#Local_News
Published_ 16 April 2023

မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၆)ရက်သင်္ကြန်အတက်နေ့မှဧပြီလ(၁၈)ရက်နှစ်ဆန်း(၂)ရက်နေ့အထိ ကချင်ပြည်နယ်ဇီယာဒမ်းရွာရေခဲတောင်ခြေတွင်(၃)ရက်အဓိဌာန်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

ဆရာတော်ကြီး အဓိဌာန်ဝင်နေစဥ် ရိက္ခာများကိုရဟတ်ယာဥ်ဖြင့်ပို့ဆောင်မည်ဟုတောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ (စဝ်ဆုခမ်း)ကရေးသားဖော်ပြထားသည်၊၊

ရဟတ်ယာဉ်ပျံသန်းမည့်အကြောင်းကို မိုင်းဖုန်းဆရာတော်​၏ ရေခဲတောင်ခြေ ဇီယာဒမ်းခရီးစဉ်မှာ ဒကာကြီးဦးမဟာတေဇမှ ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့အဖြစ် ရေခဲတောင်တစ်လျှောက် ကုသိုလ်ယူ ကူးလူးပျံသန်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာများအား ကျေးဇူးတင်စွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ကြောင်း ရေးသားဖော်ပြထားသည်၊၊

မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၉)ရက်တွင်ပူတာအိုသို့ပြန်လာပြီးဧပြီလ(၂၀)ရက်မြစ်ကြီးနားမှ ဝိုင်းမော်၊ဝိုင်းမော် မှ လွယ်ဂျေ၊လွယ်ဂျေ မှနမ့်ခမ်း ၊မူဆယ်သို့ဆက်လက်ကြွရောက်မည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News ##မိုင်းဖုန်းဆရာတော်ကြီး # ဇီယာဒမ်းရွာရေခဲတောင်ခြေ #အဓိဌာန်ဝင် #ရဟတ်ယာဥ်ဖြင့်ရိက္ခာများပို့ဆောင်
#YMG #Yangon_Media_Group