Published_ 16 April 2023
ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေတင်ဆက်နေမှုများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
#YangonMediaGroup
#တောင်ကြီးသင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
#LocalNews
Published_ 16 April 2023
(Album)
ymg/mt
#LocalNews #မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်(သင်္ကြန်အတက်နေ့) #ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်
#YMG #Yangon_Media_Group















#Local_News
Published_ 16 April 2023
ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲကို ယနေ့ ဧပြီလ ၁၆ ရက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အတက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ ပိတ်ပွဲအပြီးတွင်ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ ဖြစ်ကြသော ၁၂ ဦး ယိမ်း၊၁၆ ဦးယိမ်း၊၂၀ ဦးယိမ်း များအပါအဝင် ယိမ်းအဖွဲ့များထဲမှ ပထမ၊ဒုတိယ၊တတိယ ဆုများ ချီးမြှင့်သည့်အပြင် ပြိုင်ပွဲအတွင်း ပါဝင်ခဲ့ကြသည့် ယိမ်းများကိုလည်း တစ်ဖွဲ့လျှင် ၅ သိန်းကျပ်စီ ဆုချီးမြှင့်ခဲ့သေးကြောင်း သိရသည်။
ymg/mt
Yangon_Media_Group




#Local_News
Published_ 16 April 2023
တရုတ်နိုင်ငံ၊ကူမင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူးမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အခမ်း အနားကိုဧပြီလ(၁၅)ရက်သင်္ကြန်အကြတ်နေ့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ကူမင်းမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး ပရဝုဏ်အတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီးနှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင် ပွဲတော်အခမ်းအနားသို့ ယူနန်ပြည်နယ် စီးပွားရေးဌာနမှ ညွှန်ကြားရေးမှူချုပ် မစ္စတာလီချန်းယန်၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် မစ္စတာယန်ရှောက်ချန်းနှင့် တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ် ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ဇနီးများနှင့် သံတမန်များ၊ ယူနန်ပြည်နယ် တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်သား/ ကျောင်းသူများ၊ ယူနန်တက္ကသိုလ် မြန်မာစာ သင်ကြားရေးဌာနမှ ဆရာ၊ဆရာမများ၊ ကူမင်းမြို့ရှိ မြန်မာအသိုင်းအဝိုင်းနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ကောင်စစ်ဝန်ချုပ်ရုံးအရာထမ်း/အမှုထမ်း မိသားစုများမှ ပါဝင်ဆင်နွှဲခဲ့သည်၊၊
အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်မှ နှစ်သစ်ကူးအမှာစကားနှင့် နှစ်သစ်ကူး ဆုမွန်ကောင်းများ ပြောကြားခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများမှ သင်္ကြန်အဆိုအကများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့သည်၊၊
အခမ်းအနားကိုလာရောက်သည့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ကျောက်ကျော၊ အကြော်စုံ စသည်တို့အပြင် အခြားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #တရုတ်နိုင်ငံကူမင်းမြို့ #မြန်မာကောင်စစ်ဝန်ချုပ်ရုံး #မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်
#YMG #Yangon_Media_Group



#Local_News
Published_ 16 April 2023
မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၆)ရက်သင်္ကြန်အတက်နေ့မှဧပြီလ(၁၈)ရက်နှစ်ဆန်း(၂)ရက်နေ့အထိ ကချင်ပြည်နယ်ဇီယာဒမ်းရွာရေခဲတောင်ခြေတွင်(၃)ရက်အဓိဌာန်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဆရာတော်ကြီး အဓိဌာန်ဝင်နေစဥ် ရိက္ခာများကိုရဟတ်ယာဥ်ဖြင့်ပို့ဆောင်မည်ဟုတောင်တန်းသာသနာပြုဆရာတော်ဦးသုခမိန္ဒ (စဝ်ဆုခမ်း)ကရေးသားဖော်ပြထားသည်၊၊
ရဟတ်ယာဉ်ပျံသန်းမည့်အကြောင်းကို မိုင်းဖုန်းဆရာတော်၏ ရေခဲတောင်ခြေ ဇီယာဒမ်းခရီးစဉ်မှာ ဒကာကြီးဦးမဟာတေဇမှ ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့အဖြစ် ရေခဲတောင်တစ်လျှောက် ကုသိုလ်ယူ ကူးလူးပျံသန်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာများအား ကျေးဇူးတင်စွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ကြောင်း ရေးသားဖော်ပြထားသည်၊၊
မိုင်းဖုန်းဆရာတော်ကြီးသည် ဧပြီလ(၁၉)ရက်တွင်ပူတာအိုသို့ပြန်လာပြီးဧပြီလ(၂၀)ရက်မြစ်ကြီးနားမှ ဝိုင်းမော်၊ဝိုင်းမော် မှ လွယ်ဂျေ၊လွယ်ဂျေ မှနမ့်ခမ်း ၊မူဆယ်သို့ဆက်လက်ကြွရောက်မည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News ##မိုင်းဖုန်းဆရာတော်ကြီး # ဇီယာဒမ်းရွာရေခဲတောင်ခြေ #အဓိဌာန်ဝင် #ရဟတ်ယာဥ်ဖြင့်ရိက္ခာများပို့ဆောင်
#YMG #Yangon_Media_Group

#Local_News
Published _ 16 April 2023
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မူဆယ်မှ ကျင်စန်းကျော့ဂိတ်သို့ သွားရာလမ်းတွင် သဲများတင်ဆောင်လာသော ၂၂ ဘီး(တွဲကား)ယာဉ်တိမ်းမှောက်၍ လူ ၆ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
အဆိုပါ တွဲကားမှာ ယနေ့ သင်္ကြန်အတက်နေ့ဧပြီလ ၁၆ ရက် နံနက် ၁၁ နာရီခွဲခန့်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကာ တစ်ဘက်ယာဉ်ကြောမှ မောင်းနှင်လာသော Nissan ယာဉ်ပေါ်သို့ ပိမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မူဆယ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း၊Nissan ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၄)ဦး စုစုပေါင်း(၆)ဦး(သေဆုံး)ခဲ့သောကြောင့် မြင့်မြတ်ပါရမီပရဟိတအသင်း၊ ပါရမီပရဟိတအသင်း၊ မောက်ကွမ်တိုင်းပရဟိတအသင်းနှင့် လက်ဘက်ညွန်ပရဟိတအသင်းတို့မှ သူနာတင်ယာဉ်များဖြင့်မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #မူဆယ်မြို့ # ၂၂ဘီး(တွဲကား)ယာဉ်တိမ်းမှောက်
#YMG #Yangon_Media_Group



#Local_News
Published _16 April 2023
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ အောင်သာယာစျေးမီးလောင်မှုတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၅ ရက် ည ၈ နာရီ ၂၁ မိနစ်ခန့်က အဆိုပါဈေး မီးလောင်မှု ဖြစ်ပွားခဲ့ရာမော်လမြိုင်ကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ဘိုကလေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေလဲနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။
အဆိုပါမီးလောင်မှုမှာ စားဖျော်ရုံးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးငါးဈေးရုံတစ်ခြမ်းနှင့် ပျံကျဈေးဆိုင်များမီးလောင်ခံခဲ့ရကာဈေးသည်အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #မော်လမြိုင်ကျွန်းမြို့ #အောင်သာယာစျေးမီးလောင် #လူတစ်ဦးသေဆုံးခဲ့
#YMG #Yangon_Media_Group




#Local_News
Published _16 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ တိုက်ခန်း တစ်ခန်းအတွင်း သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းကို
ပုပ်ပွလျက်တွေ့ရှိခဲ့ကြောင်း ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်းက သိရသည်။
ဧပြီလ ၁၅ ရက်ကကြည့်မြင်တိုင် ဦးကြွယ်ဟိုးလမ်းရှိ တိုက်ခန်း ၆လွှာအခန်းအတွင်း အဆိုပါပုပ်ပွသေဆုံးနေသည့် အမျိုးသားအလောင်း ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီးအလောင်းကို သေရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
"မွန်းလွဲ ၂ နာရီကျော်အချိန်လောက်ကသိရတာပါ။သူ့မိသားစုက ခရီးထွက်သွားတာတဲ့ ။ သူက တစ်ယောက်တည်း ကျန်ခဲ့တယ်ေပါ့ဗျာ၊အကြိုနေ့ကတောင် အဆက်အသွယ်ရသေးတယ်လို့ သိရပါတယ်၊သွေးရိုးသားရိုးပါပဲ။သွေးတိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်၊ဒီနေ့သင်္ဂြိုဟ်ပြီးပြီ"ဟုလိုက်ပါကူညီသူတစ်ဦးကပြောသည်။
ymg/mt
#Local_News ##ကြည့်မြင်တိုင်မြို့နယ် # တိုက်ခန်းတစ်ခန်းအတွင်းသေဆုံးနေသည့်အမျိုးသား #ပုပ်ပွ
#YMG #Yangon_Media_Group



#Myanmar_News
Published 16 April 2023
နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အဖွဲ့ဟာ ဧပြီ(၁၅)ရက်သင်္ကြန်အကြတ်နေ့က ပြင်ဦးလွင်တပ်နယ်တွင် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာရေသဘင်ပွဲတော်ဆင်နွဲ နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစကဥက္ကဋ္ဌ၏ဇနီးနှင့် အဖွဲ့ဝင်များသည် ခါတော်မီ မိသားစု အတာရေသဘင်မဏ္ဍပ်၊တပ်မတော်နည်းပညာတက္ကသိုလ် တက္ကသီလာပိတောက်ဝါ မိသားစု အတာရေသဘင်မဏ္ဍပ်၊ တပ်မတော်အင်ဂျင်နီယာကျောင်း... ပိတောက်ချယ်ရီ မိသားစုအတာရေသဘင်မဏ္ဍပ်များသို့သွားရောက်ခဲ့ပြီး ဂုဏ်ပြုဆုငွေတွေပေးအပ်ချီးမြှင့်ခဲ့တယ်လို့လည်း သတင်းထ ုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
#နစကဥက္ကဋ္ဌ၏ဇနီးဒေါ်ကြူကြူလှ
#မြန်မာ့သင်္ကြန် #YMG #Yangon_Media_Group




[ Album ]
#World_News
Published_ 16 April 2023
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြန်မာနိုင်ငံနယ်စပ်အနီးရှိ စစ်ဆောင်ပန်းနားဒေသမှာနေထိုင်တဲ့ တိုင်လူမျိုးတွေဟာ တိုင်နှစ်သစ်ကူးပွဲတော်အဖြစ် သင်္ကြန်ပွဲတော်ကို နှစ်စဉ်ဆင်နွှဲလေ့ရှိရာ ယခုနှစ်တွင်လည်း ဧပြီ(၁၅)ရက်က သင်္ကြန်ပွဲ ဆင်နွှဲနေကြပုံများကို စုစည်းတင်ပြပေးပါတယ်။
မြန်မာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ သင်္ကြန်ပွဲတော်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ လာအို၊ထိုင်း၊ကမ္ဘောဒီးယားနိုင်ငံတွေမှာလည်း တစ်ပြိုင်နက်ကျင်းပနေကြတာဖြစ်ပါတယ်။
-ymg/knl
#YMG #Yangon_Media_Group









#Local_News
Published_ 16 April 2023
နှစ်သစ်တွင်ကံဇာတာကောင်းမွန်ပွင့်လန်းစေရန်အတွက်လာမည့်နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇) ရက်၊မင်္ဂလာအချိန်၌ခေါင်းဆေးမင်္ဂလာပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်ထံမှသိရသည်၊၊
ယခုနှစ်တွင် နှစ်ဆန်းတစ်ရက်နေ့ဧပြီလ(၁၇)တွင် မင်္ဂလာအချိန်သည်မနက်(၇)နာရီ (၄၀)မှ (၈)နာရီ (၃၁)အတွင်းဖြစ်ပြီးယင်းအချိန်တွင် တနင်္ဂနွေသားသမီးများမှအပကျန်နေ့နာမ်သားသမီးအားလုံးခေါင်းဆေးမင်္ဂလာပြုလုပ်နိုင်မည်ဖြစ်သည်ဟုဆိုသည်၊၊
အတာစားသည့်တနင်္ဂနွေသားသမီးများအနေဖြင့် သင်္ကြန်အတက်နေ့ ဧပြီလ(၁၆)ရက်တွင် ခေါင်းဆေးမင်္ဂလာပြုရမည်ဖြစ်သည်၊၊
"နှစ်ဆန်းတစ်ရက်နေ့ မနက်(၇)နာရီ (၄၀)မှ (၈)နာရီ (၃၁)အတွင်း ခေါင်းဆေးမင်္ဂလာပြုလုပ်ရမယ်၊၊အဲဒီ့အချိန်ဟာ ဓနသိဒ္ဓိမွန်းတည့်ချိန်မို့ ဂါထာလေးရွတ်ပြီး ခေါင်းဆေးမင်္ဂလာပြုသင့်တယ်၊၊
အရဟံသိဒ္ဓိဆိုပြီးတော့ ပုတီးတစ်ပတ်စာ (၁၀၈)ခေါက် ရွတ်ဆိုပြီး ခေါင်းဆေးမင်္ဂလာပြုလိုက်ပါ၊၊ နေထွက်ရာအရပ်ကို မျက်နှာပြုပြီး ခေါင်းဆေးမင်္ဂလာပြုသင့်ပါတယ်၊၊
ဒီနှစ်ဟာ တနင်္ဂနွေသားသမီး အတာစားလို့ ဒီနေ့သင်္ကြန်အတက်နေ့ဧပြီလ(၁၆)ရက်ကတည်းက အုန်းခေါင်းလျှော်ရည်သို့မဟုတ်အုန်းဆီထည့်ပြီး ခေါင်းလျှော်ပြီးခေါင်းဆေးမင်္ဂလာပြုပေးရမယ်"ဟု မြန်မာနိုင်ငံသဘာဝနက္ခတ်ဗေဒပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်ကပြောသည်၊၊
ယခုနှစ်တွင် တနင်္ဂနွေသားသမီးများအတာစားသည့်အတွက် တစ်နှစ်တာပတ်လုံးကံဇာတာကောင်းမွန်စေရန်သင်္ကြန်အတက်နေ့တွင် ခေါင်းဆေးမင်္ဂလာကြိုတင်ပြုလုပ်ခြင်းအပြင် အလှူဒါနတစ်ခုပြုလုပ်ရမည်ဖြစ်ပြီး ရေတစ်ခွက်ကိုယူ၊မေတ္တာသုတ်ရွတ်ဆိုပြီး တစ်ပုံကို မိမိသောက်သုံးကာ ကျန်နှစ်ပုံကို အမွှေးနံ့သာထည့်ရမည်၊၊
အမွှေးနံသာထည့်ထားသည့် သောက်သုံးရေတစ်ပုံကို ကိုယ်ပြုလုပ်ခဲ့သည့် ကောင်းမှုများကို သစ္စာပြုပြီး ဝသုန်သန္ဓြေနတ်မင်းအားသက်သေပြုကာ မြေကြီးကိုပက်ဖြန်းရမည်ဖြစ်သည်၊၊
အမွှေးနံသာထည့်ထားသည့်ရေ ကျန်တစ်ပုံကို အန္တရာယ်ကင်းအောင် နေအိမ်နေရာအနှံ့ပက်ဖြန်းပေးရမည်ဖြစ်သည်ဟုဆိုသည်၊၊
ကျန်အင်္ဂါသားသမီး၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေနှင့်ရာဟုသားသမီးများအနေဖြင့်နှစ်ဆန်း တစ်ရက်နေ့ဧပြီလ(၁၇)တွင်ကိုယ်ဖြစ်ချင်သည့်ဆန္ဒများကိုယ်လုပ်ချင်သည့်အရာများကိုရေးသားဆုတောင်းပြီး ဘုရားစင်ပေါ်တင်ကာ ဘုရားသောက်တော်ရေ ကပ်လှူရမည်ဖြစ်သည်၊၊
အဆက်အသွယ်ကောင်းများရရှိစေရန်ဖုန်းငွေဖြည့်ကတ်(တစ်ထောင်တန်)၊အစားအသောက်တစ်ခုခု(ငွေကြေးမတတ်နိုင်သူများ ပိုက်ဆံတစ်ရွက်နှင့်ချိုချဥ်တစ်လုံး)ထည့်ပြီး မေတ္တာသုတ်ရွတ်ဆိုကာ ရေနှင့်ပစ္စည်းကို ပြန်စွန့်ရမည်၊၊
ပြန်စွန့်လိုက်သည့် ပစ္စည်းကိုအခြားသူကိုလှူဒါန်းလိုက်ပြီး ပြန်စွန့်လိုက်သည့်ရေကို သုံးပုံပုံပြီး တစ်ပုံကိုမိမိသောက်သုံးကာ ကျန်နှစ်ပုံကို အမွှေးရည်ထည့်ပြီး မိမိပြုခဲ့သည့်ကောင်းမှုကိုသစ္စာပြုပြီး ဝသုန်သန္ဓြေမြေနတ်မင်းကြီးအားသက်သေပြုရေစက်ချရမည်ဖြစ်သည်၊၊
ကျန်အမွှေးရည်တစ်ပုံကိုပုလင်းလေးဖြင့်ထည့်ပြီးယူဆောင်ကာ မိမိပတ်ဝန်းကျင်နှင့်အလုပ်ကို ပက်ဖြန်းရမည်ဖြစ်ကြောင်း ဒေါက်တာဒေါ်ကြည်ကြည်စိန်ကဟောကြားခဲ့သည်၊၊
ymg/tthl
#Local_News #နှစ်ဆန်းတစ်ရက်နေ့ # ခေါင်းဆေးမင်္ဂလာ #ကုသိုလ်ယတြာ #အတာစားသည့်တနင်္ဂနွေများကြိုတင်ပြုလုပ်
#YMG #Yangon_Media_Group



Published 16 April 2023
တောက်လျောက်ကျဆင်းလာနေတဲ့ တောင်ကိုရီးယားရဲ့ သန္ဓေအောင်နှုန်းကို ကုစားဖို့ လွန်ခဲ့တဲ့ ၁၅နှစ်ကစပြီး အစိုးရက ဒေါ်လာ ၂၁၂ ဘီလျံအထိသုံးစွဲခဲ့ပေမယ့် အဆိုပါကျဆင်းမှုရပ်တန့်သွားအောင် သိပ်မလုပ်နိုင်ခဲ့တဲ့အတွက် တောင်ကိုရီး ယားဟာ ယခုဆို နိုင်ငံရပ်ခြားအလုပ်သမားတွေပိုပြီးခေါ်ယူလာနေရပါတယ်။
သန္ဓေအောင်နှုန်းကျဆင်းမှုအကြပ်အတည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပတ်သက်မှုကြောင့် ၂၀၅၀ အရောက်မှာ လူဦးရေ ထူထပ်တဲ့ အင်ဒိုနီးရှားနှင့် နိုင်ဂျီရီးယားတို့ဟာ စီးပွာရေးအရွယ်အစားအရ တောင်ကိုရီးယားကို ကျော်ဖြတ်လိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
နောက်အဆိုးမြင်တစ်ခုကတော့ ယခုပုံစံအတိုင်းမျိုးအောင်နှုန်းကျဆင်းနေမယ ၂၇၅၀ အရောက်မှာ တောင်ကိုးရီးယား ဟာ နိုင်ငံအဖြစ်ကနေပါ ပျောက်ကွယ်သွားနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။
ဒေါ်လာဘီလျံချီသုံးစွဲခဲ့ပေမယ့် တောင်ကိုရီးယားရဲ့ ကလေးမွေးနှုန်းဟာ ဆက်လက်ကျဆင်းနေပါတယ်။ ၂၀၂၂ခုနှစ်မှာ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးဟာ သူ့ဘဝတလျောက်လုံး ကလေးမွေးတာ တစ်ယောက်တောင်မပြည့်တဲ့ ( ၀.၇၈) အထိကျဆင်းနေပါတယ်။ ဆိုးလ်မြို့မှာဆိုရင် ဒီထက်ပင်ကျဆင်းနေပြီး (၀.၅၉)ပဲရှိပါတော့တယ်။
အချို့သောစီးပွားရေးကော်ပိုရေးရှင်းကြီးတွေက တောင်ကိုရီးယားရဲ့စီးပွားရေးမှာ မင်းမူနေပေမယ့် ကျန်တဲ့ ၉၉ ရာခိုင်နှုန်း ဟာ သူတို့နှင့်နှိုင်းယှဉ်ရင် အတော့်ကိုသေးငယ်တဲ့ ကုမ္ပဏီတွေဖြစ်နေကြပါတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီသေးတွေက လစာနိမ့်ပြီး အလုပ်ပင်ပန်းလွန်းလို့ တောင်ကိုးရီးယားလူငယ်တွေကြားထဲ သိပ်ပြီး ရေပန်းမစားလှပါဘူး၊ အဲဒါကြောင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ငါးလုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်ငန်းတွေဟာ သူတို့လိုချင်တဲ့ အလုပ်သမားတွေ လုံလုံလောက် လောက်မရရှိကြဘဲဖြစ်နေကြပါတယ်။
အဲဒါကြောင့်လည်း အစိုးရဟာ နိုင်ငံခြားအလုပ်သမားတွေပိုပြီး ရှာဖွေနေကြရပါတယ်။
၁၉၉၀ပြည့်နှစ်မှာ တောင်ကိုရီးယာနိုင်ငံတွင် ကာလရှည်နေထိုင်ခွင့်ရတဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၄၉၀၀၀ ဦး ရှိပါတယ်။ ဒါပေမယ့် ရက်၉၀ အောက်နေကြတဲ့သူတွေအပါအဝင် အတည်တကျနေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ ၂၀၂၉ခုနှစ်ကုန်ပိုင်းမှာ ၂.၅၂ သန်း အထိမြင့်တက်သွားခဲ့ပါတယ်။ ဒါဟာ တောင်ကိုရီးယားလူဦးရေ ၅၁သန်းရဲ့ ၄.၉ ရာခိုင် နှုန်းအထိရှိပါတယ်။
အဲဒီနိုင်ငံခြားသားတွေထဲက ၄၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြပြီး ကိုရီးယားသွေးပါသူတွေဖြစ်ပါတယ်။ ကိုရီးယားတရုတ်တွေဟာ ဘာသာစကားတူ အစားအသောက်တူလို့ သူတို့ကိုပိုပြီးလိုချင်နေကြပါတယ်။ ဗီယက်နမ်လူမျိုး တွေဟာ ဒုတိယအများဆုံးဖြစ်ပြီး ထိုင်းက တတိယမြောက်အများဆုံးဖြစ်ကြပါတယ်။
၂၀၀၄ခုနှစ်မှာ တောင်ကိုရီးယားဟာ ကျွမ်းကျင်မှုနည်းတဲ့အလုပ်သမားတွေစတင်လက်ခံခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ အစိုးရဟာ အလုပ်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်အစအဆုံး ထိန်းချုပ်ထားပါတယ်။ စတင်ခန့်ရာကနေ သူတို့ကို အလုပ် နေရာချတာအလယ် သူတို့နိုင်ငံပြန်ပို့တာအဆုံးအားလုံးကိုထိန်းချုပ်ထားတာပါ။ အဲဒီအစီအစဉ်အောက်မှာ ကုန်ထုတ် လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ဝန်ဆောင်မှုနှင့်ငါးလုပ်ငန်းတွေ ပါဝင်ပါတယ်။
အလုပ်သမားဈေးကွက်ကိုဖွင့်ပေးခြင်းလို့ ပညာရှင်တစ်ဦးကပြောတဲ့ အဆိုပါလှုပ်ရှားမှုမှာ နိုင်ငံခြာသားအလုပ်သမား တွေကို ပီအာရ်လို့ခေါ်တဲ့ အမြဲတမ်းအခြေချနေထိုင်ခွင့်ရသူတွေဖြစ်အောင်ကူညီဖို့ တေင်ကိုရီးယားအစိုးရက နည်းမျိုးစုံနှင့်ပြင်ဆင်ခဲ့ပါတယ်။

နိုင်ငံတကာလက်ထပ်ထိမ်းမြားခြင်းမှတစ်ဆင့် နိုင်ငံခြားသားအလုပ်သမားတွေဟာ အခုဆို တရားဝင်အတည်တကျ နေထိုင်ခွင့် ဒါမှမဟုတ် ပီအာရ် အဆင့်အတန်းကို ယခုရရှိနေကြပြီဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နိုင်ငံခြားသားအလုပ် သမားတွေနှင့် တောင်ကိုရီးယားနိုင်ငံသားတွေ လက်ထပ်ထိမ်းမြားမှုဟာ ၂၀၀၀ပြည့်နှစ်ကတည်းက တဟုန်ထိုး တိုး တက်လာခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံသား ၁၀ဦးလက်ထပ်ရင် တစ်ဦးဟာ နိုင်ငံခြားသားနှင့်လက်ထပ်တာ အထူး သဖြင့်တရုတ်နှင့်ဗီယက်နမ်နိုင်ငံသားတွေနှင့်လက်ထပ်တာအထိ ဆယ်ချိုးတစ်ချိုး ဖြစ်လာပါတယ်။
အဲသလိုနိုင်ငံသားဖြစ်လာသူတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်နှင့် ကွာရှင်းလို့ပဲဖြစ်ဖြစ် သေဆုံးသွားလို့ပဲဖြစ်ဖြစ် နောက် တစ်ဦးနှင့် အိမ်ထောင်ထပ်ပြုရင် အိမ်ထောင်အသစ်ဟာ အလိုအလျောက် တောင်ကိုရီးယားနိုင်ငံသားဖြစ်လာပါတယ်။ ဒီလိုနည်းနှင့် တောင်ကိုးရီးယားနိုင်ငံသားဖြစ်လာကြတဲ့သူတွေထဲမှာ အရှေ့တောင်အာရှနိုင်ငံကလာသူတွေအရေ အတွက် ဟာ တစ်ဟုန်ထိုးတက်လာနေပါတယ်။
အစိုးရရဲ့ကျယ်ပြန်တဲ့အားပေးမှုတွေက နိုင်ငံခြားသားအလုပ်သမားတွေကို အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ်ပီအာရ်အဆင့် အတန်းရရှိ တာတွေတိုးပွားလာရခြင်းရဲ့ အဓိကအချက်တစ်ခုဖြစ်တယ်လို့ တောင်ကိုရီးယားလူဝင်မှုမူဝါဒစာအုပ်ရေးသား သူ ဆေကာဂွန်းတက္ကသိုလ် ပါမောက္ခ အီကူမီဟာရူကီကပြောပါတယ်။
“ နိုင်ငံတစ်လွှားက နေရာ ၃၁၉နေရာမှာ တောင်ကိုရီးယားဟာ အခမဲ့ ဘာသာစကားသင်တန်းတွေလုပ်ပေးနေတယ်” လို့ ဟာရူကီကပြောပါတယ်။

ဒါပေမယ့် အစိုးရက အဲသလိုဘတ်ဂျက်အကြီးအကျယ်သုံးနေတဲ့အပေါ် ပြည်သူတွေက မကျေမချမ်းဖြစ်လာနေပါတယ်။ လစာတွေက များပေမယ့် နိုင်ငံခြားသားအလုပ်သမားတွေဟာ အလုပ်ချိန်အရှည်ကြီးအလုပ်လုပ်နေကြရပြီး နိုင်ငံရဲ့ အလုပ်သမားတွေနှင့်ဆက်ဆံရာမှာ ရှေးရိုးအစဉ်အလာလိုဖြစ်နေခဲ့တဲ့ ခွဲခြားဆက်ဆံခံရတာတွေနှင့် ထိပါး နှောက်ယှက်ခံနေရတာတွေကိုလည်း နိုင်ငံခြားသားအလုပ်သမားတွေကြုံတွေ့နေကြရပါတယ်။
ဒါပေမယ့်လည်း အရှေ့တောင်အာရှက လူငယ်တွေအတွက် တောင်ကိုရီးယားဟာ အလုပ်လုပ်ဖို့ ဆွဲဆောင်မှုရှိနေတဲ့ နေရာအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ကေပေါ့ယဉ်ကျေးမှုနှင့် ကိုရီးယားဒရာမာဇာတ်လမ်း တွေကလည်း ကိုရီးယားကိုသွားဖို့ ဆွဲဆောင်နေတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
မလုံလောက်မှုတွေရှိနေလင့်ကစား ကျဆင်းနေတဲ့ မွေးဖွားနှုန်းကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကျိုးဆက်ကို သက်သာအောင်ဘယ်လိုလုပ်မယ်ဆိုတဲ့ တန်ဖိုးရှိလှတဲ့သင်ခန်းစာတွေကိုတော့ တောင်ကိုရီးယားရဲ့ နိုင်ငံခြား လုပ်သား မူဝါဒက ပေးကမ်းနေတုန်းပဲဖြစ်ပါတယ်။
Source” Nikkei Asia
#YangonMediaGroup
#SpecialReport
#အထူးဆောင်းပါး
#တောင်ကိုရီးယား
#တောင်ကိုရီးယားကလေးမွေးနှုန်းကျဆင်း
#တောင်ကိုရီးယားနိုင်ငံခြားသားအလုပ်သမား
Page 1199 of 1920