#Local_News
Published_ 29 January 2023
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခု နဲ့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ သိရပါတယ်။
ဇန်နဝါရီ ၂၅ ရက်က ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးမှာကျင်းပတဲ့ ကော်မတီအစည်းအဝေးမှာ လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုတိုကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အတည်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်း၊ မြေပဲနဲ့ နေကြာတွေကို ကြိတ်ခွဲပြီး ဆီ ထုတ်လုပ်တာနဲ့ စားအုန်းဆီသန့်စင် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေပါဝင်တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဆေးဆိုးပန်းရိုက်အဝတ်အထည်တွေကို ထုတ်လုပ်ပြီး ပြည်တွင်း CMP လုပ်ငန်းတွေကို ရောင်းချတဲ့လုပ်ငန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်တဲ့လုပ်ငန်း၊ ထုပ်ပိုးပစ္စည်းတွေကို ထုတ်လုပ်ပြီး ပြည်တွင်း CMP ဖိနပ်လုပ်ငန်းတွေကို ရောင်းချတဲ့လုပ်ငန်း စတဲ့လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
အဲဒီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရဲ့ မတည်ငွေရင်းပမာဏမှာ ငွေကျပ်သန်း ၆,၀၀၀ လောက်နဲ့ အမေရိကန် ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၃၀၀ ကျော်အတွက် ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
Published 29 January 2023
အမေရိကန်လေတပ်မှ ကြယ်လေးပွင့်အဆင့်ဗိုလ်ချူပ်ကြီး မိုက်မီနီဟမ်က ဇန်နဝါရီ ၂၇ ရက်သောကြာနေ့က သူ့လက်အောက်စစ်တိုင်းက အရာရှိတွေကို ပေးပို့တဲ့ ဌာနတွင်းဖြန့်ဝေစာထဲမှာ လာမယ့်(၂)နစ်အတွင်း အမေရိကန်ဟာ တရုတ်နှင့် စစ်ပွဲစစ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ရေးသားလိုက်ပါတယ်။ထိုင်ဝမ်ကိစ္စကြောင့်ဖြစ်ဖို့များပြီး သူ့လူတွေကို ကြိုတင်ပြင်ဆင်ထားဖို့ သူက ပြောထားပါတယ်။
အဲဒီစာဟာ ဆိုရှယ်မီဒီယာပေါ် ပထမဆုံးတွေ့လာကြရတာဖြစ်ပြီး နောက်ပိုင်းမှာ ပင်တဂွန်က အဲဒီစာဟာ အမှန်ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ လေကြောင်းတပ်စုရုံးရေးစစ်တိုင်း တိုင်းမှူး မီလီဟန်က “ ကျွန်တော်မှားတာဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဒါပေမယ့် ၂၀၂၅မှာ ကျွန်တော်တို့ တိုက်ကြရလိမ့်မယ်လို့ ကျွန်တော်စိတ်ထဲခံစားနေရတယ်” လို့ သူကပြောပါတယ်။
“အဓိကရည်မှန်းချက်က ဟန့်တားဖို့ဖြစ်ပြီး လိုအပ်လာရင်တော့ တိုက်ခိုက်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ဒီလိုပြောရတဲ့အကြောင်းရင်းကတော့ ထိုင်ဝမ်နှင့် အမေရိကန်နှစ်နိုင်ငံစလုံးဟာ ၂၀၂၄ မှာရွေးကောက်ပွဲရှိကြတဲ့အတွက် အမေရိကန်ဟာ ရွေးကောက်ပွဲကြောင့် အာရုံမစိုက်နိုင်တဲ့အချိန်မှာ အဲဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး တရုတ်ဟာ ထိုင်ဝမ်ထဲ ဝင်လိမ့်မှာကြောင့်ဖြစ်တယ်” လို့ သူကဆိုပါတယ်။
တရုတ်သမ္မတဟာ သူ့ရဲ့တတိယသမ္မတသက်တမ်းကို အသေအချာခိုင်အောင်လုပ်ထားပြီးနောက် သူဟာ ၂၀၂၂ အောက်တိုဘာမှာ စစ်(ပွဲ)ကောင်စီကိုဖွဲ့စည်းခဲ့တယ်လို့ အမေရိကန်လေတပ်ဗိုလ်ချူပ်ကြီးကပြောပါတယ်။
“ရှီရဲ့သက်တမ်း၊ အကြောင်းပြချက်နှင့် အခွင့်အလမ်းတွေဟာ ၂၀၂၅ကို ဦးတည်နေတယ်” လို့ သူကဖြည့်စွက် ပြောပါတယ်။ အမေရိကန်လေတပ်စုရုံးစစ်တိုင်းမှာ စစ်သည် ငါးသောင်းကျော်ရှိပြီး ပိုဆောင်ရေးနှင့် လောင်စာဆီ ဖြည့်တင်းရေးတာဝန်ယူတဲ့ လေယာဉ်အစီး ၅၀၀နီးပါးရှိနေပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုထိန်းချုပ်သိမ်းပိုက်ဖို့ သူ့အချိန်ဇယားကို အရှိန်မြှင့်တင်နေပုံရတယ်လို့ အမေရိကန်အရာရှိတော်တော်များများဟာ ပြီးခဲ့တဲ့လများအတွင်း ပြောဆိုခဲ့ပြီးနောက် ယခုလို ရုံးတွင်းဖြန့်စာပေါ်ပေါက်လာတာဖြစ်ပါတယ်။
Source WION
#China_US_War
#China_US_Politics

#World_Health
Published 29 January 2023
ပခုံးနေရာတွေက တော်ရုံအထိခိုက်မခံနိုင်တဲ့နေရာတွေဖြစ်ပြီး လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်လိုက်တဲ့အခါ ထိခိုက်တတ်ပြီး အလွန်နာကျင်ရတတ်ပါတယ်။
ပခုံးအဆစ်ရောင်ရမ်းအပြင် အခြားပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။
တဲလ်အေဗစ် ဆူရက်စ်ကီဆေးဘက်ဆိုင်ရာစင်တာမှ ပခုံးခွဲစိတ်ဌာနညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'အီရန်မယ်မန်'က ပခုံးဒဏ်ရာများအကြောင်း ဆွေးနွေးပြောကြားသွားပါတယ်။
ပခုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေက အဖြစ်များသလို လှုပ်ရှားအမျိုးမျိုးပြုလုပ်နိုင်အောင် အဆစ်အမြစ်တွေ ရှုပ်ထွေးစွာဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပခုံးအဆစ်ကို တည်ငြိမ်ပြီး နေရာမလွဲအောင် အဖုံးအကာဖြင့် အုပ်ထားပါတယ်။
ကြွက်သားတွေ အရွတ်တွေကနေ အဆစ်လှုပ်ရှားစေပြီး လှုပ်ရှားမှုအများဆုံးပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။
ဒါ့အပြင် ပခုံးက လက်ဖျံရိုးနဲ့လည်း ချိတ်ဆက်ထားတာကြောင့် အတော်ကိုလှုပ်ရှားနိုင်ပြီး လည်ပင်းကလည်း ပခုံးအဆစ်ဖွဲ့စည်းပုံမှာ ပါဝင်နေပါတယ်။
ပခုံး ဒါမှမဟုတ် လည်ပင်းက နာကျင်တဲ့အခါ နာကျင်မှုက ဘယ်နေရာကစတယ်ဆိုတာကို ပြောပြရခက်ပါတယ်။
ပြဿနာအမျိုးမျိုးကြောင့် ပခုံးမှာ နာကျင်ရောင်ရမ်းခြင်းဖြစ်တတ်ပေမယ့် ရောင်ရမ်းကျဆေး၊ အကိုက်အခဲပျောက်ဆေးတို့ဖြင့် သက်သာနိုင်ပေမယ့် လိုအပ်ရင် ခွဲစိတ်မှုပြုလုပ်ရတတ်ပါတယ်။
အလွန်စူးရှနာကျင်တာမျိုးနဲ့ ကြာရှည်နာကျင်ရတဲ့အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အဖြစ်များတဲ့သူတွေကတော့ အားကစားအမျိုးမျိုး ပြုလုပ်သူတွေဖြစ်ပြီး ပခုံးအဆစ်လွဲသွားကာ လက်ကိုလှုပ်ရှားလို့မရတော့တာမျိုး ဖြစ်တတ်ပါတယ်။
အရေးပေါ်ဆေးခန်းကိုသွားပြီး လက်မောင်းပြန်တည့်တာမျိုး ပြုလုပ်နိုင်ပေမယ့် အိမ်မှာတော့ မကြိုးစားသင့်ပါဘူး။
သက်ကြီးရွယ်အိုတွေမှာ ဖြစ်တဲ့ပြဿနာကတော့ အရိုးနုတွေ ယုတ်လျော့သွားကာ အရိုးနဲ့တိုက်ရိုက်ထိတွေ့နေတာကြောင့် နာကျင်ခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ ဖြစ်တတ်ပါတယ်။
အသက် ၆၀ ကျော်တဲ့အခါ ခန္ဓာကိုယ်ဆုတ်ယုတ်လာပြီးတော့ အရွတ်တွေဆုတ်ပြဲလာကြပါတယ်။
လက်က အရှေ့ကိုဆန့်ထုတ်ပြီး လုပ်ရတဲ့အလုပ်တွေမှာ ပခုံးကိုထိခိုက်စေတတ်တာကြောင့် ကွန်ပျူတာကီးဘုတ်ရိုက်သူတွေ၊ ဆံပင်ညှပ်ဆရာတွေ၊ သွားဆရာဝန်တွေအနေနဲ့ လက်ကိုနှိမ့်ပြီး လုပ်ရတဲ့အမြင့်ရောက်အောင် ပြုလုပ်သင့်ကြောင်း အကြံပြုသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Health
Published 29 January 2023
တစ်နေ့တာအလုပ်တွေ ပြီးဆုံးလို့ အိပ်ဖို့လုပ်တဲ့အခါ ကောင်းစွာအိပ်မပျော်တာမျိုး ကြုံတွေ့ဖူးကြမှာပါ။
ကောင်းစွာအိပ်စက်ခြင်းက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာအတွက်ပါ အရေးကြီးတာကြောင့် ပညာရှင်တွေက အကြံဉာဏ်တွေပေးလိုက်ပါတယ်။
(၁) နေ့လယ်စာစားပြီးနောက် ကော်ဖီရှောင်ရှားပါ
ကဖင်းဓာတ်က ခန္ဓာကိုယ်ထဲမှာ ၁၀ နာရီကြာမြင့်တဲ့အထိ ရှိနေတတ်ကြောင်း နယူးယော့ခ်စီးတီးမှ ပညာရှင်ဒေါက်တာ'ဟယ်အယ်လ်ပါ့တ်'က ဆိုပါတယ်။
ဒါကြောင့် နေ့လယ်စာမစားခင်မှာ လက်ဘက်ရည် ကော်ဖီတို့ကို နောက်ဆုံးထားပြီး သောက်သုံးသင့်ပါတယ်။
(၂) အိပ်ရာမဝခင်ခင် ဖုန်း၊ တီဗီအသုံးပြုခြင်း ရှောင်ရှားပါ
တီဗီ၊ လက်ကိုင်ဖုန်း၊ ကွန်ပျူတာတို့မှထွက်တဲ့ အလင်းရောင်ဟာ ဦးနှောက်ထဲမှာ မယ်လာတိုနင်ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေကာ အိပ်စက်ချိန်ကို ကမောက်ကမဖြစ်စေပါတယ်။
ဒါကြောင့် ညမအိပ်ခင် ၂ နာရီအတွင်း ထိုပစ္စည်းတွေအသုံးပြုခြင်းကို ရှောင်ရှားသင့်တယ်လို့ အကြံပြုထားပါတယ်။
(၃) အိပ်ရာမဝင်ခင် အနားယူရန်အချိန်ပေးပါ
မအိပ်ခင်နာရီအနည်းငယ်အလိုမှာ ဦးနှောက်ကို ငြိမ်းချမ်းသွားအောင် တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
ဒါတွေကို အိပ်ရာထဲမှာ မပြုလုပ်ဘဲ အိပ်ချင်လာတဲ့အချိန်ကျမှသာ အိပ်ရာထဲဝင်သင့်ပါတယ်။
(၄) အချိန်မှန်မှန်အိပ်ရာဝင်၊ အိပ်ရာထကြည့်ပါ
အိပ်ချိန်မှန်ကန်စေဖို့ အရေးကြီးဆုံးက အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် မှန်ကန်နေစေဖို့ပါပဲ။
အချိန်မှန်မှန်ပြုလုပ်ခြင်းဖြင့် ဦးနှောက်က ထိုအချိန်တွေကို သိရှိမှတ်မိလာစေမှာဖြစ်ပါတယ်။
(၅) အခြေအနေပေါ်လိုက်ပြီး အိပ်ပါ
တစ်ခါတလေမှာ အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲလို့ရပါတယ်။
အိပ်နေကျအချိန်မို့လို့ ဝင်အိပ်တာမဟုတ်ဘဲ ပင်ပန်းနေလို့ စောစောဝင်အိပ်တာမျိုးလည်း ပြုလုပ်သင့်ပါတယ်။
Source: South China Morning Post
#Yangon_Media_Group
#Local_News
Published_28 January 2023
နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)တွေကို ဇန်နဝါရီလကုန်မှာ ပြန်လည်ပြုလုပ်ပေးသွားမယ်လို့ သတင်းတွေက ထွက်ပေါ်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_28 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ကိုးလကျော်ကာလအတွင်းမှာ ပြည်ပကိုပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#World_Economy
Published 28 January 2023
ကမ္ဘာ့ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းဟာ ၂၀၂၂ ခုနှစ်မှာ ၃ ရာခိုင်နှုန်းရှိရာကနေ ၂၀၂၃ မှာ ၁.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားဖွယ်ရှိနေပြီး ဆယ်စုနှစ်များအတွင်း တိုးတက်မှုအနည်းဆုံးဖြစ်လာနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 28 Jan 2023
- အိုမင်းရင့်ရော်ခြင်း(aging)၊နုပျိုခြင်း (Youthfulness)တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲ??
#Yangon_Media_Group
Published 27 January 2023
အိန္ဒိယလေတပ် တိုက်ဂျက်လေယာဉ်နှစ်စီး ဇန်နဝါရီ ၂၇ ရက်စနေနေ့က မြို့တော်နယူးဒေလီမြို့တောင်ဘက် ၁၈၅မိုင် အကွာမှာ ပျက်ကျခဲ့ပါတယ်။
အဆိုပါပျက်ကျမှုဟာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ဝေဟင်မှာ တစ်စီးနှင့်တစ်စီးတိုက်မိတာဖြစ်ပုံရပါတယ်လို့ သတင်းများကဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက တုန့်ပြန်ဆောင်ရွက်မှုတွေလုပ်ဆောင်နေပြီး ပြည်သူတွေဟာ လေယာဉ်ပျက်ကျရာ နေရာတစ်ဝိုက်စုဝေးရောက်ရှိခဲ့ကြပါတယ်။
Source: AFP
#India_Airforce_fighter_jets_crashed
#Fighter_Jets_crash
#India_Air_force
#Local_News
Published_28 January 2023
ရှမ်းပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်က ဖြတ်သန်းမယ့်သူတွေအတွက် BorderPass စာအုပ်ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 28 Jan 2023
- ကျန်းမာတဲ့ဘဝဟန်ပန်တစ်ခု Healthy Lifestyle နှင့် Body Building Block က ဘယ်လိုဆက်စပ်သလဲ??
#Yangon_Media_Group
#DailyNews
Published_ 28 January 2023
၁။ မူဆယ်နန်းတော်ဂိတ်တွင် တရုတ်နိုင်ငံသို့သွားမည့်သူများကို မြန်မာငွေ ၅၀၀ ကျပ်တည်းဖြင့် BorderPass စာအုပ်ပြုလုပ်ပေးနေ
၂။ ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရရှိထား
၃။ နိုင်ငံကူးလက်မှတ်များကို ဇန်နဝါရီလကုန်တွင် ပြန်လည်ပြုလုပ်ပေးမည်ဟု သတင်းများထွက်ပေါ်နေ
၄။ ကမ္ဘာ့နိုင်ငံအများအပြား စီးပွားရေးတိုးတက်မှု ကျဆင်းလာသော်ငြား တရုတ်နိုင်ငံက တိုးတက်လာရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1305 of 1918