#LocalNews
Published _19 November 2022
စင်ကာပူနိုင်ငံတွင် ယနေ့ညနေပိုင်းက ကျင်းပခဲ့သည့် One Championship ၏ One-163 ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်းပွဲစဉ်၌ မြန်မာMMA ဖိုက်တာ အောင်လအန်ဆန်းက ဂျပန်ကစားသမား အိုကာမီ ကို အနိုင်ရရှိခဲ့သည်။
ပွဲစဉ် ပထမပိုင်းတွင်ပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ymg/mt
Yangon _Media_Group
#Health_Matters
Published - 19 Nov 2022
-ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးဟာ လက်ရှိ လိင်ကိစ္စလွတ်လပ်မှုလွန်ခေတ်အခြေအနေတွေကြောင့် အဟန့်အတားဖြစ်နေမလား??
#Yangon_Media_Group
#Local_News
Published_ 19 November 2022
လတ်တလောမှာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် ဒေသအချို့မှာ အခုရက်ပိုင်းအတွင်းမိုးသည်းထန်ဖို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Health_Matters
Published - 19 Nov 2022
- မြန်မာနိုင်ငံရဲ့လက်ရှိ ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားမှုဘယ်လိုရှိနေပါသလဲ??
#Yangon_Media_Group
#DailyNews
Published _ 19 November 2022
၁။ ဆောင်းအဝင်တွင်မိုးသည်းမည်ဖြစ်၍ သီးနှံမပျက်စီးအောင်သတိပြုရန်လို၊လေပြင်းနှင့်မိုးကြိုးအန္တရာယ်ရှိနိုင်
၂။ တစ်တန်ကို ၉သောင်းအထိ ပေါက်စျေးရှိနေပြီး ယခင်နှစ်များထက် စျေးကောင်းပိုရနေ
၃။ ပို့ကုန်ဝင်ငွေကို ဒေါ်လာအပြင် ယွမ်/ဘတ်တို့ဖြင့် ပေးသွင်းခွင့်ပြုမည်
၄။ သတင်းမှားတိုက်ဖျက်ရေးအတွက်တာဝန်ရှိသည့် အိန္ဒိယမှအချက်အလက်စစ်ဆေးသူများ ထောင်ကျခြိမ်းခြောက်မှုနှင့်ပါရင်ဆိုင်နေရ ...အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_19 November 2022
တပ်မတော်(လေ)မှ လေ့ကျင့်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုဖြစ်၍ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယနေ့ နံနက်ပိုင်းက ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လေ့ကျင့်ပျံသန်းစဉ် တနင်္သာရီတိုင်းဒေသကြီး ၊ သရက်ချောင်းမြို့ တောင်ဘက် မီတာ ၉၀၀၀ ခန့်အကွာသို့အရောက် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ခြင်းကြောင်း အရေးပေါ်ဆင်းသက်ခဲ့ရကြောင်းနှင့် လေယာဉ်မှူးနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Health_Matters
Published - 19 Nov 2022
ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) ကျင်းပတာ ခုဆို ၃၅ နှစ်ရှိပါပြီ ။ ၃၅နှစ်အတွင်း ခုခံအားကျဆင်းမှုရောဂါကို ဘယ်လောက်အထိတိုက်ဖျက်နိုင်ကြပြီလဲ??
#Yangon_Media_Group
Published 19 Nov 2022
☑️ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွစ်တာအကောင့်ပြန်ဖွင့်ပေးသင့်မသင့် တွစ်တာပေါ်ကနေ သူ့ရဲ့ ဖော်လိုဝါတွေကို သောကြာနေ့နှောင်းပိုင်းမှာ အီလွန်မတ်စ်က ဆန္ဒပြုခိုင်းခဲ့
☑️ ခပ်စောစောရလာဒ်များအရ ဆန္ဒပြုကြသူများရဲ့ ၆၀ ရာခိုင်နှုန်းက ထရမ့်အကောင့်ကိုပြန်ပေးဖို့ဆန္ဒပြုကြ
☑️ ပြည်သူတွေရဲ့အသံဟာ ဘုရားသခင်ရဲ့အသံ ဆိုပြီး မတ်ခ်က လက်တင်ဘာသာဖြင့် တွစ်တာမှာပို့စ်တင်ခဲ့
☑️ အဆိုပါ မဲပေးဖို့အတွက် ဆန္ဒပေးပွဲကို ၂၄ နာရီကြာအောင်ဖွင့်ပေးထားမှာဖြစ်
☑️ ပြီးခဲ့တဲ့မေလတုန်းကတော့ အီလွန်မတ်စ်က ထရမ့်အကောင့်ကို ပြန်ဖွင့်ပေးကောင်းပေးမယ်လို့ပြောဆိုခဲ့
☑️ ယမန်နှစ်က အမေရိကန်ကွန်ဂရက်အဆောက်အအုံ အတိုက်အခိုက်ခံရပြီးနောက် တွစ်တာက ထရမ့်ရဲ့ အကောင့်ကို ပိတ်ခဲ့တာဖြစ်
☑️ ထရမ့်အကောင့်ပြန်ပေးဖို့ကို သူမဆုံးဖြတ်ရသေးဘူးလို့ ဒီရက်စောစောပိုင်းမှာ မတ်ခ်ကပြောခဲ့
☑️ တွစ်တာဟာ ဘေဘွန်လုံဘီ သရော်စာအကောင့်နှင့် လူရွှင်တော်ကေသီဂရစ်ဖင်တို့ရဲ့ အကောင့်တွေကို ယခုရက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့
Source Reuters
#Twitter_Elon_Musk
#Twitter_Polls_Trump_acccount
#Twitte_new_boss
#Local_News
Published _ 19 november 2022
ရှမ်းပြည်နယ်၊ တုံတာမြို့အဝင် မိုင်းကာကျေးရွာအနီးရှိ ကျိုင်းတုံ-တောင်ကြီးသွားကားလမ်း၏ တောင်ဆင်းလမ်းတွင် နိုဝင်ဘာလ ၁၈ ရက် ညပိုင်းက အံစာတုံးကားတစ်စီး ချောက်ထဲသို့ကျ၍ ယာဉ်မောင်းနှင့် ပါလာသည့် ခရီးသည်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ သိရသည်။
ယမန်နေ့ည ၁၁ နာရီခွဲခန့်တွင် ကျိုင်းတုံ-တောင်ကြီးသွားကားလမ်း၏ တောင်ဆင်းလမ်းအတိုင်း ခရီးသည် ၅ ဦးအားတင်ဆောင်မောင်းနှင်လာသည့် အံစာတုံးကားသည် အခင်းဖြစ်နေရာအရောက်ဘ ရိတ်ပေါက်၍ ချောက်ထဲသို့ထိုးကျတိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ကားမောင်းသူနှင့်ခရီးသည် အမျိုးသား ၁ ဦးတို့မှ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်ရာနေရာ၌ပင် သေဆုံးသွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရသူများအား တုံတာလူမှုကူညီရေးအသင်းနှင့် တိုင်းနေနာရေးကူညီမှုအသင်းတို့မှ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးနှင့်ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 19 November 2022
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်(၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲတွင် ဆရာတော်၊ သံဃာတော်စုစုပေါင်း(၂၁၉)ပါး ဝင်ရောက်
ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်၊၊
(၁၀၄)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ ပရိယတ္တိစာလျှောက်မေးပွဲကို နိုဝင်ဘာ(၁၉)ရက်မှ(၂၅)ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီးခြားစာချတန်း (၃၀) ပါး၊ သီးခြားစာသင်တန်း (၁၈၉) ပါး၊ စုစုပေါင်း (၂၁၉ )ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်သည်၊၊
(၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကိုနိုဝင် ဘာလ(၁၉)ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြည်ညိုခဲ့ကြသည်၊၊
ဖွင့်ပွဲအခမ်းအနားကို နေ့လယ် ၁၂၀၀ နာရီအချိန်တွင် ရင်ပြင်တော်ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသ ထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက စာလျှောက်မေးပွဲကျင်းပခြင်းနှင့်ပတ်သက်၍ အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားခဲ့သည်။
ဆက်လက်၍ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ စာလျှောက်မေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒါခံယူခဲ့သည်။
ဆက်လက်၍ စေတိယင်္ဂဏစာလျှောက်မေးပွဲတွင် စာထောက်စာမ ဆောင်ရွက်ကြမည့် ဆရာတော်များအား အာဂုံကြီးကြပ်ပလ္လင်သို့ပင့်ဆောင်ပြီးနောက် သီးခြားစာသင်တန်းဖြေဆိုမည့် သံဃာတော်များက အလှည့်ကျအာဂုံပြန်ဆိုတော်မူခဲ့ကြကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_19 November 2022
ရုရှားငွေကြေးဖြစ်သည့် ရူဘယ်နှင့် မြန်မာကျပ်ငွေကို တိုက်ရိုက်ချိတ်ဆက်ပြီး ဖလှယ်အသုံးပြုမည်ဆိုပါက ကျပ်ငွေတန်ကြေး မြင့်တက်လာနိုင်ကြောင်း နစက ပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံမှ ရေနံနှင့်စွမ်းအင်တွေကို ကမ္ဘာ့နိုင်ငံတွေသို့ ရောင်းချရာတွင် ဒေါ်လာနှင့် အဝယ်မခံတော့ဘဲ ရူဘယ်နှင့် ဝယ်ယူခိုင်းသည့်အခါတွင် ဝယ်သည့်နိုင်ငံများမှ ၎င်းတို့၏ ရူဘယ်ကို လဲရကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဒီဇယ်တန်ချိန် (၃ ဒသမ ၂) သန်းနှင့် ဓာတ်ဆီတန်ချိန် (၂) သန်းကျော်ခန့် လိုအပ်ချက်ရှိနေပြီး အဆိုပါ ကုန်ပစ္စည်းတွေကို ရူဘယ်ငွေကြေးရှိပါက တိုက်ရိုက်ချိတ်ဆက် ဝယ်ယူလို့ရနိုင်ကြောင်း ယင်းမှ ဆက်လက်ပြောကြားထားသည်။
မြန်မာ နှင့် ရုရှားနိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုပမာဏသည် ပျှမ်းမျှအနေဖြင့် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ မှ ၆၀ ကျော်အထိဖြစ်ပြီး ထိုပမာဏ၏ ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံဘက်မှ ပို့ကုန်တင်ပို့မှုဖြစ်ကာ ဆန် နှင့် ဆန်ကွဲ၊ ချုပ်ပြီး အဝတ်အထည် နှင့် ပဲအမျိုးမျိုးကို တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#World_Politics
Published 19 November 2022
သောကြာနေ့က အာရှ-ပစိဖိတ်စီးပွားရေးထိပ်သီးအစည်းအဝေး ကျင်းပတဲ့အပြင် အမေရိကန်ဒုသမ္မတ'ကာမာလာအဲရစ်'ဟာ မဟာမိတ်ခေါင်းဆောင်များကို အရေးပေါ်ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်ကနေ အမေရိကန်အထိ ရောက်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အမေရိကန်နဲ့ အခြားနိုင်ငံ ၅ နိုင်ငံမှခေါင်းဆောင်များစုဝေးကာ မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ ၂၁ နိုင်ငံအာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပွဲ မကျင်းပမီ နာရီပိုင်းအလိုမှာပင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးပွဲအတွင်း 'အဲရစ်'ဟာ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ကနေဒါ၊ နယူးဇီလန်တို့မှ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
"မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းအမျိုးမျိုးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာကျပါတယ်၊ ဒေသတွင်းလုံခြုံရေးကို မတည်မငြိမ်ဖြစ်စေပြီး မလိုအပ်ဘဲ တင်းမာမှုတွေ မြင့်တက်လာစေပါတယ်" လို့ 'အဲရစ်'ကဆိုပါတယ်။
အမေရိကန်အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးကလည်း "သောကြာနေ့က မြောက်ကိုရီးယားက ပစ်လွှတ်တဲ့ဒုံးကျည်ဟာ အကွာအဝေးပိုရောက်တဲ့ ဒုံးကျည်မျိုးဖြစ်ပြီး နိုင်ငံအများအပြားကို ထိမှန်နိုင်ပါတယ်၊ ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယား အခုနောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကုလရဲ့ပိတ်ဆို့အရေးယူမှုများကို အရှိန်မြှင့်တင်ရန်ကြိုးပမ်းနေတဲ့ အမေရိကန်ရဲ့လုပ်ရပ်တွေကို တရုတ်နဲ့ရုရှားတို့က ပိတ်ဆို့နေကြပေမယ့် အမေရိကန်ဟာ တရုတ်နဲ့ ပုံမှန်ဆက်ဆံရေးရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တရုတ်အနေနဲ့လည်း ဒီကိစ္စမှာပါဝင်ဖို့ အရေးကြီးကြောင်း အရာရှိကပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'က ဒုံးကျည်စမ်းသပ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကာ နောက်ထပ်ရန်ဆောင်တဲ့အပြုအမူတွေ ချက်ချင်းရပ်တန့်ဖို့ အသိပေးလိုက်ပါတယ်။
အိမ်ဖြူတော်လုံခြုံရေးမှ ပြောရေးဆိုခွင့်ရှိသူ 'ဂျွန်ကာဘီ'က "အမေရိကန်ဟာ မဟာမိတ်များဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပူးပေါင်းပြီး ကာကွယ်ရေးအတိုင်းအတာများ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပါတယ်" လို့ ထပ်မံပြောကြားထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က မြောက်ကိုရီးယားမှ နောက်ထပ်ဒုံးကျည်ပစ်လွှတ်များ ပြုလုပ်လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
အစည်းအဝေးပွဲလက်ခံကျင်းပတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်'ပရာယွတ်ချန်အိုချာ'က ပွဲကိုဖွင့်လှစ်ခဲ့ပြီး ဘန်ကောက်မှာရဲတွေက အစိုးရဆန့်ကျင်ဆန္ဒပြသူများကို လူစုခွဲစေရန် ရာဘာကျည်ဆံများပစ်ဖောက်ခဲ့ရပါတယ်။
ဒီမတိုင်ခင် အာရှအစည်းအဝေးပွဲများ ပြုလုပ်ခဲ့ကြပေမယ့် ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်၊ ကိုရီးယားကျွန်းဆွယ်ကိစ္စတွေကြောင့် မှေးမှိန်ခဲ့ရပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1196 of 1697