#World_Health
Published 24 June 2023


သီရိလင်္ကာမှအမျိုးသားတစ်ဦးဟာ သူ့ခန္ဓာကိုယ်ကနေ ကျောက်ကပ်ကျောက်တုံးကြီးကို ဖယ်ရှားခဲ့ရကာ ယခုလအတွင်း ကမ္ဘာ့စံချိန်နှစ်ခုတင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်များအရ သိရှိရပါတယ်။

 

အသက် ၆၂ နှစ်ရှိ အငြိမ်းစားစစ်သားတစ်ဦးဖြစ်တဲ့ 'ကာနစ္စတပ်စ်ကွန်း'ရဲ့ ကျောက်ကပ်မှ ကျောက်တုံးဟာ အကြီးဖြစ်ရုံမက အလေးလံဆုံးဖြစ်ခဲ့ကာ ဇွန်လ ၁ ရက်နေ့က ဖယ်ရှားခဲ့ပါတယ်။

 

ကျောက်က ၁.၇၆ ပေါင်လေးကာ ဘေ့စ်ဘော ၅ လုံးရဲ့အလေးချိန်နဲ့ အကြမ်းဖျင်းတူညီပြီး အကြီးဆုံးကျောက်ကပ်ကျောက်တုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

 

အရွယ်အစားကတော့ ၅.၂၆ လက်မနဲ့ ၄.၁၅ လက်မတို့ရှိပါတယ်။

 

ကျောက်ကပ်ထဲမှာ သတ္တုဓာတ်တွေနဲ့ ဆားများအနည်ထိုင်ရာကနေ ကျောက်တည်လာတတ်ပါတယ်။

 

အစားအသောက်အမျိုးအစား၊ ကိုယ်အလေးချိန်များခြင်း၊ အချို့သောကျန်းမာရေးပြဿနာ၊ ဖြည့်စွက်စာများ၊ ဆေးဝါးများကြောင့် ကျောက်တည်လာရပြီး ရေအလုံအလောက် မသောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

 

ကျောက်တည်ခြင်းကြောင့် အသက် ၇၀ အထက် လူကြီးတွေထက်စာရင် အသက် ၃၁ မှ ၅၀ ဝန်းကျင်လူတွေမှာ ပိုမိုနာကျင်ရကြောင်း အာဆူတာအက်ရှ်ဒေါ့တက္ကသိုလ်ဆေးရုံမှ ၂၀၂၂ ခုနှစ်မှာ လေ့လာခဲ့ပါတယ်။

 

ဒါဟာ ကျောက်ကြီးတည်တဲ့ အသက်ကြီးသူတွေမှာလည်း ထိုလေ့လာချက်အတိုင်း ဖြစ်ပျက်နေတာကို တွေ့ရှိခဲ့ကြပါတယ်။

 

Source: The Jerusalem Post #World_Health #ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကျောက်တည်ခြင်း
#Yangon_Time