#Local_News
Published_ 3 February 2023
မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများတွင် အရက်သောက်သုံးမှုထိန်းချုပ်ရေး၊ အရက်မသောက်သုံးရေးနေ့ (Alcohol Free Days) သတ်မှတ်ရေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံကျန်းမာသော နေထိုင်မှုစနစ်မြှင့်တင်ရေး ကျန်းမာရေးဆိုင်ရာ အစုအဖွဲ့-၁ အစည်းအဝေး ဒုတိယနေ့တွင် ယင်းလုပ်ငန်းများ ဆောင်ရွက်ရန်ထည့်သွင်းဆွေးနွေးခဲ့သည်၊၊
အစည်းအဝေးတွင် မြန်မာနိုင်ငံမှသဘာပတိအဖြစ်တာဝန်ယူပြီး အရက်သောက်သုံးမှုထိန်းချုပ်ရေး၊ အရက်မသောက်သုံးရေးနေ့ (Alcohol Free Days) သတ်မှတ်ရေး၊ ထိခိုက်မှုအန္တရာယ်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်နိုင်ရေး၊ ယာဉ်ထိခိုက်မှုဆိုင်ရာသတင်းအချက်အလက်အစီရင်ခံစာ ပြုစုနိုင်ရေးအတွက် စံနှုန်းများသတ်မှတ်ရေး၊ လုပ်ငန်းခွင်ဆိုင်ရာရောဂါများအား စောင့်ကြည့် စစ်ဆေးခြင်းနှင့် အချက်အလက်များဖော်ထုတ်သတ်မှတ်ခြင်းဆိုင်ရာ အာဆီယံဆိုင်ရာလမ်းညွှန်များ အားအပြီးသတ်ရေးဆွဲရေးနှင့် အတွေ့အကြုံများကို ဖလှယ်နိုင်ရန် ဒေသဆိုင်ရာနှီးနှောဖလှယ်ပွဲ တစ်ခုအား ၂၀၂၅ခုနှစ် အတွင်းကျင်းပရေး၊ ကိုဗစ် - ၁၉ ကပ်ရောဂါကာလအတွင်း စိတ်ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအထောက်အပံ့ပေးနိုင်ရေးအတွက် အာဆီယံဆိုင်ရာ မူဘောင်ပြုစုနိုင်ရေးနှင့် ပျိုရွယ်သူနှင့် ကလေးကျန်းမာရေးလုပ်ငန်းစဉ်များတွင် အဆိုပါကိစ္စရပ်အား ထည့်သွင်းဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်ကို အချောသတ် ပြုစုရေးစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်၊၊
ယင်းအပြင် အာဆီယံဒေသတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ဒီဂျစ်တယ်မီဒီယာ လှုပ်ရှားမှုများဆောင်ရွက်ရေး၊ အီလက်ထရောနစ်စီးကရက်ထိန်းချုပ်ရေး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ မူဝါဒချမှတ်ခြင်းနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်သူများ၏ နှောင့်ယှက်ဟန့်တားမှုများမှကာကွယ်တားဆီးရေး၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများမှ သဘောတူညီချက်ရယူရေးများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
အစည်းအဝေး ဒုတိယနေ့ညနေပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ သဘာပတိအဖြစ် တာဝန်ယူ၍ ပဏာမကျန်းမာရေးနှင့် အထက်အဆင့် ကျန်းမာရေးဝန် ဆောင်မှုများတွင် စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ထည့်သွင်းနိုင်ရေးလမ်းညွှန် ပြုစုရေး၊ ဘွဲကြိုအဆင့် ဆရာဝန်သင်တန်းနှင့် သူနာပြုသင်တန်းများတွင် စိတ်ကျန်းမာရေးဆိုင်ရာများ ထည့်သွင်းပို့ချနိုင်ရေး၊ သက်ကြီးရွယ်အို အဖွဲ့အစည်းဆိုင်ရာ အာဆီယံ ဗဟိုဌာန (ASEAN Centre for Active Ageing and Innovation - ACAI) ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ကျန်းမာရေးပညာပေးအထောက် အကူပြုပစ္စည်းများကို အသုံးပြုရေး၊ အဖြစ်များသော မှတ်ဉာဏ်လျော့ပါးလာသော ရောဂါ (Dementia)ကို ပြုစုစောင့်ရှောက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အသိပညာဖလှယ်ရေး၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များ စားသုံးမှုမြှင့်တင်ရေး လုပ်ငန်းစဉ်(၂၀၂၁-၂၀၂၅) အား အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသတွင်း မိခင်နိုတိုက်ကျွေးရေး ညီလာခံနှင့် အာဟာရဖွံ့ဖြိုးမှု စောင့်ကြည့်လေ့လာရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောစား သောက်မှုပုံစံမြှင့်တင်ရေးနှင့် ကျောင်းကျန်းမာရေးအခြေပြုအာဟာရဖွံ့ဖြိုးရေးလမ်းညွှန်များ ပြုစုနိုင်ရေး စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်(၈)ခုအတွင်းရှိ မြို့နယ်(၃၇)မြို့နယ်တွင် စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရအပ်နှင်းလိုက်တယ်လို့ နစက,က အမိန့်ထုတ်ပြန်ပါတယ်။ နစကရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ၁/၂၀၂၃မှ ၇/၂၀၂၃ အထိ ယနေ့ ဇန်နဝါရီ (၂)ရက် ရက်စွဲဖြင့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဆိုပါအမိန့်များအရ
-စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့်ရေဦးမြို့နယ် စုစုပေါင်း (၁၁)မြို့နယ်
- ချင်းပြည်နယ်တွင် တီတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟာခါးမြို့နယ် စုစုပေါင်း(၇)မြို့နယ်
-မကွေးတိုင်းဒေသကြီးတွင် ဂန့်ဂေါ၊ထီးလင်း၊ဆော၊ပေါက်၊မြိုင် မြို့နယ် စုစုပေါင်း(၅)မြို့နယ်
-ပဲခူးတိုင်းဒေသကြီးတွင် ထန်းတပင်၊အုတ်ဖို၊နတ်တလင်း၊ပေါင်းတည်၊ပေါက်ခေါင်း စုစုပေါင်း (၅)မြို့နယ်
-မွန်ပြည်နယ်တွင် ရေးမြို့နယ် စုစုပေါင်း(၁)မြို့နယ်
-ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ် စုစုပေါင်း(၂)မြို့နယ်
-တနင်္သာရီတိုင်းဒေသကြီးတွင် တနင်္သာရီနှင့် ပုလောမြို့နယ် စုစုပေါင်း (၂)မြို့နယ်
-ကယားပြည်နယ်တွင် ဒီမော့ဆို၊ဖရူဆို၊ရှားတောနှင့်ဘောလခဲမြို့နယ် စုစုပေါင်း (၄)မြို့နယ် တို့ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစစ်အုပ်ချုပ်ရေးအမိန့်အရ သက်ဆိုင်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးတွေကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး Martial Law အာဏာကို ကျင့်သုံးဖို့ အပ်နှင်းခဲ့တာဖြစ်ပါတယ်။
ထိုသို့ဆောင်ရွက်ရာမှာ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသအာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးတို့၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်လို့ ဖော်ပြပါရှိပါတယ်။










#ymg/knl
#Myanmar
#Myanmar_Politics
#Yangon_Media_Group
#World_Health
Published 3 February 2023
ယာဉ်ကြောပိတ်ဆို့မှုအတွင်း အချိန် ၂ နာရီမျှ လောင်စာဆီအိတ်ဇောငွေ့တွေကို ရှူရှိုက်မိပါက ဦးနှောက်လုပ်ဆောင်ချက်နဲ့ သိမြင်နိုင်စွမ်းတို့ကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ယာဉ်ကြောပိတ်ခြင်းကနေထွက်ရှိတဲ့ လေထုညစ်ညမ်းမှုဟာ မှတ်ဉာဏ်ပြဿနာတွေနဲ့ ဆက်စပ်နေပြီး တာရှည်ထိတွေ့ခြင်းဖြင့် အန္တရာယ်ကြီးကြီးမားမား သက်ရောက်စေနိုင်ပါတယ်။
အချိန် ၂ နာရီအတွင်းမှာပင် ထိခိုက်မှုက ထင်ရှားကြောင်း ကနေဒါမှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
လေထုညစ်ညမ်းခြင်းက အာရုံကြောဆိုင်ရာကျန်းမာရေးကို ထိခိုက်စေရုံမက အကြောင်းအရာအမျိုးမျိုးကြောင့် အသက်ဆုံးပါးနိုင်ချေလည်း များစေပါတယ်။
ဗြိတိသျှကိုလံဘီယာတက္ကသိုလ်နဲ့ ဗစ်တိုးရီးယားတက္ကသိုလ်မှ သုတေသီများက အသက် ၁၉ နှစ်မှ ၄၉ နှစ်ကြား လူ ၂၅ ဦးကို သန့်စင်စစ်ထုတ်ထားတဲ့လေနဲ့ ဒီဇယ်အိတ်ဇောပါတဲ့လေတို့ကို မိနစ် ၁၂၀ ကြာအောင် သပ်သပ်စီရှူရှိုက်ခိုင်းခဲ့ပါတယ်။
အငွေ့မရှူခင်နဲ့ ရှူပြီးချိန်တို့မှာ MRI စကင်ရိုက်ကူးကာ ဦးနှောက်လှုပ်ရှားမှုများကို စစ်ဆေးခဲ့ကြပါတယ်။
အိတ်ဇောငွေ့တွေကို ရှူရှိုက်ခြင်းကြောင့် ဦးနှောက်ကနေ အခြားအစိတ်အပိုင်းနဲ့ ဆက်သွယ်ဆောင်ရွက်ချက်များ လျော့ကျသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
စိတ်ကျန်းမာရေးပညာရှင် ဒေါက်တာ'ယိုဒီဂေါ်ရီလုခ်'က ညစ်ညမ်းလေထုထိတွေ့ခြင်းဖြင့် သိမြင်နိုင်စွမ်းကျဆင်းကာ စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်လို့ ဆိုပါတယ်။
ဒီတွေ့ရှိချက်တွေကို နောက်ထပ်လေ့လာဖို့လိုသေးပေမယ့် လူတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ လုပ်ကိုင်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်တာတော့ အမှန်ဖြစ်နိုင်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_2 February 2023
CNG ဂတ်စ်ဆိုင်တွေမှာ YBS ယာဉ်တွေအနေနဲ့ အချိန်ကြာမြင့်စွာတန်းစီစောင့်ဆိုင်းနေရတာကြောင့် သီးသန့်ဂတ်စ်ဖြည့်နိုင်ရန် တိုင်းအစိုးရအဖွဲ့ထံတင်ပြထားတယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#Asia_ReslEstate
Published 2 February 2023
ကိုဗစ်ကပ်ဘေးကြောင့် ရပ်တန့်နေခဲ့တဲ့ ထိုင်းနိုင်ငံအိမ်ခြံမြေဈေးကွက်ဟာ တရုတ်မှရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ပြန်လည်အသက်ဝင်လာမယ်လို့ ထိုင်းနိုင်ငံမှ အိမ်ခြံမြေလုပ်ငန်းရှင်များ ယုံကြည်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published_2 February 2023
ယခုဘဏ္ဍာနှစ်ရဲ့ ကိုးလကျော်ကာလအတွင်းမှာ ပြည်ပကိုဆန် မက်ထရစ်တန်ချိန်၁ ဒသမ ၈ သန်းကျော် တင်ပို့ထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 February 2023
လူငယ်တွေအနေနဲ့ ဗယ်လင်တိုင်းဒေးချစ်သူများနေ့မှာ သိသိရက်နဲ့မိုက်ပြီး အကာအကွယ်မဲ့လိင်ပျော်ရွှင်မှုတွေ မပြုလုပ်ဖို့လိုအပ်တယ်လို့ ခုခံကျနဲ့ ကာလသားရောဂါအထူးကုဆရာဝန်ကြီးဒေါက်တာမျိုးသန့်ကသတိပေး ပြောကြားပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_2 February 2023
ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ယခုရက်ပိုင်းအတွင်း အတက်အကျမမှန်တာကြောင့် ယာဉ်မောင်းတွေအနေနဲ့ အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 2 February 2023
၁။ ပြည်တွင်းစက်သုံးဆီဈေးနှုန်း အတက်အကျ မမှန်မှုကြောင့် ယာဉ်မောင်းများအခက်ကြုံ
၂။ ဗယ်လင်တိုင်းဒေးတွင် သိသိရက်နှင့်မိုက်ပြီး အကာအကွယ်မဲ့လိင်ပျော်ရွှင်မှု မလုပ်ရန်လို
၃။ ကိုးလကျော်ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့ထား
၄။ တရုတ်ဝယ်လက်များ ပြန်လည်ဝင်ရောက်လာ၍ ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ပြန်လည် စည်ကားလာရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 February 2023
တိုက်ကြီးမြို့နယ်တွင်းမှာရှိတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို သေဆုံးချိန်အထိ တာဝန်ယူပြီး အိမ်တိုင်ရာရောက် လစဉ်စားနပ်ရိက္ခာနဲ့ငွေကြေးတွေ ထောက်ပံ့ပေးနေတယ်လို့ တိုက်ကြီးမြို့နယ်ရှိ ခိုကိုးရာမဲ့အဖိုးအဖွားများ စောင့်ရှောက်ရေးနှင့် လူမှုကူညီရေးအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_2 February 2023
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၇ သန်းရရှိထားပြီး ယမန်နှစ်ထက် တစ်သန်းကျော်ပိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၁၇ သန်း ပို့ကုန်ဝင်ငွေ ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၆ သန်းဝင်ငွေရရှိထားကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၂၀ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားပြီး ဒီဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခှမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်း၊ ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုမှာ မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နဲ့ ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_2 February 2023
ဗီယက်နမ်နှင့် မြန်မာပူးပေါင်း၍ မွေးရာပါ နှလုံးရောဂါကလေးလူနာ ၁၃ ဦးကို ခွဲစိတ်ရန်မလိုသောနည်းဖြင့် ကုသမှုအောင်မြင်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ Children Hospital-1 မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin နှင့် ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသ ဆောင်မှပါမောက္ခ(ကလေးနှလုံး) ဒေါက်တာခင်မောင်ဦး တို့ ဦးဆောင်သည့် ကလေးနှလုံးကုဆရာဝန်များ ပူးပေါင်း ၍ ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၁၆ ရက်ထိ မွေးရာပါ နှလုံးရောဂါကလေးလူနာများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကလေးများအား ခွဲစိတ်ကုသရန်မလိုသော နည်းဖြင့် နှလုံးပိုက်သွင်းစမ်းသပ်ကုသစက်အသုံးပြုကာ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများ ဖြင့် ကုသမှုများဆောင်ရွက်ပေးခဲ့ရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ ကလေးလူနာခြောက်ဦး ပြန်လည်ခေါ်ယူကြည့်ရှုရာတွင် လူနာများ၏အခြေအနေ တိုးတက်ကောင်းမွန်ကြောင်း၊ကျန်ကလေး လူနာခုနစ်ဦးအားလည်း ၂၀၂၃ခုနှစ် မတ်လအတွင်းတွင် ပြန်လည် ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
မွေးရာပါနှလုံးရောဂါ ကလေးလူနာများကို နှလုံးပိုက်သွင်း၍ အဆို့ဖြင့်ပိတ်၍ကုသခြင်း၊ ဘောလုံးဖြင့်ချဲ့၍ ကုသခြင်းများကို ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန်တွင် နှလုံးဆေးကုသဆောင်မှ ကလေးနှလုံးအထူးကု ဆရာဝန်များ၊နိုင်ငံခြားမှ ကျွမ်းကျင်သော ကလေးနှလုံးအထူးကု ဆရာဝန်များက ကုသလျက် ရှိရာ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ထိ ကလေးလူနာ ၁၄၀၃ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
Page 1298 of 1918