#Local_News
Published - 20 June 2023

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဇွန်လ ၂၀ ရက်(ယနေ့) နံနက်ပိုင်းက နာရီပိုင်းအတွင်း ယာဥ်တိုက်မှု ၂ကြိမ်ဖြစ်ခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းက သိရသည်။

 

ယာဥ်တိုက်မှုဖြစ်စဥ်အနေဖြင့် ယနေ့နံနက် ၇ နာရီ ၁၀မိနစ်အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးနှင့်မြင်တော်သာလမ်းမကြီးထောင့်တွင် YBS ခရီးသည်တင်ယာဥ်အပါအဝင် ဘောက်ဆာယာဥ်ငယ်နှင့် အိမ်စီးကား ၁ စီး ယာဥ်မတော်တဆမှုဖြစ်ခဲ့ကြောင်း သိရသည်။

 

ထို့အတူ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီးပေါ်မြခွာညိုဝါဝါဝင်းအိမ်ယာရှေ့တွင် အိမ်စီးကားနှင့် Taxi ကားတို​က်မှုထပ်မံဖြစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်များ​ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ခဲ့၍ ပေးဆပ်သူတို့ နှလုံးသားပရဟိတအသင်းမှ ယာဥ်ကြောပိ​တ်ဆို့နေမှုအား ရှင်းလင်းပေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #တစ်နာရီကျော်အတွင်းယာဥ်တိုက်မှု ၂ကြိမ်ဖြစ်
#Yangon_Times/BM