#Local_News
Published _7 May 2023
ဧပြီလ၊ မေလနှင့် ဇွန်လအတွင်းတနင်္သာရီတိုင်းဒေသကြီးရှိ ကမ်းဝေးငါးဖမ်းရေယာဉ်၁၄၀၀ကျော်ကို ငါးဖမ်းခွင့်ပိတ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
ကမ်းဝေးငါးဖမ်းမှုကို ပိတ်ထားစဉ်ကာလအတွင်း ငါးဖမ်းလုပ်သားများ ဘေးအန္တရာယ်လုံခြုံကင်းရှင်းစေရေး အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်သင်တန်းများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင် တို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ငါးဖမ်းလုပ်သားများ အသက်ဘေးအန္တရာယ်ဆိုင်ရာကိစ္စနှင့် မီးဘေးဖြစ်ပေါ်ပါကအရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးတို့ကို ဖြေရှင်းနိုင်ရေးသင်တန်းများ ပို့ချပေးသည့်လုပ်ငန်းစဉ်လည်းပါဝင်ကြောင်း သိရသည်။
ယင်းအပြင်ပင်လယ်ပြင်နှင့် သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှုမရှိစေရေး၊ အပင်လယ်ပြင်အတွင်းအမှိုက်များမပစ်ချရေးအတွက်လည်း ပညာပေးလုပ်ငန်းများကို အဆက်မပြတ်လုပ်ဆောင်နေကြကြောင်းလည်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းကမ်းဝေးငါးဖမ်းလှေများအပြင် ကမ်းနီးငါးဖမ်းရေယာဉ်ပေါင်း ၈၀၀၀ရှိကြောင်း၊ ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွင်းရေထွက်ကုန်တင်ပို့မှုမှအမေရိကန်ဒေါ်လာသန်း၂၄၀ရရှိခဲ့ပြီး တန်ချိန်အားဖြင့် ၂၂၀,၀၀၀ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
#ymg/pl #Local_News #တနင်္သာရီတိုင်းဒေသကြီး #ကမ်းဝေးငါးဖမ်းလှေများ
#YMG #Yangon _Media_Group
#Local_News
Published_ 7 May 2023
ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၆ ရက် ည ၈ နာရီစာရင်းအရ ပြည်တွင်း၌ ဓာတ်ခွဲနမူနာ ၁၁၀၉၁ ဦးတွင် ကိုဗစ်(၁၉)လူနာသစ် ၂၂၂ ဦး ထပ်မံတွေ့ရှိပြီးမေ ၁ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉) လူနာသစ် ၇၈၃ ဦးတွေ့ရှိပြီး နှစ်ဦးသေဆုံးကြောင်း ကျန်းမာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သုတေသန တွေ့ရှိချက်များအရ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယခုမေလ ငါးရက်အတွင်း လူနာသစ် ၇၈၃ ဦးတွေ့ရှိ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၉၂ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်ကြောင်း သိရသည်။
သို့ဖြစ်၍ ကိုဗစ်(၁၉) ကာကွယ်ရေးလမ်းညွှန်ချက်များကို ဆက်လက်လိုက်နာရန် လိုအပ်ပြီး ကိုဗစ်(၁၉)ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံရန် လိုအပ်ကြောင်း ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ဧပြီလတစ်လအတွင်း ပြည်တွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ရှစ်ရာဝန်းကျင်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရပြီး မေ ၁ ရက်၊ ယမန်နေ့ တစ်ရက်တည်းတွင်ပင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၆ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
မြန်မာနိုင်ငံတွင် မေ ၅ ရက်အထိကိုဗစ်(၁၉) အတည်ပြုလူနာ စုစုပေါင်း ၆၃၅၆၆၀၊ သေဆုံးသူစုစုပေါင်း ၁၉၄၉၂ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရသူဦးရေ စုစုပေါင်း ၆၁၅၀၄၆ ဦးရှိကြောင်း သိရသည်။
#ymg/ynzw #Local_News #ကိုဗစ်လူနာသစ် ၂၂၂ ဦးထပ်တိုး
#YMG #Yangon-Media-Group
#World_Health
Published 7 May 2023
မကြာသေးမီဆယ်စုနှစ်များအတွင်း အမျိုးသားတွေရဲ့ မျိုးပွားစွမ်းရည်သိသိသာသာ လျော့ကျသွားပြီး ကြိုတင်ကာကွယ်ရန်အရေးကြီးကြောင်း သုတေသနအသစ်တွေ တွေ့ရှိလာပါတယ်။
စုံတွဲတစ်တွဲက မိသားစုစတင်ထူထောင်ရန် ကြိုးပမ်းချိန်မှာ မျိုးပွားခြင်းပြဿနာက အမျိုးသမီးနဲ့ဆိုင်တယ်လို့ပဲ အယူမှားတတ်ကြပါတယ်။
ဒါပေမဲ့ ဒီပြဿနာတွေရဲ့တဝက်လောက်က အမျိုးသားတွေကြောင့်ဖြစ်ကြောင်း ဟန်ဂေရီဘူဒါပက်စ် ဆမ်မယ်ဝစ္စတက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာဒေါက်တာ'ဇော့ကိုပါ'က ပြောပြလိုက်ပါတယ်။
ကိုပါနဲ့သူ့အဖွဲ့က သုတ်ပိုးကျန်းမာရေးအပေါ်သက်ရောက်စေတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး Reproductive Biology and Endocrinology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အမျိုးသားတစ်ဦးရဲ့ သုတ်ပိုးအရည်အသွေးကို အထိခိုက်စေဆုံးအချက်က နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးအခြေအနေတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အဓိကအကြောင်းအရာတွေကတော့ ဆေးလိပ်သောက်ခြင်း၊ ဆီးချို၊ ဝှေးစေ့အကျိတ်တို့ဖြစ်ကာ ကပ္ပါယ်အိတ်အတွင်း သွေးကြောများကြီးမားရှုပ်ထွေးလာကာ သုတ်ပိုးထုတ်လုပ်ခြင်းကို ထိခိုက်စေပါတယ်။
ဆေးလိပ်သောက်သူတွေဟာ DNA ပြတ်ထွက်ခြင်းဖြစ်စဉ် ၉.၁၉ ရာခိုင်နှုန်းပိုများပါတယ်။
သွေးကြောထုံးသူတွေက ၁၃.၆၂ ရာခိုင်နှုန်း၊ အကျိတ်တွေက ၁၁.၃ ရာခိုင်နှုန်း အသီးသီးပိုများစေပါတယ်။
ယာဉ်ထိန်းရဲများကိုလေ့လာရာမှာ လေထုညစ်ညမ်းခြင်း ဒါမှမဟုတ် အန္တရာယ်ရှိဓာတုပစ္စည်းများနဲ့ ထိတွေ့မိခြင်းကြောင့် DNA ပြတ်ထွက်ခြင်း ၉.၆၈ ရာခိုင်နှုန်းပိုများကြောင်း ဆက်စပ်တွေ့ရှိခဲ့ပါတယ်။
DNA ပြတ်ထွက်ခြင်းဖြစ်စဉ်ဟာ ၂၅ ရာခိုင်နှုန်းအောက်ရောက်ရင် သာမန်လို့သတ်မှတ်ပြီး ဒီထက်များရင်တော့ မျိုးအောင်နိုင်ခြေလျော့နည်းလာပါတယ်။
ဒီပြဿနာတွေကို နေထိုင်စားသောက်မှုပုံစံ၊ ဆေးဘက်ဆိုင်ရာအကူအညီများဖြင့် လျှော့ချနိုင်ပါတယ်။
နေထိုင်စားသောက်မှုပုံစံဆိုးရွားတာရဲ့ သက်ရောက်မှုက အချိန်ကြာလာတာနဲ့အမျှ စုပြုံလာပြီး ပိုမိုထိခိုက်စေပါတယ်။
ကလေးလိုချင်တဲ့လူတွေက မျိုးပွားခြင်းပြဿနာရှိနေတာကို အလွန်နောက်ကျမှ သိတတ်ကြပါတယ်။
မျိုးပွားပြဿနာခံစားရသူအများစုဟာ အလုပ်ကြာရှည်လုပ်ကိုင်ရခြင်း၊ အနားယူချိန်နည်းပါးခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကို အကြောင်းပြကြသလို လူအများစုက ဆေးလိပ်သောက်၊ အရက်သောက်၊ ကျန်းမာရေးနဲ့မလျော်ညီစွာ နေထိုင်တတ်ကြပါတယ်လို့ ဟောင်ကောင်မှ ဆီးလမ်းကြောင်းဆရာဝန်'အန်ဒရူယစ်'က ပြောပြခဲ့ပါတယ်။
အမျိုးသားများအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ပြီး DNA ထိခိုက်ခြင်းကိုလျှော့ချနိုင်ရင် ရေရှည်မှာကလေးရဖို့ ထိရောက်အောင်မြင်နိုင်မှာဖြစ်ပါတယ်။
Source: South China Morning Post #World_Health ##မျိုးမအောင်ခြင်းပြဿနာ
#YMG #Yangon_Media_Group
#Asia_Politics
Published 6 May 2023
ယခုနောက်ပိုင်း ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုများဟာ နိုင်ငံရဲ့ငြိမ်းချမ်းသောဖွံဖြိုးတိုးတက်မှုကို ထိခိုက်စေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးက တိုကျိုရှိ တရုတ်ဗဟိုရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
#Asia_Politics #ဂျပန်နိုင်ငံ #အခြေခံဥပဒေ #ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး
#YMG #Yangon_Media_Group
#Local_News
Published_ 6 May 2023
ဆီးဂိမ်းပြိုင်ပွဲမှာ ဗိုဗီနမ်အားကစားဖြင့် မြန်မာနိုင်ငံမှ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခုရရှိထားကြောင်း အားစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစား
#YMG #Yangon_Media_Group
#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွားကျန်းမာရေးမှာ စေတနာ့ဝန်ထမ်းလူငယ်တွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးပါပါသလဲဆရာ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 6 May 2023
တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုပိုများလာပြီဖြစ်ပြီး မေလ(၅)ရက်ထုတ်ပြန်ချက်စာရင်းတွေအရ
မေလ(၁)ရက်မှ (၅)ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ (၇၈၃)ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်၊၊
#Local_News #ကိုဗစ်ပိုးတွေ့သူ(၇၈၃)ဦး #ကာကွယ်ဆေးထပ်ထိုးရန်
#YMG #Yangon_Media_Group
#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွား ကျန်းမာရေးမှာ မိသားစုစီမံကိန်း Family Planning မရှိကြတာ အားနည်းကြတာဟာ ဘယ်လိုဆိုးကျိုးဖြစ်စေနိုင်ပါသလဲ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 6 May 2023
ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေရွှေကုန်သည်တွေအနေဖြင့် ရွှေဈေးကိုသိန်း ၃၀အထက်ဈေးနဲ့ ရောင်းချပါက ဒါမှမဟုတ် ဈေးမတန်တဆတင်ပြီးရောင်းချပါက စသုံးလုံးဌာနမှ အသွင်ယူစုံစမ်းပြီး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းရွှေအသင်းက အစည်းဝေးပြုလုပ်ပြီး သတိပေးထားပါတယ်။
#Local_News #ရွှေဈေးသိန်း ၃၀ အထက် #Gold
#YMG #Yangon_Media_Group
#Daily_News
Published_ 6 May 2023
၁။ ရွှေဈေးသိန်း ၃၀ အထက်ဈေးဖြင့် ရောင်းချပါက အရေးယူမယ်လို့ သတိပေးထားသော်လည်း ပြင်ပရွှေဈေး သိန်း ၃၀ အထက်သို့မြင့်တက်
၂။ ယခုလ(၅)ရက်တာအတွင်း ကိုဗစ်ပိုးတွေ့သူ(၇၈၃)ဦးရှိ၊ ကာကွယ်ဆေးထပ်ထိုးရန်နှင့် Mask တပ်ရန်လိုဟု
၃။ ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားဖြင့် မြန်မာမှရွှေ(၂)ဆု၊ ငွေ(၁)ဆု၊ ကြေး(၄)ဆု၊စုစုပေါင်း(၇)ဆုရရှိထား
၄။ ဂျပန်နိုင်ငံ၏ လတ်တလောစစ်ရေးမြှင့်တင်မှု အခြေခံဥပဒေကိုချိုးဖောက်ဟု ဂျပန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဝေဖန် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Health_Matters
Published_ 6 May 2023
- မျိုးဆက်ပွားကျန်းမာရေးဆိုတာ ဘာကိုပြောတာလဲဆရာ??
#Health_Matters #စေတနာ့ဝန်ထမ်းလူငယ်များ #မျိုးဆက်ပွားကျန်းမာရေး
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published-6 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှတ်တိုင်အနီးတွင် ခရီးသည်တင် YBS 61 ဘတ်စ်ကားက အမျိုးသမီး ၁ဦးကို ဝင်တိုက်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကမာရွတ်မြို့နယ်ဒေသခံများထံက သိရသည်။
ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးတွင် ဦးထွန်းလင်းခြံဘက် မှ လမ်းတစ်ဖက်သို့ဖြတ်ကူးစဉ်မေလ ၆ ရက် နံနက် ၉ နာရီကျော်က YBS 61 ကားက ဝင်တိုက် မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မီးပွိုင့် နီးနီးလေးမှာဖြစ်တာ။ ယာဉ်တိုက်ခံရပြီးပွဲချင်းပြီးသေဆုံးသွားတာ။ ဂုတ်မှာလည်း ဒဏ်ရာနဲ့။ ကားရှေ့ဘီးထဲ ခါးဝင်သွားတာလို့လည်းသိရတယ်"ဟု ကမာရွတ်မြို့နယ် ရပ်ကွက်နေပြည်သူများထံက သိရသည်။
သေဆုံးသူအမျိုးသမီးမှာ တောင်ဒဂုံမြို့နယ်မှ အသက်၁၈ နှစ်အရွယ်ဟုသိရပြီး ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ကမာရွတ်မြို့နယ်လူမှုကူညီရေးအသင်းကပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
YBS 61ယာဉ်လိုင်းသည် ဆူးလေနှင့် လှိုင်သာယာအနောက်ပိုင်း တက္က သိုလ်သို့ ပြေးဆွဲနေသည့်ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။
#ymg/pl
#Yangon-Media-Group
Page 1205 of 1958