလူတွေကို ကျေးဇူးတင်ပါတယ်၊ သူတို့က ကျွန်တော့်အသက်ကို ကယ်ပေးတာပါ" လို့ 'နျူဂျန့်'က ပြောပြပါတယ်။
"ဒီနိုင်ငံမှာ ဒီလိုမျိုးကုသခွင့်ရတာ ကျွန်တော်က ပထမဆုံးပဲတဲ့၊ ဂလူဆက်စ်တာလိုနေရာမျိုးမှာ ဒီလိုကုသနိုင်တဲ့အတွက် အံ့ဩစရာကောင်းပါတယ်" လို့ ဆိုပါတယ်။
ဒီခွဲစိတ်မှုမှာ အစာအိမ်ကို မြှင့်တင်ကာ အစာရေမျိုပြွန်နဲ့ ပြန်လည်ချိတ်ဆက်ရတာဖြစ်ပါတယ်။
3D မြင်ကွင်းအကြည်ပုံစံဖြင့် ပေါင်းစပ်ထားတဲ့ကိရိယာပစ္စည်းတွေဟာ ရှုပ်ထွေးတဲ့လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ခြင်း ဒါမှမဟုတ် လက်လှမ်းမီရန် ခက်ခဲတဲ့နေရာတွေမှာ ခွဲစိတ်ကုသတဲ့အခါ တိကျစွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
"ခက်ခဲရှုပ်ထွေးတဲ့ ကင်ဆာခွဲစိတ်မှုတွေမှာ Versius ကိရိယာကို အသုံးပြုနေကြတာမြင်ရတော့ ဝမ်းသာပါတယ်" လို့ ခွဲစိတ်ဆေးရုံမှ အထွေထွေမန်နေဂျာ'အန်နာရာဒပ်ခ်'က ရှင်းပြခဲ့ပါတယ်။
ခွဲစိတ်မှုကို ထိခိုက်မှုအနည်းဆုံးပြုလုပ်နိုင်သဖြင့် လူနာတွေအတွက် ရလဒ်ပိုမိုကောင်းမွန်စေနိုင်ကာ အလျင်အမြန်သက်သာစေမှာဖြစ်ကြောင်း ဆိုပါတယ်။
စက်ပစ္စည်းဟာ အလေးချိန်ပေါ့ပါးပြီး ရွှေ့ပြောင်းရလွယ်ကူအောင် ဒီဇိုင်းဖန်တီးထားပါတယ်။
v-လက်ကောက်ဝတ်ပုံစံနည်းပညာ အသုံးပြုထားတာကြောင့် မည်သည့်ခွဲစိတ်ခန်းကမဆို လှမ်းပြီးထိန်းချုပ်အသုံးပြုနိုင်ပါတယ်။
ဒီစက်ရုပ်ကို ပြီးခဲ့တဲ့နှစ်က တပ်ဆင်ခဲ့တာဖြစ်ပြီး ဂလူဆက်စ်တာရှိုင်းယားတော်ဝင်ဆေးရုံဟာ နိုင်ငံအတွင်း အစာအိမ်အထက်ပိုင်းခွဲစိတ်မှုကို ပထမဆုံးအသုံးပြုခွင့်ရတဲ့ NHS ဆေးရုံဖြစ်လာပါတယ်။
ဒီကိရိယာဖြင့် အူမကြီးခွဲစိတ်မှုမှာလည်း အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်။
Source: yahoo!life
#Yangon_Media_Group
#Local_News
Published_7 December 2022
ရှေးဟောင်းသမိုင်းဝင် ဒလသင်္ဘောကျင်းကို ပြုပြင်ထိန်းသိမ်းမှု သတ်မှတ်ချိန်ပြီးစီးရန်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရသည်။
ဒလသင်္ဘောကျင်းရှိ အလုပ်ရုံ၊ အဆောက်အဦတို့ကို ပြန်လည်ပြုပြင်၍ လိုအပ်သည့်စက်ပစ္စည်းများ၊ စက်ယန္တရားများကိုဖြည့်တင်းကာ လုပ်ငန်းများ လည်ပတ်နိုင်ရေး ဆောင်ရွက်ရာတွင် ရေယာဉ်များလွန်းတင်ပြင်ဆင်မှု၊ စက်ရုံ၊ အလုပ်ရုံနှင့် ပတ်လမ်း၊ လွန်းလမ်း များ ပြင်ဆင်နေကြကြောင်း၊ ယင်းလုပ်ငန်းများ သတ်မှတ်ရက်အမီ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ဒလသင်္ဘောကျင်းသည် နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်ကာ သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်၊ သင်္ဘောကျင်းအဆင့် မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 7 December 2022
Amgen ကုမ္ပဏီမှ စမ်းသပ်ထုတ်လုပ်လျင်ရှိတဲ့ အဝလွန်ခြင်းအတွက်ဆေးဟာ အစောပိုင်းစမ်းသပ်ချက်အတွင်း အာနိသင်တာရှည်ခံနိုင်မယ့် အလားအလာရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နောက်နှစ်အစောပိုင်းမှာ နောက်ထပ်စမ်းသပ်မှုကြီး ပြုလုပ်ဖို့အခွင့်အလမ်း ရရှိလာပြီဖြစ်ကြောင်း စနေနေ့ အချက်အလက်တင်ဆက်ပွဲမတိုင်မီ ကုမ္ပဏီအရာရှိများမှ ပြောကြားလိုက်ပါတယ်။
AMG133 လို့ခေါ်တဲ့ဆေးကို အမြင့်ဆုံးပမာဏဖြင့် စမ်းသပ်ထိုးသွင်းခဲ့ပြီးနောက် လူနာတွေဟာ ရက်ပေါင်း ၇၀ ကြာအောင် ကိုယ်အလေးချိန်လျော့ကျနေကြောင်း ပထမအဆင့်စမ်းသပ်ရရှိခဲ့ပါတယ်။
AMG133 ကို လစဉ်အမြင့်ဆုံးဆေးပမာဏဖြင့် ၁၂ ပတ်စမ်းသပ်ရာမှာ ကိုယ်အလေးချိန် ၁၄.၅ ရာခိုင်နှုန်းကျဆင်းသွားကြောင်း နိုဝင်ဘာ ၇ ရက်နေ့က ကြေညာပြီးနောက် Amgen ရဲ့ရှယ်ယာတန်ဖိုး ၅ ရာခိုင်နှုန်းမြင့်တက်လာပါတယ်။
နောက်ဆုံးဆေးထိုးပြီး ရက်ပေါင်း ၁၅၀ အထိ ကိုယ်အလေးချိန် ၁၁.၂ ရာခိုင်နှုန်း ဆက်လက်ကျဆင်းနေခဲ့ကြောင်း လော့စ်အိန်ဂျလိစ်မှာပြုလုပ်တဲ့ ကမ္ဘာ့ဆီးချိုအစည်းအဝေးပွဲမှာ ဖော်ပြခဲ့ပါတယ်။
AMG133 ဆေးအသုံးပြုတဲ့လူနာတွေမှာ မူးဝေအော့အန်ခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေရှိပေမယ့် အများစုက သာမန်အပျော့စားသာဖြစ်ကာ ပထမအကြိမ်ထိုးပြီး ရက်ပိုင်းအတွင်းမှာပင် ပြန်လည်သက်သာကြောင်း Amgen က ဆိုပါတယ်။
အဝလွန်ခြင်းဟာ ဆီးချိုဖြစ်ရတဲ့အဓိကအကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ၊ ကင်ဆာများ၊ အခြားရောဂါပြဿနာများနဲ့လည်း ဆက်စပ်နေပါတယ်။
Eli Lilly and Co ကုမ္ပဏီနဲ့ Novo Nordisk ကုမ္ပဏီတို့မှ ဆီးချိုဆေးတွေဟာ ဆီးချိုဝေဒနာသည်တွေမှာ ကိုယ်အလေးချိန်ကျစေတယ်လို့ အထောက်အထားတွေ့ရတာကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်းကဏ္ဍမှာ ဆေးကုသမှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ပြုလုပ်လာကြပါတယ်။
ကယ်လီဖိုးနီးယားအခြေစိုက်ကုမ္ပဏီ Amgen ဟာ နောက်နှစ်အစောပိုင်းမှာ AMG133 ကို ဒီထက်ပိုကြီးမားတဲ့စမ်းသပ်မှုပြုလုပ်ရန် စီစဉ်ထားပြီး ဆီးချိုရောဂါကဲ့သို့ အခြားရောဂါရှိသူတွေမှာပါ စမ်းသပ်သွားဖို့ရည်ရွယ်ထားပါတယ်။
အားလုံးအဆင်ပြေသွားပါက နောက်ဆုံးစမ်းသပ်ချက်ကို ၂၀၂၄ မှာ ပြုလုပ်မှာဖြစ်ပြီး ၂၀၂၆ ၊ ၂၀၂၇ တို့မှာ စတင်ထုတ်လုပ်သွားဖို့ရှိပါတယ်။
Source: yahoo!life
#Yangon_Media_Group
#Local_News
Published_6 December 2022
ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းမှာ ရုရှားစွမ်းအင်ကုမ္ပဏီတစ်ခု က ကန်ထရိုက်တာအဖြစ် လာရောက်လုပ်ကိုင်ဖို့ ရှိနေတယ်လို့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#World_Nostalgia
Published 6 December 2022
အများစုအသုံးမပြုကြတော့တဲ့ လန်ဒန်ရှိ အနီရောင်တယ်လီဖုန်းအိမ်တွေကို ခရီးသွားဧည့်သည်တွေကလွဲပြီး ကျန်တဲ့လူတွေက စိတ်မဝင်စားကြတော့ပါဘူး။
#Yangon_Media_Group
#Local_News
Published_ 6 December 2022
(၃၇)မင်းနတ်အကတွေနဲ့ အပျိုတော်အကဖျော်ဖြေတင်ဆက်မှုတွေကို အမျိုးသားအဆင့်ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 6 December 2022
မြန်မာနိုင်ငံအတွင်းသကြားစက်ရုံတွေကနေ ကြံတစ်တန်ကို ကျပ် ၇၀၀၀၀ ကနေ အများဆုံး ကျပ် ၉၀၀၀၀ ဈေးအထိ သတ်မှတ်ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_6 December 2022
အထည်ချုပ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအတွက် ၃ ဒသမ ၅ ဒေါ်လာနဲ့ ညီမျှတဲ့လုပ်ခလစာကိုရရှိဖိုအတွက် Brand ပေါင်း ၃၈ ခုကိုတင်ပြထာတယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်းဝင်းက ပြောပါတယ်။
#Yangon_Media_Group
Page 1382 of 1913