#Local_News
Published_3 February 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၂၀ ရက်အထိကို မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံကျော်ရရှိထားပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးက အများဆုံး ကုန်သွယ်မှုပြုလုပ်ထားတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 February 2023
ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်အတွင်း ကြက်သွန်ဈေးကွက်ဟာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_3 February 2023
မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းများ တစ်စီးနဲ့တစ်စီးကျော်တက် မောင်းနှင်တဲ့ယာဉ်တွေကို ဖေဖော်ဝါရီတစ်ရက်ကနေစတင်ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ YRTC ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 3 February 2023
၁။ ကျော်တက်မောင်းနှင်သည့် YBS ယာဉ်များအား စတင်အရေးယူဆောင်ရွက်နေဟုဆို
၂။ ကြက်သွန်ဈေးကွက် အရောင်းအဝယ်အေးနေ
၃။ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ထီးခီးနယ်စပ်ဂိတ်မှ အများဆုံးကုန်သွယ်ထား
၄။ အမေရိကန်သမ္မတများ စီးတော်ယာဉ်ဖြစ်ခဲ့သည့် ဘိုးအင်း 747 အမျိုးအစား လေယာဉ်များထဲမှ နောက်ဆုံးအစီးကိုပေးပို့ပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 February 2023
ဖေဖော်ဝါရီလထဲမှာ ရန်ကုန်အပါအဝင်ဒေသအချို့မှာ မနက်ပိုင်းမြူကျဆင်းတာ၊ မြူထူထပ်တာတွေ ပိုလာနိုင်တဲ့အတွက် အဝေးမြင်တာအားနည်းပြီးလေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်တွေ မတိုက်မိအောင်သတိထားဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 3 February 2023
နေပြည်တော်ရှိ ဈေး ၃ ခုတွင် ရောင်းချနေသည့် စျေးဆိုင်ခန်း ၅၅ ခန်းကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ကော်မတီပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
နေပြည်တော်ရှိ ပုဗ္ဗသီရိဈေး၊ အောင်ဇဗ္ဗူဈေးနှင့် ဒက္ခိဏသီရိဈေးတို့တွင် ယာယီချိတ်ပိတ်ထားသည့် ဈေးဆိုင်ခန်း ၅၅ ခန်းကို ပြန်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးဆိုင်ခန်းများသည် အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ခန်းဖွင့်လှစ်ခြင်းမရှိဘဲ ဆိုင်ခန်းငှားရမ်းခများ ပေးသွင်းရန် ပျက်ကွက်နေခြင်းကြောင့် ယခုလို ယာယီပိတ်သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းဆိုင်ခန်းပိုင်ရှင်တွေအနေဖြင့် ဆိုင်ခန်းပြန်လည်ဖွင့်လှစ်လိုပါက လာမည့် ၂၈ ရက် နောက်ဆုံးထားပြီး စည်ပင်သာယာ ဈေးများဌာနကို ဆက်သွယ်လျှောက်ထားကာ အခွန်အခအကြွေးကျန်တွေ၊ ဒဏ်ကြေးငွေများပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 February 2023
တရုတ်နိုင်ငံ၊Yunnan Bright Prospect Industrial Co., Ltd မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန်အတွက် နှာခေါင်းစည်း(၁) သိန်းလာရောက်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်၊၊
မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်လျက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၏ မေတ္တာရပ်ခံချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Yunnan Bright Prospect Industrial Co., Ltd မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့သို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးတွင် အသုံးပြုနိုင်ရန် ယွမ် ၁၀၀,၀၀၀/- (ကျပ် ၃၀,၈၀၀,၀၀၀) တန်ဖိုးရှိ နှာခေါင်းစည်း (Mask) အရေအတွက် (၁၀၀,၀၀၀) အားဖေဖော်ဝါရီ(၃)ရက်တွင် လှူဒါန်းခဲ့သည်၊၊
အဆိုပါ လာရောက်လှူဒါန်းပေးအပ်ခဲ့သည့် နှာခေါင်းစည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်၊၊


#ymg/tthl
#Yangon_Media_Group
#Local_News
Published_3 February 2023
ဗဟိုဘဏ်မှ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားသည့် Imperial Myanmar Finance ကုမ္ပဏီအား Money Changer လိုင်စင် ရုတ်သိမ်းထားကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီအား On-Site သွားရောက်စစ်ဆေးရာတွင် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် ဗဟိုဘဏ်မှချမှတ်ထားသည့်မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်(စီဘီအမ်-အက်ဖ်အီးအမ်ဒီ-၄၈၇/၂၀၂၀)အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး လိုင်စင်ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်မှ မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ(သို့မဟုတ်) မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သတ်မှတ်ထားခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 3 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
ဖေဖော်ဝါရီလ ၃ ရက်နေ့လည်၁၁နာရီ ၂၃ မိနစ်တွင် ရေသန့်နှင့် အအေးမျိုးစုံလက်ကားရောင်းသည့်ဈေးဆိုင်၌ မီးလောင်ကျွမ်းခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃) စီး ထွက်ခွာငြိမ်းသတ်ခဲ့သည်၊၊
၁၁ ၃၀ အချိန် Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး၁၁ ၄၀ အချိန် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်လျက်ရှိကာ ၁၁ ၄၅ အချိန် မီးထိန်းကြောင်းထုတ်ပြန်ထားသည်၊၊


#ymg/tthl
#Yangon_Media_Group
#World_Politics
Published 3 February 2023
သံသယဖြစ်ဖွယ် တရုတ်သူလျှိုပူဖောင်းတစ်လုံးဟာ အမေရိကန်ပြည်ထောင်စုကောင်းကင်ထက်မှာ ရက်အနည်းငယ်ကြာ ပျံသန်းနေကြောင်း အမေရိကန်အရာရှိများက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်' ပေကျင်းသို့ လာရောက်မယ့်ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲဖြစ်ခဲ့တာကြောင့် ဒါဟာမျက်နှာပြောင်တိုက်တဲ့လုပ်ရပ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။
အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အမေရိကန်တို့ကြား တင်းမာမှုမြင့်တက်နေချိန်မှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ထောက်လှမ်းစူးစမ်းဖို့ ဆန္ဒရှိနေကြတာဖြစ်ပါတယ်။
ပူဖောင်းတွေ့ရှိပြီးနောက် အမိန့်ရရင် ပစ်ချနိုင်ရန် တိုက်လေယာဉ်တွေစေလွှတ်ခဲ့ပေမယ့် ကောင်းကင်ပေါ်ကအပိုင်းအစတွေကြောင့် ဘေးအန္တရာယ်ဖြစ်မှာစိုးတဲ့အတွက် မပစ်ချဖို့ စစ်ရေးခေါင်းဆောင်တွေက သမ္မတ'ဂျိုးဘိုင်ဒင်'ကို အကြံပေးခဲ့ရာ သမ္မတကလည်း လက်ခံခဲ့ကြောင်းသိရပါတယ်။
အမေရိကန်လေပိုင်နက်ထဲ စပိုင်ပူဖောင်းဝင်လာချိန်မှာ စစ်တပ်လေယာဉ်ဖြင့် စောင့်ကြည့်နေခဲ့ကြောင်း အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပြပါတယ်။
"အမေရိကန်ပြည်ထောင်စုတခွင်လုံးရဲ့ အပေါ်ကနေ အမြင့်ပေမြင့်မားတဲ့နေရာမှာ ပူဖောင်းတစ်လုံးကိုတွေ့ရှိထားပြီး ခြေရာခံစောင့်ကြည့်နေပါတယ်" လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ တပ်ချုပ်ဗိုလ်မှူး'ပက်ထရစ်ရိုင်ဒါ'က ဆိုပါတယ်။
"အဆိုပါပူဖောင်းက သတ်မှတ်ထားတဲ့ လေကြောင်းလုပ်ငန်းအမြင့်ကိုကျော်လွန်ပြီး သွားနေတာဖြစ်ကာ မြေပြင်ပေါ်ကလူတွေအတွက် အန္တရာယ်မရှိပါဘူး" လို့ ဆိုပါတယ်။
လာမယ့်ရက်သတ္တပတ်အတွင်း ဘလင်ကန်က တရုတ်ကိုလာရောက်ဖို့ အစီအစဉ်ရှိပြီး ယခုလိုစပိုင်ပူဖောင်းတွေ့ရှိခြင်းက ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာ မသေချာသေးပါဘူး။
"တရုတ်က ကျွန်တော်တို့ကိုဦးတည်ပြီး ထောက်လှမ်းလာတာဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အရှိန်ပိုမြင့်လာပြီး မျက်နှာပြောင်တိုက်လာပါတယ်" လို့ အထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီမှ ထိပ်သီးရီပတ်ဘလစ်ကန်'မာကိုရူဘီယို'က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ယခုနောက်ပိုင်းနှစ်တွေမှာ တရုတ်နဲ့အမေရိကန်တို့ ဆက်ဆံရေးတင်းမာမှု မြင့်တက်လာကာ အထူးသဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်သို့လာရောက်ခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းအနီး တရုတ်တို့ စစ်ရေးပြမှုများ ပြုလုပ်ခဲ့ပါတယ်။
စပိုင်ပူဖောင်းကို အမေရိကန်သို့မဝင်ခင် အယ်လူရှန်ကျွန်းများနဲ့ ကနေဒါတို့မှာ ခြေရာခံမိခဲ့တယ်လို့ နောက်ထပ်အရာရှိတစ်ဦးကလည်း ဆိုပါတယ်။
အမေရိကန်အရာရှိတွေက ပေကျင်းနဲ့ ဝါရှင်တန်တို့ရှိ သံတမန်လမ်းကြောင်းတွေကနေတဆင့် အဆိုပါကိစ္စကို တရုတ်အရာရှိများထံ တင်ပြထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_ 3 February 2023
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်လမ်းဘေးတစ်နေရာတွင်သေဆုံးနေသော အမျိုးသားမှာမည်သူမည်ဝါဟု မသိရသေးကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသားရုပ်အလောင်းကိုတွေ့ရှိကြောင်း ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီကျော် အချိန်တွင် သိရသောကြောင့် အသင်းအနေဖြင့် သွားရောက်၍ ကူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"သေသူကတော့ လူလတ်ပိုင်းပဲ၊ သူ့ရဲ့ပါးမှာ ဖူးရောင်နေတဲ့ ဒဏ်ရာရှိတယ်၊ လက်မှာက ဆေးထိုးအပ်ရာတွေ လေးနေရာလောက်တွေ့တယ်။အခု ကြားသိရသလောက်ကတော့ ချမ်းမြသာစီမြို့နယ်ထဲကလို့ သိရတယ်။ ဒါပေမဲ့ မိသားစုက အကြောင်းမကြားဘူး၊ ၃ ရက်လောက် စောင့်လို့မှ ဆက်သွယ်လာသူမရှိဘူးဆိုရင် ပိုင်ရှင်မဲ့အနေနဲ့ ဆေးရုံကနေ သဂြိုဟ်ရမယ်"ဟု ယင်းအသင်းတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် သေဆုံးနေသူ၏ ရုပ်အလောင်းကို မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးဆေးရုံကြီးရင်ခွဲရုံသို့ အပ်နှံရာ PR နံပါတ် 03 ဖြင့် လက်ခံထားကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 3 February 2023
သင်ဟာ မျက်နှာသစ်တဲ့အခါ နည်းလမ်းမှားယွင်းနေတာမျိုး ဖြစ်နိုင်ကြောင်း အရေပြားကျွမ်းကျင်ပညာရှင်များက ဆိုပါတယ်။
အလွန်အမင်းပွတ်တိုက်ခြင်း၊ ရေပူအသုံးပြုခြင်း၊ မျက်နှာမိတ်ကပ်ဖျက်ဆေး အများအပြားသုံးစွဲခြင်းတို့က တကယ်ကိုအမှားကြီးတွေ ဖြစ်နေနိုင်ပါတယ်။
ထိုနည်းလမ်းတွေက သင့်အရေပြားရဲ့ သဘာဝအကာအရံကို ဖျက်ဆီးနိုင်ပြီး အသားအရည်ခြောက်သွေ့ကာ ချွေးပေါက်ပိတ်စေပါတယ်။
MailOnline က အရေပြားကျွမ်းကျင်ပညာရှင်များနဲ့ ပြောကြားကာ မျက်နှာအသားအရည်သန့်ရှင်းနေစေဖို့ ရှောင်ကြဉ်သင့်တဲ့ နည်းလမ်းတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
(၁) သုံးစွဲသောအလှကုန်ပစ္စည်းများလွန်းခြင်း
ဆိုရှယ်မီဒီယာတွေမှာ ကြော်ငြာသမျှ ပစ္စည်းတွေ လိုက်လံသုံးစွဲတာကတော့ မဖြစ်သင့်ပါဘူး။
ဓာတုပစ္စည်းအများအပြားကို မျက်နှာပေါ်တင်တဲ့အခါ အရေပြားမှ သဘာဝအဆီဓာတ်တွေ ပျက်စီးပြီး ခြောက်သွေ့စေပါတယ်။
ဘာမင်ဂမ်ဆေးခန်းတစ်ခုမှ ဒေါက်တာ'ဆာလွန်မီဒါရာရှီ'က နံနက်ခင်းမှာ မျက်နှာသစ်၊ စိုစွတ်မှုပေးသောအရည်၊ SPF တို့ကိုသာ လိမ်းဖို့ဆိုပါတယ်။
ဒါ့အပြင် ဆပ်ပြာတုံးဖြင့် မျက်နှာသစ်ခြင်းက အရေပြားကို ကြမ်းတမ်းခြောက်သွေ့စေပါတယ်။
(၂) မျက်နှာကိုပွတ်တိုက်ခြင်း
မျက်နှာသစ်တဲ့အခါ ပွတ်တိုက်ခြင်းက ဆဲလ်သေတွေ၊ အဆီတွေ၊ အညစ်အကြေးတွေကို ဖယ်ရှားနိုင်တာမှန်ပေမယ့် ကျန်းမာတဲ့ဆဲလ်တွေကိုပါ ပါသွားစေနိုင်ပါတယ်။
အရေပြားရှိ ဆဲလ်သေတွေဖယ်ရှားဖို့ ကြမ်းကြမ်းတမ်းတမ်းမဟုတ်ဘဲနဲ့ နူးညံ့စွာဖြင့်သာ ပွတ်တိုက်သင့်ပါတယ်။
(၃) မကြာခဏမျက်နှာသစ်ခြင်း
တစ်နေ့ကို နှစ်ကြိမ်မျက်နှာသစ်ခြင်းက အသင့်တော်ဆုံးလို့ ပညာရှင်များဆိုကြပါတယ်။
နှစ်ကြိမ်ထက်ပိုရင်တော့ အရေပြားခြောက်သွေ့ခြင်း၊ အထိမခံခြင်း၊ အစက်အပြောက်ပေါ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
(၄) ရေပူအသုံးပြုခြင်း
ရေပူကိုအသုံးပြုချင်တယ်ဆိုရင် အပူချိန်လျော့ကျအောင် ပြုလုပ်သင့်ပါတယ်။
ရေပူလွန်းခြင်း၊ အေးလွန်းခြင်းဟာ အဆီထွက်ခြင်းကိုပိုဆိုးစေပါတယ်။
ဒီအတွက် ရေနွေးနွေးဖြင့်သစ်ပေးခြင်းက မျက်နှာအတွက် အကောင်းဆုံးဖြစ်ပါတယ်။
(၅) တစ်ခါသုံးအဝတ်စဖြင့်မျက်နှာသုတ်ခြင်း
တစ်ခါသုံးမျက်နှာသုတ်အဝတ်စတွေက မျက်နှာကို တခဏအတွင်း သန့်စင်သွားစေပေမယ့် ပညာရှင်တွေကတော့ ဒါတွေဟာ ရေရှည်အတွက်မသင့်တော်ဘူးလို့ ဆိုကြပါတယ်။
ထိုအဝတ်စတွေက အညစ်အကြေးအားလုံးကို မဖယ်ရှားနိုင်တာကြောင့် အမှုန်အမွှားတွေကျန်ခဲ့ပြီး ချွေးပေါက်ပိတ်စေပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 1297 of 1918