#Myanmar_News
Published 2 Feb 2023
နစက, က ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။အစိုးရအဖွဲ့သစ်မှာ ဒုတိယဝန်ကြီးချုပ် (၅)ဦးအထိ တိုးချဲ့ခန့်အပ်ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွေမှာ ပြည်ထောင်စုဝန်ကြီးတွေကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။
Ymg/knl
#Yangon_Media_Group
#World_Health
Published 2 February 2023
သားအိမ်ခေါင်းကင်ဆာဟာ HPV ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ကင်ဆာအကျိတ်တစ်မျိုးဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်မှာ လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှ ကူးစက်လေ့ရှိတဲ့ အဖြစ်အများဆုံးရောဂါပိုးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဘယ်လိုလိင်ကူးစက်မှုမှမဆို ကူးစက်တတ်ပြီး လိင်အင်္ဂါမှာ ကင်ဆာမဖြစ်မီပြောင်းလဲမှုများ၊ သားအိမ်ခေါင်းကင်ဆာ၊ ဗိုင်းရပ်စ်ကြွက်နို့၊ အဖုများဖြစ်တတ်ပါတယ်။
HPV မှာ မျိုးကွဲပေါင်း ၁၅၀ ကျော်ရှိကာ အမျိုးအစား ၂၀ လောက်က အကျိတ်ပြောင်းလဲမှုများ၊ သားအိမ်ခေါင်းကင်ဆာ၊ ပါးစပ်မှလိင်ဆက်ဆံခြင်းကနေ ပါးစပ်နဲ့ လည်ချောင်းတို့မှာ အကျိတ်များဖြစ်လာစေပါတယ်။
အမျိုးသမီးအများစုနဲ့ အမျိုးသားတွေက လိင်ဆက်ဆံပြီး ဦးဆုံးနှစ်များအတွင်း HPV ကူးစက်တတ်ပါတယ်။
HPV ကူးစက်တဲ့အခါ ရောဂါလက္ခဏာမပြတတ်ဘဲ ပထမ ၁ နှစ် ၂ နှစ်အတွင်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ သဘာဝအတိုင်းကာကွယ်ပေးသွားပါတယ်။
ဒီဗိုင်းရပ်စ်က အဖြစ်များတာကြောင့် အမျိုးသမီးတစ်ဦးအနေနဲ့ ကူးစက်နိုင်ချေ ၈၀ ရာခိုင်နှုန်းရှိနေပါတယ်။
ကူးစက်သူအမျိုးသမီးအနည်းငယ်မှာ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာနေပြီး သားအိမ်ခေါင်းဆဲလ်တွေထဲမှာ တသက်လုံးတည်ရှိနေပါတယ်။
ကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ကူးစက်တဲ့အခါမှာတော့ ရောဂါလက္ခဏာပြလာကြပါတယ်။
ဗိုင်းရပ်စ်အဆက်မပြတ်ထိတွေ့ပြီး ဆေးလိပ်သောက်၊ သားဆက်ခြားဆေးသုံးတဲ့သူတွေမှာ အကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
ကူးစက်သူ ၉၀ ရာခိုင်နှုန်းလောက်က လက္ခဏာမပြကြသလို ကင်ဆာမဖြစ်မီပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရင်တောင် အများစုက လက္ခဏာမပြကြပါဘူး။
ဒါကြောင့် သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့က အရေးကြီးနေပါတယ်။
Pap test နဲ့ HPV test တို့ဖြင့် ကင်ဆာအကျိတ်ပြောင်းလဲမှုတွေကို စောစီးစွာတွေ့ရှိနိုင်ကာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေနဲ့ အသက်သေဆုံးမှုတို့ကို ထိရောက်စွာလျှော့ချနိုင်မှာဖြစ်ပါတယ်။
ကင်ဆာဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေကို ထိရောက်စွာကာကွယ်ပေးနိုင်တဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ရှိနေပါပြီ။
မိန်းကလေးများအနေနဲ့ ပထမဦးဆုံးလိင်မှုအတွေ့အကြုံမရမီ ကာကွယ်ဆေးထိုးသင့်ပြီး သားအိမ်ခေါင်းမှာ ကင်ဆာဖြစ်နိုင်ချေကို သိသိသာသာလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာက ကာကွယ်လို့ရတဲ့ ကင်ဆာအမျိုးအစားဖြစ်ပြီး မိန်းကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးကာ ပုံမှန်စစ်ဆေးသင့်ပါတယ်။
ဒီလို ၂၁ ရာစုမှာ သားအိမ်ခေါင်းကင်ဆာ ဆိုးရွားလာခြင်းမျိုးနဲ့ သေဆုံးရခြင်းမျိုး မကြုံတွေ့သင့်တော့ပါဘူး။
Source: The Jerusalem Post
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
နစက ကောင်စီဝင်ဟောင်းများ အများဆုံးပါဝင်တဲ့ နစကရဲ့ ဗဟိုအကြံပေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ခေါင်းဆောင်က တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့သူဖြစ်ပါတယ်။
Ymg/knl
#Yangon_Media_Group
#Myanmar_News
Published 2 Feb 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ကောင်စီဝင်အချို့အပြောင်းအလဲလုပ်ပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ နားသွားတဲ့ ကောင်စီဝင်အချို့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အချို့ ပါဝင်လာပါတယ်။
Ymg/knl
#Yangon_Media_Group
#Local_News
Published_1 February 2023
ယနေ့ ဖေဖေါ်ဝါရီ (၁) ရက်မှာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေထဲမှာမှ Oimni Focus ယာဉ်လိုင်းဟာ ယာဉ်စီးခ အခမဲ့နဲ့ ပြေးဆွဲပေးနေတယ်လို့ အဆိုပါ ယာဉ်လိုင်းကနေ သိရပါတယ်။
#Yangon_Media_Group
#World_Labour
Published 1 February 2023
ရှေးရိုးစွဲဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးဝန်ထမ်းတွေ ပိုမိုခန့်အပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 February 2023
ဖေဖော်ဝါရီ(၁၃)ရက်ဟာ မြန်မာနိုင်ငံရဲ့ကလေးများနေ့ဖြစ်ပြီး ကလေးများနေ့ အထိမ်းအမှတ်အဖြစ် နားမကြားသောကလေးငယ်(၅၀)ခန့်ဟာ ကွန်ပျူတာနဲ့ပြိုင်ပွဲပြိုင်ကြဖို့ရှိတယ်လို့ မေရီချက်(ပ်) မင်းနားမကြားသော ကလေးငယ်များကျောင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_1 February 2023
ဒီဘဏ္ဍာနှစ်မှာတော့ ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_1 February 2023
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နောက်ပိုင်းမှာ တရုတ်နှစ်သစ်ကူးကျင်းပနေတာကြောင့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ ၇၅ ရာခိုင်နှုန်းလောက် ကုန်သွယ်မှုရပ်တန့်နေတာ ဖြစ်တယ်လို့ မူဆယ်နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 1 Feb 2023
နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်(၆)လတိုးမြှင့်သတ်မှတ်ကြောင်း ကာလုံအစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“အခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံးအရေးပေါ် အခြေအနေကြေငြာထားသည့် ကာလကို ၁-၂-၂၀၂၃ ရက်မှစ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”ထံသို့ ထပ်မံအပ်နှံကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သို့ အသိပေးကြေညာအပ်ပါကြောင်း၊ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ” အနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဦမြင့်ဆွေက ယမန်နေ့ ဇန်နဝါရီ (၃၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကာ/လုံ အစည်းအဝေးတွင်ပြောကြားခဲ့တာဖြစ်ပါတယ်။

အခြေခံ ဥပဒေပုဒ်မ ၄၂၅ အရ သာမာန်အားဖြင့် ၆ လ နှစ်ကြိမ်ပေး၍ရသည် ဖြစ်သော်လည်း လက်ရှိအချိန်သည် သာမာန်အချိန် မဟုတ်သဖြင့် ၆ လတစ်ကြိမ် အနည်းဆုံး ထပ်မံတိုးမြှင့်ပေးရန်သင့် သည်ဟု ယူဆမိပါကြောင်း၊ ၆ လပြည့်ပြီးပါက နိုင်ငံတော်၏ အခြေအနေများကို ထပ်မံတင်ပြမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏ လက်ရှိအခြေအနေများကိုအသေးစိတ်တင်ပြအပြီးမှာ ကာ/လုံ အဖွဲ့ ဝင်များအားလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်များအရ အရေးပေါ်ကာလနောက်ထပ်(၆)လသက်တမ်းတိုးကြောင်း ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် တက်ရောက်လာကြတဲ့ ကာ/လုံအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသည့် ဥပဒေရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ကလည်း သာမာန်အချိန်မဟုတ်သည့်အတွက် သက်တမ်း တိုးပေးနိုင်ရေး ထောက်ခံဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု အတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အား အစဉ်အမြဲ အလေးထား ကာကွယ် စောင့်ရှောက်ပေးသွားရန်၊ နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွင် မိမိနိုင်ငံသား တစ်ဦး ချင်းစီရဲ့ ဆန္ဒအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ရှိနိုင်ရေး နိုင်ငံတစ်ဝန်းနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်စေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးသွား ကြရန်တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့သက်တမ်းတိုးခြင်းသည် အခြေခံဥပဒေနှင့်ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက နိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေထံ ဇန်နဝါရီ ၃၁ရက်က သဘောထားမှတ်ချက်ပြန်ကြားခဲ့ကြောင်းလည်းသီးခြားသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
-ymg/knl
#Myanmar
#Myanmar_Politcs
#Myanmar_Election
#DailyNews
Published_ 1 February 2023
၁။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်ဖြစ်ပြီဟုဆို
၂။ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းပြည်ပတင်ပို့မှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇ သန်းရရှိထား
၃။ ကလေးများနေ့အထိမ်းအမှတ် နားမကြားသော ကလေးငယ်(၅၀)ခန့် ကွန်ပျူတာဖြင့် ပြိုင်ပွဲဝင်မည်
၄။ ဆော်ဒီအမြန်ရထားလိုင်းတွင် အမျိုးသမီးရထားမောင်းသူများအားအလုပ်အကိုင်နေရာပေးလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 February 2023
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ပန်းတုန်းပိတ်ကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခဲ့ပြီး အိမ်ထောင်စု(၈)စုကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အဖျောက်နယ်မြေမီးသတ်စခန်းမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1195 of 1814