#World_Science
Published 6 May 2023
ယနေ့ခေတ်မှာ သိပ္ပံပညာထက် ဂြိုဟ်သားအကြောင်းအရာတွေက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းနေပါတယ်။
ဒီအကြောင်းအရာဟာ လူ့ယဉ်ကျေးမှုအဆက်ဆက်ရဲ့ စိတ်တွေမှာ ရာစုနှစ်များကြာအောင်ရှိနေခဲ့ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဝေးလံတဲ့အာကာသနေရာများမှာ ဂြိုဟ်သားတည်ရှိမှုကိုရှာဖွေနိုင်ဖို့ အာရုံစိုက်နေကြပါတယ်။
ဒါ့အပြင် ဂြိုဟ်သားတွေဟာလည်း ကျွန်ုပ်တို့ကိုရှာဖွေနေတာဖြစ်နိုင်ပါတယ်။
ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ရောက်လာရင် ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာလည်း အလွန်စိတ်ကူးယဉ်ဆန်နေကြပါတယ်။
ဂြိုဟ်သားတွေက မိုဘိုင်းတာဝါအချက်ပြမှုများအသုံးပြုပြီး ကျွန်ုပ်တို့ကိုရှာဖွေနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံနည်းကျလေ့လာမှုမှာ ဆိုထားပါတယ်။
မိုဘိုင်းဖုန်းများက ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသောလူတွေရဲ့ ဘဝအစိတ်အပိုင်းဖြစ်နေပါတယ်။
မိုဘိုင်းဖုန်းကွန်ရက်များအတွက် ရေဒီယိုထုတ်လွှင့်မှုတာဝါတိုင်အများအပြား လိုအပ်ပါတယ်။
ကမ္ဘာမြေမှ ရေဒီယိုအချက်ပြချက်အားလုံးရဲ့ တစ်စိတ်တစ်ပိုင်းက အာကာသထဲသို့ပေါက်ကြားတတ်ပါတယ်။
စစ်ဘက်ဆိုင်ရာရေဒါများမှလှိုင်းများဟာ ကမ္ဘာမြေမှ အဓိကရေဒီယိုလှိုင်းစိမ့်ထွက်ရာနေရာ ဖြစ်နေဆဲဖြစ်ပြီး ဆဲလ်စွမ်းအင်ကွန်ရက်တွေက ဒုတိယအများဆုံးနေရာသို့ ရောက်ရှိလာပါတယ်။
ဆဲလ်တာဝါတစ်ခုချင်းစီက ရေဒီယိုထုတ်လွှင့်မှု ၁၀၀ - ၂၀၀ ဝပ်ရှိကာ ကမ္ဘာဂြိုဟ်ပေါ်မှာ မိုဘိုင်းတာဝါပေါင်းများစွာတည်ရှိတာကြောင့် ရေဒီယိုအချက်ပြထုတ်လွှင့်မှု ဂစ်ဂါဝပ်အနည်းငယ်မျှဟာ အာကာသထဲသို့ဖြာထွက်သွားပါတယ်။
ဂြိုဟ်သားတွေမှာ ခေတ်မီဆန်းပြား မနက်ဖန်၁၀တဲ့ စွမ်းရည်တွေရှိပါက လာမယ့်အလင်းနှစ်တစ်ဒါဇင်ခန့်အတွင်း ကမ္ဘာမြေမှ ရေဒီယိုယိုစိမ့်မှုကို သိရှိနိုင်ဖွယ်ရှိပါတယ်။
Source: WION #World_Science #မိုဘိုင်းဖုန်းတာဝါ #ရေဒီယိုလှိုင်း #ဂြိုဟ်သား
#YMG #Yangon_Media_Group
#LocalNews
Published _ 6 May 2023
အမေရိကန်နိုင်ငံတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့သော One Championship(MMA) ပြိုင်ပွဲတွင် မြန်မာ့စပါးအုံးအောင်လအန်ဆန် က တရုတ်နိုင်ငံသား ဖန်ရောင်း အား ဒုတိယအချီ၌ပင် အနိုင်ရခဲ့သည်။
ပွဲစဉ်အတွင်း ဒုတိယအချီ ၄၇ စက္ကန့်ခန့်တွင် အောင်လက ဖန်ရောင်းအား
ချုပ်ကွက်ဖြင့်ချုပ်ကိုင်နိုင်ခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် အနိုင်ရရှိခဲ့သော
အောင်လ အနေဖြင့် ချန်ပီယံခါးပတ် စိန်ခေါ်ထိုးသတ်ခွင့် ပြန်လည်ရရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့တွင် ပြုလုပ်နေသောကိုယ်ခံ ပညာသိုင်းပေါင်းစုံအားကစားအဖွဲ့က ကျင်းပပြုလုပ်သော One ChampionShip ၏ One Fight Night 10 ပြိုင်ပွဲ မှာ အောင်လအန်ဆိုင်း နှင့် One Championship တို့အကြား စာချုပ်ပြည့်နောက်ဆုံးပွဲစဉ်လည်းဖြစ်သည်။
ymg/pl
Yangon _Media_Group

Published 6 May 2023
လွန်ခဲ့တဲ့ (၃)နှစ်အတွင်း လူသန်းပေါင်းများစွာ၏ အသက်ကိုဇိဝိန်ချွေခဲ့ကာ မညီမျှမှုများနက်ရှိုင်းခဲ့ပြီး စီးပွားရေးများ ကျဆင်းစေခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးသည် ယခုအခါ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေအဆင့်မှ အဆုံးသတ်သွား ပြီဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေလ ၅ရက် သောကြာနေ့ ကြေညာခဲ့ပါတယ်။
“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီဟာ ယမန်နေ့က ၁၅ကြိမ်မြောက်စည်းဝေးခဲ့ပြီးနောက် နိုင်ငံတကာ စိုးရိမ်ပူပန်ရတဲ့ ပြည်သူ့ကျန်းမာရေးအေရေးပါ်အခြေအနေအဆုံးသတ်သွားပြီလို့ ကျွန်တော့်ကိုကြေညာလို့ ရအောင် သူတို့ကထောက်ခံတင်ပြခဲ့ကြပါတယ်။ သူတို့အကြံပေးတာကို ကျွန်တော်လက်ခံပြီး ကိုဗစ်-၁၉သည် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဆုံးသတ်သွားပြီလို့ ကြီးမားတဲ့မျှော်လင့်ယုံကြည်မှုနှင့်အတူ ကျွန်တော် ကြေညာပါတယ်”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ်ဂီဘရီရက်ဆပ်စ်က သတင်းထောက် တွေကိုပြောကြားပါတယ်။ ကိုဗစ်ကပ်ကြောင့် အနည်းဆုံး လူသန်း၂၀သေဆုံးခဲ့ရတယ်လို့သူကခန့်မှန်းပါတယ်။ ဒီခန့်မှန်းချက်ဟာ တရားဝင်ခန့်မှန်းထားတာထက်သုံးဆခန့်များနေပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လွတ်လပ်သော အရေးပေါ်ကော်မတီက ကြာသပတေးနေ့မှာ စည်းဝေးခဲ့ကြပြီးနောက် ဒီကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီအကျပ်အတည်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ အမြင့်မားဆုံး တပ်လှန့်မှု မရှိတော့ဘူးလို့ သူတို့က သဘောတူခဲ့ကြပါတယ်။
ဒီလိုပြောလိုက်လို့ ခြိမ်းခြောက်မှုတွေမရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလို့လည်း တက်ဒရော့စ်က သတိပေးပါတယ်။ အခြေအနေတွေပြောင်းလဲလာဦးမယ်ဆိုရင် အရေးပေါ်အခြေအနေ ပြန်ရောက်လာနိုင်ချေရှိလို့ သတိရှိနေကြဖို့ သူက ပြောပါတယ်။
“ ဒါပေမယ့် ဒီလိုကြေညာလိုက်တာက ကိုဗစ်-၁၉ဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုပြီးဆုံးသွားပြီဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူး” လို့ သူကပြောပါတယ်။
“ဘယ်နိုင်ငံမဆိုအဆိုးရွားဆုံးလုပ်နိုင်တဲ့ကိစ္စက ဒီသတင်းကို အကြောင်းပြချက်တစ်ခုအနေနှင့်သုံးပြီး စောင့်ကြည့်တာ တွေဖြုတ်တာ၊တည်ဆောက်ပြီးသားစနစ်တွေဖျက်ပစ်တာ၊ ပြီးတော့ လူတွေကို ကိုဗစ်ဟာ စိတ်ပူစရာမလိုတော့ဘူးဟေ့ လို့ သတင်းတွေပေးတာတွေပဲဖြစ်တယ်” လို့ သူကထောက်ပြပါတယ်။
၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၃၀ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာစိုးရိမ်ပူပန်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကိုကြေညာခဲ့တာဖြစ်ပါတယ်။
Source WION
#ကိုဗစ်-၁၉
#ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ကျန်းမာရေးအခြေအနေပြီးဆုံး
#YangonMediaGroup
Published 5 May 2023\






#YMG #Yangon_Media_Group
#Local_News
Published _5 May 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation – SCO) ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးအတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့ ယနေ့ မေလ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသိရသည်။
အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြကြောင်းလည်း သိရ
သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယခုအခါ SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ymg/pl
#YMG #Yangon_Media_Group

#Local_News
Published_ 5 May 2023
ပြည်တွင်းရွှေဈေးဟာမေလ ၅ ရက်နေ့မနက်ပိုင်းမှာ သိန်း ၃၀ ကျော် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၂၀၄၅ ဒေါ်လာ ကိုစံချိန်တင်မြင့်တက်နေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ဒေါ်လာပေါက်ဈေးအနည်းငယ်ပြန်ကျ
#YMG #Yangon_Media_Group
#World_Health
Published 5 May 2023
ဗင်နီဇွဲလားမှ အော်ရီနိုကိုမိကျောင်းတွေဟာ အရွယ်အစားကြီးပြီး ချွန်ထက်လှတဲ့သွားတွေရှိတဲ့ ကြောက်စရာသတ္တဝါကြီးတွေဖြစ်ပေမယ့် သူတို့ကိုမျိုးသုဉ်းတဲ့အထိ အမဲလိုက်နေတဲ့လူသားတွေကိုတော့ မယှဉ်နိုင်ဘဲဖြစ်နေပါတယ်။
#World_Health #ဗင်နီဇွဲလား #အော်ရီနိုကို #မိကျောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားတွင် ဘုရားဖူးကားတိမ်းမှောက်လို့ ၃၀ ဦးခန့် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Local_News #မော်လမြိုင် #သိပ်ဇရပ် #မရမ်းချောင်း
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
စက်သုံးဆီ ဈေးမှာ နှုန်းထားယခင်လကထက်နှစ်ရာကျပ်ကျော်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီ #92
#YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
လတ်တလောမှာ ပြည်ပသွင်းကုန်ဖြစ်တဲ့ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျလာတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#Local_News #စားအုန်းဆီ #ပြည်တွင်းထုတ်ကုန် #ပဲဆီအထွက်တိုး
#YMG #Yangon_Media_Group
#Daily_News
Published_ 5 May 2023
၁။ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျ၊ ပြည်တွင်းထုတ်ကုန် ပဲဆီအထွက်တိုးပေမယ့် ဈေးမြှောက်နေဆဲဖြစ်
၂။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၈၇၅ ကျပ်အထိ ကျဆင်းနေ
၃။ မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားကုလားမကွေ့တွင် ဘုရားဖူး ကားတိမ်းမှောက်၊ လူ ၃၀ ခန့် ဒဏ်ရာရရှိ
၄။ ဗင်နီဇွဲလား၏ အော်ရီနိုကို မိကျောင်းများကို ကယ်ဆယ်ရန်ကြိုးပမ်းလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 5 May 2023
မြန်မာနိုင်ငံရဲ့ပဋိပက္ခမှာ အဓိကပါဝင်တဲ့ အဖွဲ့အစည်းတွေနှင့် မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယ၊ထိုင်းနှင့်တရုတ်တို့ကို အင်ဒိုနီးရှားအနေနှင့် လပေါင်းများစွာ တိတ်တဆိတ်တွေ့ဆုံ စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မေလ၅ ရက်သောကြာနေ့ကထုတ်ဖော်ပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။
အကြမ်းဖက်မှုတွေပြင်းထန်လာတဲ့အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု စတင်နိုင်ဖို့ကြိုးစားအားထုတ်မှုတစ်ခုအနေနှင့် ဆောင်ရွက်တာလို့လည်းဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကို သီးသန့်ဖြေကြားရာမှာ အာဆီယဥက္ကဋ္ဃအနေနှင့် အကျပ်အတည်းကိုထိုးဖောက်ကျော်လွှားနိုင်ဖို့ ကြိုးစားအားထုတ်တဲ့အနေနှင့် အခုလို တိတ်တိတ်ဆိတ်ဆိတ်ဆွေးနွေးမှု တွေပြုလုပ်နေတာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သံတမန်တွေဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနှင့် အကြိမ်း၆၀ကျော် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေထဲမှာ နစက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် NUG တို့ပါဝင်ကြတယ်လို့လည်း ရိုက်တာ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ပတ်သက်သူတွေအားလုံးရဲ့ယုံကြည်မှုရရှိရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့လည်း သူမကနောက်ပိုင်းပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။
“ အင်ဒိုနီးရှားဟာ လော်စပီကာမဟုတ်တဲ့ သံခင်းတမန်ခင်းကိုအသုံးပြုနေတယ်တယ်။ ရည်ရွယ်တာကတော့ ပါဝင်ပတ်သက်သူတွေအားလုံး ယုံကြည်မှုတည်ဆောက်နိင်ဖို့ဖြစ်တယ်” လို့လည်း သူမကဆက်လက်ပြောဆိုခဲ့ပါတယ်။
“ တိတ်တိတ်ဆိတ်ဆိတ်ဒီပလိုမေစီဆိုတာ ဘာမှမလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ လေးလအတွင်း အင်ဒိုနီးရှားဟာ တော်တော်များများလုပ်နိုင်ခဲ့တယ်” လို့ သူမကဆိုပါတယ်။
“ ပါဝင်နိုင်သမျှသူတွေပါဝင်နိုင်ဖို့ ကျွန်မတို့ကြိုးစားနေတယ်။ အင်ဒိုနီးရှားဟာ အဖွဲ့အစည်းတွေအကြား နက်ရှိုင်းပြတ်သားနေတဲ့ ကွာဟမှုတစ်ခုကို လျှော့ချရာမှာ ပေါင်းကူးပေးတဲ့ အခန်းကဏ္ဍကနေကြိုးစားဆောင်ရွက်နေတယ်” လို့လည်း ရက်တ်နိုက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
မြန်မာနစကနှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုက ကိုယ်စားလှယ်တွေက သူမရဲ့မှတ်ချက်အပေါ် ဘာတုန့်ပြန်ချက်မှမပေးခဲ့ပေမယ့် NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ဟာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတစ်ခုအတွက် ကြိုးစားနေတဲ့ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရိုက်တာကို ပြန်ဖြေကြားခဲ့ပါတယ်။
Ref: Reuter’s Report
-ymg/knl
#YangonMediaGroup
#မြန်မာ့နိုင်ငံရေး
#အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှား
Page 1207 of 1958