#Local_News
Published_ 23 June 2023


ဆီးဂိမ်းပြိုင်ပွဲများ၌ ဗိုဗီနမ်အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများရရှိခဲ့ပြီး ဦးခေါင်း၌ ဝေဒနာခံစားနေရသည့် အားကစားမယ် မပပဝင်းအား ဆေးကုသမှု ခံယူနိုင်ရန် ဇွန် ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ ခုတင် (၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

မပပဝင်းသည် ဦးခေါင်းဝေဒနာကို ၂၀၁၄ ခုနှစ် (၃) ကြိမ်မြောက် အရှေ့တောင် အာရှဗိုဗီနမ်ပြိုင်ပွဲအတွက် စခန်းဝင်နေချိန်၌ စတင်ခံစားခဲ့ရခြင်းဖြစ်ကာ ပြိုင်ပွဲအပြီးတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

 

ထို့ပြင် မပပဝင်း၏ ခင်ပွန်း ဦးသီဟမှာ ဒလမြို့နယ်ထွေအုပ်ရုံး၌ ယာဉ်မောင်း အဖြစ် တာဝန်ထမ်းဆောင်နေစဥ် အရက်အလွန်အကျွံသောက်သုံးပြီး ဇွန် ၁၇ ရက်ကကြိုးဆွဲချ သေဆုံးခဲ့ကာ မပပဝင်းမှာလည်း လက်ရှိအချိန်တွင် ဦးခေါင်းဝေဒနာ ခံစားနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

 

ထို့ကြောင့် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများက မပပဝင်းထံသွားရောက်တွေ့ဆုံ၍ တပ်မတော်ဆေးရုံ ခုတင်(၁၀၀၀)၌ ဆေးကုသမှုခံယူနိုင်ရန် လူနာ တင်ကားဖြင့်သွားရောက် ခေါ်ဆောင်၍ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရပါတယ်။

 

မပပဝင်းသည် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်အားကစားနည်းဖြင့် နှစ်ယောက်တွဲ(အပြ) အတွဲလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ ၂၀၁၃ ခုနှစ် (၂)ကြိမ်မြောက် အရှေ့တောင်အာရှဗိုဗီနမ်ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု၊ အရှေ့တောင်အာရှအကြို အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုနှင့် ၂၀၁၄ ခုနှစ် (၃)ကြိမ်မြောက် အရှေ့တောင်အာရှ ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခုတို့ရရှိခဲ့သူ ဖြစ်ပါတယ်။

 

#ygm_mnn #Local_News #ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် မပပဝင်း #ဆေးကုသမှုခံယူနိုင်ရန်ဆေးရုံသို့ပို့ဆောင်
#Yangon_Time