#Local_News
Published-23 June 2023

မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသူ မြန်မာအမျိုးသား ၁ ဦး လုပ်ငန်းခွင် စက်ရုံထဲတွင် အသက်ရှူကြပ်၍သေဆုံးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

 

ကွယ်လွန်သူအမျိုးသား (ဦးအောင်ဝင်း)မှာ အသက် ၅၁ နှစ်အရွယ်ရှိပြီး အဆုတ်ရောဂါဖြင့်အသက်ရှူကြပ်၍ ၎င်းလုပ်ကိုင်နေသည့်စက်ရုံထဲတွင် သေဆုံးခဲ့သဖြင့် ကွယ်လွန်သူ၏ မိတ်ဆွေများမှ နှလုံးလှပရဟိတအဖွဲ့ကို​ အကူအညီတောင်းခံလာခဲ့ကြောင်း သိရသည်။

 

"ကွယ်လွန်သူရဲ့နောက်ဆုံးခရီးကို ဇွန်လ ၂၂ရက် ကြာသပတေးနေ့ မွန်းလွဲ ၁နာရီက ကွာလာလမ်ပူ-ချဲရတ်သုသာန်ကို ​ကွယ်လွန်သူရဲ့ မိတ်ဆွေသူငယ်ချင်း‌တွေနဲ့ အတူ ကျွန်တော်တို့ နှလုံးလှအဖွဲ့က ကုသိုလ်ယူ ပို့ဆောင်သဂြိုလ်ပေးခဲ့ကြပါတယ်"ဟု နှလုံးလှပရဟိတအဖွဲ့မှ တာဝန်ရှိသူပြောကြားထားသည်။

 

ကွယ်လွန်သူသည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ်၊ (၁၆ )ရပ်ကွက် မနော်ဟရီလမ်းမှဖြစ်ကြောင်းနှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ ( ကွာလာလမ်ပူ-မလေးရှား )က သိရသည်။

 

#Local_News #လုပ်ငန်းခွင်စက်ရုံတွင် အသက်ရှူကြပ်၍သေဆုံး
#Yangon_Times/BM