#Local_News
Published_ 15 April 2023
နှလုံးလှလူမိုက်ရုပ်ရှင်ဇာတ်ကားကြီး မူရင်းဝတ္ထု ဖန်တီးရှင်ဦးတင်ယု(ကလောင်-ချစ်ကိုကိုယု)ဧပြီ (၁၅) ရက်၊သင်္ကြန်အကြတ်နေ့၊ နံနက်ပိုင်းတွင်ကွယ်လွန်သွားကြောင်းသိရသည်၊၊
အကယ်ဒမီဆုများစွာရရှိခဲ့သည့် နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားကြီး မူရင်းဝတ္ထုဖန်တီးရှင်စာရေးဆရာချစ်ကိုကိုယုသည် ရုတ်တရတ်လေဖြတ်ပြီးကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်၊၊
စာရေးဆရာချစ်ကိုကိုယုကွယ်လွန်သွားကြောင်းကို
"ဦးတင်ယု နှလုံးလှလူမိုက် ရုပ်ရှင်ဇာတ်ကားကြီး မူရင်းဝတ္ထုဖန်တီးရှင်စာရေးဆရာချစ်ကိုကိုယုကွယ်လွန်သွားတယ်ဆိုတာဟုတ်ပါတယ်၊၊ဒီမနက်ပဲကွယ်လွန်သွားတာ၊၊
သင်္ကြန်အကြိုနေ့၁၃ရက်နေ့က သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် သူ့ရဲ့စာပေဗိမာန်ဆုရစာအုပ်ဖြစ်တဲ့ ရွက်နုဝေဖြာသဲယောဇဥ်ကမ္ဘာဆိုတဲ့စာအုပ်လေးကို ကျွန်တော်တို့ပုံနှိပ်တိုက်နဲ့ပြန်ထုတ်ခဲ့တယ်၊၊
သူ့နယ်(ဆကာကြီးမြို့)မှာ စတုဒိသာတောင်သွားကျွေးဖို့လုပ်ထားသေးတယ်၊၊
မွေးနေ့မတိုင်မီ(၁၂)ရက်နေ့မှာလက်ဖက်ရည်ဆိုင်သွားရင်းနဲ့ လမ်းဖြတ်ကူးရင်း လေဖြန်းမလိုဖြစ်သွားတာ၊၊
မွေးနေ့၁၃ရက်မှာစကားပြောနိုင်သေးတယ်၊၊ မနေ့ကအခြေအနေမဟန်တော့ဘဲ သတိလစ်သွားရာကနေသတိပြန်မလည်လာတော့ဘဲ နောက်တော့ဆုံးသွားတာ"ဟု သူ၏စာအုပ်များကို ထုတ်ဝေပေးနေသည့် မိုးကောင်းမြေပုံနှိပ်တိုက်မှတာဝန်ရှိသူတစ်ဦးက YMGကို အခုလိုပြောပြသည်၊၊
ဦးတင်ယု(ကလောင်-ချစ်ကိုကိုယု)သည် မွေးနေ့အထိမ်းအမှတ်သင်္ကြန်အကြိုနေ့တွင် မုန့်ဟင်းခါးစတုဒိသာကျွေးမွေးလှူဒါန်းရန်စီစဥ်ထားပြီး မွေးနေ့မရောက်မီတစ်ရက်အလိုတွင်ကျန်းမာရေးရုတ်တရတ်ချို့ယွင်းခဲ့ပြီးဧပြီလ(၁၅)ရက် မွေးနေ့အလွန်နှစ်ရက်မြောက်နေ့တွင်ကွယ်လွန်သွားကြောင်းသိရသည်၊၊
ymg/tthl
#YMG #Yangon_Media_Group



#Myanmar_News
Publlished_ 15 April 2023
အလုံ CECC) ဓာတ်အားပေးစက် မောင်းနှင်ချိတ်ဆက်ခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်မြို့နယ်အချို့ ယနေ့ ဧပြီ ၁၅ ရက် မွန်းတည့် ၁၂နာရီမှ မွန်းလွဲ၂ နာရီအထိ ဓာတ်အားပြတ်တောက်နေမည်ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာပါတယ်။
ကြေညာချက်အပြည့်အစုံမှာ မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်းရှိ အလုံ (CECC) ဓာတ်အားပေးစက် မောင်းနှင်ချိတ်ဆက်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် 66kV Bus Shut Down အား ယနေ့(၁၅.၄.၂၀၂၃ ) ရက်နေ့၊ (၁၂:၀၀) နာရီ မှ (၁၄:၀၀) နာရီအချိန်ထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း အလုံ၊ လမ်းမတော်၊ ဒဂုံ ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ရန်ကင်း၊ တောင်ဉက္ကလာပ မြို့နယ်များ၏ နေရာအချို့တို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ပါကြောင်းနှင့် အရေးကြီး နေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ပါသည်။
#ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
#YMG #Yangon_Media_Group
#Local_News
Published_ 15 April 2023
မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုတွင် အိန္ဒိယငွေကြေးရူပီးနှင့်မြန်မာကျပ်ငွေတို့တိုက်ရိုက်လဲလှယ်ခွင့်ပြုလိုက်ပြီဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးတွင်စတင်အသုံးပြုမည်ဖြစ်သလိုပဲတင်ပို့ခြင်းကဲ့သို့ပုံမှန်ကုန်သွယ်မှုအတွက်လည်းကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရသည်၊၊
အိန္ဒိယဗဟိုဘဏ်(Reverse Bank of India)က မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV)Accountလက်ခံဆောင်ရွက်မည့် အိန္ဒိယဘဏ်(Designated Bank)အဖြစ် Punjab National Bank ,Indiaကို ရွေးချယ်ထားကြောင်းသိရသည်၊၊
ရူပီး/ကျပ်တိုက်ရိုက်ငွေပေးချေမှုစနစ်ကို နယ်စပ်ကုန်သွယ်ရေးတွင်စတင်မည်ဖြစ်ပြီး သင်္ဘောဖြင့် ပဲတင်ပို့ရောင်းချခြင်းပုံမှန်ကုန်သွယ်မှုအတွက်လည်း ကျင့်သုံးရန်ရည်ရွယ်ထားသည်ဟုဆိုသည်၊၊
လက်ရှိတွင်တရုတ်ယွမ်၊ထိုင်းဘတ်တို့ဖြင့် နယ်စပ်ကုန်သွယ်ရေးပေးချေမှုများလက်ခံဆောင်ရွက်သည့်နည်းတူအိန္ဒိယကုန်သွယ်ရေးတွင် ရူပီး/ကျပ်ပေးချေမှုများဆောင်ရွက်မည်ဖြစ်သည်ဟုဖော်ပြထားသည်၊၊
ဧပြီလ(၁)ရက်ကစတင်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု မူဝါဒသစ်သည်နိုင်ငံတကာကုန်သွယ်မှုများတွင်ရူပီးအသုံးပြုရန်အတွက် အထောက်အပံ့ပြုမည့်အစီအစဥ်များပါဝင်ကြောင်းသိရသည်ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်၊၊
ymg/tthl
#Local_News #နယ်စပ်ကုန်သွယ်ရေး #ရူပီးနှင့်ကျပ်တိုက်ရိုက်ပေးချေမှုစနစ်
#YMG #Yangon_Media_Group
#World_Politics
Published 15 April 2023
ဘရာဇီးလ်ဟာ သူတို့နဲ့အရင်းနှီးဆုံးကုန်သွယ်မိတ်ဖက်နိုင်ငံတရုတ်နှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လိုက်ပါတယ်။
သောကြာနေ့က တရုတ်ပြည်သို့ ခရီးလာရောက်စဉ်မှာ နည်းပညာပိုင်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးတို့မှာ မြှင့်တင်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီး ယူကရိန်းကိစ္စ ငြိမ်းချမ်းရေးစကားဆွေးနွေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဘရာဇီးလ်သမ္မတ 'လူးဝစ်ဇ်အင်နာစီယိုလူလာဒါဆေးလ်ဗား'နဲ့ သူ့ရဲ့ဝန်ကြီးတွေဟာ ပေကျင်းမှာ တရုတ်သမ္မတ'ရှီကျင့်ဖင်'အပါအဝင် တရုတ်အရာအရှိများနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ ဘရာဇီးလ်နဲ့ သံတမန်ဆက်ဆံရေးကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံအနေနဲ့ စိုက်ပျိုးရေး၊ စွမ်းအင်၊ အခြေခံအဆောက်အအုံဆောက်လုပ်ရေး ကဏ္ဍတွေမှာ လက်တွေ့ကျကျ ပိုမိုနီးကပ်ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ရှီကျင့်ဖင်က ပြောကြားခဲ့ကြောင်း CCTV မှာ ဖော်ပြခဲ့ပါတယ်။
ဘရာဇီးလ်ဟာ တရုတ်နိုင်ငံနဲ့ အထူးဆက်ဆံရေးအခြေအနေရှိပြီး နေ့စဉ်နဲ့အမျှ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မြဲလာကြောင်း လူလာဒါဆေးလ်ဗားက ဆွေးနွေးပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။
ဆွေးနွေးညှိနှိုင်းခြင်းကသာ ယူကရိန်းစစ်ပွဲကိုဖြေရှင်းနိုင်မယ့် တစ်ခုတည်းသောဖြစ်နိုင်ချေနည်းလမ်းဖြစ်တယ်လို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြောင်း ပူးပေါင်းကြေညာခဲ့ပါတယ်။
ယူကရိန်းနဲ့ရုရှားကြား ပြေလည်မှုရရှိဖို့ အခြားနိုင်ငံများအနေနဲ့လည်း အကျိုးပြုတဲ့အခန်းကဏ္ဍကနေ ပါဝင်ပေးရန် တောင်းဆိုလိုက်ကြပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးကို အရေးပေးကာ ရာသီဥတုဖောက်ပြန်မှုနဲ့အညီ လိုက်လျောညီထွေဆောင်ရွက်ရေး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့မှာ ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးမှုများအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ရာသီဥတုပြဿနာများနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ နိုင်ငံတကာဖိုရမ်ပွဲများပြုလုပ်ရေးမှာ အတူတကွဆောင်ရွက်ရန်၊ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဘဏ္ဍာရေးပိုမိုသုံးစွဲရန် တောင်းဆိုလိုက်ကြပါတယ်။
ဘရာဇီးလ်နိုင်ငံမှာ သန့်စင်စွမ်းအင်နဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုကို ထောက်ပံ့ပေးရန် တရုတ်က ကတိပြုလိုက်ပါတယ်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ အဖွဲ့ဖွဲ့စည်းရန်လည်း သဘောတူလိုက်ကြပါတယ်။
တရုတ်နည်းပညာကုမ္ပဏီကြီး Huawei Technologies မှ ပဉ္စမမျိုးဆက်မိုဘိုင်းကိရိယာတန်ဆာများ အသုံးမပြုဖို့ အမေရိကန်အစိုးရက ဖိအားပေးထားပေမယ့် ဘရာဇီးလ်ကတော့ ထိုကဏ္ဍမှာ တရုတ်ရင်းနှီးမြှုပ်နှံရေးကို စိတ်ဝင်စားနေပါတယ်။
ဟွာဝေးကို သွားရောက်လည်ပတ်စဉ်မှာ တရုတ်နဲ့ဆက်ဆံရေးမှာ မလိုမုန်းတီးမှုတွေ မရှိစေချင်ဘူးဆိုတာကို ကမ္ဘာကိုအသိပေးချင်တဲ့သဘောဖြစ်တယ်လို့ လူလာက မှတ်ချက်ပြုလိုက်ပါတယ်။
သောကြာနေ့က ထိုနှစ်နိုင်ငံဟာ အခြေခံအဆောက်အအုံ၊ စွမ်းအင်ကူးပြောင်းရေး၊ သယ်ယူပို့ဆောင်ရေး၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ နည်းပညာမြင့်ကဏ္ဍတွေမှာ ကုမ္ပဏီတွေကနေ အချင်းချင်းရင်းနှီးမြှုပ်နှံကြဖို့ကို သဘောတူခဲ့ကြပါတယ်။
Source: Reuters
#World_Politics #နည်းပညာ #ပတ်ဝန်းကျင်ကဏ္ဍများ #တရုတ်နှင့်ဘရာဇီးလ်ဆက်ဆံရေ #ယူကရိန်းအရေးဖြေရှင်းညှိနှိုင်း #YMG #Yangon_Media_Group
#World_Health
Published_ 15 April 2023
ကြက်ငှက်တုပ်ကွေး-အေ(H3N8)ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ တရုတ်ပြည်မှအမျိုးသမီးတစ်ဦးဟာ မတ်လ ၂၇ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်း WHO က ဖော်ပြခဲ့ပါတယ်။
ဒါဟာ ကြက်ငှက်တုပ်ကွေး-အေ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တတိယမြောက်လူသားဖြစ်လာပြီး ၃ ယောက်စလုံးဟာ တရုတ်နိုင်ငံမှဖြစ်ပါတယ်။
ရရှိထားတဲ့အချက်အလက်တွေအရ ဒီဗိုင်းရပ်စ်ဟာ လူသားချင်းမကူးစက်နိုင်ဘဲ တိုင်းပြည်နဲ့ နိုင်ငံတကာအဆင့်မှာ လူသားချင်းကူးစက်နိုင်ချေ နည်းပါးတယ်လို့ ယူဆနိုင်ပါတယ်။
အသက် ၅၆ နှစ်အရွယ်အမျိုးသမီးဟာ အဆုတ်ရောင်ရောဂါပြင်းထန်စွာ ခံစားရတာကြောင့် ဆေးရုံတက်ကုသခံယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့လက ဆုံးပါးသွားခဲ့ပါတယ်။
လူနာဟာ ရောဂါနောက်ခံအများအပြားရှိသလို ဒီမတိုင်ခင်ကလည်း ကြက်ငှက်တွေနဲ့ ထိတွေ့ခဲ့ပါတယ်။
H3N8 ဗိုင်းရပ်စ်ဟာ မြောက်အမေရိကရေဘဲမှာ စတင်တွေ့ရှိခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်ကတည်းက ပျံ့နှံ့နေခဲ့ပြီး မြင်း၊ ခွေး၊ ဖျံတို့မှာ ကူးစက်တတ်တယ်လို့ သိထားပါတယ်။
ထိုဗိုင်းရပ်စ်ကို ငှက်မျိုးကွဲတွေမှာ အတွေ့များပြီး ရောဂါလက္ခဏာတွေ့ရခဲပါတယ်။
ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်တွေ ငှက်တွေထံကနေ လူသားတွေဆီကူးစက်တာမျိုးက အလွန်ရှားပါးပြီး ကူးစက်ခံထားရတဲ့ ကြက်ငှက်တွေနဲ့ ထိတွေ့မိတဲ့အခါမျိုးမှာသာ ကူးစက်တတ်ပါတယ်။
ဗိုင်းရပ်စ်အမျိုးအစား၊ ကူးစက်ခံရသူအပေါ် မူတည်ပြီး ရောဂါလက္ခဏာအနေနဲ့ မျက်မြှေးရောင်ခြင်းကဲ့သို့ လက္ခဏာအပေါ့စားကနေ ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းရောဂါ၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ထားတဲ့ ငှက်အရှင် ဒါမှမဟုတ် ငှက်အသေ ဒါမှမဟုတ် ပတ်ဝန်းကျင်အရာဝတ္ထုနဲ့ ထိတွေ့မိပြီး လူသားတွေမှာ ရောဂါကူးစက်ခံရတတ်ပါတယ်။
တုပ်ကွေးဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတစ်မျိုးရှိပေမယ့် H3N8 အတွက်တော့ မရှိသေးပါဘူး။
ကြက်ငှက်မွေးမြူရေးလုပ်ငန်းနေရာတွေလိုမျိုးမှာ အသက်ရှူလမ်းကြောင်း ကာကွယ်ရေးကိရိယာများအသုံးပြုခြင်း၊ အယ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးအသုံးပြုခြင်းတို့ဖြင့် ကူးစက်မှုကိုကာကွယ်နိုင်ပါတယ်။
တုပ်ကွေးပျံ့နှံ့နေတဲ့နိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ ငှက်ခြံများ၊ သားငါးဈေး၊ သားသတ်နေရာများကို မသွားသင့်သလို တိရိစ္ဆာန်အညစ်အကြေးတွေရှိတဲ့ မျက်နှာပြင်တွေနဲ့လည်း မထိမိအောင် သတိထားသင့်ပါတယ်။
ဒါ့အပြင် လက်ကို ဆပ်ပြာဖြင့်ဆေးကြောပြီး အစားအစာသန့်ရှင်းရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။
Source: India Today
#World_Health #H3N8ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် #ပထမဆုံးသေဆုံးမှု # တရုတ်တွင်ဖြစ်ပွား
#YMG #Yangon_Media_Group
#World_Health
Published_ 15 April 2023
ကြောက်စရာအသည်းကင်ဆာရောဂါနဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းတစ်မျိုးက ကုသရန်နည်းလမ်းအတွက် အဓိကကျတဲ့အရာဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကယ်လီဖိုးနီးယားဆန်ဒီယေဂိုတက္ကသိုလ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။
ATF4 ပရိုတိန်းဟာ အသည်းကင်ဆာနောက်ပိုင်းအဆင့်တွေမှာ ပတ်သက်နေတယ်လို့ အရင်ကတည်းက တွေ့ရှိထားပြီးဖြစ်ပါတယ်။
ကျန်းမာတဲ့ဆဲလ်တွေမှာ ATF4 က သာမန်အားဖြင့်နည်းပါးပေမယ့် ဆဲလ်တွေ ဖိစီးမှုခံစားလာရချိန်မှာတော့ ATF4 ပမာဏမြင့်တက်လာပါတယ်။
သုတေသီတွေက အသည်းဆဲလ်တွေမှာ ATF4 ချို့တဲ့တဲ့ ကြွက်တွေနဲ့စမ်းသပ်ခဲ့ကြပါတယ်။
ATF4 နည်းပါးတဲ့ကြွက်တွေဟာ အသည်းကင်ဆာ ပိုမိုဖြစ်ပွားနိုင်ကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် ATF4 က အသည်းကင်ဆာမဖြစ်အောင် တစ်နည်းနည်းဖြင့် ကာကွယ်ပေးတယ်လို့ ယူဆရပါတယ်။
နောက်ထပ်စမ်းသပ်မှုများအရ ATF4 ဟာ အသည်းဆဲလ်တည်ငြိမ်မှုကို ထိန်းသိမ်းရာမှာ ကူညီပေးတဲ့ SLC7A11 ပရိုတိန်းပွားများခြင်းမှာလည်း အထောက်အကူပေးပါတယ်။
SLC7A11 ဟာ ဆဲလ်သေခြင်းအမျိုးအစားတစ်ခုကိုလည်း တားဆီးပေးကာ ATF4 က အသည်းကင်ဆာဆိုးရွားလာခြင်းကို နှောင့်နှေးစေပါတယ်။
အသည်းက ခန္ဓာကိုယ်မှာ မရှိမဖြစ်အင်္ဂါတစ်ခုဖြစ်ပြီး အရေးကြီးလုပ်ဆောင်ချက်တွေ ပြုလုပ်ပေးပါတယ်။
စားသောက်လိုက်တဲ့အစားအစာတွေက မသင့်တော်ဘူးဆိုတာနဲ့ အလွယ်တကူထိခိုက်တတ်ပါတယ်။
အဝလွန်သူတွေမှာ အများဆုံးတွေ့ရတာက အသည်းအဆီဖုံးခြင်းဝေဒနာပါပဲ။
ဒီအတိုင်းဆိုရင် အန္တရာယ်နည်းသလို ကိုယ်အလေးချိန်လျှော့ချလိုက်ရင် ဝေဒနာသက်သာသွားတတ်ပါတယ်။
ဒါပေမဲ့ နေထိုင်စားသောက်မှုပုံစံ မပြောင်းလဲဘူးဆိုရင်တော့ ရောဂါပိုဆိုးရွားလာနိုင်ကာ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာစတဲ့ အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေက ဓာတ်ခွဲခန်းထဲကကြွက်တွေဖြင့် ရောဂါအခြေအနေဆိုးရွားမှုကို လေ့လာခဲ့ပြီး အသည်းထဲမှာ ခုခံအားပြောင်းလဲမှုကို နည်းပညာအသစ်ဖြင့် လေ့လာခဲ့ပါတယ်။
အဆိုပါတွေ့ရှိမှုတွေက အသည်းအဆီဖုံးရောဂါကုသဖို့အတွက် သိသိသာသာထိရောက်မှုရှိစေကြောင်း Nature Medicine ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
Source: The Jerusalem Post
#World_Health #သဘာဝအတိုင်းတွေ့ရသည့်ပရိုတိန်းတစ်မျိုး #အသည်းကင်ဆာ
#YMG #Yangon_Media_Group
#Myanmar_News
Published 15 April 2023
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်စွာဖြင့် မန္တလေးသို့ ပြန်လည် ကြွရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်ကြီးသည် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ကြွရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဗန်းမော်ဆရာတော်ကြီးကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နစကအဖွဲ့ဝင်ဦးမောင်ကို၊မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူတွေ၊ဆရာတော်ကြီးရဲ့ ဆွေတော်မျိုးတော်တွေက လာရောက်ကြိုဆိုခဲ့ကြတယ်လို့ သိရှိရပါတယ်။
-ymg/knl
#နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ
#ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီး
#YMG #Yangon_Media_Group




#Local_News
Published_ 15 April 2023
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ (ဧပြီလ ၁၄ ရက်)တွင် မြိတ်ကျွန်းစုရှိ သဘာဝ အလှများဖြင့် သာယာသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများအပန်းဖြေခရီးအဖြစ် မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့် သွားရောက် လည်ပတ်ခဲ့ကြကြောင်း သိရသည်။
သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် မြိတ်ကျွန်းစုရှိ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥသောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ မင်းသားကျွန်း၊ သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း၊ ဒုံးညောင်မှိုင်းရွာ၊ ဘေလီကျွန်း၊ သမီးလှကျွန်း စသည့် ကျွန်းများသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်ဆိပ်ကမ်းမှ ယနေ့တွင် ခရီးစဉ်(၃)ခုအဖြစ် ဘေလီကျွန်း၊ စမတ်ကျွန်းနှင့် ကြယ်လိပ်ကျွန်း ခရီးစဉ်၊ လေးကျွန်း၊ သမီးလှကျွန်းနှင့် မင်းသားကျွန်း ခရီးစဉ်၊ စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်းရွာ ခရီးစဉ်များ ကို သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးအဖြစ် ခရီးသွားလုပ်ငန်းများမှ Speed Boat များဖြင့် ပို့ဆောင်ပေးကြကြောင်းလည်း သိရသည်။
ခိုင်ထူး(မြိတ်)
#Local_News #သင်္ကြန်အကျနေ့ #မြိတ်ကျွန်းစု #စမတ်ကျွန်းနှင့်လေးကျွန်း #သွားရောက်လည်ပတ်ကြ
#YMG #Yangon_Media_Group




#Local_News
Published_ 14 April 2023
မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ က အရာရှိ၊ စစ်သည်၊ မိသားစုဝင် များနှင့် ဗိုလ်လောင်းများ၏ ရေသဘင်ပွဲတော်ကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့သိရပါတယ်။
နစက ဥက္ကဋ္ဌ ၏ဇနီးနှင့် အဖွဲ့ဝင်များကစစ်တက္ကသိုလ်မိသားစု ချယ်ရီသစ္စာ ပိတောက်ဝါ အတာ ရေသဘင်မဏ္ဍပ်နှင့် ပြင်ဦးလွင်တပ်နယ်အတွင်းရှိ ချယ်ရီမေ အတာ ရေသဘင်မဏ္ဍပ်၊ နွေဦးကဗျာ ပိတောက်ဝါ အတာရေသဘင်မဏ္ဍပ်နှင့် ပိတောက်ဧကရီ အတာရေသဘင်မဏ္ဍပ်တို့သို့ ရောက်ရှိကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြင်ဦးလွင်မြို့၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ဗဟိုမဏ္ဍပ် သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့တယ်လို့နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg/mt
#Local_News #ပြင်ဦးလွင် #မိသားစုရေသဘင်မဏ္ဍပ်များ #နစကဥက္ကဌ၏ဇနီးသွားရောက်
#YMG #Yangon_Media_Group




Published 13 April 2023
ပြင်သစ်မှ လိုင်စင်လွတ်မော်တော်ယာဉ်ထုတ်လုပ်ရေး 'လီဂျီယာ'ကုမ္ပဏီဟာ ငွေကြေးတတ်နိုင်တဲ့ လူငယ်တွေ ကနေစတင်ပြီး ဈေးကွက်အသစ်ရှာနိုင်ဖို့ ပထမဆုံးလျှပ်စစ်ကားကို ထုတ်လုပ်ပြသလိုက်ပါတယ်။
အရှိန်များလွန်းခြင်း၊ အရက်သေစာကိစ္စတွေကြောင့် ယာဉ်မောင်းလိုင်စင်သိမ်းခံရတဲ့ ယာဉ်မောင်းတွေအတွက် အခွင့်အရေးရလာမှာဖြစ်ပါတယ်။
လိုင်စင်မရှိတဲ့လူတွေအပြင် အရှက်တကွဲမဖြစ်ချင်တဲ့ ဖောက်သည်တွေလည်းရှိနေတာကြောင့် သူတို့နဲ့ကိုက်ညီမယ့် ယာဉ်တွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်လို့ ကုမ္ပဏီစီအီးအို'ဖရန်ဆွိုက်လီဂျီယာ'က ပြောပြခဲ့ပါတယ်။
Source: AFP
#လိုင်စင်လွတ်ပြင်သစ်လျှပ်စစ်ကား
#လီဂျီယာလျှပ်စစ်ကား
#YangonMediaGroup
#Myanmar_News
Published_ 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန်
#မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group




#MyanmarNews
Published 14 April 2023
မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကျနေ့ဖြစ်သော ဧပြီလ (၁၄)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်တွင် သင်္ကြန်နွဲပျော်နေကြသူများ၏မြင်ကွင်းများကို စုစည်းဖော်ပြအပ်ပါတယ်။
#YangonMediaGroup
#အင်းလေးသင်္ကြန် #မြန်မာသင်္ကြန်၂၀၂၃ #YMG #Yangon_Media_Group




Page 1201 of 1919