#Local_News
Published _ 16 April 2023

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်တိမ်းမှောက်၍ လူ ၆ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

အဆိုပါ တွဲကားမှာ ယနေ့ သင်္ကြန်အတက်နေ့ဧပြီလ ၁၆ ရက် နံနက် ၁၁ နာရီခွဲခန့်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan ယာဉ်ပေါ်သို့ ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊Nissan ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး(သေဆုံး)ခဲ့သောကြောင့် မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနှင့် လက်ဘက်ညွန်ပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့်မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ymg/mt
#Local_News #မူဆယ်မြို့ # ၂၂ဘီး(တွဲကား)ယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group