#Local_News
Published_ 1 April 2023

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ် တော်ကော့တွင်း(အောင်ပင်လင်)ရပ်ကွက်တွင် မတ်လ ၃၁ ရက်နေ့ညနေ ၄နာရီကျော် ခန့် ဦးခေါင်းတွင်ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း ဦးလှမိုး (တာချီလိတ်)လူမူကူညီရေးအသင်း မှသိရသည်။

 

တာချီလိတ်မြို့နာ် တော်ကော့တွင်း(အောင်ပင်လင်)ရပ်ကွက်ရှိမြေကွက်လပ်တစ်ခု၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့်အမျိုးသားအလောင်းတွေရှိရသည့်အတွက်ရပ်ကွက်နေပြည်သူများ​ကဆက်သွယ်အကြောင်းခဲ့ကြောင်းသိရသည်။

 

အဆိုပါသေဆုံးသူအမျိုးသားမှာအသက်(၅၀)ခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါအမျိုးသားတစ်ဦးသေဆုံးမူနှင့်ပတ်သပ်ပြီး သက်ဆိုင်ရာအာဏာပိုင်များစစ်ဆေးဆောင်ရွက်နေပြီး ရုပ်အလောင်းကို တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဦးလှမိုး တာချီလိတ်ပရဟိတအသင်းမှသိရသည်။


ymg/ynzw
#တာချီလိတ် #ဦးခေါင်းဒဏ်ရာ #အမျိုးသားအလောင်း
#YMG #Yangon_Media_Group