#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်၊၊
#Education #Exam #YMG
#Yangon_Media_Group
#Local_News
Published_ 22 February 2023
ရခိုင်ရိုးရာသင်္ကြန်ဟာ အရှေ့တောင်အာရှမှာ အစောဆုံးကျင်းပခဲ့တဲ့သင်္ကြန်ဖြစ်ပြီး မြတ်စွာဘုရားပွင့်တော်မူချိန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ကာလကတည်းက စတင်ကျင်းပလာတဲ့ သင်္ကြန်ပွဲတော်ဖြစ်တယ်လို့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရပါတယ်၊၊
#ရခိုင်ရိုးရာသင်္ကြန် #သက်တမ်း၂၀၀၀#Local_News
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ အစပိုင်းကစပြီး ဈေးဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေးဟာ လက်ရှိအချိန်အထိ ဈေးမြင့်တက်နေတယ်လို့ ပြည်တွင်းဆန်ဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Rice #Business# ပြည်တွင်းဆန်ဈေးကွက်
#YMG #Yangon_Media_Group
#DailyNews
Published_ 22 February 2023
၁။ ပြည်တွင်းဆန်ဈေးကွက် ဈေးနှုန်းအမြင့်ပိုင်းသို့ရောက်ရှိနေ
၂။ ရခိုင်ရိုးရာသင်္ကြန်သည် အစောဆုံးသင်္ကြန်ဖြစ်ပြီး နှစ်သက်တမ်း၂၀၀၀ ကျော်ရှိပြီဖြစ်ဟုဆို
၃။ တက္ကသိုလ်ဝင်စာမေးပွဲမတ်လ(၈)ရက် စတင်ကျင်းပမည်၊ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားထုတ်ယူနိုင်ပြီဟုဆို
၄။ စစ်ဘေးဒဏ်ခံစားခဲ့ရသည့် ဆူဒန်သားတို့အတွက် လူရွှင်တော်အဖွဲ့မှအပတ်စဉ်ဟာဒယရွှင်ဆေးတိုက်ကျွေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 22 February 2023
ယာယီရပ်ထားတဲ့ passport လုပ်ငန်းစဉ်တွေကို မကြာတော့တဲ့ အချိန်မှာ ပြန်ပြီးတော့ စတင်တော့မယ်လို့ နစက သတင်းပြန်ကြားရေးအဖွဲ့က သိရပါတယ်။
#Local_News #Passport #နိုင်ငံကူးလက်မှတ်
#YMG ##Yangon_Media_Group
#Local_News
Published-22 February 2023
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၁၉ ရက်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ရာအိမ်မှူးနှစ်ဦးသေဆုံးကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ ရပ်ကွက်နေ ရာအိမ်မှူး ဦးထွန်းထွန်းဝင်း(၄၆)နှစ် (ဘ)ဦးလှအောင်၊ ရာအိမ်မှူး ဦးဝင်းမြင့်(၆၀)နှစ် (ဘ)ဦးကြင်၊ ရာအိမ်မှူး ဦးမြင့်ဝေ(ခ)ဦးပု(၅၂)နှစ် (ဘ)ဦးထွန်းခင်၊ ဆယ်အိမ်မှူး ဦးဖြိုးကိုကိုအောင် (၂၈)နှစ် (ဘ)ဦးသန်းမြင့်၊ ရုံးအကူ ဦးအောင်ဝင်း(၃၁)နှစ် (ဘ)ဦးခင်ဝင်း၊ ရာအိမ်မှူး ဒေါ်ခင်ဆွေဝင်း (၆၅)နှစ် (ဘ)ဦးပူခိတို့ ရုံး၌လုပ်ငန်းများ ဆောင်ရွက်နေစဉ် နစက ဆန့်ကျင်အဖွဲ့မှ အမျိုးသား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရုံးအရှေ့သို့ရောက်ရှိလာပြီး ရုံးအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဦးထွန်းထွန်းဝင်းနှင့် ဦးဝင်းမြင့်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဦးမြင့်ဝေ(ခ)ဦးပု၊ ဦးဖြိုးကိုကိုအောင်၊ ဒေါ်ခင်ဆွေဝင်းနှင့် ဦးအောင်ဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
#ymg/mt #Crime #Local_News #ဒဂုံဆိပ်ကမ်း(၉၄)
#ရာအိမ်မှူးနှစ်ဦးသေဆုံး #YMG #Yangon_Media_Group
#Local_News
Published-22 February 2023
ကွယ်လွန်သွားကြပြီ ဖြစ်သော ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုးနှင့် အကယ်ဒမီ ဇင်မာဦးတို့ ဇနီးမောင်နှံတို့၏ ရင်သွေးများအား သီဟတင်စိုး၏ ညီမအရင်းဖြစ်သူ ခင်စံပါယ်ဦးက စောင့်ရှောက်မည်ဖြစ်ကြောင်း သိရသည်။
ခင်စံပါယ်ဦးက သူ၏ ခင်ပွန်းဖြစ်သူ Ayarwady Lu Min (Lu Minn) facebook လူမှုကွန်ရင်ကတစ်ဆင့် အထက်ပါအတိုင်း ရေးသားထားခြင်းလည်း ဖြစ်သည်။
"ကိုညာဆုံးတာ ၄ လမပြည့်သေးဘူးကိုကြီးရေ၊ အကိုတွေထဲမှာသဘောအကောင်းဆုံး၊ မဇင်မာမဆုံးခင်က သမီးကို ကလေးတွေကိုအပ်သွားတယ်၊ အမေ့ကိုလည်း သမီးကနေတစ်ဆင့်တောင်းပန်ကန်တော့သွားတယ်၊ အမေက ကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့၊ သမီးလေးစပယ်ဖူးငုံဦးက မဇင်မာမရှိတော့ကတည်းက သမီးတို့အိမ်မှာပဲနေတာ။ အခုတော့သူ့သမီးလေးကို စိတ်ချထားသွားခဲ့ပြီ၊ ကလေး၂ယောက်ကို သမီးတို့အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ် ကိုကြီးရေ၊ အေးချမ်းတဲ့ဘုံဘဝကို စိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်"ဟု ရေးသားထားခြင်း ဖြစ်သည်။
သီဟတင်စိုးသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက နှလုံးရောဂါဖြင့် သင်္ကန်းကျွန်း စံပြဆေးရုံအသွား ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး အသက် ၅၇ နှစ်အရွယ်ရှိပြီ ဖြစ်ကာ သူ၏ ဇနီးဖြစ်သူ အကယ်ဒမီ သရုပ်ဆောင်ဇင်မာဦးက လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင်အဆုတ်ကင်ဆာရောဂါဖြင့် အသက် ၅၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
သီဟတင်စိုး၏ ဈာပနာကို ဖေဖော်ဝါရီလ ၂၃ ရက် မွန်းလွဲ (၂) နာရီအချိန် ရေဝေးသုသာန်၌ မီးသင်္ဂြိုလ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
#ymg/mt #Myanmar_Actor #YMG
#Yangon_Media_Group
#Local_News
Published-22 February 2023
မြန်မာ - ထိုင်းနှစ်နိုင်ငံ ပူးပေါင်း၍ မူးယစ်ကင်းစင်သော ဒေသတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးအတွင်း ပြောသည်။
ယခင်က မူးယစ်ဆေးဝါး ပြဿနာဟုဆိုလျှင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှုသာ အဓိကပြဿနာဖြစ်ခဲ့သော်လည်း ယနေ့တိုးတက်လာသည့် ခေတ်စနစ် အခြေအနေများအရ ကမ္ဘာ့မူးယစ် ဆေးဝါးပြဿနာမှာ လွန်စွာရှုပ်ထွေးလာပြီး နိုင်ငံတိုင်း ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲ ပြဿနာများထဲမှ အကြီးမားဆုံး ပြဿနာတစ်ခု ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတို့မှာ နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် ဆက်နွှယ်ကြီးထွားလာပြီး ယင်းပြဿနာကြောင့် နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ ကြီးမားသော ဆိုးကျိုးဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအဖြစ် မဲခေါင်အဖွဲ့ဝင်နိုင်ငံ များ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်က ဆိုသည်။
ယင်းအပြင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့နှင့်လည်း နှစ်နိုင်ငံနားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများကို အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံလက်တွဲ၍ မူးယစ်ကင်းစင်သော ဒေသတစ်ခုဖြစ်ပေါ် လာစေရေးအတွက် ကြိုးပမ်းတည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ရဲချုပ်က ပြောသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အရာရှိများအတွက် ထိုင်းနိုင်ငံက စွမ်းရည်မြှင့်သင်တန်းများ၊ နည်းပညာနှင့် ပစ္စည်း ကိရိယာများ ထောက်ပံ့ကူညီမှုများအပြင် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ၌ ကူညီပေးမှုများ ရှိသည့်အပြင် ဆက်လက်၍လည်း ပံ့ပိုးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon က ပြောသည်။
#ymg/mt #မူးယစ်ကင်းစင် #Local_News
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၂၇ သိန်း ၉ သောင်းနှုန်းဖြင့် ရောင်းချပေးရန် ပြည်တွင်းရှိ ရွှေဆိုင်များနှင့် ရွှေကုန်သည်များကို မေတ္တာရပ်ခံကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်လိုက်သည်။
ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက သတ်မှတ်ထားသည့် နှုန်းအတိုင်းတစ်ပြေးညီရောင်းချပေးဖို့ ဖေဖော်ဝါရီလ၂၂ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်သည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ အစိုးရရဲ့ ရည်ညွှန်းသတ်မှတ်ဈေးနှင့် ရန်ကုန်ရွှေအသင်း၏ ဈေးအဖွင့်ကတော့ ၂၁ သိန်းကျော်သတ်မှတ်ထားပြီး ပြင်ပရွှေပေါက်ဈေးမှာ ၂၈သိန်း ၅ သောင်းဝန်းကျင်သတ်မှတ်ထားသည်။ ဖော်ပြပါဈေးနှုန်းများဟာ အချိန်နေရာပေါ် မူတည်ပြောင်းလဲနိုင်သည်။
#ymg/ynzw #Local_News #Business #Gold #Market_Price
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်၊ ဘန်လင်းမြို့နယ်ရှိ တူးမြောင်းတစ်ခုအတွင်း၌ မြန်မာနိုင်ငံသားတစ်ဦး မှောက်လျက်အနေ အထားဖြင့် သေဆုံးနေသည်ကို ဖေဖော်ဝါရီလ ၂၁ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယင်းသေဆုံးနေသူမှာ အသက် ၃၉ နှစ်အရွယ် ကိုသန်းရွှေဆိုသူဖြစ်ပြီး ထိုင်းနိုင်ငံသူတစ်ဦးက အလောင်းကို တွေ့ရှိခဲ့သဖြင့် ဘန်လင်မြို့နယ် ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ဖြင်းဖြစ်ကြောင်း သိရသည်။
ဘန်လင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များကသေဆုံးနေသူကို သွားရောက်စစ်ဆေးရာ မှောက်လျက်အနေအထားဖြင့်သေဆုံးနေသည်ကိုတွေ့ရပြီးနောက် ၎င်း၏အိတ်အတွင်းမှ မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်နှင့် ထိုင်းဘာသာဖြင့်ရေးထားသည့် စာတစ်စောင်၊ ဆေးရွက်ကြီးအချို့တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုင်းဘာသာဖြင့် ရေးထားသည်မှာ "ကျွန်တော်မြန်မာပါခင်ဗျ၊ နေစရာနေရာလည်းမရှိ၊ စားစရာလည်။ မရှိလို ထမင်းနည်းနည်းလောက်ကျွေးကြပါ၊ ကျွန်တော် ထိုင်းစကားမပြောတတ်ပါ၊ သနားသောအားဖြင့် ထမင်းနဲ့ရေ လေးပေးကျွေးကြပါဗျ "ဟု ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားကြသည်။
အဆိုပါ ဖြစ်စဉ်တွင် ကိုသန်းရွှေသေဆုံးရခြင်းမှာ မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားသော်လည်း တိကျသောအကြောင်းရင်းကို သိရှိနိုင်ရန် နခွန်ပထုံခရိုင်ရှိ ဆရာဝန်ကြီးများက ရုပ်အလောင်းတွေ့ရှိသည့်နေရာ၌ စစ်ဆေးမှုများပြုလုပ်ကာ ရင်ခွဲစစ်ဆေးမှုများ ထပ်မံပြုလုပ်နိုင်ရန် နခွန်ပထုံဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင် ထားကြကြောင်း သိရသည်။
#ymg/mt #Crime_News #နခွန်ပထုံ
#YMG #Yangon_Media_Group
#Local_News
Published 22 feb 2023
မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီး ဦးသန့်စင်သည် ဖေဖော်ဝါရီ၂၁ ရက်တွင် ဆိုးလ်မြို့ရှိ Korea Press Center ၌ ပြုလုပ်သည့် ကိုရီးယားသမ္မတနိုင်ငံရှိ Korea Ambassador Culture and Friendship Association နှင့် NDNnews/Seoul City တို့မှ ပေးအပ်သည့် 2023 Best Ambassador Award ကို ရရှိခဲ့ကြောင်း သိရပါတယ်။
ယင်းဆုကို ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ယင်းအဖွဲ့အစည်းဥက္ကဋ္ဌ Mr. Shin Hyun Doo က မြန်မာသံအမတ်ကြီးသည် ကိုရီးယားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်း အမျိုးမျိုး၊ ပညာရေး၊ K-pop Culture အစရှိသည့် နယ်ပယ်များတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက် ခဲ့ခြင်းနှင့် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ ထိန်းသိမ်း နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ရန် ကဏ္ဍစုံတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့မှုအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
Korea Ambassador and Friendship Association မှ ချီးမြှင့်သော “2023 Best Ambassador Award” ကို မြန်မာသံအမတ်ကြီးအပြင် ဆလိုဗက်၊ အိုမန်နှင့် ဆီယာရာလီယွန်နိုင်ငံတို့မှ သံအမတ်ကြီးများ ကလည်း ၎င်းတို့၏ တက်ကြွစွာဆောင်ရွက်ခဲ့သည့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ဆုများ အသီးသီးရရှိခဲ့ကြကြောင်း သိရှိရပါတယ်။
#Local_News #2023 Best Ambassador Award#Korea
#YMG#Yangon_Media_Group
#World_Politics
Published 22 February 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'က ရုရှားသမ္မတ'ဗလာဒီမာပူတင်'နဲ့ ထိပ်သီးအစည်းအဝေးပွဲပြုလုပ်ရန် ရုရှားသို့သွားရောက်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။
နျူကလီးယားလက်နက်များ အသုံးပြုခြင်းမှ ရှောင်ရှားနိုင်ရန် ရှီကျင့်ဖင်က ရုရှားခေါင်းဆောင်ကို တိုက်တွန်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်မြောက်လာတဲ့အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအသွင် တစ်စိတ်တစ်ပိုင်းအဖြစ် လာမယ့်လများအတွင်း ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ ရည်ရွယ်နေတာဖြစ်ကြောင်း နီးစပ်သူများရဲ့ပြောကြားချက်ကို Wall Street ဂျာနယ်က အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
ယခုပဋိပက္ခအတွင်း နျူကလီးယားသုံးစွဲမှု ဖြစ်မလာအောင် ရှီကျင့်ဖင်က ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ရုရှားကဂျာမနီကို အနိုင်ရခဲ့ခြင်းအထိမ်းအမှတ် အောင်ပွဲခံချိန် ဧပြီနှောင်းပိုင်း ဒါမှမဟုတ် မေလအစောပိုင်းမှာ တွေ့ဆုံပွဲပြုလုပ်ဖွယ်ရှိနေပါတယ်။
ယူကရိန်းကို ဆက်လက်ကျူးကျော်နေတဲ့ ရုရှားကို တရုတ်က အရေးကြီးအထောက်အပံ့များ ပံ့ပိုးနေခြင်းအပေါ် အမေရိကန်က စိုးရိမ်မိကြောင်း နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က ဝန်ခံခဲ့ပါသေးတယ်။
အများသူငှာအမြင်အရဆိုရင် တရုတ်က ယူကရိန်းကိစ္စမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့တိုင်းပြည်ဖြစ်သလို ရုရှားအတွက်လည်း အထောက်အပံ့များ ပေးနေပြန်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က ရုရှားကိုတရုတ်ထောက်ပံ့နေတာဟာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
ရုရှားကို သီးခြားဆက်ဆံမယ့် အနောက်တိုင်းရဲ့ကြိုးပမ်းမှုကို တရုတ်ကငြင်းဆန်ကာ ၂၀၂၂ အတွင်း ရုရှားနဲ့တရုတ်ကြား ကုန်သွယ်မှု ၃၄ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
#Source: NY Post #World_Politics #ယူကရိန်းစစ်ပွဲ #ရှီကျင့်ဖျင် #ပူတင် #မော်စကို
#YMG #Yangon_Media_Group
Page 1202 of 1853