Published 9 April 2023
မြန်မာနိုင်ငံရဲ့ အသားအရေအလှအပထိန်းသိမ်းရေး ဈေးကွက်ဟာ ၂၀၁၉ခုနှစ်မှာ ဒေါ်လာ ၂၇၂.၃ သန်းရှိလာခဲ့ရာမှ ၂၀၂၇ ခုနှစ် အရောက်မှာ ဒေါ်လာ ၅၀၁.၆သန်းအထိတိုးတက်လာမယ်လို့ နိုင်ငံတကာ ဈေးကွက်သုတေသအဖွဲ့အစည်းတစ်ခုကခန့်မှန်း လိုက်ပါတယ်။
လူဦးရေ၅၄သန်းခန့်ရှိနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်အချိုးအစားဟာ မျှတတဲ့ အနေအထားမှာရှိနေတဲ့အတွက် လှုပ်ရှားတက်ကြွမှုရှိတဲ့ စားသုံးသူ အခြေခံကို ဖန်တီးပေးထားတယ်လို့ အဆိုပါ Allied Market Research ရဲ့ သုတေသတွေ့ရှိချက်ထဲမှာဖော်ပြထားပါတယ်။
မြန်မာအသားအရေအလှအပထိန်းသိမ်းရေးထုတ်ကုန်ဈေးကွက်ဟာ ယှဉ်ပြိုင်ရမှု မျှမျှတတရှိနေပြီး နိုင်ငံတကာထုတ်ကုန်ရော ပြည်တွင်းထုတ်ကုန်တွေရော နေရာရနေတာဖြစ်တယ်လို့လည်း အဆိုပါအစီရင်ခံစာကဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ စားသုံးသူတွေဟာ လျှော့ဈေးပေးတဲ့အပေါ် ကြီးမားစွာ မှီခိုထားပြီး အရည်အသွေးကောင်းတဲ့ အသားအရေအလှအပ ထုတ်ကုန်တွေကို လျှော့ဈေးနှင့်ရတာကို ပိုသဘောကျကြတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံက သုံးစွဲသူတွေဟာ အယ်ကိုဟောနှင့် တိရစ္ဆာန်တွေသတ်ဖြတ်ရာကနေရရှိတဲ့ အရေပြားအလှထုတ်ကုန်တွေကို မကြိုက်ကြဘူးလို့လည်း ပြောပါတယ်။ မြန်မာ့ဈေးကွက်မှာ Dove၊ Neutrogenaနှင့် Panteneအမှတ်တံဆိပ်တွေ နေရာ ကောင်းကောင်းယူထားကြပြီး ဈေးကြီးတဲ့ထုတ်ကုန်တွေကို နိုင်ငံခြားသားတွေ၊ အထက်တန်းလွှာတွေနှင့် အလယ်အလတ်အထက်လူတန်းစားတွေက နှစ်သက်ကြတယ်လို့လည်း အဆိုပါအစီရင်ခံစာကပြောပါတယ်။
မြန်မာ့ဈေးကွက်မှာ ခရင်မ် cream အရေပြားအလှကုန်ပစ္စည်းတွေဟာ ၂၀၁၉ခုနှစ်မှာ ဦးဆောင်နေပြီး အခြားသော ပစ္စည်းအမျိုးအစားတွေလည်း နေရာတိုးပြီးယူလာနိုင်မယ့် အခြေအနေရှိနေပါတယ်။
၂၀၁၉ခုနှစ်စာရင်းများအရ မြန်မာနိုင်ငံ အရေပြားအလှကုန်တွေရဲ့ သုံးပုံနှစ်ပုံဟဟာ အမျိုးသမီးတွေအတွက်ဖြစ်ကြပြီး အမျိုးသားသုံးအရေပြားအလှကုန်အချိုးအစားကလည်း တိုးလာနေဖို့ရှိနေပါတယ်။
ဖြန့်ချိရေးမှာ စူပါမားကက်တွေနှင့် ဟိုက်ပါမားကက်တွေမှာ အရောင်းရဆုံဖြစ်ပြီး အွန်လိုင်းကနေရောင်းတာတွေလည်း တိုးတက်လာဖို့ရှိနေပါတယ်။
အဆိုပါ မြန်မာ့အသားအရေအလှကုန်ဈေးကွက်နှစ်စဉ်တိုးတက်မှုအစီရင်ခံစာ ၂၀၂၁-၂၀၂၇ အတွက် အချက်အလက်တွေကို L’Oréal S.A၊ Kao Corporation၊ Estee Lauder ၊Revlon Inc၊ ၊ Unilever Group ၊Shiseido Company Limited၊ Procter & Gamble ၊ Frenzo Myanmar Company Limited ၊Beiersdorf AG နှင့် ရွှေပြည်နန်းတို့ကနေရရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။
Photo Credit: The Skin District 9
-ymg/knl
#မြန်မာနိုင်ငံအသားအရေထိန်းသိမ်းရေးအလှကုန်ဈေးကွက်
#မြန်မာ့အသားအရေအလှကုန်ဈေးကွက်
#YangonMediaGroup
#Local_News
Published_ 9 April 2023
မန္တလေး-လာရှိုး ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၁/၆)နှင့်(၇၁/၇)ကြားတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်ခေါင်းခန်းတွင် ညှပ်မိနေသော အမျိုးသား နှစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာသို့ နောင်ချိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယာဉ်ခေါင်းခန်းတွင် ညှပ်မိနေသော အမျိုးသား နှစ်ဦးကို မီးသတ်တပ်ဖွဲ့ပိုင် Hydraulic Rescue Tool များအသုံးပြု၍ ကယ်ဆယ်ရွှေ့ထုတ်ခဲ့ကြရကြောင်း သိရသည်။
အဆိုပါ နှစ်ဦးကို ဖြူစင်မေတ္တာလူမှုရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ymg/mt
#Local_News #မန္တလေး-လာရှိုးလမ်းမကြီး # ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group

#World_Science
Published_ 9 April 2023
လူသားတွေနေထိုင်တဲ့ ကမ္ဘာဂြိုဟ်ကြီးမှာ ပူနွေးမှုအမှန်တကယ် ဖြစ်ပေါ်နေပြီး ရာသီဥတုဖောက်ပြန်ခြင်း၊ ကမ္ဘာကြီးပူနွေးမှုဆိုတဲ့ အကြောင်းအရာတွေက သတင်းတွေမှာ နေ့စဉ်နဲ့အမျှ မြင်နေရပါတယ်။
ဒီကိစ္စကြောင့် ထိခိုက်ပျက်စီးလာမှုတွေကို တိုင်းတာတဲ့အခါမှာတော့ ဒီဖြစ်စဉ်တွေဘယ်လောက်ကျယ်ပြန့်လဲဆိုတာ ရှင်းရှင်းလင်းလင်းသိလာရပါတယ်။
ယူကေစိန့်အန်ဒရူးတက္ကသိုလ်၊ တရုတ်သိပ္ပံအကယ်ဒမီ၊ ဩစတြီးယား ဂရက်ဇ်နည်းပညာတက္ကသိုလ်၊ ကာနယ်ဂီမယ်လွန်တက္ကသိုလ်တို့မှ သုတေသီများက ဟိမဝန္တာရှိ ရေခဲထုများအရည်ပျော်ခြင်းကို တွက်ချက်ကြည့်ခဲ့ကြပါတယ်။
ဟိမဝန္တာရှိ ရေခဲတောင်များအရည်ပျော်ခြင်းပမာဏက ဆင်အကောင်ရေ သန်း ၅၇၀ ရဲ့အလေးချိန်နဲ့ညီမျှကြောင်း သုတေသီများတွေ့ရှိခဲ့ပါတယ်။
ဟိမဝန္တာအလယ်ပိုင်းမှ ရေခဲဆုံးရှုံးမှုတွေကို အများဆုံးလျှော့တွက်မိခဲ့တယ်လို့ Nature Geoscience ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ခန့်မှန်းချက်တွေက ရေခဲအရည်ပျော်ခြင်းအတွက် မရေရာမှုကိုလျှော့ချနိုင်ပြီး တောင်ဒေသတဝိုက် ရေအရင်းအမြစ်ထိန်းချုပ်ခြင်းကို အထောက်အပံ့ပေးနိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
ဂြိုဟ်တုတွေနဲ့ ကန်မျက်နှာပြင်ကို တိုင်းတာလို့ရပေမယ့် ရေမျက်နှာပြင်အောက် ရေခဲကနေ ရေအဖြစ်ပြောင်းသွားတာကိုတော့ စစ်ဆေးလို့မရပါဘူး။
ဒါကြောင့်ပဲ ရေခဲအရည်ပျော်ခြင်းကို လျှော့တွက်မိရတဲ့ အကြောင်းအရင်းဖြစ်နေပါတယ်။
ဆင်တွေရဲ့အလေးချိန်ဖြင့် ရေခဲထုဆုံးရှုံးခြင်းကိုဖော်ပြတာဟာ ဆယ်စုနှစ် ၂ ခုအတွင်းဖြစ်စဉ်ကိုသာ ထည့်သွင်းထားတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Source: WION
#World_Science ##ဆင်အကောင်ရေသန်း(၅၇၀)၏အလေးချိန် #ဟိမဝန္တာရေခဲထုများ #အရည်ပျော်ဆုံးရှုံး #YMG #Yangon_Media_Group
#Local_News
Published_ 9 April 2023
သင်္ကြန်ကာလအတွင်းညောင်ရွှေမြို့၊ အင်းလေးရေပေါ်သင်္ကြန်တွင် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်လျက်ရှိသူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဧပြီလ ၅ ရက် နံနက်ပိုင်းက ညောင်ရွှေမြို့၊ မိုင်းလီ(၅)ရပ်ကွက်၌ အင်းလေး PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် လေးလွင်မျိုး(ခ) ကိုမျိုး(ခ)ပူတူးနှင့် ခိုင်ဇာဝင်း တို့ကို လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ် ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ လက်လုပ်သေနတ်ပြောင်း ၂ ခု၊ လက်လုပ်ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတို့၏ ထွက်ဆိုချက်အရ လေးလွင်မျိုး(ခ)ကိုမျိုး(ခ) ပူတူး သည် တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့၏ ချိတ်ဆက်ပေးမှုဖြင့်၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖယ်ခုံမြို့နယ်၊ ကာဟန့်ကျေးရွာအနီးရှိ အင်းလေး PDF. အမည်ခံ ရင်း(၁၀၀၉၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း ၁ လခန့်တက်ရောက်ခဲ့ပြီး လက်လုပ်မိုင်း ပြုလုပ်နည်းနှင့် ဖောက်ခွဲနည်းများကို သင်ယူခဲ့ကာ ညောင်ရွှေမြို့၊ မိုင်းလီ(၅)ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့ပြီး ၎င်းနှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူ တရားခံ ခိုင်ဇာဝင်းနှင့်အတူ လက်လုပ်မိုင်းများကို စတင်စမ်းသပ်ပြုလုပ်ခဲ့ကြောင်း ၊လက်လုပ်မိုင်း များနှင့် ရှေ့ထွက်လက်လုပ်မိုင်းများကို ကိုယ်တိုင်ပြုလုပ်ကာပေါက်ကွဲအား ပြင်းထန်သည့် ယမ်းနှင့် မိုင်းများအား ၅ ဂါလံဆံ့ အဝါရောင်ဆီပုံးများအတွင်းသို့ ထည့်သွင်း၍ အင်းလေးရေပေါ်သင်္ကြန်ပြုလုပ်မည့် နေရာများသို့ ရေမျှော၍ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်ထား ကြောင်း၊ ထို့အပြင်သင်္ကြန်ကာလအတွင်း ညောင်ရွှေမြို့ပေါ်၌ သင်္ကြန်မတိုင်မီကာလတွင် မြို့နယ်လဝကရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့ကိုလည်း မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ အောင်မြင်ပါက တရာခံပြေး ကိုစိုင်း(ခ)အင်းဆားကူးမှ ငွေကျပ် ၅ သိန်းပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်း သိရသည်။
ဖမ်းမိသူများ၏ထွက်ဆိုချက်အရ တရားခံပြေး ကျော်မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)PDF အမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်း အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံ ခဲ့ရသည့်ဖြစ်စဉ်၊ အဖွဲ့ဝင် ၄ ဦးသေဆုံးပြီးလက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းခံရမှုဖြစ်စဉ် စသည်တို့အပေါ်မကျေနပ်၍ ရေပေါ်သင်္ကြန်ပြု လုပ်မည့်နေရာများကို ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်ခိုင်းစေခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #သင်္ကြန်ကာလ #ညောင်ရွှေမြို့ # အင်းလေးရေပေါ်သင်္ကြန်ဖောက်ခွဲဖျက်ဆီးရန်စီစဉ်သူများ #YMG #Yangon_Media_Group






Published 10 April 2023
အမေရိကန်နိင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ လာမယ့်အပတ်ထဲမှာ ဗီယက်နမ်ကို သွားရောက်မယ်လို့ ဧပြီ(၈)ရက် စနေနေ့က ဟနွိုင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အမေရိကန်ဆီးနိတ်အမတ် ဂျက်ဖ်မတ်ခ်လေ ကပြောပါတယ်။ ယခုနှစ်အတွင်း ဗီယက်နမ်နှင့်သံတမန်ဆက်သွယ်ရေးကို နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် သွားရောက် ခြင်းဖြစ်တယ်လို့လည်းပြောပါတယ်။
တရားဝင်ကြေညာခြင်းမရှိသေးတဲ့ ဘလင်ကန်ရဲ့ဗီယက်နမ်ခရီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗီယက်နမ် အာဏာရ ကွန်မြူနစ်ပါတီ ခေါင်းဆောင် ငုယင်ဖူတရောင်းတို့ ဖုန်းဆက်သွယ်ပြောဆိုအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဇူလိုင်မှာ ကျရောက်မယ့် ဗီယက်နမ်နှင့် အလုံးစုံသောမိတ်ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့်နှင့် တိုက်ဆိုင်ပြီး ဒီနှစ်မှာ ဗီယက်နမ်နှင့်ဆက်ဆံရေးကို အဆင့်မြှင့်တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
“ နောက်တစ်ပတ်မှာ နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကိုရောက်ပါလိမ့်မယ်” လို့ ဆီးနိတ်အမတ် မတ်လေက အမေရိကန်လွှတ် တော်အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ရည်ရွယ်ချက်နှင့် ဟနွိုင်းမြို့တော်ကို ရောက်ရှိနေ တုန်း သတင်းထောက်တွေကို ပြောပါတယ်။
ဘလင်ကန်ဟာ ဗီယက်နမ်ကို လာမယ့်စနေနေ့မှာ လာရောက်ဖွယ်ရှိပါတယ်။
သုံးသပ်သူတွေကတော့ ဗီယက်နမ်မှာ ဘလင်ကန်ရဲ့ ဆက်ဆံရေးမြှင့်တင်မယ်ဆိုတဲ ယခုခရီးကို အတော်သတိထား နေတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီခရီးကြောင့် တရုတ်နှင့်ဆက်ဆံရေးတင်းမာမှာကို ဗီယက်နမ်က စိုးရိမ်နေတာဖြစ်တယ်လို့ ပြောနေကြပါတယ်။
အမေရိကန်ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးထုတ်ကုန်ဈေးကွက်ဖြစ်ပြီး သံတမန်မိတ်ဖက်မှာတော့ တတိယအဆင့်မှာ ရှိနေပါတယ်။ထိပ်ဆုံးအဆင့်ထဲမှာ တရုတ်၊ရုရှား၊အိန္ဒိယနှင့် တောင်ကိုရီးယားတို့ပါဝင်နေပါတယ်။ဝါရှင်တန်က ဒုတိယ အဆင့်ဖြစ်တဲ့ ဥရောပနိုင်ငံတွေနှင့်ဂျပန်တွေရဲ့ အဆင့်မှာ မြှင့်တင်နေရာယူလိုတာဖြစ်ပါတယ်။
Source Reuters
#အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်
#အမေရိကန်_ဗီယက်နမ်သံတမန်ဆက်ဆံရေး
#YangonMediaGroup
#World_Health
Published_ 9 April 2023
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ယခုနှစ်အတွင်း ကိုဗစ်-၁၉ အရေးပေါ်အခြေအနေအား ရုတ်သိမ်းနိုင်ဖွယ်ရှိတယ်လို့ WHO အကြီးအကဲကကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ ၃ နှစ်ကျော်လာသည့်တိုင် WHO က ပြည်သူ့ကျန်းမာရေးအရေးပေါ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ထိုရောဂါကြောင့် ကမ္ဘာတဝှမ်းလူပေါင်းသန်းချီ သေဆုံးထားပါတယ်။
ယခုနှစ်အတွင်း ကိုဗစ်စည်းမျဉ်းများ ရုတ်သိမ်းနိုင်လောက်တယ်လို့ WHO အထွေထွေညွှန်ကြားရေးမှူးချုပ် 'တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ်'က ပြောကြားလိုက်ပါတယ်။
ကပ်ရောဂါအခြေအနေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူများကော်မတီက မေလမှာ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။
ကိုဗစ်ရောဂါမူလဇစ်မြစ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှာ အချက်အလက်များစွာရရှိနိုင်တယ်လို့ ဆိုလိုက်ကာ တရုတ်အနေနဲ့ သက်ဆိုင်ရာအချက်အလက်တွေကို ချက်ချင်းဝေမျှသင့်တယ်လို့ ဆိုလိုက်ပါတယ်။
"တရုတ်ရဲ့ အချက်အလက်တွေမရရှိဘဲနဲ့တော့ သုံးသပ်ယူဆချက်တွေက ဆွေးနွေးဆဲအဆင့်ပဲရှိပါသေးတယ်၊ ဒါကြောင့် တရုတ်အနေနဲ့ပူးပေါင်းပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်၊ ဘယ်လိုဖြစ်တာလဲ ဘယ်လိုစခဲ့လဲဆိုတာကို ဘယ်တော့မှမသိရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဗိုင်းရပ်စ်က တိရိစ္ဆာန်တွေဆီကနေ လူတွေထံသို့ သဘာဝအတိုင်းကူးစက်တယ်လို့ အချို့ကယုံကြည်နေသလို အချို့ကတော့ ဝူဟန်ဓာတ်ခွဲခန်းကနေ စိမ့်ထွက်လာတယ်လို့ ယုံကြည်နေပြီး တရုတ်က စွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားပါတယ်။
ရက်ကွန်းမျက်နှာနဲ့တူတဲ့ ခွေးမျိုးတွေဟာ SARS-CoV-2 ဗိုင်းရပ်စ်တွေကို သယ်ဆောင်ကူးစက်နေတယ်လို့သိရှိထားပြီး ထိုရောဂါကိုလူသားတွေဆီမှာ ပထမဆုံးတွေ့ရှိစဉ်က ထိုသတ္တဝါတွေကို ဝူဟန်ဈေးကွက်မှာ တွေ့ရှိခဲ့ပါတယ်။
အိန္ဒိယမှာ ကိုဗစ်တွေ့ရှိမှုနေ့စဉ်နဲ့အမျှရှိနေပြီး XBB1.16 မျိုးဗီဇကွဲအဖြစ်များနေပါတယ်။
BA.2.10 နဲ့ BA.2.75 မျိုးကွဲတွေလည်း အချို့နေရာတွေမှာ အနည်းငယ်ကူးစက်နေပါတယ်။
XBB.1.16 မျိုးဗီဇကွဲက ကူးစက်မှုရဲ့ ၃၈.၂ ရာခိုင်နှုန်းရှိနေကြောင်း INSACOG သတင်းစာမှာဖော်ပြထားပါတယ်။
Source: WION
#World_Health #ကိုဗစ်-၁၉ #WHOအကြီးအကဲ
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
မီးပြတ်၍ သုံးရေ ရရှိရန်ခက်ခဲနေသည့် ရန်ကုန်မြို့ရှိ တိုက်ခန်းများအတွက် ရေတင်နိုင်ရန် ပုဇွန်တောင်မြို့နယ်ရှိ မီးစက်အရောင်းဆိုင်တစ်ဆိုင်မှ မီးစက်အခမဲ့ ငှားရမ်းပေးနေသည်ဟု သိရပါတယ်။
#Local_News #ရေအခက်အခဲဖြစ် #မီးစက်အခမဲ့ငှါးရမ်းပေးနေ
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
ကမ္ဘာ့ရွှေဈေး နူန်းဟာ ဧပြီလ ၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှ ဈေးပြန်တက်လာပြီး ဒီနေ့မနက်ပိုင်းမှာ တစ်အောင်စကို ၂၀၁၁ ဒေါ်လာပေါက်ဈေးရှိနေတယ်လို့ ရန်ကုန်တိုင်း ရွှေအသင်းက သိရပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း
#YMG #Yangon_Media_Group
#World_Economic
Published_8 April 2023
နှစ်ပေါင်း ၁၀၀ နီးပါးအတွင်း အာဂျင်တီးနားမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားကာ ပဲပိစပ်၊ ဂျုံ၊ ပြောင်းအထွက်နှုန်းများ များစွာကျဆင်းနေပြီး အရင်ကတည်းကဆိုးရွားနေတဲ့ စီးပွားရေးကဏ္ဍဟာလည်း အခုဆိုရင် သဘာဝပတ်ဝန်းကျင်ကြောင့် ပိုမိုထိခိုက်လာရပါတယ်။
#World_Economic #မိုးခေါင်ရေရှားခြင်း #အာဂျင်တီးနားနိုင်ငံ
#YMG #Yangon_Media_Group
#Health_Matters
Published_8 April 2023
- မြန်မာနိုင်ငံအနေနှင့်ရော အဲဒီသတင်းတွေနှင့်ဆက်စပ်ပြီးဘာတွေကြိုတင်ကာကွယ်သင့်သလဲ၊ တစ်ဦးချင်းစီက ဘာတွေဆင်ခြင်သင့်သလဲ??
#Dr.KML #Health_Matters #ဆစ်ဖလစ်ကာလသားရောဂါ
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
မိုင်းဖုန်းဆရာတော်ဘုရားကြီးဟာ ဧပြီလ(၈)ရက်မှာ ရန်ကုန်မှမွန်ပြည်နယ် မော်လမြိုင်သို့ ရောက်ရှိနေပြီး မော်လမြိုင်မှာ သီတင်းသုံးနေတယ်လို့ မွန်ပြည်နယ်လူမှုကူညီရေးအဖွဲတွေထံမှ သိရပါတယ်၊၊
#Local_News #မိုင်းဖုန်းဆရာတော်ကြီး #မော်လမြိုင် #သာသနာပြုခရီးစဉ်(၁၁)နေရာကြွရောက် #YMG #Yangon_Media_Group
#Health_Matters
Published_8 April 2023
- ဆစ်ဖလစ်ကာလသားရောဂါဟာ အတော်ကလေးတိတ်တိတ်ဆိတ်ဆိတ်ဖြစ်နေပြီးမှ ဘာဖြစ်လို့ တစ်ကျော့ပြန်လာတာလဲ??
#Dr.KML #Health_Matters #ဆစ်ဖလစ်ကာလသားရောဂါ
#YMG #Yangon_Media_Group
Page 1209 of 1919