#Local_News
Published _16 April 2023

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ အောင်သာယာစျေးမီးလောင်မှုတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၅ ရက် ည ၈ နာရီ ၂၁ မိနစ်ခန့်က အဆိုပါဈေး မီးလောင်မှု ဖြစ်ပွားခဲ့ရာမော်လမြိုင်ကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေလဲနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။

 

အဆိုပါမီးလောင်မှုမှာ စားဖျော်ရုံးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးငါးဈေးရုံတစ်ခြမ်းနှင့် ပျံကျဈေးဆိုင်များမီးလောင်ခံခဲ့ရကာ‌ဈေးသည်အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ymg/mt
#Local_News #မော်လမြိုင်ကျွန်းမြို့ #အောင်သာယာစျေးမီးလောင် #လူတစ်ဦးသေဆုံးခဲ့
#YMG #Yangon_Media_Group