#World_Health
Published 28 October 2022
အရသာစူးရှပြင်းထန်ပြီး သဘာဝအတိုင်းဆေးဖက်ဝင်အာနိသင်များ ပါဝင်တဲ့ ဂျင်းရည်ကို ဆယ်လီနာဂိုမက်ဇ်လို အနုပညာရှင်တွေတောင် ကြိုက်နှစ်သက်ကြပါတယ်။
အိန္ဒိယမှာဆိုရင် မူးဝေခြင်း၊ အအေးမိခြင်း၊ အဆစ်ရောင်ခြင်း၊ ဓမ္မတာကြောင့်ကိုက်ခဲခြင်း၊ ခရီးပန်းမူးနောက်ခြင်းတို့အတွက် ဂျင်းပါဝင်တဲ့ဆေးဖြင့် ရာစုနှစ်များတိုင်အောင် သုံးစွဲခဲ့ကြပါတယ်။
အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေကြောင့် ဂျင်းဖျော်ရည်ဟာ ပိုပြီးကျော်ကြားလာပါပြီ။
အခုလိုကိုဗစ်ကပ်ရောဂါကာလအတွင်း ကိုယ်ခံအားမြှင့်တင်ဖို့အတွက်လည်း ဂျင်းတက်ကနေညှစ်ထားတဲ့ ဂျင်းရည်ကို သောက်သုံးလာကြပါတယ်။
ဂျင်းရည်မှာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ဝေဒနာ၊ အစာအိမ်မကောင်းခြင်း၊ ရင်ကြပ်နဲ့ အချို့သောကင်ဆာတွေမှာတောင် အသုံးပြုကြပါတယ်။
မနက်ခင်းမှာ ဂျင်းရည်သောက်သုံးခြင်းက တစ်နေ့တာလှုပ်ရှားမှုအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း အိန္ဒိယဆရာဝန်တစ်ဦးက ဆိုထားပါတယ်။
ဇီဝကမ္မဖြစ်စဉ်ကို အထောက်အကူဖြစ်စေပြီး မနက်စာကို ပိုစားဖြစ်စေပါတယ်။
ဂျင်းဖျော်ရည်လုပ်တဲ့အခါ ဂျင်း၊ သံပရာရည်တစ်ဇွန်း၊ ရေတို့ဖြင့်ဖျော်စပ်ကာ အစာမစားခင်သောက်သုံးဖို့ အကြံပြုထားပါတယ်။
ဂျင်းကို ဟင်းချက်တဲ့နေရာအပြင် ရေနွေးကြမ်းနဲ့ အခြားအရည်တွေမှာပါ ရောစပ်သောက်သုံးသင့်ပါတယ်။
၂၀၁၇ ခုနှစ်စစ်တမ်းအရ ဂျင်းပိုမိုစားသုံးတဲ့သူတွေဟာ သွေးတိုးနဲ့ နာတာရှည်ရောဂါများဖြစ်နိုင်ချေ နည်းပါးသွားကြောင်း တွေ့ရှိထားပါတယ်။
ဂျင်းမှာပါဝင်တဲ့ ဂျင်ဂျရောလ်ဒြပ်ပေါင်းက ဆေးဘက်ဆိုင်ရာအကျိုးကျေးဇူး များစွာရရှိစေပါတယ်။
ဂျင်းက အအေးမိချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်းတို့အတွက်လည်း သက်သာစေပါတယ်။
ဗိုက်တာမင်-စီ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်တို့ကြောင့် ခန္ဓာကိုယ်ရဲ့ရောဂါခုခံအားကိုလည်း မြှင့်တင်ပေးပါတယ်။
၂၀၀၉ ခုနှစ်က ဂျာနယ်တစ်ခုမှာဖော်ပြထားရာမှာ ဂျင်းက အကိုက်အခဲပျောက်ဆေးတွေလို အာနိသင်ပါဝင်တာကြောင့် ဓမ္မတာနာကျင်ခြင်းမှာလည်း အသုံးဝင်ပါသေးတယ်။
ကျန်းမာရေးအရ ဂျင်းရဲ့အသုံးဝင်ပုံတွေကို သိရှိပြီးနောက် ဂျင်းဖျော်ရည်သောက်သုံးမယ်ဆိုရင် အနံ့အရသာစူးရှလွန်းတယ်ဆိုပါက သံပရာရည်လေးပါ ရောစပ်သောက်သုံးနိုင်ပါတယ်။
Source: SCMP
#Yangon_Media_Group
Published 28 Oct 2022
ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာဖြစ်တဲ့ အီလွန်မတ်စ်ဟာ ကြာသပတေးနေ့မှာ တွစ်တာကို ဝယ်ယူမှု ပြီးမြောက်သွားပြီးနောက် ပိုင်ရှင်အသစ်ဖြစ်လာပါတယ်။
တွစ်တာပိုင်ရှင်အသစ်ဖြစ်တာနှင့် တွစ်တာရဲ့ ထိပ်ဆုံးအရာရှိကြီးတွေဖြစ်တဲ့ စီအီးအို(အမှုဆောင်အရာရှိချုပ်နှင့်)ပါရက်အာဂရာဝဲလ် Parag Agrawal၊စီအက်ဖ်အို(ဘဏ္ဍာရေးအရာရှိချုပ်)နက်ဆီဂဲလ် Ned Segal နှင့် ဥပဒေရေးရာနှင့်မူဝါဒအကြီးအကဲ ဝိဇယဂက်ဒီ Vijaya Gadde တို့ကို အလုပ်က ထုတ်ပစ်လိုက်ပါတယ်။ အဲဒီသူတွေဟာ သူနှင့်တွစ်တာရင်းနှီးမြှပ်နှံသူတွေကို ဆိုရှယ်မီဒီယာတွစ်တာပေါ်က အကောင့်အတုတွေနှင့် သူ့ကို အထင်အမြင်မှားအောင် လှည့်စားခဲ့ကြသူတွေဖြစ်တယ်လို့ သူကစွပ်စွဲခဲ့တာပါ။
သူဟာ ဗုဒ္ဓဟူးနေ့က တွစ်တာဌာနချုပ်ကို လမ်းလျှောက်ဝင်လာပြီး လက်ထဲမှာ ကြွေလက်ဆေးကန်ကြီးသယ်ယူရင်း ပြုံးဖြဲဖြဲနှင့် ဝင်လာပါတယ်။ သိပ်မကြာပါဘူး သူက တွစ်တာမှာ "let that sink in." ဆိုပြီး ရေးခဲ့ပါတယ်။ တွစ်တာမှာ ရှိတဲ့ သူ့ရဲ့အကောင့်ပရိုဖိုင်းမှာလည်း သူ့ကိုယ်သူ "Chief Twit." တွစ်ရဲ့အကြီးအကဲ ဆိုပြီး ပြန်ပြောင်းထားပါတယ်။
အရောင်းအဝယ်ပြီးမြောက်ချိန်မှာ အက်ဂါဝဲလ်နှင့် ဆီဂဲလ်တို့ဟာ ဆန်ဖရန်စစ္စကိုက တွစ်တာ ဌာနချုပ်မှာ ရှိနေကြပြီး သူတို့ကို အစောင့်အကြပ်တွေနှင့် ရုံးအပြင်ကို ထုတ်လိုက်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။သူဟာ တွစ်တာဘုတ်အဖွဲ့မှာ ပါဝင်ဖို့လည်း သဘောတူလိုက်ပါတယ်။
ဒေါ်လာ ၄၄ဘီလျံနှင့် အရောင်းအဝယ်ဖြစ်ခဲ့တာက စွန်စားခန်းကြီးတစ်ခုသဖွယ် အလှည့်အပြောင်းအပြည့်နှင့် ဖြစ်ခဲ့ရတာပါ။
သူဟာ တွစ်တာရုံးကိုလာရောက်စဉ်မှာ သူ့အနေနှင့် တွစ်တာလုပ်သားတွေရဲ့ ၇၅ ရာခိုင်နှုန်းလျှောချဖို့ ရည်ရွယ်ချက်မရှိပါဘူးလို့ပြောတယ်လို့ ဝါရှင်တန်ပို့စ်ကရေးသားပါတယ်။
“ ကျွန်တော်ဘာကြောင့်တွစ်တာကို ဝယ်ရသလဲဆိုတော့ အကြမ်းဖက်မှု မလှုံ့ဆော်ဘဲ ကျယ်ပြန့်တဲ့ ယုံကြည်မှုအမျိုးမျိုးကို အားကောင်းမောင်းသန် အခြေအတင်ငြင်းခုံနိုင်မယ့် ဘုံသဘောဆောင်တဲ့ digital town square တစ်ခုရှိဖို့ အနာဂတ်လူ့အဖွဲ့အစည်းက လိုအပ်လို့ဖြစ်တယ်” လို့ သူကပြောပါတယ်။
Source: Reuters/NY-Post/CNN
#Elon_Musk
#Twitter_New_Owner
#Twitter_deal_completed
#Local_News
Published_27 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွေမှာ စက်သုံးဆီဂါလန် ၆ သန်းကျော် ဆိပ်ကမ်းချထားပြီး ဂါလန်၁၄ သန်းကျော်ကို ဆီချခြင်းလုပ်ငန်းဆက်လက် ဆောင်ရွက်သွားမယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ သိရပါတယ်။
#Yangon_Media_Group
#World_Technology
Published 27 October 2022
တရုတ်နိုင်ငံမှာ စွမ်းအင်အသစ်သုံးမော်တော်ယာဉ်များကို ပိုမိုရွေးချယ်အသုံးပြုလာကြကာ နိုင်ငံတလျှောက်မှာ ဘက်ထရီအားသွင်းနေရာအများအပြားကို အရှိန်မြှင့်တည်ဆောက်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စားအုန်းဆီတင်သွင်းတဲ့သူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
ရုရှားသမ္မတ ဗလက်ဒီမာပူတင်ဟာ အောက်တိုဘာ ၂၆ ရက်က ရုရှားရဲ့ နျူကလီးယား ဟန့်တားတပ်ဖွဲ့တွေရဲ့လေ့ကျင့်ခန်းဆောင်ရွက်ခဲ့တာတွေနှင့် ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးနှင့် head of general staff တို့အစီရင်ခံတင်ပြမှုကို နားထောင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ရန်သူရဲ့ နျူကလီးယားတိုက်ခိုက်မှုကို တုန့်ပြန်တဲ့ နျူကလီးယား ဟန့်တာတပ်ဖွဲ့တွေရဲ့ များပြားလှတဲ့ နျူကလီးယားတိုက်ခိုက်ရေးလေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုအိဂူက ပူတင်ကို ပြောပါတယ်။
Source AFP
#Putin
#Nuclear_deterrence_forces_drills
#Russia_Defence_drills
#Local_News
Published _27 October 2022
မီးရထားလမ်းတွေ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပြီး နှစ်လမ်းသွားကို တစ်လမ်းပြုပြင်နေပြီး ပြုပြင်နေချိန်မှာ တစ်လမ်းထဲကပဲ အသုံးပြုသွားလာမှာဖြစ်တယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 27 october 2022
ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားခဲ့တာကြောင့် အာရှလမ်းမကြီးကို ယာယီပိတ်ထားခဲ့ရပြီး ကုန်သွယ်မှုလမ်းကြောင်းတွေလည်း ခနပိတ်ထားခဲ့ရတယ်လို့ မြဝတီနယ်စပ်ကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 27 October 2022
၁။ ထိတွေ့တိုက်ပွဲများအပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်လျက်ရှိနေ
၂။ မီးရထားလမ်းများအဆင့်မြှင့်တင်နေ၊ ပြုပြင်နေချိန်တွင် နှစ်လမ်းသွားကိုတစ်လမ်းပဲ အသုံးပြုသွားလာမည်ဟုဆို
၃။ စားအုန်းဆီတင်သွင်းသူတွေကို တစ်ဒေါ်လာ (၂,၄၀၃) ကျပ် သတ်မှတ်ပေးထား
၄။ လျှပ်စစ်မော်တော်ကားများအတွက် တရုတ်နိုင်ငံအနှံ အားသွင်းနေရာအများအပြား တည်ဆောက်လာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_27 October 2022
ကျိုက်ထီးရိုးဘုရားဖူးတွေကို တန်ဆောင်တိုင်အတွက် အတွက် နေစားငြိမ်း နှစ်ရက်သတ်မှတ်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 27 October 2022
တရုတ်နိုင်ငံကို ပြောင်းတင်ပို့ခွင့်ရရှိထားသည့် မြန်မာကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ (၉)လအတွင်း ပြောင်းဖူးတန်ချိန် (၁၀၀၀) ကျော်ကို တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
တရုတ်အကောက်ခွန် ထွေ/အုပ်အာဏာပိုင်အဖွဲ့(GACC) နှင့် စိုက်ပျိုးရေးဝန်ကြီးဌာန(မြန်မာ)တို့အကြား ယခုနှစ် ဇန်နဝါရီလတွင် Plant Quarantine Protocol ကို နှစ်နိုင်ငံအစိုးရအချင်းချင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက် တင်ပို့ခွင့်ရရှိခဲ့သည့် တန်ချိန်ပမာဏဖြစ်ကြောင်း သိရသည်။
စီးပွား/ကူးသန်း၏ ဖော်ပြထားသည့်စာရင်းတွေအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံကို မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန် ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှုအနေဖြင့်ကန်ဒေါ်လာသန်း ၅ ဒသမ ၄ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ပြောင်းတွေကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို တင်ပို့နေပြီးယခုနှစ် ပြောင်းရာသီတွင် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) မှာ မှတ်ပုံတင်ထာသည့် ပြောင်းတွေကို နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_27 October 2022
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေကြောင်းငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့သည့် ဒေါ်လာဈေးကွက်သည် ပြန်လည်တည်ငြိမ်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ် ရှိခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင်ပြင်ပ ဈေးကွက်မှာတစ်ဒေါ်လာကို အဝယ်ဈေး ကျပ် ၂၉၇၀ ကျပ်ဖွင့်လှစ်ခဲ့ပြီး အရောင်းဈေးမှာတော့ ၃၀၂၀ ကျပ်ဖြင့်ဈေးကွက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာအနေဖြင့် နိုင်ငံတကာ ငွေကြေးဈေးကွက်၏ အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရပြီးနောက် ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးဟာလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ဗဟိုဘဏ်အနေဖြင့် အမည်ပျက်စာရင်းသွင်းခံရမှုအပေါ်စိုးရိမ်မှုမလွန်ကဲစေရန်နှင့် ၎င်းကိုအကြောင်းပြု၍ ဈေးကစားခြင်းပြုလုပ်ပါက အရေးစယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
Page 1302 of 1765