#Local_News

Published-3-September-2023

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပေါက်တောကျေးရွာရှိ ရေလှောင်ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ၁၈နာရီအကြာမှ  သေဆုံးလျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အမျိုးသားသည် ယမန်နေ့ စက်တင်ဘာလ (၂)ရက် မွန်းလွဲ(၂)နာရီ (၁၀)မိနစ်အချိန်ခန့်တွင် ယင်းရေလှောင်ကန်အတွင်း ဆင်းချိုးရာမှ  ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

 

ရေနစ်ပျောက်ဆုံးနေကြောင်း  ပြင်ဦးလွင်မြို့နယ်၊ မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေ မီးသတ်စခန်းတို့က သတင်းရရှိခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာ  ယနေ့ စက်တင်ဘာလ( ၃)ရက်နံနက် (၈)နာရီ (၃၅)မိနစ်အချိန်တွင် သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့‌သည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် ရေနစ်သေဆုံးသူအမျိုးသားအလောင်းကို PR(သေမှုသေခင်း)ဖွင့်လှစ်၍ သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

 

#YMG/my #Local_News #ပြင်ဦးလွင် #အမျိုးသားတစ်ဦး ရေနစ်သေဆုံး
#Yangon_Times