#World_News
Published_ 3 June 2023
အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မှာ ခရီးသည်တင်ရထားနှစ်စင်း တိုက်မိပြီး အနည်းဆုံးလူ ၂၃၃ ဦးသေဆုံးကာ လူ ၉၀၀ ဒဏ်ရာရခဲ့ကြောင်း အစိုးရအဖွဲ့က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း တိုင်းပြည်မှာ အသေအဆုံးအများဆုံး ဖြစ်ရပ်ဖြစ်နေပါတယ်။
သောကြာနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးစာရင်းက တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ပြည်နယ်အတွင်းရေးမှူးချုပ်'ပရာဒိဂျီနာ'က တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်အစီး ၂၀၀ ကျော်စေလွှတ်ခဲ့ကာ ဆရာဝန်အယောက် ၁၀၀ သွားနေပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
စနေနေ့မနက်အစောပိုင်းက ရိုက်တာမှဖော်ပြတဲ့ဗီဒီယိုတွေထဲမှာ ရဲတွေက ရထားလမ်းဘေးမှာ အဝတ်ဖြူဖြင့်အုပ်ထားတဲ့ အလောင်းတွေကို ရွှေ့နေကြပုံတွေ မြင်တွေ့ရပါတယ်။
သောကြာနေ့က ဗီဒီယိုမှာတော့ ကယ်ဆယ်ရေးတွေက တိမ်းမှောက်ထားတဲ့ ရထားတွဲတွေပေါ်တက်ကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြပြီး ခရီးသည်တွေက ငိုယိုကာ အကူအညီတောင်းနေကြပါတယ်။
ရထားတိုက်မှုက သောကြာနေ့ ဒေသစံတော်ချိန်ည ၇ နာရီမှာဖြစ်ခဲ့ပြီး ဘန်ဂလိုမှ အနောက်ဘင်္ဂလား ဟိုရာသို့ပြေးဆွဲတဲ့ Howrah Super fast Express ရထားနဲ့ ကာလာကတ္တားမှ ချန်နိုင်သို့ပြေးဆွဲတဲ့ Coromandel Express ရထားတို့ တိုက်မိတာဖြစ်ပါတယ်။
ဘယ်ရထားက အရင်လမ်းလွဲပြီး နောက်ထပ်ရထားနဲ့ တိုက်မိလဲဆိုတဲ့အကြောင်းအရင်းတွေကို အာဏာပိုင်များက ရှာဖွေနေပါတယ်။
မတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းကို မီးရထားဝန်ကြီးဌာနက စတင်စုံစမ်းနေပြီလို့ ဆိုပါတယ်။
ရထားတိုက်မှုအတွင်း ကုန်တင်ရထားတစ်စင်းပါ ပါဝင်နေတယ်ဆိုတဲ့ မီဒီယာဖော်ပြချက်တွေရှိနေကာ ဒီအတွက်တော့ မီးရထားအာဏာပိုင်များက မှတ်ချက်မပြုသေးပါဘူး။
ရှာဖွေကယ်ဆယ်ရေးကို အပြင်းအထန်ဆောင်ရွက်နေကြပြီး မီးသတ်ဝန်ထမ်းရာကျော်၊ ရဲအရာရှိတွေနဲ့ အနံ့ခံခွေးများလည်း ပါဝင်နေကြပါတယ်။
သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးအဖွဲ့တွေပါ အခင်းနေရာသို့ ရောက်ရှိနေကြပါတယ်။
သောကြာနေ့က ရာနဲ့ချီတဲ့လူငယ်တွေဟာ ဩရိဿပြည်နယ် ဆိုရိုရှိ အစိုးရဆေးရုံအပြင်ဘက်မှာ သွေးလှူဒါန်းရန် တန်းစီနေကြပါတယ်။
အိန္ဒိယရထားကွန်ရက်ဟာ နေ့စဉ်ခရီးသည် ၁၃ သန်းကျော်ပို့ဆောင်လျက်ရှိပေမယ့် နိုင်ငံပိုင်အဖွဲ့အစည်းက လက်ဝါးကြီးအုပ်ထားကာ အိုမင်းဟောင်းနွမ်းနေတဲ့ အစိတ်အပိုင်းတွေကြောင့် ဘေးကင်းလုံခြုံမှုအပိုင်းမှာ ပြောစရာတွေရှိနေပါတယ်။
ဩရိဿအကြီးအကဲဝန်ကြီးနာဗင်းပတ်နစ်က ဇွန်လ ၃ ရက်နေ့မှာ တစ်နိုင်ငံလုံးကြေကွဲပူဆွေးရကြောင်း ထိခိုက်သေဆုံးသူတွေကို မှတ်ချက်ပြုကြေညာလိုက်ပါတယ်။
Source: Reut
#World_News #အိန္ဒိယတွင်ရထားနှစ်စင်းတိုက်မိ #သေဆုံးသူ(၂၃၃)ဦးကျော်နှင့်(၉၀၀)ကျော်ဒဏ်ရာရ
#YMG #Yangon_Media_Group






#World_Health
Published_ 3 June 2023
အချို့အစားအစာတွေမှာပါဝင်တဲ့ ဖလေဗာနောလ်ဓာတ် နည်းပါးတဲ့သူတွေမှာ ဖလေဗာနောလ်ဖြည့်စွက်စာကို ၃ နှစ်ကြာစားသုံးပေးခြင်းဖြင့် မှတ်ဉာဏ်ကောင်းမွန်စေကြောင်း သုတေသီများတွေ့ရှိခဲ့ကြပါတယ်။
ဝိုင်နီ၊ လက်ဖက်ကြမ်းနဲ့ လက်ဖက်စိမ်း၊ အနက်ရောင်ချောကလက်၊ ပဲ၊ ကိုက်လံ၊ ကန်စွန်းရွက်၊ ကြက်သွန်နီ၊ ချယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ အနက်ရောင်စပျစ်၊ ပန်းသီးတို့မှာ ဖလေဗာနောလ်ဓာတ်များ မျှတစွာပါဝင်ပါတယ်။
သုတေသီတွေက သက်ကြီးရွယ်အို ၃,၅၆၂ ဦးဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
စမ်းသပ်ချက်စတင်ကတည်းက ဖလေဗာနောလ်အများအပြား စားတဲ့သူတွေဟာ ဖလေဗာနောလ်ဖြည့်စွက်စာ သုံးစွဲပြီးချိန်မှာတောင် မှတ်ဉာဏ်ပိုင်းတိုးတက်မှု သိပ်မရှိခဲ့ပါဘူး။
ဖလေဗာနောလ်နည်းနေခဲ့တဲ့သူတွေကတော့ ဖလေဗာနောလ်ဖြည့်စွက်စာ တစ်နှစ်သုံးစွဲပြီးချိန်မှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ၁၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ၃ နှစ်ကြာရှည်ခံခဲ့ပါတယ်။
ဒီရလဒ်က သက်ကြီးရွယ်အိုတွေမှာ ဖလေဗာနောလ်ပါဝင်တဲ့အစားအစာ ဒါမှမဟုတ် အားဆေးသုံးစွဲခြင်းဖြင့် မှတ်ဉာဏ်စွမ်းဆောင်ရည်မြင့်တက်စေနိုင်ကြောင်း ကိုလံဘီယာတက္ကသိုလ်မှ စမ်းသပ်ချက်စာတမ်းပြုစုသူ'အဒမ်ဘရစ်ခ်မန်'က ထုတ်ပြန်ခဲ့ပါတယ်။
အသက်ကြီးသူတွေမှာ ဦးနှောက်ကျန်းမာနေစေရန် အာဟာရဓာတ်တွေလိုအပ်တဲ့အကြောင်း သုတေသနပြုလုပ်ဖို့လိုအပ်တာကို ဒီလေ့လာချက်ကညွှန်ပြနေပါတယ်။
ဒါပေမဲ့ ဒီရလဒ်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်အားလုံး သဘောတူတာတော့ မဟုတ်ပါဘူး။
ဒီလေ့လာမှုဟာ ရေတိုမှတ်ဉာဏ်အပေါ်သာစူးစိုက်ထားပြီး ဒီမန်ရှာ၊ အယ်လ်ဇိုင်းမားဖြစ်နိုင်ချေတွေအပေါ် ထည့်မတွက်ထားဘူးလို့ အချို့က သတိပေးလိုက်ပါတယ်။
အသက်အရွယ်အရ မှတ်ဉာဏ်ဆုံးရှုံးတာနဲ့ ဒီမန်ရှာတို့ကြား ကွဲပြားချက်ကို သိရှိဖို့အရေးကြီးကြောင်း၊ မှတ်ဉာဏ်အပေါ် ဖလေဗာနောလ်ရဲ့သက်ရောက်မှုက အကန့်အသတ်သာရှိကြောင်း လီဗာပူးလ်ဂျွန်မိုးတက္ကသိုလ်မှ သုတေသီ'ဒေးဗစ်ဘရူနို'က ပြောကြားလိုက်ပါတယ်။
Source: NY Post
#World_Health #မှတ်ဉာဏ်ဆုံးရှုံးကာကွယ်ရန် #စားသုံးသင့်သည့်အရာများ
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ရွှေတိဂုံစေတီတော်ကြီးမှာ ဇွန်လ(၂)ရက်နယုန်လပြည့်နေ့မှာ မဟာသမယအခါတော်နေ့ အခမ်းအနားကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးခေါင်းလောင်းတွေ တစ်ပြိုက်နက်တီးခတ်ပူဇော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံစေတီတော် #နယုန်လပြည့် #ငြိမ်းချမ်းရေးခေါင်းလောင်း
#YMG #Yangon_Media_Group
#Asia_Economy
Published_ 2 June 2023
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ကိုဗစ်-၁၉ ခရီးသွားလာမှုကန့်သတ်ချက်များ ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံရှိ နယ်စပ်ဖြတ်ကျော်အချက်အချာနေရာတွေမှာ အခွန်လွတ်ဈေးဝယ်ခြင်းများ အရှိန်မြင့်လာပါတယ်။
#Asia_Economy #တရုတ်နယ်စပ် #အခွန်လွတ်ဈေးများရောင်းအားပြန်တက်လာ
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ဇွန်လဆန်းပိုင်းရောက်ပြီဖြစ်လို့ နောက်နှစ်ရက်အတွင်း နေပြည်တော် ၊မန္တလေး ၊မကွေးစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မုတ်သုန်လေ စဝင်တော့မှာဖြစ်ပြီး မုတ်သုန်မိုးတွေရွာနိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ #မုတ်သုန်မိုးရတော့မည် #မိုးသက်လေပြင်းတိုက်နိုင်
#YMG #Yangon_Media_Group
#Local_News
Published_ 2 JUN 2023
ရန်ကုန်တိုင်း၊ လှည်းကူးမြိုနယ်ရှိ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇/၆ အနီး ရတနာအောင်မြေ ကျောင်းတိုက်မှာ လာမယ့် ဇွန်လ ၂ရက် ယနေ့မှာ ဒူးရင်းသီးစတုဒိသာ ပွဲတော်ပြုလုပ်နေပါတယ်။
#Local_News #ရန်ကုန် # ဒူးရင်းသီးစတုဒိသာပွဲပြုလုပ်
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းမယ့် မြောက်ဦးအမွေအနှစ်ဒေသဟာ မုန်တိုင်းသက်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ယူနက်စကိုရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြုပြင်ထိန်းသိမ်းသွားဖို့ ရှိတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News ##ကမ္ဘာ့အမွေအနှစ် #မြောက်ဦးဒေသ #ယူနက်စကိုလမ်းညွှန်ချက်များ
#YMG #Yangon_Media_Group
#Daily_News
Published_ 2 June 2023
၁။ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည့် မြောက်ဦးဒေသ ထိခိုက်ပျက်စီးမှုများကို ယူနက်စကို လမ်းညွှန်ချက်များနှင့်အညီ ရှေးမူမပျက်ပြုပြင်မည်
၂။ ရန်ကုန်မှာ ဒူးရင်းသီး စတုဒိသာပွဲပြုလုပ်နေ
၃။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ မုတ်သုန်မိုးရတော့မည် ၊မိုးတိမ်တောင်ကြောင့် ဒေသအချို့၌ မိုးသက်လေပြင်းတိုက်နိုင်
၄။ တရုတ်နယ်စပ် ဖြတ်သန်းသွားလာခွင့်ပြုပြီးနောက် အခွန်လွတ်ဈေးများ ရောင်းအားပြန်တက်လာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 2 june 2023
ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထားကိုး ကွယ်ခဲ့တာဟာ အခုနှစ်မှာဆိုရင်(၇၅)နှစ်ပြည့်ပြီး စိန်ရတုတိုင်ခဲ့ပြီဖြစ်ပါတယ်၊၊
#Local_News #ဗိုလ်တထောင်စေတီ #ပိဠကတ်သုံးပုံ(၅)စုံ #ဆင်ရတနာဖြင့်ပင့်ဆောင်ပူဇော်ခဲ့
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
(၅၁) ကြိမ်မြောက်ထီသိန်း(၅၀၀၀)ဆုကြီးကိုနေပြည်တော်ရှိအစိုးရဝန်ထမ်းတစ်ဦးကံထူးသွားသည်ဟု ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှသိရသည်။
နေပြည်တော်တွင် ဖွင့်လှစ်ထားသည့်ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှာနှစ်စောင်တွဲ ထီလက်မှတ်လေးလာရောက်ထိုးရင်းကံထူးသွားခြင်းဖြစ်သည်၊၊
ဒါနှင့်ပတ်သက်၍ ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှတာဝန်ရှိသူတစ်ဦးကYMGကိုအခုလိုပြောပြထားသည်၊၊
"ကျွန်တော်တို့ဆုလာဘ်ပိုင်နှင့်ထီမင်းထီးမင်းထီဆိုင်မှထီသိန်း(၅၀၀၀)ဆုကြီးကိုနေပြည်တော်ရှိဝန်ထမ်းတစ်ဦးကံထူးသွားတယ်ဆိုတာဟုတ်ပါတယ်၊၊စာရင်းစစ်ရုံးမှဝန်ထမ်းတစ်ဦးလို့တော့သိရပါတယ်"ဟုပြောသည်၊၊
(၅၁) ကြိမ်မြောက် ထီဖွင့်ပွဲတွင်နေပြည်တော် ဆုလာဘ်ပိုင်နှင့် ထီမင်းထီးမင်းထီဆိုင်လေးမှ ထူးထူးခြားခြားကျပ် သိန်း (၅၀၀၀)အထူးဆုကြီးကို (၁)ဆု ကို ကနဦးဆွတ်ခူးပေးလိုက်နိုင်ခဲ့သလို (၁၅)ကြိမ်မြောက် ထီဖွင့်ပွဲမှာ သိန်း (၁၅၀၀၀) မှစပြီး အခြားဆုကြီးများ သိန်းပေါင်းများစွာ ကံထူးဆွတ်ခူးပေးခဲ့ပြီဖြစ်သည်ဟုဆိုသည်၊၊
(၅၁) ကြိမ်မြောက် ထီဖွင့်ပွဲတွင် စ ၅၀၇၀၇၆ဖြင့် ကံထူးသွားခြင်းဖြစ်ပြီး အမြင့်ဆုံးထီအထူးဆုကြီးများအဖြစ် သိန်း(၅၀၀၀)(၁)ဆု၊သိန်း(၁၀၀၀)(၁)ဆုတို့ပါဝင်ပြီးကျပ်သိန်း(၅၀၀)နှင့်အခြားဆုမဲများစွာကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ထီသိန်း(၅၀၀၀)ဆု #နေပြည်တော်စာရင်းစစ်ရုံးမှဝန်ထမ်း #ထူးထူးခြားခြားကံထူးသွား
#YMG #Yangon_Media_Group
#Local_News
Published_ 2 june 2023
ဗန်းမော်ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကိုမြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသွားရောက်ဖူးမြော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ၏ထုတ်ပြန်ချက်အရသိရသည်၊၊
ဇွန်လ ၂ ရက်နေ့တွင် သံအမတ်ကြီး Mr. Chen Hai သည် မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်သို့ သွားရောက်၍ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သော မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညိုခဲ့သည်ဟုဆိုသည်၊၊
သံအမတ်ကြီး Mr. Chen Hai က ဗန်းမော်ဆရာတော်ကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းအတွက် အရေးပါစွာ အကျိုးပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဗန်းမော်ဆရာတော်ကြီး သက်တော် ၉၀ အရွယ်တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းတို့နှင့် ကူးလူးဖလှယ်ခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနယ်ပယ်မှ ဆရာတော်ကြီး၏ ကြီးမြတ်သောဆန္ဒများကို ဆက်လက် အမွေဆက်ခံပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းကို ဆက်လက်လက်ဆင့်ကမ်း အမွေဆက်ခံကာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံမှ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တာဝန်ခံအား ပြောကြားခဲ့သည်။
မကြာသေးမီက တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းသည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြောင်းဖော်ပြပါရှိသည်၊၊
ymg/tthl
#YMG #Yangon_Media_Group
Published 2 June 2023
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့က ကိုလိုရာဒိုပြည်နယ်မှာရှိတဲ့ လေတပ်သင်တန်းကျောင်း သင်တန်းဆင်းပွဲမှာ သင်တန်းဆင်း လက်မှတ်ပေးရင်း စင်ပေါ်မှာ ခလုပ်တိုက် မှောက်လျှက်လဲသွားခဲ့ရပါတယ်။ ဒါပေမယ့် သူ့ထိခိုက်သွားပုံတော့မပေါ်ပါဘူး။
လေတပ်အမှုထမ်းးတွေက သူ့ကိုပြန်ထူမပေးခဲ့ပါတယ်။ သူပြန်အထမှာ သူက သူခလုတ်တိုက်မိပုံရတဲ့ အရာဝတ္ထုကို လက်ညိုးညွှန်းပြခဲ့ပါတယ်။ကြည့်ရတာတော့ စင်ပေါ်က သဲအိတ်အသေးကလေးတစ်ခုနှင့်ဆင်တူပါတယ်။
ဘိုင်ဒင်ဟာ အမေရိကန်သမ္မတထဲမှာ အသက်အကြီးဆုံး သမ္မတဖြစ်ပြီး ၂၀၂၄မှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံဖို့ ပြင်ဆင်နေပါတယ်။သူ့ဆရာဣန်ကတော့ သူဟာ ကျန်းမာပြီးပုံမှန်လေ့ကျင့်ခန်းလုပ်တယ်လို့ ပြောပါတယ်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတုန်းက သူဟ ဒေါ်နယ်ထရမ့်ကို အနိုင်ရပြီးသိပ်မကြာ သူ့ရဲ့ခွေးကလေးနှင့် ဆော့ကစားရင်း ဘိုင်ဒင်ဟာ ခြေထောက်ကျိုးခဲ့ပါသေးတယ်။
Source AFP
#Biden
#Biden_Tumble
# သမ္မတဂျိုးဘိုင်ဒင်ခလုတ်တိုက်မှောက်လျက်လဲကျ
Page 1206 of 2000