#Local_News
Published_ 21 January 2023
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်သည့်အထိ ရာသီဥတုအေးခဲ့သလို လာနီညာဖြစ်စဉ်ရှိနေသေး၍ စိုစွတ်အေးမြခြင်းများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
မောင်တောတွင် မောင်တောစခန်းဖွင့်ချိန်မှ နှစ်ပေါင်း၅၀အတွင်း အနိမ့်ဆုံးအပူချိန် ၇.၈ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ၂၀၂၃ ဇန်နဝါရီလ ၂၃ တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်အဖြစ် ၆.၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်ဟုဌာနမှ ထုတ်ပြန်ထားသည်၊၊
ဇန်နဝါရီလတတိယ(၁၀) ရက်ပတ်တာဖြစ်သော ဇန်နဝါရီလ(၂၀)ရက်မှ(၃၀)ရက်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင်ဆက်လက်တည်ရှိနိုင်သည်ဟု ဆိုသည်၊၊
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတတိယ(၁၀)ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာ အခြေအနေထုတ်ပြန်ချက်အရ သိရခြင်းဖြစ်သည်၊၊
ထုတ်ပြန်ချက်တွင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်၊၊
အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမို ဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
လာနီညာဖြစ်စဉ်ကြောင့် ညအပူချိန်များလျော့နည်းခဲ့ပြီး ညအပူချိန်များမှာချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ နေပြည်တော်တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လာနီညာနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group
#World_Health
Published 21 January 2023
ချမ်းအေးတဲ့ရာသီမှာ နားကိုက်ခြင်းဝေဒနာ ခံစားရတာမျိုးဖြစ်တတ်ပြီး ဒါဟာ ဗိုင်းရပ်စ်ကူးစက်မှုက နှာခေါင်းတွင်းအပေါက်တွေကနေတဆင့် နားအတွင်းထဲမှာ ပိတ်မိနေတာကြောင့် ဖြစ်ပါတယ်။
ဆေးခန်းပြခြင်း၊ ဆေးစားဆေးသောက်ပြုလုပ်ခြင်းဖြင့် နားနဲ့ပတ်သက်တဲ့ပြဿနာတွေ သက်သာစေသလို အိန္ဒိယတိုင်းရင်းဆေးနည်းပညာ'အာယုဗေဒါ'ဖြင့်လည်း အိမ်တွင်းကုသနိုင်ပါတယ်။
နားထဲကို ဆေးဘက်ဝင်အဆီ အစက်ချထည့်ပေးခြင်းဖြင့် နားထဲရှိအမျှင်များ ချောမွေ့စေကာ ပိုမိုရှင်းလင်းပြတ်သားစွာ ကြားနိုင်ပါတယ်။
ပိုလျှံတဲ့ဆီတွေကိုတော့ ဂွမ်းတံ၊ တစ်ရှူးတို့ဖြင့် ဖယ်ရှားရပါတယ်။
အိန္ဒိယမှ အာယုဗေဒါပညာရှင်'အာ့က်ရှန်ချူဟန်'ကတော့ လက်ဖက်စိမ်းအဆီအသုံးပြုဖို့ အကြံပြုထားပါတယ်။
အဆိုပါအဆီမှာ မှို၊ ဘက်တီးရီးယား၊ ပိုးမွှားသေစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး နားကိုက်ခြင်းအတွက် အထိရောက်နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဂျင်းအရည် ၂ စက်ခန့်ဖြင့် နာကျင်ခြင်းကိုသက်သာစေသလို ကြက်သွန်ဖြူအစိမ်းစားပေးခြင်းဖြင့်လည်း သက်သာစေပါတယ်။
လေယာဉ်စီးတဲ့အချိန် လေဖိအားများပြီး နားပိတ်သလိုခံစားရခြင်းကိုလည်း နားထဲဆီထည့်ခြင်းဖြင့် သက်သာစေပါတယ်။
ကလေးများမှာ အတော်အသင့်နားကိုက်ခြင်းအတွက် သံလွင်ဆီတစ်ဇွန်းကိုအပူပေးကာ အအေးခံပြီးနောက် ဝေဒနာခံစားရတဲ့နားထဲသို့ တစ်စက်နှစ်စက်ထည့်ပေးနိုင်ပါတယ်။
အဆီဓာတ်လုံလောက်စွာ မစားသောက်တဲ့အခါ နားကိုက်ခြင်းခံစားရနိုင်ချေများပြီး ဆီကြော်အစားအစာတွေ အစားများရင်လည်း ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။
နှမ်းဆီ၊ မုန်လာဥနီ၊ သကြားညို၊ နှမ်းစေ့၊ ခြောက်သွေ့သောအသီးတို့ စားသုံးခြင်းဖြင့် နားကိုကျန်းမာစေပါတယ်။
ပင်စိမ်းရွက်ကိုခြေကာ ညှစ်လို့ရတဲ့အရည်ကို နားထဲသို့ တစ်စက်နှစ်စက်ထည့်ပေးခြင်းဖြင့်လည်း နာကျင်မှုကို သက်သာစေပါတယ်။
ရေနွေးငွေ့ရှူခြင်းကလည်း ပိတ်နေတဲ့နားပေါက်တွေကို ပွင့်စေကာ မသက်မသာဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
ကိုက်ခဲတဲ့နားကို ရေနွေးအိတ်၊ ရေခဲအိတ်တို့ဖြင့် ၁၀ မိနစ်ခန့်ကပ်ပေးခြင်းဖြင့်လည်း သက်သာစေပေမယ့် အရေပြားပူလောက်တဲ့အထိတော့ ပူအောင်မထားသင့်ပါဘူး။
Source: South China Morning Post
#Yangon_Media_Group
#Local_News
Published_ 21 January 2023
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) ရုံးကို ယနေ့ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲပိုင်း ၁ နာရီခွဲကျော် ခန့်အချိန်က လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
"ဟုတ်တယ်။ ပစ်တာ၊ လူမထိဘူး။ ကားတစ်စီး နည်းနည်းထိတယ်၊လက်ပစ်ဗုံးက နှစ်လုံး၊ တစ်လုံးက ကွဲသွားတယ်လို့သိရတယ်။ တစ်လုံးကတော့ မပေါက်သေးဘူး၊ အခု တပ်ကရှင်းလင်းရေးလုပ်ပြီးပြီ"ဟု ယင်းနီးစပ်သူက ပြောသည်။
အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) ရုံးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁၀) ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ရွှေလီလမ်းထောင့်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို သက်ဆိုင်ရာအဖွဲ့များဖြင့် ဆွေးနွေးရာ နေရာလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 January 2023
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်သူ တစ်သန်းခွဲကျော်ရှိလာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် ယခုလ ဇန်နဝါရီလ ၉ ရက်ထိ ခန့်မှန်းခြေ ၁၅၄၅၀၀၀ ဦးအထိရှိလာခဲ့ပြီးယင်းတို့အနက် ၁၂၁၅၀၀၀ ဦးခန့်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍အသစ်နေရပ်စွန့်ခွာနေထိုင်သူများဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်နေထိုင်သော လူဦးရေ ၁၁၇၀ ဦး ၊ ရခိုင်ပြည်နယ်ရှိ လူဦးရေ ၁၅၀၀ ကျော် ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ လူဦးရေ ၄၇၀၀၀ ဦး ၊ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ရှိ လူဦးရေ ၈၀၀၀ စသည်တို့အတွက် လိုအပ်သောအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းအစုံအလင် ပါဝင်သည့် ခြင်ထောင်များ၊ ဖျာများ၊ စောင်များနှင့်ရေသိုလှောင်ပုံးများ၊ယာယီအမိုးအကာများ၊အရေးပေါ်အမိုးအကာအကူအညီများ၊နှာခေါင်းစည်းများ၊နေအိမ်တန်းလျားရှည်ပြန်ဆောက်ပေးခြင်းများ၊ါ်နေအိမ်အမိုးအကာများ၊ ဆိုလာမီးအိမ်များကို ဖြန့်ဝေခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် နိုင်ငံသားစာရွက်စာတမ်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကာကွယ်ခြင်းနှင့်မြေမြှုပ်မိုင်းဆိုင်ရာ သတင်းအချက်အလက်၊ ပညာရေးနှင့်ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများကို ယင်းဒေသများရှိလူဦးရေ ၃၅၀၀ ဦးထံ ဖြန့်ဝေခဲ့ကြောင်း၊ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁၀၀၀၀ ကျော်ထံ PPE ဝတ်စုံများကိုလည်းဖြန့်ဝေခဲ့ကြောင်း၊မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့နယ်တွင် UNHCRနှင့်မိတ်ဖက်အဖွဲ့ အစည်းများက ပဋိပက္ခဒဏ်နှင့်စားနပ်ရိက္ခာပြတ်လပ်မှုခံစားလျက်ရှိသော လူဦးရေ ၁၈၀ ခန့်ထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခဲ့ကာ PPE ဝတ်စုံ ၄၀၀၀ ကျော်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 January 2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ငပလီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း နစက ဥက္ကဌ က ပြောသည်။
ဇန်နဝါရီလ ၂၀ ရက်က သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် သံတွဲမြို့ရှိ Pristine Mermaid Resort ဧည့်ခန်းမဆောင်၌ တွေ့ဆုံကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ယင်းကပြောခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ငပလီဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းကို ယခင်ကတည်းက အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်နိုင်နေကြောင်း၊ လက်တလောလျှပ်စစ်မီးလိုအပ်ချက်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံး Gastifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လေအား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
ငပလီကမ်းခြေသည် သာယာလှပသည့် ကမ်းခြေတစ်ခုဖြစ်၍ ပြည်ပခရီးသွား ဧည့်သည်များကပင် ချီးကျူးနှစ်သက်ရသည့် ကမ်းခြေတစ်ခုဖြစ်သောကြောင့် ရှိပြီးသားအားသာချက်များကို အသုံးချကာ ခရီးသွားဧည့်သည်တို့၏ သဘောသဘာဝကို သိရှိအောင် ဆောင်ရွက်လျက် ဒေသတွင်းသို့ ခရီးသွားများ ပိုမို ဝင်ရောက်စေရေး လုပ်ဆောင်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Health_Tips
Published 21 January 2023
ခံတွင်းအနံ့ဆိုးခြင်းက ရှက်စရာကောင်းတယ်ဆိုပေမယ့် ဖြေရှင်းစရာနည်းလမ်းများစွာရှိပြီး အဓိကကတော့ စားသောက်စရာတွေပါပဲ။
ဒိန်ချဉ်နဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားခြင်းဖြင့် ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေကြောင်း တွေ့ရှိထားပါတယ်။
ဒိန်ချဉ်၊ ပေါင်မုန့်၊ မီဆိုစွပ်ပြုတ်တို့မှာ ပါဝင်တဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေဟာ ဒီပြဿနာကို ဖြေရှင်းနိုင်တယ်လို့ တရုတ်သုတေသီများက ဆိုပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းက လူ ၂၅ ရာခိုင်နှုန်းမှာ ဖြစ်ကြပြီး သွားဆေးခန်းလာရတဲ့ တတိယအများဆုံးအကြောင်းအရင်း ဖြစ်ပါတယ်။
ခံတွင်းအနံ့ဆိုးကြောင့် ရှက်စရာဖြစ်ရတဲ့အပြင် စိုးရိမ်ပူပန်စိတ်တွေပါ ဖြစ်ကြရပါတယ်။
ဘက်တီးရီးယားတွေနဲ့ အစာအကြွင်းအကျန်တွေ ရောနှောသွားရာကနေ ဒြပ်ပေါင်းတွေထွက်လာကာ ဒါဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့လည်း ဆက်စပ်နေပါတယ်။
ခံတွင်းအနံ့ဆိုးခြင်းအတွက် ပါးစပ်ဆေးခြင်း၊ ပီကေဝါးခြင်း၊ လျှာသန့်ရှင်းရေးလုပ်ခြင်းတို့ ပြုလုပ်နိုင်သလို ကောင်းကျိုးပြုဘက်တီးရီးယားစားသောက်ခြင်းကလည်း အသုံးဝင်နိုင်ပါတယ်။
ကောင်းကျိုးပြုဘက်တီးရီးယားတွေက ပါးစပ်ထဲမှာ အနံ့ထွက်စေတဲ့ ဘက်တီးရီးယားဆိုးတွေကနေ ထုတ်လုပ်လိုက်တဲ့ အမိုင်နိုအက်ဆစ်နဲ့ ပရိုတိန်းတွေ ပြိုကွဲခြင်းကို တားဆီးပေးပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်က လူအနည်းစုမှာသာ စမ်းသပ်တာဖြစ်ပြီး အချို့အချက်အလက်တွေဆိုရင် မပြည့်စုံသေးပါဘူး။
Lactobacillus salivarius, Lactobacillus reuteri, Streptococcus salivarius နဲ့ Weissella cibaria တို့လို ကောင်းကျိုးပြုဘက်တီးရီးယားတွေဟာ ဆာလ်ဖာဒြပ်ပေါင်းပမာဏကို လျှော့ချပေးပြီး ခံတွင်းနံ့ထွက်ခြင်းကို သက်သာစေတာဖြစ်ပါတယ်။
စမ်းသပ်ချက်ရလဒ်တွေနဲ့ ကောင်းကျိုးပြုဘက်တီးရီးယားစားခြင်းဖြင့် ခံတွင်းနံ့ထွက်ခြင်းကို သက်သာစေကြောင်း အတည်ပြုနိုင်ရန်အတွက် ပိုမိုစိတ်ချယုံကြည်ရတဲ့ စမ်းသပ်မှုတွေပြုလုပ်ရဦးမယ်လို့ ပြောကြားသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 20 January 2023
တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်ရိုးရာမုန့်တွေဖြစ်တဲ့ အီကွေ့မုန့်အပါအဝင် ပဲမုန့်၊ ဘဲဥမုန့်၊ ဖရုံမုန့်၊ မုန့်မျိုးစုံစတာတွေအော်ဒါမှာဝယ်ယူမှုတွေများတယ်လို့ မုန့်ကိုယ်စားလှယ်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 20 Jan 2023
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲ ဆက်ဆံရေးနှင့် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်ကို ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက် တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ကပြောကြားတယ်လို့ နစကပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ- ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meeting ကို ဇန်နဝါရီ ၂၀ ရက် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်ရာမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “ယခုကျင်းပပြုလုပ်တဲ့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှတဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက် အားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အခိုင်အမာပြောကြားလိုကြောင်း”ဆွေးနွေး ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးများ ကျင်းပနိုင်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် နိုင်မည့် လမ်းကြောင်းနှင့် နည်းလမ်းများကို ချမှတ်နိုင်မည့်အပြင် နယ်စပ်ဒေသရှိ တပ် ဖွဲ့များအနေဖြင့်လည်း ချမှတ်ထားသည့် လမ်းကြောင်းများအတိုင်း ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နယ်စပ်ဒေသတစ်လျှောက်ရှိ နှစ်နိုင်ငံ ပြည်သူများအတွက် အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနှင့် ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများကို တည်ဆောက်သွားနိုင်မယ်လို့ယုံကြည်တယ်လို့ ထပ်မံပြောကြားခဲ့တယ်လို့သိရှိရပါတယ်။
အစည်းအဝေးမစတင်မီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့သည် သီးခြားတွေ့ဆုံပြီး တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
ယခုပြုလုပ်တဲ့ မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုများ အေးချမ်းတည်ငြိမ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များ၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်များကို အပြုသဘော ဆောင်စွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ၊ နှစ်နိုင်ငံစစ်သံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်နှင့်အဖွဲ့ကို ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဇန်နဝါရီ ၂၀ ရက် ယနေ့ညမှာ သံတွဲမြို့၊ ငပလီကမ်းခြေ ရှိ Jasmine Ngapali Resort ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
-ymg/knl
#Myanmar_Politics
#Myanmar_Thailand_Military_Ties



#World_News
Published 20 January 2023
မက္ကဆီကိုနိုင်ငံမှာ ဆေးလိပ်သောက်ခြင်းကိုတားမြစ်တဲ့ အများပြည်သူဆိုင်ရာနေရာတွေကို ထပ်မံတိုးချဲ့သတ်မှတ်လိုက်တဲ့အပြင် ဘယ်မီဒီယာမှာမှ ကြော်ငြာခြင်းမပြုလုပ်ရန်ကိုလည်း အစိုးရက အတည်ပြုလိုက်တဲ့ ဥပဒေပြုပြင်ပြောင်းလဲမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။
#Yangon_Media_Group
#Local_News
Published _20 January 2023
မြန်မာနိုင်ငံက ထွက်ရှိတဲ့သကြားတွေကို ပြည်ပနိုင်ငံအချို့က ဝယ်ယူရန်ကမ်းလှမ်းမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 January 2023
တစ်နိုင်ငံလုံးမှာ လိုင်စင်ရပုဂ္ဂလိကဆေးရုံ(၂၆၀)ရှိပြီး လတ်တလောမှာ ပုဂ္ဂလိကဆေးရုံအသေးတွေ ထပ်ဖွင့်ဖို့တာစူနေတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများ အသင်းဥက္ကဌက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_20 January 2023
ပြောင်းတွေကို နယ်စပ်လမ်းကြောင်းတွေကနေ တစ်ဆင့်ပြည်ပနိုင်ငံတွေကို တရားမဝင်တင်ပို့မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1211 of 1813