#World_Science
Published_ 16 April 2023
နယူးပို့ရစ်ချီဒေသမှာ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်ခတ်ခဲ့ပြီးနောက် ဖော့စ်ဖရပ်စ်သတ္တုအသစ်တစ်မျိုးကို ဖလော်ရီဒါတောင်ပိုင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက တွေ့ရှိခဲ့ပါတယ်။
ဒါဟာ ကမ္ဘာမြေပေါ်မှာ အစိုင်အခဲအနေနဲ့ ပထမဆုံးတွေ့ရတဲ့ ကျောက်တုံးဖြစ်ပြီး သတ္တုအမျိုးအဖွဲ့အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
"ကမ္ဘာပေါ်မှာ ဒီလိုအရာဝတ္ထုမျိုးကို သဘာဝအတိုင်းတစ်ခါမှ မတွေ့ရဘဲ ဥက္ကာခဲတွေမှာ တွေ့ရတဲ့အရာနဲ့ဆင်တူတဲ့ သတ္တုမျိုးကိုသာ တွေ့ရတတ်ပါတယ်၊ ဒီလိုပစ္စည်းကိုတော့ ဘယ်မှာမှမတွေ့ဖူးဘူး" လို့ ဘူမိသိပ္ပံပညာရှင်'မက်သရူးပါဆက်ခ်'က ပြောပြသွားပါတယ်။
မိုးကြိုးလိုမျိုး စွမ်းအားမြင့်အရာကြောင့် ထူးဆန်းတဲ့ဓာတုဓာတ်ပြုခြင်းများ ဖြစ်ပေါ်ခြင်းကို ပါဆက်ခ်က လေ့လာခဲ့ပြီး ဒီကိစ္စမှာဆိုရင် အာကာသသတ္တုတွေနဲ့ ကမ္ဘာ့အပေါ်ယံလွှာကြား ကူးပြောင်းနိုင်တဲ့အရာ ဖြစ်ပေါ်လာကြောင်း ဖလော်ရီဒါတောင်ပိုင်းတက္ကသိုလ်မှ ဆိုပါတယ်။
မိုးကြိုးက သစ်ပင်ကိုပစ်လိုက်တဲ့အခါ မြေပြင်ပေါက်ကွဲပြီး အနီးနားရှိမြက်ပင်များသေဆုံးသွားကြောင်း၊ ကျောက်တုံးများ မြေကြီးများ သဲများဆီသို့ လျှပ်စီးရောက်ရှိစေကာ လျှပ်စီးရုပ်ကြွင်းများ ဖြစ်ပေါ်လာကြောင်း ဆိုပါတယ်။
နယူးပို့ရစ်ချီအိမ်ပိုင်ရှင်များက လျှပ်စီးကြောင်းရာကို တွေ့ရှိပြီးနောက် လျှပ်စီးရုပ်ကြွင်းဟာ တန်ဖိုးရှိမယ်ယူဆကာ ရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။
ပါဆက်ခ်က ထိုအရာကိုဝယ်ယူလိုက်ပြီး အီတလီနိုင်ငံ ဖလောရန့်စ်တက္ကသိုလ်မှ သတ္တုနှင့်ပုံဆောင်ခဲပရော်ဖက်ဆာ'လူကာဘင်ဒီ'နဲ့ ပူးပေါင်းဆောင်ရွက်လိုက်ပါတယ်။
စွမ်းအားမြင့်ဖြစ်စဉ်ကို ပိုမိုနားလည်နိုင်ရန် ထိုကဲ့သို့မိုးကြိုးကြောင့်ဖြစ်ပေါ်လာတဲ့ ဖော့စ်ဖရပ်စ်ပါသတ္တုများကို လေ့လာရန်ဆုံးဖြတ်ခဲ့ကြပါတယ်။
"မိုးကြိုးက ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သိရှိဖို့အရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ မိုးကြိုးပစ်ချက်က ဘယ်လောက်အန္တရာယ်များလဲဆိုတာ သိထားလို့ပါ၊ ဖလော်ရီဒါက မိုးကြိုးအပစ်အများဆုံးမြို့တစ်ခုဖြစ်ပြီး မိုးကြိုးပစ်ချက်က ကျောက်တုံးကိုတောင် အရည်ပျော်စေတယ်ဆိုရင် လူကိုလည်းအရည်ပျော်စေနိုင်ပါလိမ့်မယ်" လို့ ပါဆက်ခ်က ပြောပြပါတယ်။
မိုးကြိုးပစ်ချက်က သစ်ပင်ရှိ သဘာဝကာဗွန်ကိုရော သစ်ပင်အမြစ်ရှိ သံဓာတ်ကိုပါ လောင်မြိုက်စေပြီး မီးလောင်ကျွမ်းစေနိုင်ပါတယ်။
ထိုအရာနှစ်ခုအပြန်အလှန်သက်ရောက်ပြီး လျှပ်စီးရုပ်ကြွင်းဖြစ်ပေါ်လာတယ်လို့ အဆိုပြုလိုက်ပါတယ်။
ထိုအရာဝတ္ထုကို ဓာတ်ခွဲခန်းထဲမှာ ထပ်မံဖန်တီးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
သီးခြားအခြေအနေတွေအောက်မှာသာ လျင်မြန်စွာဖြစ်ပေါ်နိုင်ပြီး အချိန်အတိုင်းအတာတစ်ခုကျော်အောင် အပူပေးလိုက်ရင် ဥက္ကာခဲတွေမှာတွေ့ရတဲ့ သတ္တုအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်။
ပါဆက်ခ်နဲ့ ဘင်ဒီတို့က နောက်ထပ်သုတေသနပြုလုပ်ဖို့ ရည်ရွယ်ထားပြီး သတ္တုတစ်ခုအဖြစ် တရားဝင်သတ်မှတ်နိုင်မလားဆိုတာ လေ့လာသွားဦးမှာပါ။
Source: WION
#World_Science ##ဖလော်ရီဒါ # မိုးကြိုးပစ်ခတ် # ဖော့စ်ဖရပ်စ်ပစ္စည်းအသစ်တစ်မျိုးတွေ့
#YMG #Yangon_Media_Group
Published -15 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ဓမ္မာရုံတစ်ခု၌ ယနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက် ညနေ ၅ နာရီခွဲအချိန် သင်္ကြန်ရေကစားနေစဉ် Drop Bomb ၂ လုံး ဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အတွက် ကလေး၃ဦးအပါအဝင် အရပ်သား ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ငွေတွင်းကျေးရွာရှိ ဓမ္မာရုံ၌ ကလေးသူငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများက မဟာသင်္ကြန်အကြတ်နေ့၌ ရေကစားနေကြစဉ်အကြမ်းဖက်သမားများက Drone ယာဉ်တစ်စီးဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ယင်းကြောင့် အဆိုပါလူနာများအား အရာတော်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင် ကုသမှုခံယူစေလျက်ရှိကြောင်း ၊ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့် နေရာကို ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာ ကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်၍ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်၌ ကလေးသူငယ်များ အပါအဝင်အရပ်သားများ ရေကစားနေစဉ် Drop Bomb ဖြင့် ယပစ်ချတိုက်ခိုက်ခဲ့သဖြင့် မျိုး သား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။
၎င်းပေါက်ကွဲမှုများအပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ကပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
ymg/mt
Yangon_Media_Group

Published 14 April 2023
ဂျပန်နိုင်ငံမှ ဒိုင်လူကြီးအဖွဲ့က အကောင်းဆုံးဂျပန်ကြက်ကြော်ပြုလုပ်နိုင်သူကို ရှာဖွေနေကြပါတယ်။
သူတို့ရဲ့ကြက်ကြော်နည်းက ကြက်သား၊ အခြားအသားနဲ့ ဟင်းသီးဟင်းရွက်တွေကို မကြော်မီမှာ ဂျုံမှုန့်၊ ပြောင်းမှုန့်တို့ဖြင့် နှပ်ထားတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ အစားအစာဖြစ်ပြီး နှစ်စဉ်ကျင်းပတဲ့ပြိုင်ပွဲမှာ အနိုင်ရမယ်ဆိုရင် သူတို့ရဲ့ရောင်းအားက ၃ ဆလောက်တက်လာမှာဖြစ်ပါတယ်။
အရင်နှစ်တွေက ပြိုင်ဆိုင်ကြတဲ့ စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေ၊ ကြက်ကြော်ဆိုင်တွေဟာ မမှန်မကန်ယှဉ်ပြိုင်ကြတယ်လို့ စွပ်စွဲမှုများရှိတာကြောင့် အခုနှစ်မှာတော့ ဒိုင်လူကြီးတွေနဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ်။
Source: AFP
#ဂျပန်ကြက်ကြော်ပြိုင်ပွဲ
#ဂျပန်အကောင်းဆုံးကြက်ကြော်ပြိုင်ပွဲ
#YangonMediaGroup
Published 15 April 2023
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ဧပြီ(၁၅)ရက်က ဖျော်ဖြေပွဲနှင့်အတူရေပက်ခံကစားနေကြသည့် မြင်ကွင်း။
#မြန်မာ့သင်္ကြန်၂၀၂၃
#စစ်တွေသင်္ကြန်၂၀၂၃
#YangonMediaGroup
Published_ 15 April 2023
မြန်မာတိုရဲ့ နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်တဲ့မဟာ သင်္ကြန်ပွဲတော်ဟာ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသန့်စင်တယ်လိုအဓိပ္ပာယ်နဲ့ကျင်းပကြတာဖြစ်သလို ဗုဒ္ဓဘာသာ၀င် သက်ကြီးရွယ်တွေဟာလည်း ၀ိပဿနာတရားထုတ်ကြတဲ့ဓလေ့ ဖြစ်ပါတယ်။
၂၀၂၃ခုနှစ် သင်္ကြန်ကာလမှာလည်း ရန်ကုန်မြိုမှာရှိတဲ့ ဗုဒ္ဓဘာသာ၀င်များအတွက် တရားစခန်းများဖွင့်လှစ်ထားပြီး သက်ကြီးရွယ်အိုများနှင့်ဘာသာတရားကိုင်းရှိုင်းသူတွေဟာ ငြိမ်းချမ်းစွာတရားအားထုတ်နေကြတာတွေ့ကြရပါတယ်။
#ရန်ကုန်သင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
#YangonMediaGroup
Published_ 15 April 2023
ဧပြီ၁၅ရက်နေ့င်္သကြန်အကြတ်နေ့မှာရန်ကုန်မြိုတွင်အဓိကမဏ္ဍပ်များဖြစ်တဲ့မြိုတော်ဝန်မဏ္ဍနှင့်ပြည်သူရင်ပြင်ရေကစားမဏ္ဍပ်တွေရဲ့
လမ်းလျောက်သင်္ကြန်နေရာတွေမှာရေကစားသူများပြားလျက်ရှိပါတယ်။
မြိုနယ်အလိုက်ရေကစားမဏ္ဍပ်များဖွင့်လှစ်ထားပေမယ့် င်္သကြန်ရေကစားသူ အများစုကလမ်းလျောက်င်္သကြန်များကိုသာလာရောက်ရေကစားနေကြပါတယ်။
မြိုတော်ဝန်မဏ္ဍပ်အနီးလမ်းလျောက်င်္သကြန်မှာတော့မိသားစုအလိုက်ရေကစားသူများပြားပေမယ့် ဖျော်ဖြေရေးအစီအစဉ်ကို ကြည့်ရှုသူဟာ ပြည်သူ့ရင်ပြင်လောက်များပြားတာမတွေ့ရပါဘူး။
-ymg/yanaing
#ရန်ကုန်သင်္ကြန်၂၀၂၃
#မြန်မာ့သင်္ကြန်၂၀၂၃
#YangonMediaGroup
#MyanmarNews
Published 15 April 2023
အင်းလေး ရေပေါ်သင်္ကြန် အကြတ်နေ့မြင်ကွင်းများကိုစုစည်းတင်ပြပေးပါတယ်။
#Yangon_Media_Group
#အင်းလေးသင်္ကြန်
#မြန်မာသင်္ကြန်






Published -15 April 2023
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးဗဟိုမဏ္ဍပ်တွင် ယနေ့နံနက်ပိုင်း မဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်က ကလေးသူငယ်များ အပါ အဝင် ပြည်သူများရေကစားနေစဉ် Drop Bomb ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ နံနက် ၉ နာရီ ခွဲခန့်က အကြမ်းဖက်သမားများက Drone တစ်စီးဖြင့် Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ယင်းဒဏ်ရာရသူများအား
လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းသိရသည်။
ယင်းသို့ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ ရေကစားနေသည့်နေရာကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းမှာ ဂျီနီဗာကွန်ဗန်းရှင်း နှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်း ဖြစ်သည့်အတွက် ကျူးလွန်ခဲ့သူများအားအမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
Yangon_Media_Group
#Local_News
Published_ 15 April 2023
ရခိုင်ပြည်နယ်ဂွမြို့နယ် ကျိန္တလီဒေကမ်းနီးငါးလုပ်ငန်းစီမံခန့်ခွဲမှုဧရိယာအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးအသင်းမှ ကမ်းခြေများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသောပင်လယ်လိပ်များမှာ ပေါက်ပွားသည့် လိပ်သားပေါက် ၇၅ ကောင်ကို ဧပြီလ ၁၅ ရက် ယနေ့တွင် ပင်လယ်ရေထဲသို့ ထပ်မံ လွှတ်ပေးခဲ့ကြောင်း ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ က သိရသည်။
လိပ်ကျင်းများကို သဘာဝအတိုင်းပေါက်ဖွားနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် လူရောက်သည့်နေရာ ဒီရေရောက်သည့်နေရာများမှ လိပ်ကျင်းများကို စိတ်ချရသည့်နေရာသို့ ပြောင်းရွှေ့စနစ်ဖြင့် သားဖောက်ပေးနေရာမှ ပေါက်လာသည့် လိပ်သားပေါက်များကို လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲရေးအဖွဲ့ အနေဖြင့် ကျေးရွာများအတွင်း ပင်လယ်လိပ်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းပေးထားပြီး ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်အတွင်း စောင့်ရှာထားသည့် လိပ်ကျင်း ၁၁ ခုထဲမှ ပြီးခဲ့သည့်ဧပြီလ ၈ ရက်ကလည်း လိပ်သားပေါက် ၁၄၅ ကောင်ကို ပင်လယ်ထဲသို့ လွှတ်ပေးခဲ့သေးသည်။
Photo-KIFCA
#ymg/mt
#Local_News #ကျိန္တလီကမ်းခြေ #ပင်လယ်ထဲသို့လိပ်သားပေါက်၇၅ကောင်ထပ်မံလွှတ်ပေး
#YMG #Yangon_Media_Group


#Myanmar_News
Published_ 15 April 2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ ဧပြီ ၁၃ ရက်နေ့မှ စတင်ပြိး မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို စတင်ဆင်နွှဲနေကြရာ ကော့သောင်းမြို့နယ်၏မဟာသင်္ကြန်ဗဟိုဆုပေးမဏ္ဍပ်တွင်နေ့စဉ် နံနက်ပိုင်းမှစတင်၍ နိုင်ငံကျော်တေးသံရှင်များ၊ လှပျိုဖြူယိမ်းအဖွဲ့များမှအလှည့်ကျကပြသီဆိုဖျော်ဖြေလျက်ရှိပါတယ်။
အဆိုပါဗဟိုဆုပေးမဏ္ဍပ်တွင် မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏နေ့စဉ် ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ဒေသခံတွေလာရောက် အားပေးကြည့်ရှုနေကြကြောင်းသိရပါတယ်။
မေဇင်(ကော့သောင်း)
#Myanmar_News ##ကော့သောင်းမဟာသင်္ကြန် # ညစဉ်ယိမ်းအဖွဲ့များယှဉ်ပြိုင်ဖျော်ဖြေ
#YMG #Yangon_Media_Group



#Local_News
Published_ 15 April 2023
မြန်မာ့ရိုးရာလှူဒါန်းမှုပုံစံဖြစ်သော စတုဒီသာ အလှူကို အများအားဖြင့် အခါကြီးရက်ကြီးများတွင် ပြုလုပ်လေ့ ရှိကြရာ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့လယ်၌ ရေကစားလာရောက်သူများအား ဒန်ပေါက်ထမင်း လှူပေးနေသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။
စတုဒီသာဆိုသည်မှာ ပါဠိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး စတုဆိုသည်မှာ "လေးဂဏန်း" ၊ "ဒီသာ"ဆိုသည်မှာ ရှေ့၊နောက်၊တောင်၊မြောက် အရပ်မျက်နှာများဟု အဓိပ္ပာယ်ရသည့်အတွက် အရပ်မျက်နှာလေးမျက်နှာမှ လာရောက်သည့် မည်သူမဆို အား လှူဒါန်းသည့် အလှူပေးနည်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စတုဒီသာ အလှူကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိရာ စားပွဲခံများချ၍ ဝိုင်းဖွဲ့ထမင်းကျွေးခြင်း၊တန်းစီ၍ ပေးလှူခြင်း စသည့်ပုံစံမျိုး ဖြင့်လည်းကောင်း၊စတုဒီသာအလှူကို တစ်ဦးတည်းဖြစ်စေ၊စုပေါင်း၍ဖြစ်စေ အကုန်အကျခံ၍လည်း ပြုလုပ်ကြသည်ကိုတွေ့ရသည်။
ymg/mt
#Local_News #သင်္ကြန်အကြတ်နေ့ #ရန်ကုန်မြို့လယ်စတုဒီသာအလှူများ
#YMG #Yangon_Media_Group





#Local_News
Published_ 15 April 2023
ရန်ကုန်တိုင်းဒေသကြီး၊ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်သို့ နိုင်ငံ ၁၅ ခု က သံတမန်များတက်ရောက်၍ ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်ပွဲကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
တက်ရောက်ခဲ့သော နိုင်ငံများမှာ လာအို၊ထိုင်း၊အိန္ဒိယ၊သီရိလင်္ကာ၊ဆားဘီးယား၊စင်ကာပူ၊ကမ္ဘောဒီးယား၊ဘရုနိုင်း၊တီမောလက်စ်တေ၊ နီပေါ၊ ဖိလစ်ပိုင်၊ဘင်္ဂလားဒေ့ရှ်၊ရုရှား၊တရုတ်၊DPRKတို့ ဖြစ်ပြီး ယင်းတို့၏ သံအမတ်ကြီးများ၊ပထမအတွင်းဝန်၊ဒုတိယအတွင်းဝန်၊တတိယအတွင်းဝန်၊သံရုံးအကြီးအကဲများ၊စစ်သံမှူးများ၊သံရုံးယာယီတာဝန်ခံများ၊စီးပွားရေးသံမှုးများ၊သံမှူးများ နှင့် ဇနီးများ စုစုပေါင်း လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းသံရုံးမိသားစုများက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၏မဟာသင်္ကြန်ပွဲတော်သို့ တက်ရောက်ကြပြီးနောက် ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ်နှင့် ရန်ကုန်မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တို့တွင် ရေသဘင်ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ymg/mt
#Local_News #ရန်ကုန်မဟာသင်္ကြန်သို့ #အာဆီယံ(၆)နိုင်ငံ #၁၅နိုင်ငံသံတမန်များတက်ရောက်ဆင်နွှဲ
#YMG #Yangon_Media_Group














Page 1200 of 1919