#Local_News
Published _16 April 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ တိုက်ခန်း တစ်ခန်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းကို
ပုပ်ပွလျက်တွေ့ရှိခဲ့ကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက သိရသည်။

ဧပြီလ ၁၅ ရက်ကကြည့်မြင်တိုင် ဦးကြွယ်ဟိုးလမ်းရှိ တိုက်ခန်း ၆လွှာအခန်းအတွင်း အဆိုပါပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်း ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီးအလောင်းကို သေရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

"မွန်းလွဲ ၂ နာရီကျော်‌အချိန်လောက်ကသိရတာပါ။သူ့မိသားစုက ခရီးထွက်သွားတာတဲ့ ။ သူက တစ်ယောက်တည်း ကျန်ခဲ့တယ်‌ေပါ့ဗျာ၊အကြိုနေ့ကတောင် အဆက်အသွယ်ရသေးတယ်လို့ သိရပါတယ်၊သွေးရိုးသားရိုးပါပဲ။သွေးတိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်၊ဒီနေ့သင်္ဂြိုဟ်ပြီးပြီ"ဟုလိုက်ပါကူညီသူတစ်ဦးကပြောသည်။

ymg/mt
#Local_News ##ကြည့်မြင်တိုင်မြို့နယ် # တိုက်ခန်းတစ်ခန်းအတွင်းသေဆုံးနေသည့်အမျိုးသား #ပုပ်ပွ
#YMG #Yangon_Media_Group