#World_Science
Published 24 June 2023


နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများက ဆီးကိုပေါင်းခံပြီး အစိုဓာတ်ကိုစုပ်ယူခြင်းဖြင့် ရေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာကြောင့် အာကာသစူးစမ်းလေ့လာရေးမှာ ထင်ရှားတဲ့အောင်မြင်မှုတစ်ခု ရရှိခဲ့ကြပါတယ်။

 

အာကာသစခန်းမှ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်သက်ကယ်စနစ်(ECLSS) ကို အသုံးပြုပြီး ဒီအောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။

 

အာကာသယာဉ်မှူးများ ရှူထုတ်လိုက်တဲ့လေနဲ့ ချွေးတွေကနေ အစိုဓာတ်အပါအဝင် အညစ်အကြေးရေများကိုစုဆောင်းကာ သောက်သုံးရေထုတ်လုပ်မယ့် WPA သို့ ပို့ဆောင်ရပါတယ်။

 

ဒါ့အပြင် UPA ဖြင့် လေဟာနယ်ပေါင်းခံခြင်းမှတဆင့် ဆီးကနေ ရေကိုပြုလုပ်နိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့ ပေါင်းခံခြင်းလုပ်ငန်းစဉ်ဟာ ရေဓာတ်အချို့ပါဝင်နေသေးတဲ့ ဆီးကိုထုတ်လုပ်နေဆဲဖြစ်ပါတယ်။

 

သိပ္ပံပညာရှင်တွေက အငံရည်ကနေ ရေကိုထပ်မံထုတ်ယူနိုင်မယ့် BPA နည်းပညာအသစ်ကို စမ်းသပ်နေပါတယ်။

 

BPA ကတော့ ဆွဲငင်အားမရှိတဲ့နေရာမှာ အညစ်အကြေးရေကနေ ထုတ်ယူနိုင်တဲ့စနစ်ဖြစ်ပါတယ်။

 

UPA မှထုတ်လုပ်တဲ့ရေငန်ကိုယူပြီး အထူးအမြှေးပါးနည်းပညာကို အသုံးပြုပြီးရေကိုအငွေ့ပျံစေရန် ရေငန်ကို ပူနွေးခြောက်သွေ့တဲ့လေကို မှုတ်ထုတ်လိုက်ပါတယ်။

 

အာကာသယာဉ်မှူးတွေ ရှူထုတ်တဲ့လေ၊ ချွေးနဲ့အတူ စိုစွတ်တဲ့လေကို ဖန်တီးကာ အာကာသရေစုဆောင်ရေးစနစ်ကနေ စုဆောင်းလိုက်တာဖြစ်ပါတယ်။

 

ဂျွန်ဆန်အာကာသစင်တာအဖွဲ့ဝင် 'ခရစ္စတိုဖာဘရောင်း'က သက်ကယ်စနစ်တိုးတက်ရေးမှာ ထင်ရှားတဲ့ခြေလှမ်းလှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 

ရေအကန့်အသတ်ဖြင့်ထုတ်လုပ်ကာ အာကာသမှာ ရေပြန်လည်အသုံးချခြင်း အရေးကြီးပုံကို ရှင်းပြလိုက်ကာ ရေအလေးချိန် ၂ ပေါင်သာဆုံးရှုံးခဲ့ပြီး ကျန်တဲ့ ၉၈ ရာခိုင်နှုန်းက ဆက်လက်လည်ပတ်နေနိုင်ခဲ့ပါတယ်။

 

ထိုစနစ်ဖြင့်ထုတ်လုပ်လိုက်တဲ့ရေဟာ ကမ္ဘာပေါ်မှာ လူတွေသောက်သုံးတဲ့ရေထက် ပိုမိုသန့်ရှင်းကြောင်း သိပ္ပံပညာရှင်များဆိုပါတယ်။

 

အာကာသယာဉ်မှူးများက ဆီးကိုတိုက်ရိုက်သောက်တာမဟုတ်ဘဲ စစ်ထုတ်ပြီးသား သန့်ရှင်းတဲ့ရေကိုသာ သောက်သုံးတာဖြစ်ပါတယ်။

 

ကြာရှည်စွာသွားရတဲ့ အာကာသခရီးလိုမျိုးမှာ ရေကအလွန်ကြီးပါတယ်။

 

ဦးစွာအနေနဲ့ အာကာသယာဉ်မှူးများ အသက်ရှင်ကျန်းမာနေစေရန်၊ ရေဓာတ်ရရှိရန်၊ အစားအစာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှုတို့အတွက် ရေကမရှိမဖြစ်လိုအပ်ပါတယ်။



ဒါ့အပြင် အပင်ကြီးထွားခြင်း၊ စမ်းသပ်ချက်ပြုလုပ်ခြင်း၊ သုတေသနပြုလုပ်ခြင်း၊ စားစရာထုတ်လုပ်ခြင်းတို့အတွက်လည်း ရေက အရေးပါတဲ့ရင်းမြစ်ဖြစ်ပါတယ်။

 

Source: India Today #World_Science #အာကာသအတွင်းယင်းတို့၏ဆီးများမှသောက်သုံးရေထုတ်လုပ်နိုင်ခဲ့
#YMG #Yangon_Times