#Local_News
Published_ 19 April 2023
(၃) နှစ်စာပူးတွဲကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို မေ ၆ ရက်တွင် နေပြည်တော်မြို့တော်ခန်းမအနီးလဟာပြင်ကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
ယင်းကြောင့် ယခုအခါ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက MRTV ၏ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် မြန်မာ့ဆိုင်းဝိုင်း နေရာချထားမှု၊ အခမ်းအနားတွင်ဖျော်ဖြေမည့်တေး သီချင်းများရွေးချယ်မှု၊ အခမ်းအနားမှူးများ နေရာချထားမှု၊ ဧည့်သည်တော်များ ဖိတ်ကြားမည့်အစီအစဉ်၊ ကြိုဆိုဧည့်ခံရေး ဆောင်ရွက်ထားရှိမှုနှင့် ဧည့်သည်တော်များ တည်းခိုနေရာချထားမည့် အစီအစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အခမ်းအနားကျင်းပမည့် စင်မြင့်ကိုလည်း ဆောက်လုပ်နေပြီး ထိုင်ခုံခင်းကျင်းမှုနှင့် အနုပညာရှင်များအတွက် အနီရောင်ကော်ဇောလျှောက်လမ်း နေရာလျာထားမှုတို့ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သွားရောက် စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ၊ ၂ဝ၂ဝ ပြည့်နှစ် ၊ ၂ဝ၂၂ ခုနှစ် တို့အတွက် (၃)နှစ် စာ တစ်ပေါင်းတည်း ကျင်းပရန် အကယ်ဒမီရွှေကြို အယောက်(၃ဝ) ကျော်ကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ပြီးခဲ့သည့် ဧပြီလ ၆ ရက်က ထုတ်ပြန်ကြေငြာခဲ့ရာတွင်အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၁၇)ဦး စုစုပေါင်း (၃၂)ဦး ရွေးချယ်ခဲ့ကြောင်းလည်း သိရသည်။
၂၀၂၃ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ရုပ်ရှင်နှင့်ပတ်သက်သည့် ထူးချွန်ဆုများအပြင် Soung Design ၊ကလေးသရုပ်ဆောင်၊stylist၊ Animation ၊မိတ်ကပ်၊Fashion Award ဆု စသည့် အထူးဆု ၅-ဆုလည်းပါဝင်မည်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကသိရသည်။
ymg/mt
#Local_News # မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ #နေပြည်တော်မြို့တော်ခန်းမ
#YMG #Yangon_Media_Group


#World_Health
Published_ 19 April 2023
ရေခဲရေဖြင့်ရေချိုးခြင်းကြောင့် နှစ်ပေါင်းများစွာခံစားလာရတဲ့ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းဝေဒနာတို့ကို သက်သာစေခဲ့တယ်လို့ လူတစ်ယောက်က အဆိုပြုလိုက်ပါတယ်။
ဝေးလ်စ်နိုင်ငံ ကာဖီလီမှ မစ်ချယ်ဘော့ခ်က အခုဆိုရင် စိတ်ကျသက်သာဆေးများ လျှော့သုံးလို့ရနေပြီလို့ ပြောကြားခဲ့ပါတယ်။
စိုးရိမ်ပူပန်ခြင်းကိုသက်သာစေတဲ့ ဆေးတွေကိုလည်း ရပ်တန့်လိုက်ပြီဖြစ်ပါတယ်။
ရေခဲရေဖြင့်ရေချိုးတဲ့အခါ တစ်နေကုန်ပင်ပန်းထားတာတွေကို မိနစ်အနည်းငယ်အတွင်းပြေလျော့စေကြောင်း၊ ချက်ချင်းကိုသိသာစေကြောင်း ပြောပြခဲ့ပါတယ်။
စိတ်ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေတာကြောင့် ရေအေးချိုးခြင်းနည်းလမ်းကို စိတ်ဝင်စားလာကြပါတယ်။
စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်ခြင်းရောဂါတွေနဲ့ ရင်ဆိုင်ရသူတွေ ရေခဲရေကုထုံးဖြင့်ထိရောက်သလားဆိုတာသိရဖို့ စိတ်ကျန်းမာရေးပညာရှင်များနဲ့ ဆွေးနွေးထားပါတယ်။
ထိုနည်းလမ်းမှာ ရေရဲ့အပူချိန်က ၁၀ မှ ၁၅ ဒီဂရီဆဲလ်စီးယပ်စ်အတွင်းရှိကာ အားကစားသမားတွေက အားကစားလုပ်ပြီးတဲ့အခါ ကြွက်သားအဆစ်အမြစ်ရောင်ရမ်းခြင်း သက်သာအောင် အသုံးပြုကြပါတယ်။
ရေအေးဖြင့်ချိုးတဲ့အခါ လျှပ်စီးကြောင်းလှုံ့ဆော်မှုအများအပြားက အာရုံကြောတွေကနေ ဦးနှောက်သို့ရောက်ရှိစေပြီး စိတ်ကျဝေဒနာသက်သာစေတာဖြစ်ပါတယ်။
ရေခဲရေချိုးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဘန်ဂလိုမှ ဒေါက်တာ'မာလာဆာဂူဂျာ'က ပြောပြသွားပါတယ်။
- အပြင်းအထန်လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ကြွက်သားနဲ့အဆစ်အမြစ်များမှ ရောင်ရမ်းခြင်း နာကျင်ခြင်းတို့ကို သက်သာစေပါတယ်။
- အေးတဲ့အခါ သွေးကြောတွေကျုံ့စေပြီး ခန္ဓာကိုယ်အစွန်အဖျားနေရာတွေဆီ သွေးလှည့်ပတ်မှုကိုအားပေးပါတယ်။
- အပူချိန်အအေးဘက်ကို ရုတ်တရက်ပြောင်းလဲတဲ့အခါ အက်ဒရီနယ်လင်နဲ့ အခြားဟော်မုန်းများထွက်စေပြီး နိုးကြားစေပါတယ်။
- ရေအေးနဲ့ထိတွေ့တဲ့အခါ ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး ရောဂါကူးစက်မှုတွေကို ကူညီတိုက်ဖျက်ပေးပါတယ်။
- ရေအေးစိမ်ခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးပါတယ်။
Source: India Today
#World_Health #ရေခဲရေချိုးခြင်း #စိတ်ကျဝေဒနာ #စိုးရိမ်ပူပန်ခြင်း #ပညာရှင်များရှင်းလင်း
#YMG #Yangon_Media_Group
#World_Health
Published_ 19 April 2023
တံတွေးကနေ အဓိကကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ကင်ဆာအဖြစ်ဆင့်ကဲပြောင်းလဲသွားနိုင်ကြောင်း Nature ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ဒီဗိုင်းရပ်စ်က လူတွေအကြင်နာပေးတဲ့အခါ၊ အစားအစာများကို အတူဝေမျှစားသောက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို သက်ရောက်နေပါတယ်။
သူ့ကို အက်ပ်စတိုင်းဘားဗိုင်းရပ်စ် (EBV)လို့ခေါ်ပြီး ရောဂါလက္ခဏာမပြတတ်ပါဘူး။
EBV ကူးစက်မှုအများစုက ခဏတာသာဖြစ်တတ်ပေမယ့် အချို့အခြေအနေတွေမှာတော့ ဗိုင်းရပ်စ်က ခေတ္တတည်ငြိမ်သွားကာ နောက်ပိုင်းမှာပြန်ပေါ်လာတတ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ အချိန်တစ်ခုအထိကြာအောင် အသက်ဝင်ခြင်းမရှိတဲ့ပိုးမွှားကြောင့် ကိန်းအောင်းတည်ရှိနေတဲ့ကူးစက်မှုတွေကနေ ကင်ဆာရောဂါတွေနဲ့ နာတာရှည်ရောဂါအများအပြား ဖြစ်လာတတ်ပါတယ်။
EBV ဗိုင်းရပ်စ်က မျိုးဗီဇအားနည်းချက်များကို ထိခိုက်စေပြီး ကင်ဆာဖြစ်စေကာ သူ့ကိုဖိနှိပ်ထားမယ့်ကိုယ်ခံအားကိုတော့ လျော့ကျစေပါတယ်။
လူတွေရဲ့မျိုးဗီဇတွေမှာ ဆင့်ကဲပြောင်းလဲခြင်းကိုဖြစ်စေတဲ့ နေရာများရှိတတ်ပြီး ဗိုင်းရပ်စ်ပွားချိန်မှာ ကင်ဆာဖြစ်ပေါ်တတ်ပါတယ်။
ကင်ဆာလူနာပေါင်း ၂,၄၃၉ ဦးရဲ့ အကျိတ် ၃၈ မျိုးကနေ မျိုးဗီဇအချက်အလက်တစ်ခုလုံးကို လေ့လာကြည့်ရာ EBV ပါဝင်တဲ့ ကင်ဆာအကျိတ်တွေမှာ ခရိုမိုဆုန်း ၁၁ ချို့ယွင်းမှုများစွာပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ထိုလေ့လာတွေ့ရှိချက်များကြောင့် နောက်ပိုင်းမှာရောဂါကူးစက်ဖြစ်ပွားနိုင်သူတွေကို တွေ့ရှိနိုင်စေရန် အကူအညီဖြစ်စေပါတယ်။
EBV ဗိုင်းရပ်စ်က လူအများစုအတွက်တော့ အန္တရာယ်မဖြစ်စေနိုင်ကြောင်း ကလိဗ်လန်းဓာတ်ခွဲခန်းမှ ဒေါက်တာဂျူလီယာလီက ပြောပြခဲ့ပါတယ်။
Source: WION
#World_Health #တံတွေးမှကူးစက်တတ်သည့်EBVဗိုင်းရပ်စ် #ကင်ဆာဖြစ်ပေါ်လာစေပုံ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
နှစ်သစ်ဦးအလှူအဖြစ် ခွေးရူးကိုက်ခံရမှု အများဆုံးဖြစ်နေတဲ့ မွန်ပြည်နယ်မှာ ခွေးရူးပြန်ကြိုတင်ကာ ကွယ်ဆေးအလုံးရေ(၉၀၀၀)အခမဲ့ထိုးပေးသွားမှာဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #နှစ်သစ်ဦးအလှူ #ခွေးရူးပြန်ကြိုတင်ကာကွယ်ဆေး #အခမဲ့ထိုးပေး
#YMG #Yangon_Media_Group
#World_Records
Published_ 18 April 2023
အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့ရှိ အားကစားကွင်းတစ်ခုမှာ ကြာသပတေးနေ့က အကသမားနဲ့ တေးဂီတပညာရှင် ၁၁,၃၀၄ ဦးတို့ဟာ အာဆမ်ရဲ့ ဘီဟူအကဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။
#World_Records #တင်ဆက်သူတစ်သောင်းကျော် #အိန္ဒိယကပွဲ #တိုင်းရင်းအက
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
မြန်မာနှစ်သစ်ကူးကာလ ဖြစ်တာကြောင့် ပြည်တွင်း ရွှေဈေးကွက်ထဲမှာ ကြီးကြီးမားမားအရောင်းဝယ်မဖြစ်ပေမယ့် ရွှေတိုရွှေစ အနည်းငယ်လောက်သာ အရောင်းအဝယ် ရှိနေတာကြောင့် ဈေးနူန်းတည်ငြိမ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Local_News #ပြည်တွင်းရွှေဈေး #ရန်ကုန်တိုင်းရွှေအသင်း # ပြင်ပရွှေပေါက်ဈေ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
သင်္ကြန်ကာလ ကျော်လွန်လာပေမယ့် ဓာတ်ဆီဈေးနှုန်းများမှာ ရှိရင်းလတ်တလောနှုန်းထားထက် ကျပ် ၁၀၀ ကျော်သို့ မြင့်တက်နေပြီး တစ်လီတာ ၂,၃၀၀ ဝန်းကျင် ဈေးအလှုပ်ဖြင့် တွေ့ရှိရကြောင်း နေ့စဉ်ဈေးနှုန်း အပြောင်းအလဲများအရ သိရပါတယ်။
#Local_News #သင်္ကြန်ကာလပြီးဆုံး #ဓာတ်ဆီဈေးတက် #တစ်လီတာ၂,၃၀၀
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ငါးမွေးမြူမယ့်သူတွေ နည်းပါးလာတဲ့အတွက် ငါးမွေးမြူရေးလုပ်ငန်းအချို့ ရပ်ဆိုင်းလုနီးပါးဖြစ်လာတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေထံမှ သိရပါတယ်။
#Local_News #ငါးမွေးမြူရေး #ရန်ကုန်တိုင်း
#YMG #Yangon_Media_Group
#Daily_News
Published_ 18 April 2023
၁။ဒေသအချို့တွင် ငါးမွေးမြူမည့်သူ မရှိသလောက် နည်းပါးလာ၍ ရန်ကုန်တိုင်းတွင် ငါးမွေးမြူရေး ပိုမိုလုပ်ဆောင်ရန် လိုဟုဆို
၂။သင်္ကြန်ကာလ ပြီးဆုံးသွားပေမယ့် ဓာတ်ဆီဈေး တက်နေဆဲ၊ တစ်လီတာ ၂,၃၀၀ ဝန်းကျင်ရှိ
၃။ပြည်တွင်းရွှေဈေး ၂၃ သိန်းကျော် ရန်ကုန်တိုင်းရွှေအသင်း ရည်ညွှန်းသတ်မှတ် ပြင်ပပေါက်ဈေး ၂၉သိန်း ကျော်ရှိနေ
၄။ပါဝင်တင်ဆက်သူ တစ်သောင်းကျော် ပါဝင်သည့် အိန္ဒိယကပွဲ တိုင်းရင်းအကဖြင့် ကမ္ဘာ့စံချိန်နှစ်ခုရရှိမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 18 April 2023
မန္တလေးတိုင်း၊ကျောက်ဆည်မြို့နယ်၊ကောင်းတင်ကျေးရွာရှိ စမုံမြစ်အတွင်း ဧပြီ ၁၇ ရက်နေ့လည် ၃ နာရီခန့်က လူငယ်အမျိုးသား ၄ ဦးရေဆင်းကစားရာမှ ရေနစ်ပျောက်ဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ (မန္တလေးတိုင်းဒေသကြီးကော်မတီ-တိုင်းရုံး)မှ သိရပါတယ်။
#Local_News #ကျောက်ဆည် #ရေဆင်းကစားရာမှရေနစ် #လူငယ်များဖြစ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR)၏ A2A Portalတွင်(၂၀၂၃-၂၀၂၄ခုနှစ်)ပညာ သင်နှစ်အတွက် Scholarshipပညာသင်ဆုလျှောက် လွှာများကို လက်ခံနေပြီဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ သိရသည်။
အဆိုပါပညာသင်ဆုကို လျှောက်ထားလိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ၂၀၂၃ ခုနှစ် မေလ (၁၅) ရက်နေ့မတိုင်မီhttp://a2ascholarships.iccr.gov.in/ ဝက်ဆိုက်၌ လျှောက်ထားနိုင်ပြီဖြစ်သည်ဟုဆိုသည်၊၊
ယင်းပညာသင်ဆုအမျိုးအစားလေးမျိုးပါဝင်ပြီး ဧပြီလ၁၂ရက်မှစတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းနှင့် ဘွဲ့ကြို၊ဘွဲ့လွန် Coursesများအတွက် အသက်(၁၈)နှစ်မှ(၃၀)အတွင်းရှိသူများ လျှောက်ထားနိုင်ပြီး Ph.D Programအတွက် အသက်(၄၅)အတွင်းလျှောက်ထားနိုင်မည်ဖြစ် ကြောင်း သိရသည်၊၊
အိန္ဒိယအစိုးရအနေဖြင့် ယခုနှစ်ပညာသင်နှစ်အတွက် မြန်မာနိုင်ငံသား(၁၅၀)ကို Scholarshipပညာသင်ဆုပေးသွားရန်ရှိသဖြင့် မြန်မာနိုင်ငံသားများပါဝင်လျှောက်ထားနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #အိန္ဒိယနိုင်ငံ #ဘွဲ့ကြို၊ဘွဲ့လွန်၊ပါရဂူဘွဲ့ #Scholarshipပညာသင်ဆု
#YMG #Yangon_Media_Group
#Local_News
Published_ 18 April 2023
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံးမှု ယနေ့ ဧပြီလ ၁၈ ရက် မွန်းလွဲ တစ်နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။
ကြို့ပင်ကောက်မြို့နယ်၊ ကုန်းမြင့်ကျေးရွာ၊ ရွှေကံ့ကော်လမ်း နေအိမ်ရှိရေတွင်းထဲသို့ ပြုကျခဲ့ခြင်းကြောင်း သွားရောက်ကူညီကယ်ဆယ်မှု ပြုလုပ်ခဲ့သော်လည်း ပြုတ်ကျသည့်အမျိုးသားမှာရေတွင်းထဲ၌ သေဆုံးနေခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။
အခင်းဖြစ်နေရာသို့ ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ခဲ့ပြီး ရေတွင်းထဲသို့ ပြုတ်ကျသေဆုံးနေသူကို ကလျာဏမိတ္တနာရေးကူညီမှုအသင်းမှယာဉ်ဖြင့် ကြို့ပင်ကောက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ymg/mt
#Local_News #ကြို့ပင်ကောက်မြို့နယ် #အမျိုးသားတစ်ဦးရေတွင်းထဲပြုတ်ကျသေဆုံး
#YMG #Yangon_Media_Group

Page 1196 of 1920