#World_Ecology
Published 17 November 2022
ကလေးများအတွက် ထောက်ခံအားပေးသူဖြစ်လာတဲ့ ဂျပန်ဆယ်ကျော်သက်လူငယ်တစ်ဦးဟာ လေးစားလောက်ဖွယ် လူငယ်ထူးချွန်ဆုကို ရရှိပြီးနောက် နိုင်ငံရေးသမားတွေအနေနဲ့ ငယ်စဉ်က အားကျအတုယူခဲ့ရတဲ့အတိုင်း ခေါင်းဆောင်များဖြစ်လာစေရန် တိုက်တွန်းပြောကြားလိုက်ပါတယ်။
#Yangon_Media_Group
#LocalNews
Pubished_17 November 2022
လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ ကားဈေးကွက်က အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အရောင်းအဝယ်အေးစက်နေတယ်လို ကားရောင်းဝယ်ရေးအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 17 november 2022
လက်ရှိမြန်မာ့ကော်ဖီတွေဟာ ပြည်ပဝယ်လိုအားကောင်းမွန်လျှက်ရှိနေတာကြောင့် ပြည်တွင်းမှာ ယခင်နှစ်ကစိုက်ပျိုးခဲ့တဲ့ ကုန်ကြမ်းတွေပါ မရှိသလောက်ဖြစ်နေပြီး ကော်ဖီဈေးတွေကလဲ ဈေးကောင်းပိုရရှိနိုင်တယ်လို့ မြန်မာနိုင်ငံ ကော်ဖီအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_16 November 2022
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံစီမံကိန်း ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ကန်ပိုက်တီးမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်သျှူးငှက်ပျောကို စတင်ပို့ဆောင်ကုန်သွယ်နေကြပြီလို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 17 November 2022
၁။ ကန်ပိုက်တီး နယ်စပ်ဂိတ်က တရုတ်သို့ တစ်သျှူးငှက်ပျောတင်ပို့မှု စတင်
၂။ မြန်မာ့ကော်ဖီ ပြည်ပဝယ်လိုအားကောင်းနေသဖြင့် ဈေးကောင်းပိုမိုရရှိနိုင်ဟုဆို
၃။ ကားဈေးကွက်အတွင်း အရောင်းအဝယ်အေးစက်နေဟုဆို
၄။ ငယ်စဉ်ကဖြစ်ချင်ခဲ့သည့်ခေါင်းဆောင်ပုဂ္ဂိုလ်များလိုဖြစ်လာဖို့ ထူးချွန်ဆုရှင် ဂျပန်ဆယ်ကျော်သက်မလေးက လူငယ်များကို တိုက်တွန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_17 November 2022
ဘက်ထရီကနေ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်တဲ့ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle BEV) တွေကို တင်သွင်းခွင့်ပြုထာပေးမယ့် မြန်မာဈေးကွက်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ကားရောင်းဝယ်ရေးအသင်းက ကိုကျော်စွားထွန်းမြင့်က ပြောကြားထားတာပါ။
#Yangon_Media_Group
#LocalNews
Published_17 November 2022
ဘိန်းအစားထိုး ချောက်ကောသီးနှံစိုက်ပျိုးမှု အောင်မြင်သောကြောင့် ဒေသခံများ ဝင်ငွေတိုးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
ဘိန်းအစားထိုးစိုက်ပျိုးခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း၏ စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်နှင့် ဒေသခံပြည်သူများကို အကျိုးပြုရန် အလွန်အရေးပါသောကြောင့် မြန်မာနိုင်ငံ ကချင်ပြည်နယ် အထူးဒေသ (၁) မြစ်ကြီးနားခရိုင်တွင် ချောက်ကော ဧက ၃၀၀၀၀ ကျော် (အပင် ၁၂ သန်းကျော်) စိုက်ပျိုးနိုင်ခဲ့ရာ ယင်းမှ စီမံကိန်း ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းရှင်က ချောက်ကော တန်ချိန် ၈၀၀ ကျော်(ယွမ် ၁၅ သန်း)တန်ဖိုး ဝယ်ယူခဲ့သောကြောင့် ဒေသခံများ ဝင်ငွေတိုးခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်ဒေသတွင် ချောက်ကောထုတ်လုပ်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ်က စ၍ တရုတ်နိုင်ငံ အပူပိုင်းစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ အမွှေးနံ့သာ၊ အဖျော်ယမကာလေ့လာရေးဌာနက အာရှတိုက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း “မဲခေါင်မြစ်ဝှမ်းဒေသခွဲ ငရုတ်ကောင်း နှင့် ချောက်ကော (Lanxangia tsaoko) စသည့် အထူးဟင်းခတ်အမွှေးအကြိုင်သီးနှံများဆိုင်ရာ လုပ်ငန်းနည်းပညာ သရုပ်ပြခြင်းနှင့် မြှင့်တင်ခြင်း” ၏ ပံ့ပိုးမှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 17 Nov 2022
စီးပွားရေးပညာရှင် ရှောင်တာနယ်ကို လွှတ်ပေးတဲ့သတင်းတွေအတွက် ကြိုဆိုကြောင်း ဩစတြေလျ နိုင်ငံခြားရေးဝန်ကြီး ပင်နီဝေါင်းက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် နောက်ထပ်မှတ်ချက်တစ်စုံတစ်ရာကိုတော့ ပေးခြင်းမရှိပါဘူး။
“ ပါမောက္ခ ရှောင်တာနယ်လ်နှင့်ပတ်သက်တဲ့ သတင်းတွေကို ကျွန်မတို့ကြိုဆိုပါတယ်” လို့ ဝေါင်းက တွစ်တာမှာ ရေးခဲ့ပါတယ်။
“ ပါမောက္ခ တာနယ်လ်ဟာ ကျွန်မတို့ရဲ့ ပထမဦးစားပေးဖြစ်တယ်။ ဒီအနေအထားမှာ ကျွန်မတို့ နောက်ထပ်မှတ်ချက်ပေးမှာမဟုတ်ဘူး” လို့ သူမကပြောပါတယ်။
ရှောင်တာနယ်လ်နှင့်အတူ လွတ်မြောက်လာတဲ့ ဂျပန်ရုပ်ရှင်ဖန်တီးသူ ကူဘိုတာဟာ ယနေ့ နိုဝင်ဘာ ၁၇ ရက်ကြာသပတေးနေ့ည လေယာဉ်နှင့် မြန်မာနိုင်ငံကထွက်ခွာမှာဖြစ်တယ်လို့ ဂျပန်အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဟီရိုကာဇူမက်ဆူနိုကပြောတဲ့အကြောင်းအေပီကရေးပါတယ်။ သူဟာကျန်းမာရေးကောင်းမွန်နေတယ်လို့ ယုံကြည်ရတယ်လို့လည်း အဆိုပါပြောရေးဆိုခွင့်ရသူကဆက်ပြောပါတယ်။
Source:Reuters/AP
#Penny_Wong
#Sean_Turnell
#Myanmar_amnesty
#LocalNews
Published_17 November 2022
ရွှေညဝါဆရာတော်၊စာရေးဆရာမောင်သာချို၊NLD ပါတီရဲ့ ပြောရးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့် ၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး ၊ ဦးလင်းနိုင်မြင့်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့ ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် အင်းစိန်အကျဉ်းထောင်က ပြန်လွတ်လာကြပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် က ထိန်းသိမ်းခြင်းခံထားရာမှ ယနေ့ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း ၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား (၅၁၉၈) ဦးနှင့် အကျဉ်းသူ (၆၇၆) ဦး စုစုပေါင်း (၅၇၇၄) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုရာတွင် ပါဝင်လာခဲ့ကြခြင်း ဖြစ်သည်။
photo-CJ
ymg/mt
#Yangon_Media_Group
#World_Military
Published 17 November 2022
ပိုလန်စိုက်ပျိုးရေးလုပ်ငန်းနေရာကို ကျရောက်ခဲ့ပြီး လူ ၂ ဦးသေဆုံးစေခဲ့တဲ့ ဒုံးကျည်ဟာ မရည်ရွယ်ဘဲ ကျရောက်ခဲ့ဟန်ရှိပြီး အိမ်နီးချင်းယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံပိုလန်နဲ့ စစ်ဘက်မဟာမိတ်အကြီးအကဲတို့က ဗုဒ္ဓဟူးနေ့မှာပြောကြားလိုက်ပါတယ်။
ထိုအချိန်တွေမှာ ရုရှားကလည်း ယူကရိန်းရဲ့ ဓာတ်အားပေးစက်ရုံတွေကို ဗုံးကျဲတိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။
"ယူကရိန်းကာကွယ်ရေးတပ်က ဒုံးကျည်တွေကို နေရာအနှံ့ပစ်လွှတ်နေတာကြောင့် ဒုံးကျည်တစ်စင်းက ကံဆိုးစွာနဲ့ပဲ ပိုလန်နယ်မြေကို ကျရောက်ခဲ့တာဖြစ်နိုင်ပါတယ်၊ ဒါဟာ ပိုလန်ကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာ လုံးဝမဟုတ်ပါဘူး" လို့ ပိုလန်သမ္မတ'အန်ဒရဇက်ဒူဒါ'က ပြောကြားလိုက်ပါတယ်။
နေတိုးအထွေထွေအတွင်းရေးမှူးချုပ် 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'က ပိုလန်ရဲ့ ပဏာမတွေ့ရှိချက်များကို ဘရူဆဲလ်မြို့ နိုင်ငံ ၃၀ စစ်ဘက်မဟာမိတ်အစည်းအဝေးမှာ တင်ပြသွားပါတယ်။
ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ကတော့ ငြင်းဆိုလိုက်ကာ နောက်ထပ်စုံစမ်းမှုများပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။
ရုရှားသာ နေတိုးအဖွဲ့ဝင်ပိုလန်နိုင်ငံကို ပစ်မှတ်ထားတိုက်ခိုက်ပါက နေတိုးတပ်ဖွဲ့ကြီးကပါ စစ်ပွဲပဋိပက္ခထဲ ပါလာနိုင်ပါတယ်။
"ဒါဟာ ယူကရိန်းရဲ့အမှားမဟုတ်ပါဘူး၊ နောက်ဆုံးမှာတော့ ရုရှားကသာ ဒီအတွက်တာဝန်ရှိပါတယ်" လို့ 'စတိုလ်တန်ဘာ့ဂ်'က ပြောကြားခဲ့ပါတယ်။
ယူကရိန်းထိပ်သီးတပ်မှူးများထံမှ အစီရင်ခံစာများအရ ဒါဟာ ယူကရိန်းဒုံးကျည်မဖြစ်နိုင်ဘူးဆိုတာ ယုံမှားစရာမရှိကြောင်း၊ ယူကရိန်းအရာရှိများလည်း ဒုံးကျည်ကျရောက်ရာနေရာကို သွားပြီးစစ်ဆေးခွင့်ရသင့်ကြောင်း 'ဇယ်လန်စကီ'က သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
"ပွင့်ပွင့်လင်းလင်းပြောရရင် ယူကရိန်းလေကြောင်းကာကွယ်ရေးကြောင့် လူသေဆုံးခဲ့တယ်ဆိုရင် ကျွန်တော်တို့တောင်းပန်စကားပြောကြားသွားမှာပါ၊ အရင်ဆုံးတော့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အဲဒီမှာရှိနေတဲ့ အချက်အလက်တွေကို ကြည့်ရှုချင်ပါသေးတယ်" လို့ ဆိုပါတယ်။
ပိုလန်နဲ့ နေတိုးတို့မှ အကဲဖြတ်သုံးသပ်ချက်မထွက်ခင် အမေရိကန်သမ္မတ'ဘိုင်ဒင်'ကပြောကြားခဲ့ရာမှာ "ရုရှားက ဒုံးကျည်ပစ်ခတ်လိုက်တာ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ဘာလိုဖြစ်တာလဲဆိုတာကို တိတိကျကျသိရအောင် ဆောင်ရွက်သွားမှာပါ" လို့ ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားပစ်တဲ့ဒုံးကျည်တွေဟာ ယူကရိန်း-ပိုလန်နယ်စပ်နဲ့ ၃၅ ကီလိုမီတာအကွာအဝေးအတွင်း ရောက်ရှိခဲ့ခြင်းလုံးဝမရှိကြောင်း ဆိုလိုက်ကာ ပိုလန်နဲ့ အခြားနိုင်ငံများမှ ကနဦးတုန့်ပြန်စွပ်စွဲချက်တွေကို ရှုတ်ချလိုက်ပါတယ်။
"တကယ့်လက်တွေ့အထောက်အထားတွေကို အခြေမခံဘဲ ရုရှားမုန်းတီးရေးစိတ်တစ်ခုတည်းနဲ့ စွပ်စွဲနေတာကို မြင်တွေ့ခဲ့ရတယ်" လို့ ရုရှားစစ်ရုံးချုပ်ခရမ်လင်မှ 'ဒီမစ်ထရီပက်စ်ကော့ဗ်'က ပြောကြားခဲ့ပါတယ်။
ကျရောက်ခဲ့တဲ့ဒုံးကျည်ဟာ ဆိုဗီယက်ခေတ်က ရုရှားနိုင်ငံလုပ် S-300 ဒုံးကျည်ဖြစ်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းဖြစ်ခဲ့တဲ့ ယူကရိန်းဟာ ရုရှားနိုင်ငံလုပ်လက်နက်များ ရရှိထားသလို ကျူးကျော်ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်စဉ်ကလည်း ရုရှားလက်နက်အများအပြားရရှိထားတယ်လို့ ပိုလန်သမ္မတကဆိုပါတယ်။
Source: AP News
#Yangon_Media_Group
Published 17 Nov 2022
အကျဉ်းသား ၅၇၄၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ နစကရဲ့ အမိန့်ကြေညာအပြီးမှာ ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့မှာ ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေရဲ့ ဆွေမျိုးသားချင်းတွေက လွတ်မြောက်လာမယ့်သူတွေကို လာရောက်စောင့်ဆိုင်းကြိုဆိုနေကြပါတယ်။
ယနေ့လွတ်မြောက်လာသူတွေအထဲမှာ ဩစတြေလျနိုင်ငံသား စီးပွာရေးအကြံပေး ရှောင်တာနယ်၊ ဗြိတိသျှသံအမတ်ဟောင်း ဗစ်ကီဘိုမန်းတို့အပါအဝင်နိုင်ငံခြားသား(၄)ဦးလည်းပါဝင်ပြီး ထိုသူတွေကို ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
Video: AFP
#Myanmar_Amnesty
#Prisoners_Release_Yangon
#Myanmar_Politics
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook>>> https://fb.watch/gRx7QFvR1Q/
#LocalNews
Published_17 November 2022
သတင်းစာဆရာ၊စာရေးဆရာများနှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များအား စည်သူဘွဲ့၊သီရိပျံချီဘွဲ့များ ချီးမြှင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ယနေ့ နိုဝင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအားမဟာသရေစည်သူဘွဲ့ကို ပေးအပ်ချီးမြှင့်ကာစာရေးဆရာ ဦးဝန်(မင်းသုဝဏ်) နှင့် ဆရာဇော်ဂျီ(ဇော်ဂျီ)၊သတင်းစာဆရာဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်) ၊လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၊ မန်းငြိမ်းမောင်၊၊ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ဒေါ်အေးနုစိန်၊Jeng Phang နော်တောင်၊ဦးမောင်းဟာ၊ဦးစိုင်းလုံးဆိုင်၊စောဒန်နီယယ်၊ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းတို့ အပါအဝင် ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး၊ဗိုလ်ချုပ် စုစုပေါင်း ၃၈ ဦးကို စည်သူဘွဲ့များ ပေးအပ်ကြောင်း ထုတ်ပြန်လိုက်သည်။
ယင်းအပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊မကြာသေးမီက တာဝန်က အနားယူခွင့်ပေးလိုက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်ထွဋ်ဦးအပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင် ၊ ဦးသောင်းဟန်၊ ဦးကိုကို၊ ဦးလှမိုး၊ဦးမျိုးမြင့်ဦး၊ဒေါက်တာချာလီသန်း၊ဒေါက်တာပွင့်ဆန်း၊ဦးမင်းသိန်းဇံ၊ဒေါက်တာသက်သက်ခိုင်၊ဦးစောထွန်းအောင်မြင့် ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌ၊နေပြည်တော်ကောင်စီဥက္ကဌ၊ကချင်ပြည်နယ် ၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး ၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ၊ သတင်းစာဆရာကြီး ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်+မိုး) ၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ ၊ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ၊ပြည်ထောင်စုမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ရန်ကုန်ကလျာဏယုဝခရစ်ယာန်အသင်း၊ပြည်ထောင်စုမြန်မာနိုင်ငံတော်မက်သဒစ် အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်၊မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ချုပ်၊မြန်မာမွတ်စလင်လူငယ်များ (ဘာသာရေး) အဖွဲ့ (မ.မ.လ)၊မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ် (မ.အ.ဖ)၊မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးအဖွဲ့ချုပ်၊သနန္တနဓမ္မပါလက (ဟိန္ဒူ)အဖွဲ့ချုပ်ဦးစီးနာယကဆရာတော် သီရိသျှီဝဘုရားကျောင်း၊ဟိန္ဒူဘုန်းတော်ကြီးများ ဗဟိုအဖွဲ့ချုပ်၊ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့မှ လူပုဂ္ဂိုလ်များ အား တို့အား သီရိပျံချီဘွဲ့များ ချီးမြှင့်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ကြည်း၊ရေ၊လေ ဗိုလ်ချုပ်များ ၁၉ ဦးအား ဇေယျကျော်ထင်ဘွဲ့များ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1200 of 1697