#Myanmar_News
Published 16 April 2023

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဟာ ဧပြီ(၁၅)ရက်သင်္ကြန်အကြတ်နေ့က ပြင်ဦးလွင်တပ်နယ်တွင်  ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲ  နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစကဥက္ကဋ္ဌ၏ဇနီးနှင့် အဖွဲ့ဝင်များသည် ခါတော်မီ မိသားစု အတာရေသဘင်မဏ္ဍပ်၊တပ်မတော်နည်းပညာတက္ကသိုလ် တက္ကသီလာပိတောက်ဝါ မိသားစု အတာရေသဘင်မဏ္ဍပ်၊ တပ်မတော်အင်ဂျင်နီယာကျောင်း... ပိတောက်ချယ်ရီ မိသားစုအတာရေသဘင်မဏ္ဍပ်များသို့သွားရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့လည်း သတင်းထ ုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#နစကဥက္ကဋ္ဌ၏ဇနီးဒေါ်ကြူကြူလှ
#မြန်မာ့သင်္ကြန် #YMG #Yangon_Media_Group