#World_News
Published 10 April 2023
အမေရိကန်မှ စစ်ရေးနဲ့ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်းအချက်အလက်များ အွန်လိုင်းပေါ်မှာပေါက်ကြားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားရာအရင်းအမြစ်ကို အမေရိကန်အရာရှိများ အသည်းအသန်ရှာဖွေနေကြပါတယ်။
ယူကရိန်းတို့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်များ၊ အစ္စရေးလ်မှ မော့ဆက်စပိုင်အေဂျင်စီစတဲ့ အချက်အလက်တွေပါဝင်နေပြီး ဒါဟာ အမေရိကန်မှ တစ်စုံတစ်ဦးရဲ့လက်ချက်ဖြစ်မယ်လို့ အနောက်နိုင်ငံလုံခြုံရေးပညာရှင်များနဲ့ အမေရိကန်တာဝန်ရှိသူများက သံသယရှိနေကြပါတယ်။
ယူကရိန်းစစ်ပွဲ၊ တရုတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကအကြောင်းအရာများ ပါဝင်နေတာကြောင့် အမေရိကန်မှတစ်ယောက်ယောက်လက်ချက်ဖြစ်မယ်လို့ ယူဆနေတာဖြစ်ပါတယ်။
အချက်အလက်အများစုက အမေရိကန်တွေရဲ့လက်ထဲမှာပဲရှိတာကြောင့် အမေရိကန်ကနေပဲ ပေါက်ကြားတာဖြစ်မယ်လို့ အာရုံစိုက်ထားကြောင်း ပင်တဂွန်အကြီးတန်းအရာရှိဟောင်း 'မိုက်ကယ်မာလ်ရွိုင်း'က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အရာရှိတွေ ပြောကြားချက်အရ ကနဦးစုံစမ်းမှုများဆောင်ရွက်နေပြီး ဒီပေါက်ကြားမှုနောက်ကွယ်မှာ ရုရှားထောက်ခံရေးအဖွဲ့အစည်းများ ပါဝင်နေနိုင်တာကိုလည်း ထည့်မစဉ်းစားလို့မဖြစ်ကြောင်း ဆိုပါတယ်။
၂၀၁၃ ခုနှစ်က WikiLeaks ဝက်ဘ်ဆိုက်မှာ အချက်အလက်၊ ဗီဒီယိုပေါင်း ၇ သိန်းကျော် ပေါက်ကြားခဲ့ပြီးနောက်ပိုင်း ယခုတစ်ခေါက် လုံခြုံရေးကျိုးပေါက်တာဟာ အဆိုးရွားအပြင်းထန်ဆုံးဖြစ်နေနိုင်ပါတယ်။
ဝါရှင်တန်ရှိ ရုရှားသံရုံးနဲ့ ရုရှားအစိုးရအဖွဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောကြားခြင်းမရှိသေးပါဘူး။
ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက်တွေပေါ်မှာ ပြီးခဲ့တဲ့လက ပထမဆုံးထွက်ပေါ်လာခဲ့တဲ့ 'လျှို့ဝှက်'နဲ့ 'ထိပ်သီးလျှို့ဝှက်'တံဆိပ်ကပ်ထားတဲ့ အချက်အလက်စာတမ်းများကို ရိုက်တာသတင်းဌာနက ပေါက်ကြားပြီးနောက်ပိုင်း ကြည့်ရှုခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ အချက်အလက်တွေက ထောက်လှမ်းသူများအနေနဲ့ မူလအကြောင်းအရာကနေ လမ်းလွဲသွားအောင် လှည့်ဖြားတာမျိုးလား ဒါမှမဟုတ် အမေရိကန်လုံခြုံရေးကိုထိခိုက်စေနိုင်မယ့် သတင်းမှားတွေကို ဖြန့်ဝေချင်တာလားဆိုတာကိုလည်း ထည့်မတွက်လို့မရကြောင်း အရာရှိနှစ်ဦးက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ထိပ်သီးအချက်အလက်တွေနဲ့ ပေါက်ကြားမခံနိုင်တဲ့ စာတမ်းဓာတ်ပုံများရဲ့အရေးပါမှုကို ပင်တဂွန်ကသုံးသပ်နေတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စကို တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပေးထားကာ ရာဇဝတ်မှုစုံစမ်းစစ်ဆေးမှုအဖြစ် သတ်မှတ်ထားပါတယ်။
အချက်အလက်တစ်ခုထဲမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် 'လျှို့ဝှက်'တံဆိပ်မှတ်သားထားကာ ယူကရိန်းရဲ့ S-300 လေကြောင်းကာကွယ်ရေးစနစ်များ လက်ရှိအတိုင်းသုံးစွဲနေပါက မေလ ၂ ရက်နေ့မှာ ပြတ်လပ်သွားနိုင်တယ်ဆိုတဲ့ အကြောင်းအရာများ ဖော်ပြထားပါတယ်။
ဂရုတစိုက်စောင့်ကြပ်ထားတဲ့ အချက်အလက်မျိုးပေါက်ကြားတာကြောင့် ရုရှားတပ်တွေအတွက် အခွင့်အလမ်းကြီးကြီးမားမားရရှိစေနိုင်ကာ သတင်းပေါက်ကြားတာမျိုး တားဆီးနိုင်ရန်နည်းလမ်းများအား ယူကရိန်းသမ္မတနဲ့ လုံခြုံရေးထိပ်သီးအရာရှိများက သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ယူကရိန်းက ဆိုပါတယ်။
Source: Reuters
#World_News ##စစ်ရေးနှင့်ထောက်လှမ်းရေး #ထိပ်တန်းအချက်အလက်များပေါက်ကြားခဲ့ #အမေရိကန်စုံစမ်းစစ်ဆေး #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ၏နေအိမ်ကို ဧပြီလ ၅ ရက်က သတင်းအရရှာဖွေရာ ဂွမ်းမိုင်(ခ)မာဂွမ်း၊ အဆာဖ နှင့် ဇော်လတ် တို့ ၃ ဦးအား M 21 ရိုင်ဖယ်(၁၃)လက်၊ ပါရီအမျိုး အစား 81 ရိုင်ဖယ်ဒင်ခေါက်(၁)လက်၊ .22 Sniper ပါ(၁)လက်၊ ၁၂ ဗို့ ၁ လုံးထိုးပြောင်းချောသေနတ်(၁)လက်၊ လက်လုပ်သေနတ်ဒင်ခေါက်(၁)လက်၊ ၇.၆၂ x ၃၉ကျည်(၈၉)တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး(၁)လုံး၊ ကျည်အိမ် မျိုးစုံ (၁၅)ခု၊ လက်နက်ပြုပြင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းမိသူများကို စစ်ဆေးဖော်ထုတ်ချက် အရ ယင်းနေ့တွင်ပင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ် ပိုင်ဆိုင်သည့်နေအိမ်ကို ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water ၉၉ ဂရမ်၊ ကျည်မျိုးစုံ ၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ မူးယစ်ဗဟို အနေဖြင့် ဖမ်းဆီးမိသူများအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်း သိရသည်။
ymg/mt
#Local_News #မူဆယ်မြို့ #သေနတ်များ၊လက်ပစ်ဗုံး၊ကျည်မျိုးစုံနှင့်မူးယစ်ဆေးဝါးများ #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ရခိုင်ပြည်နယ်ဂွမြို့နယ် ကျိန္တလီဒေ ကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှု ဧရိယာအတွင်း၌ရှိသော ပင်လယ်လိပ်ထိန်းသိမ်းရေးအသင်းမှ ကမ်းခြေများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ပင်လယ်လိပ် လိပ်သားပေါက် ၁၄၅ ကောင်ကို ဧပြီလ ၈ ရက်နံနက်က ပင်လယ်ရေထဲသို့ လွှတ်ပေးခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့က သိရသည်။
ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ကျေးရွာများအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်အတွင်း စောင့်ရှာထားသည့် လိပ်ကျင်း ၁၁ ခုထဲမှ နှစ်ကျင်းကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ မှ ကိုသားကြီးက ပြောသည်။
" အခု ကျနော်တို့ စောင့်ရှောက်ထားတဲ့ နေရာ ၁၁ နေရာထဲက ၂ နေရာဖြစ်တဲ့ လိပ်နှစ်ကျင်းက သားပေါက်တွေကို လွှတ်ပေးခဲ့တယ်။
ကျန် လိပ်ကျင်း ၉ ကျင်းက သင်္ကြန်ကာလနဲ့ မေလအတွင်းမှာ လိပ်များသားပေါက်ကြမယ်။
အဲဒီ လိပ်သားပေါက်တွေကို ပင်လယ်ထဲကို ထပ်လွှတ်ပေးအုံးမယ်" ဟု ပြောသည်။
ကျိန္တလီပင်လယ် လိပ်ထိန်းသိမ်းရေးအသင်း က လွန်ခဲ့သော၂၀၁၆ ခုနှစ်က စတင်ကာ ပင်လယ်လိပ်များကို ထိန်းသိမ်းစောင့်ရှောက်၍ နှစ်စဉ် လိပ်သားပေါက် များကို ပင်လယ်ရေထဲ ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ ပင်လယ်လိပ်ထိန်းသိမ်းရန်အတွက် ကင်းစောင့် ၁၀ ဦးကျော်ကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန် ၃ ခုရှိကြောင်းလည်း သိရသည်။
လိပ်ဥကျင်းများကို GPS စနစ်ဖြင့် သတ်မှတ်ထားပြီး စိတ်ချရသည့်နေရာများမှ လိပ်ကျင်းများကို သဘာဝအတိုင်းပေါက်ဖွားနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လူရောက်သည့်နေရာ ဒီရေရောက်သည့်နေရာများမှ လိပ်ကျင်းများကို စိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့စနစ်ဖြင့် သားဖောက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
Photo-Thar Gyi
#ymg/mt #Local_News #ကျိန္တလီကမ်းခြေ #လိပ်သားပေါက် #ပင်လယ်ထဲသို့ လွှတ်ခဲ့ #YMG #Yangon-Media-Group



#World_Health
Published_ 10 April 2023
တစ်ပတ်မှာ တစ်ခါ ဒါမှမဟုတ် တစ်လမှာ တစ်ခါလောက်တော့ အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်ကြရပါတယ်။
အိပ်ချိန်မလုံလောက်တဲ့အခါ နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်လာစေပါတယ်။
ကောင်းစွာအိပ်စက်ပါမှ လုပ်ရကိုင်ရအဆင်ပြေနေစေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
အိပ်စက်ခြင်းဖြင့် ကိုယ်ခံအားစနစ်မြှင့်တင်ခြင်း၊ ဇီဝဖြစ်စဉ်နဲ့ စိတ်အခြေအနေကို ထိန်းညှိပေးခြင်း၊ နေ့ဘက် ခံစားချက်တွေ မျှတစေခြင်းတို့ဖြစ်အောင် ကူညီပေးပါတယ်။
လူတစ်ယောက်ကောင်းစွာ အိပ်စက်နိုင်ဖို့ နည်းလမ်းများကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စိတ်ကျန်းမာရေးပရော်ဖက်ဆာ 'အဲရစ်ပရာသာ'က ဖော်ပြခဲ့ပါတယ်။
(၁) အိပ်စက်ခြင်းအခြေအနေကို ဒိုင်ယာရီမှတ်သားပါ
အိပ်ရာဝင်တဲ့အခါ ဖြစ်တတ်တဲ့စိုးရိမ်မှုများကို ရေးမှတ်ထားခြင်းဖြင့် အကျိုးရှိနိုင်ပါတယ်။
(၂) တသမတ်တည်းမမျှော်လင့်ပါနှင့်
အိပ်ရေးပျက်တဲ့ညမျိုး ရှိဖူးရင် အိပ်မပျော်တတ်တဲ့ဝေဒနာကို ပိုဆိုးစေတတ်သလို ကောင်းကောင်းအိပ်ရတဲ့နေ့မျိုး ခံစားရလို့ အမြဲတမ်းမျှော်လင့်လို့မရပါဘူး။
(၃) နေ့တိုင်းအချိန်မှန်မှန်အိပ်ရာထပါ
အိပ်ဖို့ခက်ခဲနေတယ်ဆိုရင် အချိန်မှန်မှန်အိပ်ရာထခြင်းဖြင့် အိပ်စက်မှုစက်ဝန်းကို ထိန်းညှိပေးနိုင်ပါတယ်။
(၄) စိတ်ပြေလျော့စေရန်အချိန်ပေးပါ
ဦးနှောက်စွမ်းဆောင်မှု အပြည့်အဝဖြစ်စေရန် စိတ်ပြေလျော့အောင်ပြုလုပ်ဖို့ အရေးကြီးပါတယ်။
တီဗီအစီအစဉ်၊ အေးချမ်းတဲ့တေးသီချင်း နားထောင်ခြင်းဖြင့် ပြေလျော့စေနိုင်မှာဖြစ်ပါတယ်။
(၅) အိပ်ချိန်အလုံအလောက်ရရှိခွင့်အတွက်ကြိုးစားပါ
နည်းပညာတွေ ထွန်းကားလာတာကြောင့် အိပ်ချိန်နည်းလာကြပါတယ်။
လူမှုစီးပွားရေးအခြေအနေတွေကြောင့်လည်း တန်းတူညီမျှအိပ်ချိန်မတူကြပါဘူး။
ဒါကြောင့် ကောင်းစွာအိပ်စက်ခွင့်မရရင် မရရအောင် အနားယူရဖို့အရေးကြီးပါတယ်။
Source: India Today
#World_Health
#ကောင်းစွာအိပ်စက်နိုင်မည့်နည်းလမ်း(၅)မျိုး #YMG #Yangon_Media_Group
#Local_News
Published_ 10 April 2023
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း၌ ခိုအောင်းနေရာယူပြီး တရားမဝင်မှောင်ခိုလုပ်ငန်း လုပ်ဆောင်နေသူများကို ချေမှုန်းရာ လက်နက်ခဲများအပါအဝင် ၁၇ ဦး အသေရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၂၃ ရက်မှ ဧပြီ ၈ ရက်ထိ လေကြောင်းနှင့် အမြောက်ပစ်ကူရယူကာ စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးလုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ၂၁ ကြိမ် ဖြစ်ပွားခဲ့ပြီး မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နန့်လန်ကျေးရွာများတစ်ဝိုက် အခြေပြု စုဖွဲ့လျက်ရှိသော အဆိုပါ ပါဝင်နေသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာရရှိခဲ့ပြီး တစ်ဖက် အဖွဲ့မှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၁၇ လက်၊ ကျည်အိမ်မျိုးစုံ ၁၀ ခု၊ ခဲယမ်း မျိုးစုံ ၂၇၉ တောင့်၊ ဗုံးသီးမျိုးစုံ ၁၂ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ မိုင်းမျိုးစုံ ၂၅ လုံး၊ စပ်ဆက်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ကချင်ပြည်နယ် #တရားမဝင်လုပ်ငန်း #လက်နက်များ
#YMG #Yangon_Media_Group




Published 10 April 2023
ကိုကိုးကျွန်းရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီ(၉)ရက်က နစကအဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ကိုကိုးကျွန်းမြို့နယ်သို့သွားရောက်ခဲ့ပြီး ကပ္ပလီ ပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာ အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
ရှေးဦးစွာ ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါတယ်။
နစက ဥက္ကဋ္ဌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လာရောက်သည့် ကိုကိုးကျွန်းမြို့ခရီးစဉ်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို စိုက်ထူရန် လမ်းညွှန် ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါ ကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ဘင်္ဂလား ပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင်အကျယ်ဆုံး ပင်လယ်အော်ဖြစ်ပါတယ်။
ကပ္ပလီပင်လယ်ပြင် (Andaman Sea)သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်အစွန်အဖျားအကျဆုံး ရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ် ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ ကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့်နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက် ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေပါတယ်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများ တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြား ကုန်သွယ်ရေယာဉ် အစင်းရေ ၈၀၀၀ ခန့် ဖြတ်သန်း သွားလာလျက်ရှိသဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွား အတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#ymg/knl
#YangonMediaGroup
#ကိုကိုးကျွန်းရှိ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခုဆုံမှတ်
#အောင်မြေအထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ
#ကိုကိုးကျွန်း





Published_ 9 April 2023
သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ပေါ်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသူများကို ဖမ်းမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၄ ရက် ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်ရပ်ကွက်၊ ရွှေလှိုင်လမ်းရှိ အိမ်အမှတ်(၈၀)၌ Special Task Agency - STA အဖွဲ့ဝင် ဇော်ထက်အောင်(ခ)ညီညီ ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီး(အရှေ့)ရပ်ကွက်၊ ကျောင်းကြီး လမ်းရှိ တိုက်အမှတ်(၇၁)၌ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ) ဝင်းလွင်ဦး ကို Sig Sauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ပွိုင့်-၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ယင်းဖြစ်စဉ်တွင် ဖမ်းမိသော အမျိုးသား ၂ ဦးကို ပစ္စတို ၂ လက်၊ ကျည်အိမ် ၃ ခု၊ ပွိုင့်- ၃၈၀ ကျည် ၄၄ တောင့်၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုမည့် ကော်ခွက် ၅၀ ခု၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းမှုန့် ၉ ထုပ်၊ ကာဗွန် ၂၀၀ ချောင်း၊ ကန့် ၁ ထုပ်၊ သံဘောစေ့ ၁၃ ဘူး၊ သံတိုသံစ ၁ အိတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးရမိ သူများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလခန့်တွင် KNLA တမဟ(၆)လှုပ်ရှားနယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့အနီး တောတွင်း၌ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း လတက်ရောက်ခဲ့ပြီး လက်လုပ်မိုင်းပြုလုပ်နည်းနှင့် ဖောက်ခွဲနည်း များကို သင်ယူခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလခန့်တွင် STA အမည်ခံအကြမ်းဖက်အဖွဲ့ကို ထွက်ပြေးနေသည့် စိုးသူရထွန်း ၊ စွန်ရဲ နှင့် တေဇ(ခ)ထိန်လင်း တို့ခေါင်းဆောင်၍ ဇော်ထက်အောင်(ခ)ညီညီ၊ရဲမင်းပိုင် (ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး၊ နိုင်နိုင်ဝင်း(ခ)ထက်အာကာ၊ ကောင်းထက်(ခ) ဖိုးစည်၊ ချမ်းမြေ့သူ(ခ)ဂျူးဂျူး၊ ဖမ်းဆီးရန်ကျန် သည့် နေမင်း(ခ) သက်ပိုင်စိုး၊ မင်းသားကြီး၊ မာမီ၊ ကိုပြည့်၊ သားငယ်၊ ပီရှိန်း၊ ကိုသက်၊ ဖြူလေး၊ ဘန်းကြီး၊ ဝသုန်စိုး၊ ဥက္ကာနှင့် အရိုးတို့ ပါဝင်သော အဖွဲ့ဝင် ၂၀ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ဇော်ထက်အောင် (ခ)ညီညီ နှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့သည် ဖမ်းဆီးရန်ကျန် တေဇ(ခ)ထိန်လင်း ထံမှ လက်နက်၊ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများကိုယူဆောင်ကာ ကြာအင်းဆိပ်ကြီးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ရဲမင်းပိုင် (ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး ၏ နေအိမ်တိုက်ခန်း၌ လက်လုပ်မိုင်းများကို စတင်စမ်းသပ် ပြုလုပ်ခဲ့ကြောင်း ၊ ဇော်ထက်အောင်(ခ)ညီညီနှင့် ရဲမင်းပိုင်(ခ)ရဲရဲမင်း(ခ)ဝင်းလွင်ဦး တို့ ၂ ဦးသည် ထွက်ပြေးနေသူ စိုးသူရထွန်း ၊စွန်ရဲ နှင့် တေဇ(ခ)ထိန်လင်း တို့၏ခိုင်းစေမှုဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ယမ်းများကို ကော်ခွက် ၅၀ ခုအတွင်းသို့ ထည့်သွင်းကာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ် အားလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူမှုကူညီရေးပရဟိတအသင်းရုံးလည်းကောင်း၊ ရန်ကုန်မြို့ အတွင်းရှိ လူစည်ကားသည့် သင်္ကြန်မဏ္ဍပ်များကိုလည်းကောင်း မိုင်းထောင်ဖောက်ခွဲပြီး တစ်ချိန်တည်း မှာပင် ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်ရန်စီစဉ်ထားရှိခဲ့ကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများအောင်မြင်ပါက ထွက်ပြေးနေသည့် စိုးသူရထွန်း မှ ငွေကျပ် ၁၀ သိန်း ပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်းလည်းသိရပါတယ်။
ထို့အပြင် မတ်လ ၂၈ ရက်မှစ၍ ဇော်ထက်အောင်(ခ)ညီညီ သည် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေသည့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်း၌ ကွမ်းယာဆိုင်ဖွင့်လှစ်ကာ မဏ္ဍပ်ဆောက်လုပ်နေမှု အခြေအနေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေကို ကြိုတင်လေ့လာစောင့်ကြည့်ခဲ့ကြောင်း လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/mt


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့အဆင့်ရောက်ရှိလာတာကြောင့် လူတွေကို အိမ်ထဲမှာပဲနေထိုင်ကြဖို့နှင့် အိမ်ကနေပဲ အလုပ်တွေလုပ်ကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို ပန်ကြားလိုက်ရပါတယ်။
တောမီးလောင်တာနှင့် တောင်သူတွေက ရိုးပြတ်တွေကို မီးရှို့တာတွေကြောင့် နာမည်ကျော် ကမ္ဘာလှည့်ခရီးသွားဒေသဖြစ်တဲ့ ချင်းမိုင်မြို့ပေါ်မှာ မီးခိုးတွေဟာ ပြီးခဲ့တဲ့အပတ်တွေကတည်းက ဖုံးအုပ်နေခဲ့ရပါတယ်။
Source AFP
#ချင်းမိုင်လေထုညစ်ညမ်းမှုအန္တရာယ်
#ထိုင်းနိုင်ငံလေထုညစ်ညမ်းမှု
#YangonMediaGroup
#Local_News
Published_ 8 April 2023
သင်္ကြန်ကာလမှာ တရားရိပ်သာဝင်သူတွေ များပြားနေတဲ့အတွက် ရန်ကုန်မြို့တွင်းရှိ တရားရိပ်သာတွေ၊စာသင်တိုက်တွေမှာ ရေလိုအပ်ချက်တွေပိုများလာတယ်လို့ ရှင်သန်ရေးကူညီမှုအသင်း ထံမှသိရပါတယ်၊၊
#Local_News #သင်္ကြန်ကာလ #တရားရိပ်သာ #စာသင်တိုက်
#Yangon_Media_Group #YMG
#TV Yangon Times Matters အစီအစဉ်
Published_ 9 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Ko Phue (Founder Artistic Space Art Gallery)နှင့်အတူ...
-အသက် (၅)နှစ်အရွယ်မှာ အပျော်တမ်းပန်းချီစတင်ရေးဆွဲခဲ့ပြီး ပန်းချီကို ထဲထဲဝင်ဝင်လေ့လာဖြစ်ခဲ့ကြောင်း ယခုဆို "Artistic Space Art Gallery" ဆိုပြီးဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပတ်စဉ်ပန်းချီပြပွဲများ ပြသလျှက်ရှိကြောင်း
-ပန်းချီနဲ့ Music နှစ်ခုဇောက်ချလုပ်ကိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ခဲ့ဖူးကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 8 April 2023
သင်္ကြန်ကာလ နီးကပ်လာတဲ့အမျှအခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်ဥ၊ဘဲဥ၊ဆန်၊ဆီ၊စား စတဲ့ အခြေခံစားသောက်ကုန်စျေးနူန်း မြင့်တက်လာတယ်လို့ စားသုံးသူတွေကပြောပါတယ်။
#Local_News #သင်္ကြန်ကာလ #အခြေခံစားသောက်ကုန် #အဆမတန်စျေးတက်
#Yangon_Media_Group #YMG
#TV Yangon Times Matters အစီအစဉ်
Published_ 9 April 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က Shwe Sin Tint (T9 collector gallery bar Collector/Founder)နှင့်အတူ...
- "၂ဝ၁၉/၂၀၂၀ခုနှစ်မှာ "Art Garden "အမည်ရှိပန်းချီပြခန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီးပန်းချီလောကတွင် လက်ရည်ကောင်းပြီးစန်းမရှိသေးတဲ့လူငယ်ပန်းချီဆရာတွေကိုလက်တွဲခေါ်ပေးရန်ရည်ရွယ်၍ ပန်းချီပြပွဲများကို စီစဉ်ပြသပေးလျှက်ရှိကြောင်း
- အသက် ၅၀ပြည့်နှစ်အထိမ်းအမှတ်အနေဖြင့် " Prowess of women at 50"အမည်ရှိ ကိုယ်တိုင်စုဆောင်းထားသော ပန်းချီကား (၃၀)ကျော်ကို Artistic Space Art Gallery တွင် ပြသရန်ရှိကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#YMG #Yangon_Media_Group
Page 1208 of 1919