#Local_News
Published_ 19 April 2023
ရာသီဥတုပူပြီး အချိန်နဲ့ရတဲ့လျှပ်စစ်မီးရရှိမှုဟာ ထပ်မံလျော့နည်းလာတဲ့အတွက် အချိုလျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ အားသွင်းပန်ကာတွေ ပစ္စည်းပြတ်တဲ့အထိ ရောင်းအားတွေတက်နေတယ်လို လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေထံမှ သိရပါတယ်၊၊
#Local_News #ရာသီဥတုပူ #လျှပ်စစ်မီးအချိန်ဖြင့်သာရ #အားသွင်းပန်ကာများ
#YMG #Yangon_Media_Group
#Daily_News
Published_ 19 April 2023
၁။ရာသီဥတုပူပြီး အချိန်ဖြင့်ရသော လျှပ်စစ်မီးများရရှိမှု ထပ်မံလျော့နည်းလာ၍ အားသွင်းပန်ကာများ ပစ္စည်းပြတ်သည့်အထိ ရောင်းအားတက်လာ
၂။ပြင်ပရွှေပေါက်စျေး သိန်း၃၀နီးပါးကျော် ရှိနေပြီး အရောင်း၀ယ်အေးနေ
၃။အငှားယာဉ် Taxi တွေ ယခုလကစပြီး စည်ပင်အခွန် ပေးဆောင်ရတော့မယ်လို့ စည်ပင်ပြော
၄။တရုတ်နိုင်ငံ၏ စည်သွတ်ဗူး အစားအစာထုတ်လုပ်တင်ပို့မှုကဏ္ဍ နှစ်စဉ်နှင့်အမျှ တိုးတက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 19 April 2023
တရုတ်နိုင်ငံ ရှန်ဟိုင်းကားပြပွဲကို ယခုအပတ်တွင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးလျှပ်စစ်ကားထုတ်လုပ်တဲ့ BYD ကားပြခန်းမှာ လူအုပ်အကြီးမားဆုံး စုဝေးကြည့်ရှုခဲ့ကြပါတယ်။
ဒီတစ်ပတ်ပြပွဲမှာ BYD ရဲ့ နောက်ဆုံးပေါ်လျှပ်စစ်ကား "Seagull"အမှတ်တံဆိပ်ကို ပြသခဲ့ပါတယ်။ လာကြည့်ကြသူတွေဟာ အဲဒီကားရဲ့လုပ်ဆောင်ချက်တွေအပေါ် အံအားတစ်သင့်ဖြစ်ခဲ့တာမဟုတ်ဘဲ ဘယ်နေရာမဆို ရနိုင်တဲ့ ဈေးအပေါဆုံး လျှပ်စစ်ကားရဲ့ ဈေးနှုန်းတစ်ဝက်ခန့်နှင့် Seagull ကိုရောင်းချပေးလို့ အံ့အားသင့်ခဲ့ကြတာ ဖြစ်ပါတယ်။ ကားရောင်းဈေးက ဒေါ်လာ ၁၁၃,၀၀ (ယွမ်၇၈,၀၀၀) သာဖြစ်ပါတယ်။
“ဒါ ကျွန်တော်လိုချင်တဲ့ကားမျိုးပဲ။ အိမ်နှင့်ရုံးအသွားအပြန်အတော်ပဲ။ ဘာမှစီမံစရာမလိုဘူး။ ဘက်ထရီကိုသုံးရုံပဲ။ ပြီးတော့ ဈေးကလည်း အတော့်ကိုသက်သာတယ်” လို့ ကားပြပွဲလာသူ ကြေငြာလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၈နှစ် အရွယ် ဖန်ယူဟောင်းက ပြောပါတယ်။
ယခုကားကို ၁၉၀မိုင်နှင့် ၂၅၂မိုင်ဆိုပြီး ပုံစံနှစ်မျိုးနှင့်ထုတ်လုပ်ပါတယ်။ အမြန်အားသွင်းစနစ်က မိနစ်၃၀အတွင်း ကား ဘက်ထရီရဲ့ ၃၀ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အားပြည့်စေနိုင်ပါတယ်လို့ BYD ကပြောပါတယ်။ ကားကို လစ်သီယမ်အိုင်ရွန်းဖော့စ်ဖိတ် BYD ဘလိပ်ဘက်ထရီဖြင့် မောင်းနှင်ပေးတာဖြစ်ပါတယ်။
ဒီကားစတင်ရောင်းချပြီးနောက် ခြောက်လအတွင်းမှာ Seagull ဟာ တရုတ်နိုင်ငံရဲ့ ရောင်းအကောင်းဆုံးလျှပ်စစ်ကား ဖြစ်လာလိမ့်မယ်လို့ ရှန်ဟိုင်းအခြေစိုက် မဟာဗျူဟာအကြံပေးကုမ္ပဏီ အော်တိုမိုဘီလတီရဲ့ စီအီးအို ဘီလ်ရပ်ဆိုက ခန့်မှန်းပါတယ်။
“ တန်လို့ဝယ်ယူကြမှာဖြစ်လို့ ဒီကားဟာ ဈေးကွက်ကြီးတစ်ခုလုံးကို ပြန်လည်အနက်ဖွင့်ဆိုလိမ့်မယ်” လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံကားထုတ်လုပ်သူတွေဟာ ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ရဲ့ အားသာတဲ့ ရှုခင်းပုံစံကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။အဲဒီအထဲမှာ BYD လည်းပါဝင်ပြီး သူတို့ဟာ ပြည်ပတင်ပို့မှုကိုတိုးမြှင့်ခြင်းဖြင့် ပြည်တွင်း ကားဈေးနှုန်းတွေက ချပေးဖို့အဆင်သင့်ဖြစ်နေပါတယ်။
“ ဘယ်နေရာက ဘယ်သူမဆို ဝယ်ယူနိုင်တဲ့ ဈေးဖြစ်လို့ ထွန်းသစ်စဈေးကွက်၊အမေရိကန် ဒါမှမဟုတ်ဥရောပ ဘယ်မှာပဲဖြစ်ဖြစ် ဒီလိုဝယ်ရတန်တဲ့ကားမျိုးကို ရောင်းပေးကြမှာပဲ” လို့ သူကပြောကြားလိုက်ပါတယ်။
Source: Reuters
#BYD_Seagull
#ရှန်ဟိုင်းကားပြပွဲ
#YangonMediaGroup

#Local_News
Published_ 19 April 2023
မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ ၂၀၁၄ ဧပြီလအတွင်းက ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးအပူချိန်ကို ကျော်လွန်ပြီးလက်ရှိအချိန်မှာ ၄၃ဒသမ ၈ဒီဂရီ စင်တီဂရိတ် ၊၁၁၀ဒသမ၈ ဒီဂရီ ဖာရင်ဟိုက် အထိ စံချိန်တင်ရောက်ရှိနေ တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမူဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News #မြန်မာနိုင်ငံ #၉နှစ်အတွင်းအမြင့်ဆုံးအပူချိန် #စံချိန်တင်ရောက်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ယနေ့ နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းမှာ သက်ကြီးအမျိုးသားတစ်ဦး နေအပူရှိန်ကြောင့် လဲကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ထံက သိရသည်။
ဧပြီလ ၁၉ရက်နေ့ နံနက် ၁၁နာရီ ၅၀မိနစ်အချိန်က မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ အမျိုးသားပြန်လည်သန်စွမ်းရေး ဆေးရုံရှေ့အနီးမှာ သက်ကြီးအမျိုးသားတစ်ဦး လဲကျမှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။
"လဲကျလူနာကို စမ်းစစ်တာ အသက်မရှိတော့ပါဘူး၊ ဘာရောဂါအခံရှိလဲတော့မသိဘူးမိသားစုနဲ့ သက်ဆိုင်ရာကို ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ နေအပူရှိန်ကြောင့် လဲကျသေဆုံးတာပါ"လို့ အသင်းမှ ကိုလွင်မောင်က ပြောသည်။
လဲကျသေဆုံးခဲ့တဲ့ သက်ကြီးအမျိုးသားမှာ အသက် ၇၀ ဝန်းကျင်ရှိပြီး အဆိုပါအနီးတစ်ဝိုက်မှာ နေထိုင်သူဖြစ်ကာ မိသားစုနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ပြီးနာရေးယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရသည် ။
ymg/ppk
#Local_News #မရမ်းကုန်း #သက်ကြီးအမျိုးသားတစ်ဦး #နေအပူရှိန်ကြောင့်လဲကျသေဆုံး
#YMG #Yangon_Media_Group




#World_News
Published_ 19 April 2023
ကုလအထွေထွေအတွင်းရေးမှူးချုပ် 'အန်တိုနီယိုဂူတာရက်စ်'ရဲ့ ဖုန်းပြောဆိုမှုတွေကို ကြားဖြတ်ဖမ်းယူနားထောင်နေသည့် သတင်းများဖော်ပြခဲ့ပြီးနောက် ကုလသမဂ္ဂအနေဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိတယ်လို့ တရားဝင်ဖော်ပြလိုက်ကြောင်း သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၁၈ ရက်နေ့မှာပြောကြားလိုက်ကာ အမေရိကန်တို့ရဲ့မသင့်လျော်တဲ့လုပ်ရပ်များကို ရှုတ်ချလိုက်ပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အခြားကုလအကြီးတန်းအရာရှိများရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးက ဝင်ရောက်စွက်ဖက်ကြားဖြတ်ဖမ်းယူနားထောင်ခြင်းတွေကိုခံနေရတယ်လို့ မကြာသေးမီကမှ ထုတ်ပြန်ထားတဲ့အစီရင်ခံစာများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်ပူပန်နေရတာကို ထုတ်ဖောက်လိုက်တာဖြစ်ကြောင်း 'စတီဖန်ဒူဂျာရစ်'က ပြောကြားလိုက်ပါတယ်။
ဒီလိုလုပ်ရပ်တွေက ကုလသမဂ္ဂပဋိဉာဉ်စာတမ်း၊ အခွင့်ထူးများနဲ့ ကင်းလွတ်ခွင့်ဆိုင်ရာ ကွန်ဗန်းရှင်းမှာဖော်ပြထားတဲ့ အမေရိကန်ရဲ့တာဝန်များနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဒူဂျာရစ်ကဆိုပါတယ်။
ယူကရိန်းအရေးအပါအဝင် အခြားကုလအရာရှိများနဲ့ ဂူတာရက်စ်တို့ရဲ့ ပြောဆိုဆွေးနွေးမှုအကြောင်းအရာ အနည်းဆုံး ၄ မျိုးကို အမေရိကန်က ဝင်ရောက်နှောင့်ယှက်ခဲ့ကြောင်း ပင်တဂွန်လျှို့ဝှက်စာရွက်စာတမ်းများအရ ဝါရှင်တန်ပို့စ်ကဖော်ပြခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကိစ္စအပါအဝင် ကမ္ဘာအနှံ့မှ ထောက်လှမ်းရေးအချက်အလက်များပါဝင်တဲ့ အမေရိကန်လျှို့ဝှက်စာရွက်စာတမ်းရာနဲ့ချီပြီး ပေါက်ကြားခဲ့တဲ့အတွက် အသက် ၂၁ နှစ်အရွယ်လေယာဉ်မှူးကို အမေရိကန်အစိုးရရှေ့နေတွေက ပြီးခဲ့တဲ့သီတင်းပတ်က စွဲချက်တင်ထားပါတယ်။
Source: CNA
#World_News #ကုလအတွင်းရေးမှူးချုပ် #ဖုန်းပြောဆိုမှုများ #အမေရိကန် #စိုးရိမ်ပူပန်မိ
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရန်ကုန် စမ်းချောင်းမြို့ရှိ ပန်းခြံတာဝါအနီး အမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဧပြီလ ၁၈ရက်နေ့ ညနေ ၄နာရီခွဲအချိန်က စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ပန်းခြံတာဝါအနီးက အမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွါးခဲ့သည်။
"ပန်းခြံတာဝါအနီးက အမှိုက်ပုံးထဲမှာ မွေးကင်းစကလေးအလောင်း စွန့်ပစ်သွားတာပါ၊ ရန်ကုန်ဆေးရုံကြီးကို Dead Body တင်ယာဉ်နဲ့ အပ်နှံကူညီခဲ့ပါတယ်"လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါအမှိုက်ပုံးမှာ မွေးကင်းစကလေးအလောင်း စွန့်ပစ်သွားကြောင်း သက်ဆိုင်ရာမှ အကူအညီတောင်းခံလာတာကြောင့် မွေးကင်းစကလေးအလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့တယ်လို့ စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့ကသိရသည်။
ymg/ppk
#Local_News #ရန်ကုန်စမ်းချောင်းမြို့နယ် #မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွါး
#YMG #Yangon_Media_Group
#Local_News
Published_ 19 April 2023
ရထားလမ်းကြားတွင် ကလေးမွေးနေသည့် လူနာအမျိုးသမီးကို ဗဟိုအမျိုးသမီးဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းမှ သိရသည်၊၊
ဧပြီလ(၁၉)ရက်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊စက်ဆန်းရပ်ကွက်၊သစ်ဆိပ်ဘူတာနားရထားလမ်းကြား ကလေးမွေးနေသောလူနာကိုဆေးရုံကိုပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်၊၊
"စက်ဆန်းရပ်ကွက်၊သစ်ဆိပ်ဘူတာနား ရထားလမ်း ကြားထဲ ကလေးမွေးနေတာ အဲဒီ့အမျိုးသမီးလေးက အိမ်ယာမရှိတဲ့ အိမ်ခြေမဲ့တစ်ဦးဖြစ်မယ်လို့ထင်ပါတယ်၊၊
မီးရထားလမ်းနားမှာနေတာ ကလေးမွေးပြီးမှကျွန်တော်တို့ကိုခေါ်တာပါ အချင်းတန်းလန်းနဲ့ဆိုတော့ ကျွန်တော်တို့အသင်းက သူနာပြုလေးကဖြတ်တောက်ပေးပြီး ကလေးနဲ့မိခင်ကို ဗဟိုအမျိုးသမီးဆေးရုံကိုပို့ပေး လိုက်ပါတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှဦးထွန်းထွန်းဦးကYMGကိုပြောသည်၊၊
ရထားလမ်းကြားတွင်ကလေးမွေးနေသည့်လူနာအမျိုးသမီးရောကလေးငယ်ပါ ကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ရထားလမ်း #ကလေးမွေးနေသည့်လူနာ #ဆေးရုံသို့ကူညီပို့ဆောင်
#YMG #Yangon_Media_Group


#Local_News
Published_ 19 April 2023
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ဓာတ်ဆီပုလင်းကိုင်ထားသူ အမျိုးသားတစ်ဦးကို ဆေးလိပ်မီးဖြင့် တို့မည်ဟုစနောက်ရာမှ မတော်တဆ မီးလောင်ကျွမ်းမူတစ်ခု ဧပြီလ ၁၈ရက်နေ့ ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမူကူညီရေးအသင်းမှသိရသည်။
မီးလောင်ခံရသူသည် အသက်၃၀ခန့်ရှိပြီဖြစ်ပြီး တာချီလိတ်မြို့ လွယ်တော်ခမ်း-ညောင်လွတ်သက်တော်ရှည်ဘုန်းတော်ကြီးကျောင်းအနီးတွင်ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမူကူညီးရေးအသင်းက YMG ကိုပြောသည်။
အဆိုပါမီးလောင်ခံရသူသည် မီးလောင်ကျွမ်းမူကြောင့် ထိခိုက်ဒဏ်ရာများရရှိပြီး လူမူကူညီရေးအသင်းကားဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။
ymg/ynzw
#Local_News #ဓာတ်ဆီပုလင်းကိုင်ထားသူ #ဆေးလိပ်မီးဖြင့်စနောက် #မီးလောင်ကျွမ်းမူဖြစ်ပွား
#YMG #Yangon_Media_Group


#Local_News
Published_ 19 April 2023
ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong သည် ဧပြီ ၁၇ ရက်၊ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံအခြေစိုက် အာဆီယံနိုင်ငံသံအမတ်ကြီးများအား နိုင်ငံတော်သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အခမ်းအနားကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong က လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့၏ ရိုးရာနှစ်သစ်ကူးအခါသမယနှင့် အစ္စလာမ် မိတ်ဆွေနိုင်ငံများ၏ Ramadan အခါသမယဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံ အကြီးအကဲများနှင့်ပြည်သူများအတွက် ဆုမွန်ကောင်းများပို့သအပ်ပါကြောင်းဖြင့် ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
ထို့နောက် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၏ကိုယ်စား အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက ဗီယက်နမ် သမ္မတ Vo Van Thuong အား ဗီယက်နမ်ကွန်မြူနစ်ပါတီမှ ရွေးကောက်ခဲ့ပြီး အမျိုးသား လွှတ်တော်မှ အတည်ပြုချက်ဖြင့် သမ္မတရာထူးရရှိခဲ့မှုအတွက် ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။ ထို့ပြင် အာဆီယံအတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများနှင့် လက်ရှိအာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့ ပါတယ်။
ဗီယက်နမ်နိုင်ငံသမ္မတ Vo Van Thuong ကလည်း အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံ သံအမတ်ကြီးများမှာ အဓိကပေါင်းကူးတံတားဖြစ်ရာ သံအမတ်ကြီးများ အနေဖြင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြပါရန် ရင်းနှီး ပွင့်လင်းစွာ ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ygm_mnn
#Local_News #ဗီယက်နမ်သမ္မတ # အာဆီယံနိုင်ငံသံအမတ်ကြီးများ #မြန်မာသံအမတ်ကြီး
#YMG #Yangon_Media_Group
#World_News
Published_ 19 April 2023
ဩစတြီးယားလေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးဟာ လေယာဉ်ပေါ်က အိမ်သာ (၈)လုံးရှိတဲ့အထဲက (၅)လုံး ပျက်သွား တဲ့အတွက် နှစ်နာရီကြာပျံသန်းပြီးမှ ပြန်လှည့်လာခဲ့ရပါတယ်။
အဆိုပါအဖြစ်အပျက်ဟာ ဧပြီ ၁၇ရက် တနင်္လာနေ့က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ဗီယင်နာ-နယူးယောက် ရှစ်နာရီကြာ ခရီးစဉ်အတွက် ဘိုးအင်း ၇၇၇ လေယာဉ်ပေါမှာ ခရီးသည် ၃၀၀ခန့်လိုက်ပါစီးနင်းခဲ့တာဖြစ်ပါတယ်။
နည်းပညာပြဿနာကြောင့် အိမ်သာတွေ ရေဆွဲချလို့မရဖြစ်ခဲ့ရတာကြောင့် လေယာဉ်အမှုထမ်းတွေဟာ လေယာဉ်ကို ပြန် လှည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရ အမျိုးသမီးက အေအက်ဖ်ပီကိုပြောခဲ့ပါတယ်။
သူမသိရသလောက်တော့ ဒီလိုမျိုးပြဿနာကို ဩစတြီးယားလေကြောင်းလိုင်းမှာ ယခင်ကမဖြစ်ခဲ့ဖူးပါဘူးလို့ သူမက ပြောပါတယ်။ အီဲဒလေယာဉ်က အိမ်သာတွေပြန်ပြုပြင်ပြီးလို့ လေယာဉ်က ပျံသန်းမှုတွေပြန်လုပ်နေပါပြီလို့လည်း သူမက ဆက်ပြောပါတယ်။
လေယာဉ်ပါခရီးသည်တွေဟာ အခြားလေယာဉ်တစ်စီးနှင့်ပြောင်းစီးခဲ့ကြရပါတယ်။
Source CNA
#ဩစတြီးယားလေကြောင်းလိုင်း #လေယာဉ်အိမ်သာပျက်
#YMG #Yangon_Media_Group

#Local_News
Published_ 19 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နီလာရပ်ကွက်ရှိ စက်သုံးဆီသိုလှောင်ရောင်းချသည့်အိမ် ဧပြီလ(၁၉)ရက်တွင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်၊၊
အဆိုပါမီးလောင်ကျွမ်းမှုကို စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ထုံးဘိုအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နီလာနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၀၇ ၀၀အချိန်မီးငြိမ်းခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Local_News #စစ်ကိုင်း # စက်သုံးဆီသိုလှောင်ရောင်းချ #အိမ်မီးလောင်
#YMG #Yangon_Media_Group


Page 1195 of 1920