#World_Adventure
Published 29 March 2023
မြင့်မားလှတဲ့ သစ်သားမှင်စာရုပ်ကြီးတွေပြုလုပ်ပြီး နာမည်ကြီးလာတဲ့ ဒိန်းမတ်လက်မှုပညာရှင်က ကမ္ဘာတဝှမ်းမှာရှိတဲ့ ပရိသတ်တွေအနေနဲ့ သူနောက်ဆုံးဖန်တီးထားတဲ့ ရုပ်တုကြီးကိုရှာဖွေဖို့ တနင်္လာနေ့က အသိပေးလိုက်ပါတယ်။
#ဧရာမမှင်စာရုပ်တုကြီး #ဒိန်းမတ်လက်မှုပညာရှင်
#YMG #Yangon_Media_Group
#Local_News
Published 30 March 2023
မြဝတီကော့ကရိတ် အာရှလမ်းမကြီးကို မတ်လ ၃၀ ရက်နေ့မနက်ပိုင်းက ခေတ္တပြန်လည်ဖွင့်လှစ်ပေးလိုက်ပေမယ့် နာရီပိုင်းအတွင်းမှာပဲယာဉ်အသွားအလာ ပြန်လည်ပိတ်ဆို့လိုက်ကြောင်း ခရီးသွားပြည်သူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
#မြဝတီ #ကော့ကရိတ်အာရှလမ်း
#YMG #Yangon_Media_Group
#Local_News
Published 30 March 2023
မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ်တွင် Taxi ငှားစီးသူ လူ၅ ဦး က ယာဉ်မောင်းကို ဓားဖြင့် ခြိမ်းခြောက်ပြီး ကားကိုလုယူထွက်ပြေးသွားတယ်လို့ အလုခံရသူ Taxi ယာဉ်မောင်းက YMG ကိုပြောပါတယ်။
#ရန်ကုန်တိုင်း #မဂ်လာဒုံမြို့နယ် #ကားလုယူမှုဖြစ်ပွား
#YMG #Yangon_Media_Group
#Local_News
Published 30 March 2023
သင်္ကြန်တွင်းမှာ အဝေးပြေးယာဉ်တွေ ပြေးဆွဲပေးမှာဖြစ်ပေမယ့် နယ်ကိုပစ္စည်းပို့ဆောင်ပေးတာတွေ ယာယီရပ်နားထားမှာဖြစ်တယ်လို့ အောင်မင်္ဂလာအဝေးပြေးဂိတ်မှ သိရပါတယ်၊၊
# သင်္ကြန်း #အဝေးပြေး #ပစ္စည်းပို့ဆောင်မှု
#YMG #Yangon_Media_Group
#Daily_News
Published 30 March 2023
၁။သင်္ကြန်တွင်းတွင် အဝေးယာဉ်များ ပြေးဆွဲမည်ဖြစ်သော်လည်း နယ်ကိုပစ္စည်းပို့ဆောင်မှု ယာယီရပ်နားထားမည်ဟုဆို
၂။မဂ်လာဒုံမြို့နယ်တွေ Taxi ယာဉ်မောင်းကိုဓားဖြင့်မွှမ်းပြီး ကားလုယူမှုဖြစ်ပွား
၃။ မြဝတီ ကော့ကရိတ်အာရှလမ်းဖြတ်သန်းခွင့် ခေတ္တခွင့်ပြုလိုက်သော်လည်း နာရီပိုင်းအတွင်းပြန်ပိတ်
၄။သူ၏ ဧရာမမှင်စာရုပ်တုကြီးကို ရှာပုံတော်ဖွင့်ခိုင်းလိုက်သည့် ဒိန်းမတ်လက်မှုပညာရှင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published 30 March 2023
လာမယ့် ၂၀၂၃-၂၀၂၄ ကြံရာသီမှာ ပြည်တွင်းသကြားစက်တွေက ကြံတစ်တန်ကို ကျပ် တစ်သိန်းအထိ တိုးမြှင့်ပေးဝယ်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှု သိရပါတယ်။
#ကြံဈေး #သကြားစက်ရုံများ
#YMG #Yangon_Media_Group
#LocalNews
Published 30 March 2023
၂၀၂၂-၂၀၂၃ ခုနှစ်၏ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ယခုဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဇန်နဝါရီလအထိ ကိုးလတာကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၈ ဒသမ ၉၄ ဘီလီယံ ပို့ကုန်ဝင်ငွေရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ၅ ဒသမ ၀၃ ဘီလီယံရရှိထားကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန်တင်သွင်းမှုမှလည်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁၂ ဒသမ ၅၉ ဘီလီယံရရှိထားပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၈၉ ဘီလီယံရရှိထားခြင်းဖြစ်သည်။
ပင်လယ်ရေကြောင်းမှ ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တရုတ်၊ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ရေကြောင်းဖြင့်တင်ပို့ခြင်းတွင် ပို့လိုသည့်မည်သည့်နိုင်ငံကိုမဆိုပို့နိုင်ခြင်း၊ စရိတ်သက်သာပြီး ကုန်များများတင်ပို့နိုင်ခြင်း စသည့်အားသာချက်များကြောင့် ကုန်သည်များက ရေကြောင်းကုန်သွယ်မှုကိုပိုမိုလုပ်ဆောင်ကြခြင်းဖြစ်သည်။
ymg/ppk
#ပင်လယ်ရေကြောင်း #ကုန်သွယ်မှု
#YMG #Yangon-Media-Group
#LocalNews
Published 30 March 2023
ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာကြိုတင်လျှောက် ထားစရာမလိုပဲ ဝင်ရောက်ခွင့်Visa Free (၄၅) ရက်ပေးထားရာမှ ယခုဧပြီလ (၁) ရက်မှစ၍ အခမဲ့ဗီဇာ (Visa Free) (၁၄) ရက်သာနေထိုင်နိုင်မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ အခမဲ့ဗီဇာ (Visa Free) သဘောတူညီမှုရရှိထားသော နိုင်ငံသားများ (မြန်မာနိုင်ငံအပါအဝင်) သည် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး ၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများသည် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြောင်း၊၊
၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ယခင်အတိုင်း အခမဲ့ဗီဇာ (Visa Free) ဖြင့် ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ရက်ရှည်နေထိုင်လိုသူများအနေဖြင့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထား၍ လာနိုင်ကြောင်း အသိပေးထားသည်၊၊
ymg/tthl
#ထိုင်းနိုင်ငံ #Visa Free
#YMG #Yangon_Media_Group
#LocalNews
Published 30 March 2023
ရာသီဥတုပူ၍ ရေဆင်းကူးရာမှ ဘီလူးချောင်းအတွင်း လူငယ်တစ်ဦးရေနစ်သေဆုံးသွားကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်၊၊
မတ်လ(၂၉)ရက်က ဒေါနိုးကူးတံတား(ဘီလူးချောင်း)တွင် သူငယ်ချင်းများဖြင့်ရေဆင်းကူးရာမှ အသက်(၁၅)နှစ်အရွယ်ရှိ မောင်အောင်ဘုန်းမြင့် ရေနစ်ပျောက်ဆုံးသွားခဲ့သည်၊၊
မတ်လ(၃၀)ရက်တွင် ရုပ်အလောင်း ပြန်လည်ရှာတွေ့ခဲ့ကြောင်းကို" ဖြစ်သွားတာကမနေ့က သူငယ်ချင်းတွေနဲ့ရေလာချိုးရင်းဖြစ်သွားတာ၊ဝိုင်းရှာကြတယ်၊၊ ဖြစ်သွားတဲ့နေရာနဲ့သိပ်မဝေးတဲ့နေရာမှာပဲဒီနေ့သူ့(ရုပ်အလောင်း)ကိုပြန်ရှာတွေ့ခဲ့တယ်၊၊
ဘီလူးချောင်းမှာတော့ နှစ်စဉ်ရေနစ်သေဆုံးသူများ ရှိပါတယ်ခင်ဗျ"ဟု ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပြခဲ့သည်၊၊
မောင်အောင်ဘုန်းမြင့် အသက်၁၅နှစ် ၏ အလောင်းကိုရှာဖွေတွေရှိခဲ့ပြီး လွိုင်ကော်ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှသိရသည်၊၊
ymg/tthl
#ရာသီဥတု #ဘီလူးချောင်း #ရေနစ်
#YMG #Yangon_Media_Group



#Local_News
Published 30 March 2023
ယခုနွေရာသီကာလတွင် နေ့/ညအပူချိန် မြင့်မားလာခြင်းကြောင့်လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်း ၊ မဟာဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရခြင်းများကြောင့် ဓာတ်အားထုတ်လွှတ်လျော့နည်းနေကြောင်း YESC မှထုတ်ပြန်ထားသည်။
အခုလို ဓာတ်အားထုတ်လွှတ်မှုနှင့် သုံးစွဲမှုမမျှတခြင်းကြောင့် နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဓာတ်အားပြတ်တောက်မှု မပြတ်စေရေးအတွက် အရေးပေါ်ဝန်အားလျော့ချခြင်းနှင့် အလှည့်ကျဝန်အားလျော့ချရခြင်းများ ပြုလုပ်၍ ဓာတ်အားဖြန့်ဖြူပေးနေရကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ထားသည်။
ဒါကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အများပြည်သူအုပ်စုတွင် ရောနှောဓာတ်အားသုံးစွဲနေသည့် စီးပွားလုပ်ငန်းများအနေဖြင့် လာမည့် ဧပြီလ ၃၀ရက်နေ့အထိ ညနေ ၅ နာရီမှ ည၁၁ အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းမဆောင်ရွက်ဖို့ထုတ်ပြန်ထားကြောင်းသိရသည်။
ကန့်သတ်ချိန်အတွင်း လုပ်ငန်းဆောင်ရွက်သည်ကို တွေ့ရှိပါက အုပ်ချုပ်မှု နည်းလမ်းအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သတိပေးထုတ်ပြန်ထားသည်။
ymg/ynzw
#အပူချိန် #လျှပ်စစ်ဓာတ်အား #ဖောက်ခွဲဖျက်ဆီး
#YMG #Yangon_Media_Group
#LocalNews
Published 30 March 2023
မတ်လ ၃၀ ရက်နေ့ မနက်၉ နာရီဝန်းကျင်ခန့်က ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်၊ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းအဆင်းတွင် ကျောက်မီးသွေးတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးဘရိတ်ပေါက်ကာ အခြားကုန်တင်ကားနှစ်စီးအား ဝင်တိုက်မူဖြစ်ပွားခဲ့ကြောင်း ကမ်းလင့်လက်များလူမူကူညီရေးအသင်းမှသိရသည်။
ယာဉ်တိုက်မူကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ယာဉ်မောင်းတစ်ဦးသာရှိကြောင်း အဆိုပါအသင်းတာဝန်ခံက YMG ကိုပြောသည်။
ယာဉ်တိုက်မူဖြစ်ပွားခဲ့သည့် ကုန်တင်ကားဟာ ကျောက်မီးသွေးများသယ်ဆောင်လာသည့် ကားဖြစ်ပြီး ဂုတ်တွင်းအဆင်း ကျော်မဲရေကန်အောက်ကွေ့တွင် ဘရိတ်ပေါက်ကာ လမ်းပေါ်ရှိအခြားကုန်တင်ကားနှစ်စီးကြားသို့ရောက်ရှိပြီး သုံးစီးတိုက်ခဲ့တာဖြစ်ကြောင်းသိရသည်။
ယာဉ်တိုက်မူကြောင့်အဆိုပါဂုတ်တွင်းအဆင်းလမ်းပေါ်တွင် မနက်၉နာရီခန့်ကတည်းက လမ်းပိတ်ဆို့နေပြီး လက်ရှိနေ့လည်၁နာရီခန့် အချိန်အထိ လမ်းမပွင့်သေးသည့်အတွက် ခရီးသွားပြည်သူများ အနေဖြင့် လမ်းရှင်းလင်းပြီးမှ သွားလာကြဖို့ အဆိုပါအသင်းမှသတိပေးထားကြောင်းသိရသည်။
ymg/ynzw
#ကျောက်မဲမြို့နယ် #ကုန်တင်ကား #တိုက်မူဖြစ်ပွား
#YMG #Yangon_Media_Group


Published 30 March 2023
အမေရိကန်စစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်နှစ်စီး ကင်တပ်ကီပြည်နယ်မှာ လေ့ကျင့်မှုတွေလုပ်ဆောင်စဉ် တစ်စီးနှင့်တစ်စီး တိုက်မိပြီး ပျက်ကျခဲ့တဲ့အတွက် အနည်းဆုံးလူ (၉) ဦးသေဆုံးခဲ့တယ်လို့ သတင်းများကဖော်ပြပါတယ်။
စစ်တပ်ပြောရေးဆိုခွင့်ရအမျိုးသမီး နွန်ဒစ်အယ်လ်သာမန်းကတော့ သေဆုံးဒဏ်ရာရသူတွေအကြောင်းမသိရသေးဘူးလို့ပြောကြောင်း နယူးယောက်တိုင်းမစ်သတင်းစာက ရေးသားပါတယ်။ဒါပေမယ့် ဒေသဆိုင်ရာ မီဒီယာတွေက အနည်းဆုံးလူ (၉)ဦးသေဆုံးခဲ့တယ်လို့ရေးသားကြတယ်လို့ ဒေးလီမေးလ်သတင်းစာကဖော်ပြပါတယ်။
ပြည်နယ်အပ်ချုပ်ရေးမှူး အန်ဒီဘက်ရှီရာက တွစ်တာမှာပြောကြားရာမှာ သေဆုံးထိခိုက်မှုတွေရှိလိမ့်မယ်လို့ သူမျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဌာနက တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက်နေကြပြီလို့သိရပါတယ်။
ဗုဒ္ဓဟူးနေ့ (မတ်လ၂၉)ရက် ည ၁၀နာရီခန့်မှာ HH60 Black Hawk ရဟတ်ယာဉ်နှစ်စီးဟာ ကင်တပ်ကီပြည်နယ်၊ ထရစ်စီရင်စုမှာမှာ လေ့ကျင့်ပျံသန်းနေရင်း တစ်စီးနှင့်တစ်စီးတိုက်မိကြတာဖြစ်ပါတယ်။
တပ်သားတွေနှင့် သူတို့ရဲ့မိသားစုတွေကို စောင့်ရှောက်မှုတွေပေးဖို့ အာရုံစိုက်နေပြီး ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောရေးဆိုခွင့်ရအမျိုးသမီး သာမန်းကပြောပါတယ်။
ရဟတ်ယာဉ်တွေပေါ် လူဘယ်နှစ်ဦးလိုက်ပါသွားသလဲဆိုတာလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ထရစ်စီရင်စုက ထောင်မှူးတစ်ဦးဖြစ်တဲ့ အမ်းစ် ဟူးချ်က ဒေသဆိုင်ရာ ရေဒီယိုဌာနတစ်ခုကိုပြောကြားရာမှာ သူဟာ ပျက်ကျတဲ့နေရာနှင့် မိုင်ဝက်ခန့်ဝေးကွာတဲ့နေရာမှာရှိနေပြီး တိုက်မိတဲ့အသံကြီးလိုမျိုးကျယ်ကျယ်လောင်လောင် အသံကြီးကြားလိုက်ရတယ်လို့ဆိုပါတယ်။
အဆိုပါရဟတ်ယာဉ်နှစ်စီးဟာ အမှတ်၁၀၁ လေကြောင်းချီတပ်မရဲ့လက်အောက်မှာပျံသန်းနေတာဖြစ်ပါတယ်။
Source: NY Times/Daily Mail
#Blackhawk ရဟတ်ယာဉ်နှစ်စီးတိုက်မိပျက်ကျ
#အမေရိကန်စစ်တပ်ရဟတ်ယာဉ်နှစ်စီးတိုက်မိပျက်ကျ
#YangonMediaGroup



Page 1306 of 2000