Published 12 April 2023
တူရကီနိုင်ငံက အပေါ့စားလေယာဉ်တွေနှင့် စစ်သုံးဒရုန်းယာဉ်တွေသယ်ဆောင်မယ့် ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေး ရေယာဉ်တစ်စီးကို ဧပြီ ၁၀ ရက် တနင်္လာနေ့က ပွဲထုတ်ပြသလိုက်ပါတယ်။
TCG Anadolu တီစီဂျီအန်နာဒိုလူ လို့အမည်ပေးထားတဲ့ အဆိုပါစစ်သင်္ဘောဟာ အလျား ၇၅၈ ပေရှိပြီး ဗျက် ၁၀၅ ပေရှိပါတယ်။ တင့်ကား ၁၃စီးအပါအဝင် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနှင့် စစ်သုံးဒရုန်းယာဉ်တွေ အစီး ၉၄ စီးအထိ တင်ဆောင်နိုင်ပါတယ်။
Source AFP
#YangonbMediaGroup
#တူရကီဒရုန်းတင်စစ်ရေယာဉ်
#တူရကီကာကွယ်ရေးလုပ်ငန်း
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးလှဝင်း (အနန္တစွမ်းအားသျှင်)နှင့် အတူ...
-သံချပ်ဆိုတာ ပြည်သူနဲ့တစ်ထပ်တည်းဖြစ်အောင် တင်ဆက်ရခြင်းဖြစ်ပြီး "အနန္တစွမ်းအားသျှင်" အဖွဲ့မှာ(၇)နှစ်လောက် လုပ်ခဲ့ဖူးတာဖြစ်ကြောင်း
-သံချပ်ထွက်ဖို့ ပိုက်ဆံမရှိလို့ အိမ်ဂရံသွားပေါင်ပြီး သံချပ်ထွက်ခဲ့ရတာရှိခဲ့ဖူးပြီး မဏ္ဍပ် (၂၅) ခုမှာ (၂၄)ခုက ရွေးချယ်ခံခဲ့ရလို့ အိမ်ဂရံပြန်ရွေးနိုင်ခဲ့တဲ့ အမှတ်တရတွေအကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးစိန်ဝင်း (ပြည်သူ့မော်ကွန်း)နှင့် အတူ...
တစ်ခေတ်တစ်ခါက ရန်ကုန်သင်္ကြန်မှာ နာမည်ကြီးခဲ့တဲ့ သံချပ်မင်းသားကြီးတွေဖြစ်တဲ့ ဦးစိန်ဝင်း (ပြည်သူ့မော်ကွန်း)တို့က သူတို့ရဲ့ ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ် ရန်ကုန်သင်္ကြန်အကြောင်း ဗဟုသုတဖြစ်စရာ ပြန်ပြောင်းပြောဆိုထားကြပါတယ်။
-သံချပ်ကို ၁၉၈၈ခုနှစ်က စလုပ်ခဲ့တာဖြစ်ပြီး သံချပ်ရေးသူတွေက ပြည်သူတွေခံစားနေရတဲ့အကြောင်းအရာအမှန်ကို တင်ပြခြင်းမျှသာဖြစ်ပြီး သံချပ်ယဉ်ကျေးမှု မပပျောက်စေလိုကြောင်း
-၂၀၁၉ခုနှစ်မှာ "ပြည်သူ့မော်ကွန်း " သံချပ်အဖွဲ့ ဖွဲ့ပြီး အနှစ်သာရရှိတဲ့ သံချပ်ဆက်လက်ရှင်သန်ဖို့ လူငယ်တွေကို သင်ကြားပေးလျှက် ရှိကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 13 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးလှဝင်း (အနန္တစွမ်းအားသျှင်)နှင့် အတူ...
-သံချပ်ဆိုတာ ပြည်သူနဲ့တစ်ထပ်တည်းဖြစ်အောင် တင်ဆက်ရခြင်းဖြစ်ပြီး "အနန္တစွမ်းအားသျှင်" အဖွဲ့မှာ(၇)နှစ်လောက် လုပ်ခဲ့ဖူးတာဖြစ်ကြောင်း
-သံချပ်ထွက်ဖို့ ပိုက်ဆံမရှိလို့ အိမ်ဂရံသွားပေါင်ပြီး သံချပ်ထွက်ခဲ့ရတာရှိခဲ့ဖူးပြီး မဏ္ဍပ် (၂၅) ခုမှာ (၂၄)ခုက ရွေးချယ်ခံခဲ့ရလို့ အိမ်ဂရံပြန်ရွေးနိုင်ခဲ့တဲ့ အမှတ်တရတွေအကြောင်း..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #အမှန်တရားပြောတဲ့သံချပ်သမား
#YMG #Yangon_Media_Group
Published_ 13 April 2023
သင်္ကြန်အကြိုနေ့ဧပြီလ(၁၃)ရက်မှာရခိုင်တိုင်းရင်း သားတိုရဲ့ ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲကို ရန်ကုန်မြိုရှိရခိုင်ပြည်နယ်ဓမ္မာရုံမှာရိုးရာအစဥ်အလာမပျက်ကျင်းပခဲ့ပါတယ်၊၊
ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲဖွင့်ပွဲကိုနမောတဿသုံးကြိမ်ရွတ်ဆိုပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်၊၊
ymg/ppk
Yangon-Media-Group
#ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ
#မြန်မာသင်္ကြန်၂၀၂၃
Published_ 13 April 2023
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူအပါအဝင် နိုင်ငံကြီး (၇) နိုင်ငံ က ပဇီကြီးကျေးရွာ တိုက်ခိုက်ချေမှုန်းခံရမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်ကို လစ်လျူရှုကာ ကန့်ကွက်ရှုတ်ချမှုများပြုလုပ်နေတာဖြစ်တယ်လို့ နစက,က ပြောပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီ (၁၁)ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များအပါအဝင်အရပ်သားများ သေဆုံးရမှု အပေါ် ကုလသမဂ္ဂ၊အမေရိကန်၊ဗြိတိန်နှင့် အာဆီယံ ဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံအချို့က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုထားကြပါတယ်။
အဆိုပါ ရှုတ်ချပြောဆိုမှုများအပေါ် နစက,က ယခုလို ပြန်လည်တုန့်ပြန်ပြောဆိုလာခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ နိုင်ငံကြီးများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပါအဝင် ဖြစ်ပွားနေ သော ကမ္ဘာ့ရေးရာ ပဋိပက္ခများတွင် မိမိတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ရနိုင်သည့် အခွင့်အလမ်းအပေါ်မူတည်၍ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်ကိုလည်း တွေ့ရှိရကြောင်း၊ဒီမိုကရေစီနှင့် ပြည်သူ ဟု ကြွေးကြော်နေသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ ပကတိအခြေအနေကို မှန်ကန်စွာမသုံးသပ်ဘဲ အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို သွယ်ဝိုက်၍သော် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အားပေးအားမြှောက်ပြု၍ နိုင်ငံငယ်များ အပေါ် ကြီးနိုင်ငယ်ညှင်း အနိုင်ကျင့် နှိပ်ကွပ်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်ကဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးဆိုင်ရာ ဒေသအလိုက်ထိတွေ့ တိုက်ခိုက်မှု စည်းမျဉ်းများ(Rules of Engagement-ROE)ကိုလည်း ထုတ်ပြန်ပေး ထားပြီး ယင်းအတိုင်းလိုက်နာဆောင်ရွက်ကာ အဆိုပါအကြမ်းဖက်ဌာနချုပ် ဖွင့်လှစ်ရန် လျာထား သည့် ပဇီကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အပြီးသတ် ရှင်းလင်းရန် ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ဝန်းကျင်သည် KIA သောင်းကျန်းသူနှင့် PDFအမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်း၍ စစ်ကိုင်းတိုင်းမြောက်ခြမ်း အဓိက စစ်ရေးလှုပ်ရှားရာနှင့် စစ်ကိုင်းတိုင်းတောင်ခြမ်းသို့ လက်နက်/ခဲယမ်းများနှင့် လေ့ကျင့်ပြီးအကြမ်းဖက်သမားစေလွှတ်ရာ လမ်းကြောင်းပေါ်ရှိ အဓိက စခန်းထောက်နေရာ ဖြစ်ကြောင်း၊ ဆက်သွယ်ရေးမြောင်းများဖြင့် စစ်အခြေချစခန်းသဖွယ် တည်ဆောက်ထားပြီး မိုင်းများလည်း ပတ်လည်ထောင်ထားကြောင်း၊ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သောနေရာတွင် PDF အရေးကြီးခေါင်းဆောင်နှင့် KIA သောင်းကျန်းသူများ၊ PDFအမည်ခံ အကြမ်းဖက်သမားများ စုဝေးရောက်ရှိနေကြောင်းတို့ကို သတင်းအတိအကျရရှိသဖြင့် ကျေးရွာအပြင်ဘက်တွင် သီးခြားတည်ရှိနေသော စစ်ဘက်ပစ်မှတ်တစ်ခုအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/mt
Yangon_Media_Group

#Local_News
Published_ 13 April 2023
2023ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကိုရန်ကုန်မြိုတွင် စတင်ကျင်းပနေပါတယ်။
ဧပြီလ၁၃ရက်တေ့မဟာသင်္ကြန်အကြိုနေ့အဖြစ်ရန်ကုန်မြိုတော်ဝန်မဏ္ဏပ်ကိုမနက်၇နာရီအချိန်ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။
#Local_News #မြိုတော်ဝန်မဏ္ဏပ် #ပြည့်သူရင်ပြင်လမ်းလျောက်သင်္ကြန်
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးဂိတ်အဝင် ရန်တိုင်းအောင်ဘုရားစတုဒီသာမဏ္ဍပ်ကို ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က အမည်မသိ တစ်ဖွဲ့က ဗုံးခွဲခဲ့၍ လူအသေအပျောက် ရှိကြောင်း ကနဦး သတင်းရရှိသည်။
"ဗုံးကွဲတာ ဟုတ်တယ်။လူတွေ အသေအပျောက် ရှိတယ်လို့ ပြောနေကြတယ်။ဒဏ်ရာတော့ရတယ်တဲ့။ဒါပေမဲ့လည်း ကျွန်တော်တို့အနေနဲ့ မျက်မြင်မဟုတ်ပါဘူး။သေသူကို မမြင်မိဘူး။
ဗုံးပေါက်တာ ဟုတ်တယ်။ကယ်ဆယ်ရေး ကားတွေ သွားနေကြတယ်၊ဒဏ်ရာ ရတဲ့သူ ဘယ်လောက် ရှိလဲတော့ မသိရသေးဘူး"ဟု လာရှိုးမြို့ခံတစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းနေကြဆဲ ဖြစ်သည်။
ymg/mt
#Local_News #လားရှိုးဂိတ် #ရန်တိုင်းအောင်ဘုရားစတုဒီသာမဏ္ဍပ် # ဗုံးခွဲခံရ
#YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးပူးပေါင်းဖလှယ်ရန် နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဧပြီလ ၁၂ ရက်က ဆွေးနွေးခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
မြန်မာနိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ကျော်နိုင်စိုး ဦးဆောင်သောအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့(BGB) ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် A K M Nazmul Hasan(BAM,ndc,psc) ဦးဆောင်သောအဖွဲ့တို့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့အနီးရှိ နှစ်နိုင်ငံချစ်ကြည်ရေးတံတားတွင် ချစ်ကြည်ရေးအထိမ်းအမှတ် တွေ့ဆုံခဲ့ကြစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေးကိစ္စများကို ပူးပေါင်းဖလှယ် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကာ အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်၍ နှစ်ဖက်အဖွဲ့သည် ချစ်ကြည်ရေးတံတားမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ymg/mt
#YMG #Yangon_Media_Group


#Local_News
Published_ 13 April 2023
မြန်မာ့ရိုးရာသင်္ကြန်ထုံးတမ်းစဉ်လာကို ကမ္ဘာသိစေရန် ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် Short Film ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ မြန်မာတစ်နိုင်ငံလုံးရှိ မည်သူမဆို ဝင်ရောက်ယှဉ်နိုင်မည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကို Professional အဆင့်နှင့် ဝါသနာရှင်အဆင့်ဟူ၍ ၂ ပိုင်းခွဲခြားပြုလုပ်မည် ဖြစ်ရာ Professional အဆင့်တွင် မည်သည့်ကင်မရာကြီးအမျိုးအစားနှင့်မဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ဝါသနာရှင်အဆင့်တွင် မည်သည့်ဖုန်းအမျိုးအစားနှင့်မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆုကြေးများမှာ rofessional အဆင့်တွင် ပထမဆု ငွေကျပ် သိန်း (၂၀)၊ ဒုတိယဆု ငွေကျပ် (၁၅)သိန်း၊ တတိယဆုငွေကျပ် (၁၀)သိန်း၊ နှစ်သိမ့်ဆု (၃)ဆုအား ငွေကျပ် (၅)သိန်းစီ ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ပြီး ဝါသနာရှင်အဆင့်အတွက် ပထမဆု ငွေကျပ် (၇)သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် (၅)သိန်း၊ တတိ ယဆုအတွက် ငွေကျပ် (၃)သိန်း၊ နှစ်သိမ့်ဆု (၃)ဆုအတွက် ငွေကျပ် (၁)သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲအတွက် ရိုက်ကူးမည့် ဇာတ်လမ်းတိုတွင် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို သေချာပီပြင်စွာ ရိုက်ကူးပုံဖော်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာဆန်စွာ ရေပက်ကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းများ၊ သက်ကြီးဘိုးဘွားများ ဆံပင်ညှပ်ခြင်း၊ခေါင်းလျော်ခြင်း၊ခြေသည်းလက်သည်းညှပ်ခြင်းများ၊ သင်္ကြန်တွင်းအခါကြီးရက်ကြီး ဥပုသ်သီလဆောက်တည်၍တရားနာခြင်း၊ ရဟန်းသံဃာများ ပရိတ်ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် သက်ဆိုင်သော ပုံရိပ်များ စုံလင်စွာပါရှိရမည်ဖြစ်ကြောင်း သိရသည်။
ယခုပြိုင်ပွဲဝင် Short Film များ Myanmar Thingyan Festival 2023 Page တွင် တင်ဆက်သွားမည်ဖြစ်ပြီး Like and Share အများဆုံး Short Film အား People Choice Award အဖြစ် အထူးဆုအနေဖြင့် ငွေကျပ်(၃)သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊Short Film ကို ကြာချိန် (၅) မိနစ်ထက် မပိုစေဘဲ 1080 x 720 DPI HD Quality ဖြင့် ပေးပို့ယှဉ်ပြိုင်ရန်၊ Short Filmနှင့် အတူ Stay ပုံ ၅ပုံပါထည့်သွင်း၍ ဧပြီလ ၃၀ ရက် နောက်ဆုံးထားကာ
ymg/mt
#Local_News ##မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် #Short Filmပြိုင်ပွဲ
#YMG #Yangon_Media_Group
#World_Military
Published 13 April 2023
လာမယ့် တန်ပြန်ထိုးစစ်မှာ ယူကရိန်းတို့ အသာရရေးနဲ့ ရုရှားတိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းတို့အပေါ် အမေရိကန်က အတော်လေးစိုးရိမ်ပူပန်နေရကြောင်း အင်္ဂါနေ့က အစီရင်ခံမှာ AFP က ဖော်ပြလိုက်ပါတယ်။
လူအများအသိမခံနိုင်တဲ့ အမေရိကန်ရဲ့အချက်အလက်တွေ အွန်လိုင်းပေါ်မှာပေါက်ကြားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်ခံရနိုင်တဲ့အတွက် အမေရိကန်မှုခင်းစုံစမ်းရေးအဖွဲ့က စစ်ဆေးသွားမှာဖြစ်ပါတယ်။
ယူကရိန်းက နွေဦးကာလမှာ ကျူးကျော်ရုရှားတပ်တွေကို တိုက်ခိုက်သွားဖို့လည်း မျှော်မှန်းထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ထိပ်သီးလျှို့ဝှက်အချက်အလက်အရ မာထန်တဲ့ရုရှားခံတပ်နဲ့ ယူကရိန်းတပ်များ လေ့ကျင့်ရေးနည်းပါးခြင်း၊ လက်နက်ခဲယမ်းပြဿနာများကြောင့် အခက်အခဲဖြစ်လာနိုင်စေပြီး တိုက်ခိုက်မှုအတွင်း အကျအဆုံးများနိုင်တယ်လို့လည်း ဝါရှင်တန်ပို့စ်က ဖော်ပြထားပါတယ်။
ယူကရိန်းရဲ့ နိုင်ငံတကာထောက်ပံ့သူများက ယူကရိန်းလေကြောင်းကာကွယ်ရေး မြှင့်တင်ရန်၊ အမြင့်ပေအမျိုးမျိုးရှိ တိုက်ခိုက်မှုများကို ကာကွယ်ရန် ကာကွယ်ရေးအလွှာအသီးသီးကို နည်းပညာများပေါင်းစပ်ထုတ်လုပ်ရန် လုပ်ဆောင်နေကြပါတယ်။
ဖေဖော်ဝါရီ ၂၃ မှတ်တမ်းအရ ယူကရိန်း တာလတ်ပစ် တာဝေးပစ်လေကြောင်းကာကွယ်ရေး ၈၉ ရာခိုင်နှုန်းလောက်က SA-10 ၊ SA-11 ဆိုဗီယက်ခေတ်စနစ်များဖြစ်ကာ မကြာမီလက်နက်ပြတ်လပ်နိုင်ဖွယ်ရှိပါတယ်။
ရှေ့တန်းကိုကာကွယ်ပေးမယ့် ယူကရိန်းရဲ့ တာလတ်ပစ်လေကြောင်းကာကွယ်ရေးဟာ မေလ ၂၃ ရက်နေ့မှာ လျှော့ချသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်ထပ်အချက်အလက်မှာတော့ အီဂျစ်သမ္မတ'အက်ဘ်ဒယ်လ်ဖာတာအယ်လ်စီစီ'က ရုရှားကိုတင်ပို့မယ့် ဒုံးကျည် ၄ သောင်းထုတ်လုပ်မှုကို မှာယူထားကြောင်းနဲ့ အနောက်နိုင်ငံနဲ့ပြဿနာမတက်စေရန် လျှို့ဝှက်ပေးထားဖို့အကြောင်း ပါဝင်ပါတယ်။
အိမ်ဖြူတော်လုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ'ဂျွန်ကာဘီ'က "အီဂျစ်ဟာ ရုရှားထံ လက်နက်များပေးပို့တဲ့ အရိပ်အယောင်မတွေ့ရပါဘူး၊ အီဂျစ်က လုံခြုံရေးမိတ်ဖက်နိုင်ငံတစ်ခု ဖြစ်နေဆဲပါ" လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
တွစ်တာ၊ တယ်လီဂရမ်၊ ဒစ္စကော့နဲ့ အခြားဆိုက်တွေမှာ အချက်အလက်ပါဓာတ်ပုံတွေ ဒါဇင်ခန့်ပျံ့နှံ့နေပြီး အချို့ဆိုရင် ဒီမတိုင်ခင်ကတည်းက ရှိနေခဲ့ပြီးဖြစ်ပါတယ်။
စစချင်းတွေ့ရှိရာ ဆိုက်တွေမှာ အချက်အလက်တွေမတွေ့ရတော့ဘဲ အမေရိကန်က လိုက်လံဖယ်ရှားနေတယ်လို့ သိရပါတယ်။
အခုလိုအချက်အလက်ပေါက်ကြားခြင်းက အမေရိကန်ထောက်လှမ်းရေးအရင်းအမြစ်အတွက် ဘေးအန္တရာယ်များစေသလို ရန်သူတွေအတွက်တော့ တန်ဖိုးရှိအချက်အလက်တွေ သိရှိရတဲ့အခြေအနေဖြစ်ပါတယ်။
Source: The Straits Times
#World_Military #ပေါက်ကြားလာသည့်အမေရိကန်စစ်ရေးအချက်အလက်များ #ယူကရိန်း စစ်ရေးစွမ်းရည် #YMG #Yangon_Media_Group
#World_Health
Published_ 13 April 2023
လပြည့်တဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ပိုပြီးအဖြစ်များကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အင်ဒီယာနာဆေးတက္ကသိုလ်မှ စိတ်ရောဂါပညာရှင်များက ၂၀၁၂ မှ ၂၀၁၆ အတွင်းဖြစ်ခဲ့တဲ့ သေကြောင်းကြံစည်မှုများကို သုံးသပ်ခဲ့ရာ လပြည့်တဲ့အချိန်တွေမှာ သေကြောင်းကြံစည်မှုသိသိသာသာ များနေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် အသက် ၅၅ နှစ်ကျော်လူတွေမှာ သေကြောင်းကြံစည်ပြီး သေဆုံးမှုနှုန်း ပိုများနေပါတယ်။
ဒါကြောင့် လပြည့်တဲ့အချိန်တွေမှာ သေကြောင်းကြံစည်နိုင်ချေရှိတဲ့သူတွေကို ပိုပြီးသတိထားစောင့်ကြည့်သင့်တယ်လို့ အင်ဒီယာနာဆေးတက္ကသိုလ်မှ အဲလက်ဇန်ဒါနီကူလက်စ်ကူက ပြောပြခဲ့ပါတယ်။
မိမိကိုယ်ကို သေကြောင်းကြံစည်မှုများတဲ့ နေ့တွေလတွေကိုလည်း လေ့လာခဲ့ရာ ညနေ ၃ နာရီမှ ၄ နာရီကြားအချိန်၊ စက်တင်ဘာလတို့မှာ ဖြစ်နိုင်ချေအများဆုံးရှိနေပါတယ်။
အခြားစိတ်ကျန်းမာရေးအခြေအနေများဖြစ်တဲ့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အတွက်လည်း သွေးစစ်ဆေးနည်းများထုတ်လုပ်ထားပါတယ်။
လရဲ့အလင်းရောင်က ခန္ဓာကိုယ်မှာ နေ့ညလည်ပတ်မှုစက်ဝန်းကို သက်ရောက်နေပါတယ်။
အဲလက်ဇန်ဒါနဲ့အဖွဲ့က သေကြောင်းကြံစည်မှုနဲ့ပတ်သက်ပြီး လအလင်းရောင်နဲ့ ခန္ဓာကိုယ်နေ့ညလည်ပတ်မှုတို့အပေါ် သက်ရောက်မှုတွေကို တွေ့ရှိခဲ့ပါတယ်။
ညနေ ၃ နာရီနဲ့ ၄ နာရီကြားမှာ အလင်းရောင်လျော့နည်းလာတဲ့အချိန်မှာလည်း သေကြောင်းကြံစည်မှုမြင့်မားကာ စက်တင်ဘာလမှာ နွေရာသီအားလပ်ရက်ပြီးဆုံးပြီး နေ့အလင်းရောင်လျော့နည်းလာတာတွေက လူတွေမှာ ဖိစီးမှုနဲ့ စိတ်မမှန်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
လက်ရှိလေ့လာမှုအရ လပြည့်နေ့၊ ဆောင်းဦးရာသီ၊ မွန်းလွဲနောက်ပိုင်းအချိန်တွေဟာ သေကြောင်းကြံစည်မှု အဖြစ်အများဆုံး အချိန်တွေဖြစ်နေပြီး အထူးသဖြင့် စိတ်ဓာတ်ကျဝေဒနာသည်၊ အရက်ကြောင့်စိတ်မမှန်သူများ အဖြစ်များတတ်ပါတယ်။
Source: India Today
#World_Health #လပြည့်ည #မိမိကိုယ်ကိုသေကြောင်းကြံစည်မှု #သိသိသာသာအဖြစ်များ
#YMG #Yangon_Media_Group
Page 1203 of 1919