#Local _News
Published_ 13 April 2023
ယနေ့(ဧပြီ ၁၃ ရက်) ကျရောက်သည့် သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ကို နံနက် ၇နာရီခွဲအချိန်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှုး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြကြောင်းသိရသည်။
ymg/ynzw
#YMG #Yangon_Media_Group







#World_Military
Published_ 13 April 2023
မြောက်ကိုရီးယားဘက်က ကြာသပတေးနေ့မှာ တာလတ်ပစ် ဒါမှမဟုတ် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်ခု စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ ပြောကြားခဲ့ပါတယ်။
ထို့အတွက်ကြောင့် ဂျပန်မြောက်ပိုင်းမှာ ထိတ်လန့်မှုများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ အကာအကွယ်ယူဖို့ မှာကြားခဲ့ပြီးနောက် ဘေးအန္တရာယ်တစ်စုံတစ်ရာတော့ မဖြစ်ပွားခဲ့ပါဘူး။
ဒုံးကျည်က အနီးနားတဝိုက်ကျရောက်မှာမဟုတ်ကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ဂျပန်အာဏာပိုင်များက ဟော့ကိုင်ဒိုကျွန်းမှာ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဒုံးကျည်ဟာ ၁ ထောင်ကီလိုမီတာအထိ ပျံသန်းသွားခဲ့ကာ ဒါဟာ ပြင်းပြင်းထန်ထန်ရန်စတာပဲလို့ တောင်ကိုရီးယားစစ်တပ်က ကြေညာလိုက်ပါတယ်။
ပျံသန်းခဲ့တဲ့ဒုံးကျည်ရဲ့ အမြင့်ပေကိုတော့ ထုတ်ဖော်ခြင်းမရှိပါဘူး။
ထိုပစ်လွှတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဂျပန်အစိုးရက နိုင်ငံတော်လုံခြုံရေးကောင်စီအစည်းအဝေး ပြုလုပ်သွားမယ်လို့ ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က ပြောကြားလိုက်ပါတယ်။
အမေရိကန်ကလည်း တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်တဲ့ မြောက်ကိုရီးယားကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒုံးကျည်က ဂျပန်နယ်မြေကို ကျရောက်ခြင်းမရှိပေမယ့် နောက်ထပ်အသေးစိတ်များသိရှိအောင် သုံးသပ်သွားမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး'ယာဆူကာဇူဟာမာဒါ'က ပြောကြားခဲ့ပါတယ်။
ဂျပန်ကမ်းရိုးတန်စောင့်တပ်ရဲ့ ပြောကြားချက်အရ ဒုံးကျည်ဟာ မြောက်ကိုရီးယားအရှေ့ဘက် ပင်လယ်ထဲသို့ ကျရောက်ခဲ့ပါတယ်။
ဂျပန်စီးပွားရေးနယ်မြေအပေါ် ဖြတ်သန်းသွားခြင်းရှိ/မရှိကိုတော့ အတည်မပြုနိုင်ပါဘူး။
အရေးပေါ်သတိပေးချက်စနစ်နဲ့ ပတ်သက်ပြီး ပြဿနာများရှိနေခဲ့ကာ အောက်တိုဘာလကလည်း ဂျပန်အပေါ်ကနေ ဒုံးကျည်တစ်စင်းဖြတ်သန်းသွားပေမယ့် အတော်လေးအချိန်နောက်ကျမှ သတိပေးချက်ထွက်ပေါ်ကာ ပစိဖိတ်ထဲသို့ ဒုံးကျည်ကျရောက်ခါမှ လူအများသိရှိခဲ့ကြပါတယ်။
ကြာသပတေးနေ့က သတိပေးချက်ကြောင့် ဟော့ကိုင်ဒိုရထားဘူတာမှာ ယာယီအချက်ပေးချက်ထွက်ပေါ်ခဲ့ကြောင်း ကျောင်းသားတစ်ဦးက ဂျပန်သတင်းဌာန NHK ထံ ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်တွေကို တန်ပြန်ရန် ပိုမိုလက်တွေ့ကျကျစမ်းသပ်မှုများပြုလုပ်ဖို့ ကင်မ်ဂျုံအန်က ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အခုလိုပစ်လွှတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
"သံတမန်ရေးမှာ ပိတ်ဆို့ထားခြင်းမရှိဘဲ ဆွေးနွေးခွင့်ရှိတယ်ဆိုပေမယ့် မြောက်ကိုရီးယားအနေနဲ့ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာတွေကို ချက်ချင်းရပ်ဆိုင်းရမှာဖြစ်ပြီး သံတမန်ရေးရာဆောင်ရွက်သွားရမှာပါ" လို့ အမေရိကန်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ'အက်ဒရီယန်ဝက်ဆန်'က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Source: Reuters
#World_Military #မြောက်ကိုရီးယား #ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ #ဂျပန်ကျွန်း #သတိပေးချက်ထုတ်ပြန် #YMG #Yangon_Media_Group
#Local_News
Published_ 13 April 2023
ရခိုင်တိုင်းရင်းသားများ၏ ရိုးရာအစဥ်အလာမပျက် ကျင်းပလေ့ရှိသည့် ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်
ဘုရားရေသပ္ပာယ်ပွဲကို ရခိုင်စာပေနှင့်ယဥ်ကျေးမှုအဖွဲ့(ရန်ကုန်)မှကြီးမှူး၍ သင်္ကြန်အကြိုနေ့၊ ဧပြီလ (၁၃)ရက်တွင်ရန်ကုန်မြို့၌ကျင်းပခဲ့သည်၊၊
ymg/tthl
#YMG #Yangon_Media_Group
ရခိုင်ရိုးရာသင်္ကြန်နံ့သာသွေးပွဲနှင့်ဘုရားရေသပ္ပာယ်ပွဲ မြင်ကွင်းဓာတ်ပုံများ







#World_Technology
Published_ 13 April 2023
လူတစ်ယောက် အအေးမိဝေဒနာရှိနေလားဆိုတာကို အသံအနေအထားကိုကြည့်ပြီး စစ်ဆေးပေးနိုင်မယ့် AI နည်းပညာတစ်ခုကို သုတေသီများဖန်တီးနေကြပါတယ်။
ဒီနည်းပညာက အအေးမိတဲ့အခါမျိုးမှာ စစ်ဆေးတွေ့ရှိနိုင်သလို ဝန်ထမ်းများ ဖျားနာတယ်ဆိုတဲ့အကြောင်းပြချက်ဖြင့် ဆေးခွင့်လိမ်လည်တင်ခြင်းကိုလည်း စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
ဒီနည်းပညာသာ အနာဂတ်မှာ အသုံးတည့်လာရင် အလုပ်ရှင်တွေအနေနဲ့ ဝန်ထမ်းများဖျားနာကြောင်း ဖုန်းဖြင့်ပြောကြားရင်တောင် အမှန်တကယ်လား လိမ်တာလားဆိုတာ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
ဆာဒါဗယ်လက်ဘိုင်အမျိုးသားနည်းပညာအဖွဲ့အစည်းမှ သုတေသီတွေက လူ ၆၃၀ ထံမှ အသံပုံစံများကို အောင်မြင်စွာခွဲခြိမ်းစိတ်ဖြာခဲ့ကြပါတယ်။
ထိုထဲကမှ ၁၁၁ ယောက်ဟာ အအေးမိဝေဒနာခံစားနေရကြောင်း ထုတ်ဖော်နိုင်ခဲ့ပါတယ်။
ထိုနည်းပညာက အမှန်တကယ်ဖျားနာတဲ့လူကို အသံပုံစံဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။
အအေးမိတဲ့သူတွေက အသံကြိမ်နှုန်းပုံမှန်မဟုတ်တာကို တွေ့မြင်ရပါတယ်။
မှတ်ဉာဏ်မှတ်သားတဲ့ အယ်လ်ဂိုရစ်သမ်များဖြင့် အအေးမိသူတွေရဲ့ အသံဆိုင်ရာကွဲပြားခြားနားမှုအမျိုးမျိုးကို ခွဲခြိမ်းစိတ်ဖြာလိုက်ကြပါတယ်။
စမ်းသပ်တဲ့လူတွေကို ၁ မှ ၄၀ ရေတွက်ခိုင်းပြီး ရုံးပိတ်ရက်တွေမှာ ပြုလုပ်တဲ့လှုပ်ရှားမှုတွေကို ဖော်ပြခိုင်းခဲ့ပါတယ်။
လေ့လာမှုအရ အအေးမိခြင်းကို ၇၀ ရာခိုင်နှုန်းမှန်ကန်အောင် ရှာတွေ့ခဲ့ပါတယ်။
Source: WION
#World_Technology #ဖျားနာခွင့်လိမ်တင်သူများ #အအေးမိဖျားနာခြင်း #AIနည်းပညာအသစ်
#YMG #Yangon_Media_Group
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလနှင့် နှစ်ဆန်းအခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သင်္ကြန်အတာရေကဲ့သို့အေးမြချမ်းသာရှိကြပါစေကြောင်းနှင့် ငြိမ်းချမ်းသာယာ၍ ဖွံ့ဖြိုးစည်ပင်သောနှစ်သစ်ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း လေးစားရိုသေစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
YMG မိသားစု
#Local_News
Published_ 12 April 2023
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြိုနယ် ပေါက်တောဝမီးပွိုင့်တွင် ဧပြီလ ၁၂ရက်နေ့မနက် ၄နာရီ ဝန်းကျင်ခန့်က ယာဉ်တိုက်မူဖြစ်ပွားခဲ့ကြောင်း တွဲလက် လူမူကူညီရေးအသင်းမှ သိရပါတယ်။
#Local_News #အင်းစိန်ပေါက်တော၀ #ရပ်ထားသည့်မော်တော်ယာဉ် #Taxiကဝင်တိုက်
#YMG #Yangon_Media_Group
#World_News
Published 12 April 2023
အိုင်ယာလန် အနောက်မြောက်ဘက် မွိင်မြစ်ကမ်းနားရှိ ဘော်လီနာမြို့ဟာ မြို့ခံလူမျိုးတစ်ဦးဖြစ်တဲ့ အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်' အလည်အပတ်ခရီး မလာခင်မှာ ပြင်ဆင်လှုပ်ရှားနေကြပါတယ်။
#World_News #အမေရိကန်သမ္မတဘိုင်ဒင် #အိုင်ယာလန်နိုင်ငံ #ဘော်လီနာမြို့
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၀၅/၁ အနီးတွင် ဧပြီ ၁၂ ရက်နေ့ မနက် ၇ နာရီခန့်က ယာဉ်မတော်တဆမူတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းက YMG ကို ပြောပါတယ်။
#Local_News #ရန်ကုန်-မန္တလေးအမြန်လမ်း #ယာဉ်မောင်းအိပ်ငိုက် #လမ်းလည်ကျွန်းကိုဝင်တိုက် #မောင်းသူသေဆုံး #YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
နေပြည်တော်သင်္ကြန်တွင် ဇုန် ၄ဇုန် ခွဲပြီး ကျင်းပပေးမှာဖြစ်ပြီး မြန်မာမှု မပျောက်စေဖို့နဲ့ နိုင်ငံတကာအဆင့်မှီဖို့ ရည်ရွယ်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News #နေပြည်တော် #လမ်းလျှောက်သင်္ကြန် #ဝင်ကြေးသတ်မှတ်
#YMG #Yangon_Media_Group
#Local_News
Published_ 12 April 2023
သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့မှာ ဗိုလ်တထောင်စေတီတော်မှာ နှစ်သစ်ကူးအခမ်းအနားနဲ့စတုဒိသာအလှူတွေလှူဒါန်းသွားဖိုရှိတယ်လို ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲထံမှသိရပါတယ်၊၊
#Local_News #သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့#ဗိုလ်တထောင်စေတီ #စတုဒိသာအလှူများလှူဒါန် #YMG #Yangon_Media_Group
#Daily_News
Published_ 12 April 2023
၁။သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တွင် ဗိုလ်တထောင်စေတီ၌ နှစ်သစ်ကူးအခမ်းအနားနှင့် စတုဒိသာအလှူများလှူဒါန်းမည်
၂။နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝင်ကြေးသတ်မှတ်၍ ကျင်းပပေးမည်
၃။ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းကိုဝင်တိုက်၊ ကားမောင်းသူ သေဆုံး
၄။အမေရိကန်သမ္မတ ဘိုင်ဒင်က အိုင်ယာလန်နိုင်ငံရှိ ဇာတိမြေ ဘော်လီနာမြို့ကို သွားရောက်လည်ပတ်မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 12 April 2023
လတ်တလောမှာ အပူဒဏ်ကြောင့် ကလေးငယ်တွေ ဖျားနာတာနဲ့ သက်ကြီးရွယ်အိုတွေသတိလစ်တာတွေ ရှိလာပြီဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲတွေထံမှ သိရပါတယ်။
#Local_News #အပူဒဏ် #ကလေးငယ်များဖျားနာခြင်း #သက်ကြီးရွယ်အိုများသတိလစ်ခြင်း
#YMG #Yangon_Media_Group
Page 1204 of 1919