#Local_News
Published_23 June 2023

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့ နံနက်အစောပိုင်းက ၁၂ဘီးကားပေါ်၌ နွားချေးများဖုံးပြီး တရားမဝင် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ တန်ကျော် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးရှာဖွေစစ်ဆေးရေးစခန်းတွင် ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့ အောင်ကိုကိုဦး မောင်းနှင်ပြီး ဟေမာန်သိန်းလိုက်ပါလာသည့် NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ အခုလိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

 

အဆိုပါ တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ တန်ကျော်၏ ဒေသကာလတန်ဖိုးမှာ မြန်မာငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိပြီး စစ်ဆေး ဖော်ထုတ်ချက်အရ အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း)များအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

ပြစ်မူကျူးလွန်သူများကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိ​ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

#ymg/ynzw #Local_News #သိန်း၄၂၀၀ကျော်တန်ဖိုးရှိဓာတုပစ္စည်း(ကဖင်း) ၁ တန်ကျော်ဖမ်းဆီး
#Yangon_Time