#DailyNews
Published_ 21 February 2023
၁။ YBS ယာဉ်စီးခကို တစ်ထောင်တန်အတုထည့်ပြီး ပြန်အမ်းငွေကျပ် ၈၀၀ ယူခြင်းများနေ
၂။ ရန်ကုန်ရွှေပြင်ပပေါက်ဈေး ၂၈ သိန်း ၅ သောင်း ၇ ထောင် ဝန်းကျင်ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ်ပြန်တက်
၃။ လျှပ်စစ်သုံးယာဉ်တင်သွင်းလိုသူများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်
၄။ ဂျပန်တွင် ကလေးမွေးဖွားနှုန်းလျော့နည်းခြင်းကြောင့် လူငယ်ဝန်ထမ်းအင်အားရှားပါးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 21 February 2023
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုးဟာ သရုပ်ဆောင်ရော၊ ဇာတ်ညွှန်းရော၊ ဒါရိုက်တာပါ ဘက်စုံထူးချွန်တဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်တဲ့အတွက် သူကွယ်လွန်သွားတာဟာ ရုပ်ရှင်လောကအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Yangon_Media_Group
#Crime
#Myanmar_Actor
#YMG
#Local_News
Published_ 21 February 2023
ဒုဌဝတီမြစ် အတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အသက် (၁၈)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)က သိရသည်။
ပုလိပ်မြို့ အနီး၊ဒုဌဝတီမြစ်အတွင်း အမျိုးသားတစ်ဦး ရေနစ်ကြောင်း သိရသည့်အတွက် ရေငုပ်ရှာဖွေပေးပါရန် အကူအညီတောင်းခံလာသောကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ကသွားရောက် ဆယ်ယူပေးနိုင်ခဲ့ကြရာ ရေအောက်မှ အလောင်းကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"အဲဒီကောင်လေးက ပုလိပ်မြို့က မိုတယ်တစ်ခုရဲ့ ဝန်ထမ်းပါ၊ရေဆင်းကစားရင်းနဲ့ ရေနစ်တာပါ၊အလောင်းကိုတော့ ပုလိပ်တိုက်နယ် ဆေးရုံကို ပို့လိုက်တယ်"ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ၏ တာဝန်ရှိသူက ပြောသည်။
#ymg/mt
#Crime
#Mandalay
#YMG
#Yangon_Media_Group
#Local_News
Published_ 21 February 2023
ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။
ယနေ့ နံနက်ပိုင်းက နှလုံးရောဂါဖောက်လာသည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ကွယ်လွန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သရုပ်ဆောင် ဝေဠုကျော်က "ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
သီဟတင်စိုးသည် ဗီဒီယိုဇာတ်ကားများခေတ်ကောင်းစဉ်က နယ်ချဲ့ တော်လှန်ရေးဇာတ်ကားများဖြင့် နယ်ပရိသတ်များ၏ အထူးအားပေးမှုခံခဲ့ရသူဖြစ်ကာ ၂၀၀၀ ပြည့်နှစ်က ငရဲသားဇာတ်လမ်းဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုများ ရရှိခဲ့သူလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 February 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေသည့် ဘင်္ဂါလီ ၃ ဦးကို ဖမ်းမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
ယင်းတို့ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ နတ်မြစ်(မြန်မာရေပိုင်နက်)ဖြစ်သော မင်္ဂလာကြီးချောင်းဝ နယ်ခြားစောင့်ရဲကင်းစခန်း၏ ခြံစည်းရိုးအပြင်ဘက်၊ နတ်မြစ်(မြန်မာရေပိုင်နက်)အတွင်း လောင်းလှေနှင့်အတူ ဖေဖော်ဝါရီလ၂၀ ရက် နံနက် ၁ နာရီခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်ဖ်မြို့နယ်ရှိ ကျေးရွာများမှ ဂျူဘိုင်(၂၁)နှစ်၊ (ဘ)အဒူဇော်လီ၊ မာမတ်ဆော်လိမ်(၂၅)နှစ်၊ (ဘ)အာမာနူရ်လာ၊ လာမီယာ (၃၅)နှစ်၊ (ဘ)ရှော့အာလိမ်တို့ ၃ ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့သည်နတ်မြစ်အတွင်း ငါးရှာဖွေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာပ်ဖ်မြို့နယ်၊ နတ်တောင်ဆိပ်ကမ်းမှ လောင်းလှေဖြင့် ထွက်ခွာလာပြီး မြန်မာနိုင်ငံရေပိုင်နက်အတွင်း ဝင်ရောက်၍ ငါးခိုးဖမ်းနေခြင်းဖြစ်ကြောင်း သိရှိရ၍ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လဝကအက်ဥပဒေပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 February 2023
နစကဥက္ကဋ္ဌက ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်ခြင်းကို နေပြည်တော်၌ ပြုလုပ်ရာ အခမ်းအနားသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများ၊ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။
နစကဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့တဲ့ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE ထံ သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက် ချီးမြှင့်အပ်နှင်းပါတယ်။
ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲတံဆိပ် ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ H.E. Mr. HIDEO WATANABE က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းကိုယ်စားလက်ခံရယူခဲ့ပါတယ်။
နစကဥက္ကဋ္ဌက ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုစကား ပြောကြားရာတွင် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်ကြောင်း၊ နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက်ဆောင်ရွက်နိုင်ရန်တို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါတယ်။
H.E. Mr. HIDEO WATANABE က ကျေးဇူးတင်စကားပြန်လည် ပြောကြားရာတွင် အခုကဲ့သို့ဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြားလိုပါကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 21 February 2023
ပြည်ခိုင်ဖြိုးပါတီကို တိကျပြတ်သားမှုရှိခြင်း သစ္စာရှိခြင်းနှင့်ပြည်လူထုက ယုံကြည်အားကိုးရသည့် Smart Party ဖြစ်ရေးကြိုးပမ်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုမှ အထွေထွေအတွင်းရေးမှူး ဦးသောင်းကပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့ ကမန္တလေးတိုင်းဒေသကြီးခရိုင်/မြို့နယ်/ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲမှာ ပြောဆိုလိုက်တာ ဖြစ်သည်။
Smart Party ဖြစ်စေဖို့အတွက် ၂၀၂၃ ခုနှစ် မတ်လ(၁)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ရက်ပေါင်း(၉၀) စီမံချက်ကာလသတ်မှတ်ပြီးပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်သည်။
ပါတီအင်အားကြီးမားခြင်း၊ စည်းလုံးညီညွှတ်မှုရှိပြီး ပါတီဝင်အင်အားတိုးပွားစေရန် စည်လုံးဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းထားပါသည်။ ပါတီဗဟိုဌာနချုပ်မှ လမ်းညွှန်းထားသည့် အသွင်သစ်ဖြင့်ဆက်ဆံရေးလုပ်ငန်းစဉ်များ၊ တန်းတူညီတူဆက်ဆံရေးလုပ်ငန်းစဉ်များအကောင်ထည်ဖော်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါသည်။
လက်ရှိအချိန်အထိ နစက အစိုးရက နိုင်ငံရေးပါတီမှတ်ပုံတင်ရေးဥပဒေကိုအသစ်ပြဌာန်းထားပြီး ရွေးကောက်ပွဲကော်မရှင်က ရက်ပေါင်း၉၀ အတွင်းပါတီမှတ်ပုံတင်ဖို့ ထုတ်ပြန်ကြေညာထားသည်။
#ymg/ynz
#Yangon_Media_Group
#World_Health
Published 21 February 2023
ကိုဗစ်ရောဂါကူးစက်ခြင်းကြောင့် ရရှိတဲ့ကိုဗစ်ခုခံအားဟာ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကနေ ရရှိတဲ့ ခုခံအားကဲ့သို့ပင် တာရှည်ခံကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က နောက်ဆုံးလေ့လာခဲ့ပါတယ်။
ကိုဗစ်ရောဂါကူးစက်ပြီး ၁၀ လကြာပြီးတဲ့တိုင်အောင် ထပ်မံကူးစက်ခြင်း၊ ဆေးရုံတက်ကုသခံယူရခြင်း၊ အသက်သေဆုံးခြင်းတို့ ၈၈ ရာခိုင်နှုန်းလျှော့ချပေးနိုင်ဆဲဖြစ်ပါတယ်။
ထိုကဲ့သို့သဘာဝခုခံအားက ဖိုင်ဇာ သို့မဟုတ် မိုဒါနာကာကွယ်ဆေးနှစ်ကြိမ်ထက် အာနိသင်ပိုမိုကြာရှည်မခံရင်တောင် သူတို့လောက်တော့ တာရှည်ခံတာဖြစ်ကြောင်း IHME က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအထိ အိုမီခရွန်မျိုးဗီဇကွဲတွေ့ရှိပြီးချိန်ကာလအထိ ၁၉ နိုင်ငံမှ လေ့လာချက်ပေါင်း ၆၅ ခုကို သုံးသပ်ခဲ့ကြပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲအားလုံးကြောင့် ရောဂါပြင်းထန်ခြင်းကို ၇၈ ရာခိုင်နှုန်းကာကွယ်ထားနိုင်ကာ အယ်လ်ဖာ၊ ဒယ်လ်တာမျိုးဗီဇကွဲကာကွယ်နိုင်စွမ်းကတော့ ရက်သတ္တပတ် ၄၀ အကြာမှာ ၇၈.၆ ရာခိုင်နှုန်းရှိနေပါသေးတယ်။
ဒါပေမဲ့လည်း ကာကွယ်ဆေးတွေက ရောဂါကူးစက်ပြင်းထန်နိုင်ချေများတဲ့သူတွေမှာ အရေးကြီးနေကြောင်း AFP သတင်းဌာနက သောကြာနေ့က ပြောကြားလိုက်ပါတယ်။
ရေရှည်မှာတော့ ရောဂါပြင်းထန်ခြင်းကို ကာကွယ်နိုင်စွမ်းမြင့်မားတဲ့သူတွေက အရင်က ရောဂါကူးစက်ဖူးခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့ကြောင့် ကူးစက်မှုအများစုဖြစ်ပွားနိုင်ကြောင်း တောင်အာဖရိကအမျိုးသားတက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင်'ချယ်ရီလ်ကိုဟင်'က ပြောပြခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_ 21 February 2023
မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် မြို့သစ်(၂)ရပ်ကွက်တွင် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်မှုဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
ယင်းကို မြေဧရိယာ ခြောက်ဧကပေါ်တွင် လွန်ခဲ့သော ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်က စတင်ပန္နက်တင်ခဲ့ကာ ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်တွင် I-Green Development & Engineering Group က စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆောက်အဦ အရွယ်အစားမှာ ပေ (၃၅၀x၂၅၀x၁၀၀) ဖြစ်ပြီး မြေအောက်တွင် နှစ်ထပ်နှင့်မြေပေါ်တွင် နှစ်ထပ်ပါရှိသော Steel Structure အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းခေတ္တ ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် အတွင်း ပြန်လည်ဆောင်ရွက်နိုင် ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားမှု ကြောင့် လုပ်ငန်းခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ယင်းနောက် တည်ဆောက်ရေးလုပ်ငန်းများကို ပြန်လည်ဆောင်ရွက် ခဲ့ရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် လက်ရှိ မြေပေါ်နှင့်မြေအောက် နှစ်ထပ်စီခွဲ၍ လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့သဖြင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မပြုမီလုပ်ငန်းပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 February 2023
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ပိဋကတ်ပြတိုက် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။
အဆိုပါ ပိဋကတ်ပြတိုက် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းတွင် ပြတိုက်အတွင်း၊အပြင် နံရံ၊ မျက်နှာကြက်နှင့် ကျွန်းပါကေးခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ဆေးအချောသုတ်ရန်ကျန်ရှိကြောင်း၊ လေအေးပေးစက်နှင့် မီးပိုင်းဆိုင်ရာများတပ်ဆင်ပြီး စမ်းသပ်စစ်ဆေးရန်ကျန်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် ပြတိုက်အတွင်းထားရှိမည့် ကျွန်း ဗီရို ၂၁ လုံးအနက် ၁၉ လုံးနှင့် ကျွန်းခုံခြောက်ခုံအနက် လေးခုံပြီးစီးနေသဖြင့် ဆေးသုတ်လုပ်ငန်း ဆောင်ရွက်နေကြောင်း၊ ပြတိုက်အတွင်း ခင်းကျင်းပြသမည့် ပေ၊ ပုရပိုက်၊ ကမ္မဝါ ၃၀ အား စနစ်တကျထိန်းသိမ်းဆောင်ရွက်ထားရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published-21 February 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား ၁၂၆ ဦးကို ဖေဖော်ဝါရီလ ၂၁ရက်တွင် စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးက သိရသည်။
ကုန်ထုတ်လုပ်သားသစ် ၂၇ ဦး၊ CBT ကုန်ထုတ်လုပ်သား ၂ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်သားသစ် ၇၀ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၂၇ဦး စုစုပေါင်း ၁၂၆ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သံရုံးကထုတ်ပြန်ထားသည်။
မြန်မာအလုပ်သမားများ ရန်ကုန်မြို့မှ အင်းချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်တွင် မြန်မာသံရုံး၊ ဆိုလ်းမြို့မှအလုပ်သမားသံအရာရှိက ကြိုဆို၍ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း EPS စနစ်ဖြင့် ကုန်ထုတ်လုပ်သားသစ် ၉၄ဦး၊ CBT ကုန်ထုတ်လုပ်သား ၈ဦး၊ စိုက်ပျိုးမွေးမြူရေးလုပ်သားသစ် ၄၇ဦး၊ စုစုပေါင်း ၁၄၉ ဦးကို စေလွှတ်ခဲ့သေးသည်။
ယင်းအပြင် EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၁ဦး၊ Re-entry စိုက်ပျိုးမွေးမြူရေးလုပ်သား ၁၀ဦး စုစုပေါင်း ၅၁ဦးကိုလည်း ဖေဖော်ဝါရီလ ၉ ရက်က ကိုရီးယားသမ္မတနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သံရုံး၏ အချက်အလက်များအရ သိရသည်။
#ymg/mt
#Yangon Media Group
#Local_News
Published_ 21 February 2023
၇၅ နှစ်မြောက်စိန်ရတုနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေကိုချီးမြှင့်ရာ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်၏ဖခင်ဖြစ်သူ စာရေးဆရာ မင်းသုဝဏ်(ဦးဝန်)နှင့်နိုင်ငံတော်ကောင်စီဝင်ဦးလွင်(မွန်ပြည်နယ်)တို့ဟာစည်သူဘွဲ့ရရှိတဲ့အတွက် သား/သားမက်ဖြစ်သူနိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်ထံဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းကကိုယ်စားသွားရောက် ပေးအပ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထိုသို့ပေးအပ်ရာတွင် နစကဥက္ကဌကိုစား နေပြည်တော်ကောင်စီဥက္ကဌ သီရိပျံချီဦးတင်လွင်ဦးနှင့်နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဇေယကျော်ထင်ဇော်ဟိန်းတို့က နေအိမ်မှာသွားရောက်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားသည်။
၂၀၂၃ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့ကကျင်းပသည့် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားမှာ ဂုဏ်ထူးဆောင်ဘွဲ့တွေကို နစက ဥက္ကဌက တစ်ဦးချင်းချီးမြှင့်ခဲ့ပြီး ယင်းအခမ်းအနားကို အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်သည့် လူပုဂ္ဂိုလ်တွေကိုယခုလို အဝေးရောက်ချီးမြှင့်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#ymg/ynzw
#Yangon_Media_Group
Page 1204 of 1853