Published 20 December 2022
အသင်းခေါင်းဆောင်မက်ဆီဦးဆောင်တဲ့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားအောင်ပွဲရ အာဂျင်တီးနား ဘောလုံးအသင်းကို သယ်ဆောင်လာတဲ့လေယာဉ်ဟာ အမိမြေရဲ့မြို့တော် ဗျုနိုအေးရိစ်ကို ဆိုက်ရောက်လာပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မနက် (၂)နာရီမှာ လေယာဉ်ဆိုက်ရောက်လာပေမယ့် ထောင်ပေါင်းများစွာသော ပရိဿတ်တွေက တစ်ခဲနက်ကြိုဆိုခဲ့ကြပါတယ်။
ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ လေယာဉ်ဆိုက်တာနှင့် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနှင့် နည်းပြ စကာလိုနီတို့ဦးဆောင်ပြီး လေယာဉ်ကဆင်းလာကြပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းရဲ့ tracksuit ကိုဝတ်ဆင်ထားပြီးလက်ထဲမှာလည်း သူကာလရှည်စောင့်စားခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုဖလားကြီးကို ပွေ့ပိုက်ထားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အိမ်အပြန်လှုပ်ရှားမှုမှတ်တမ်း ဗွီဒီယိုကို အေအက်ဖ်ပီက ရိုက်ကူးတင် ဆက်ပေးထားတာဖြစ်ပါတယ်။
Source AFP
#Argentina_land_Buenos_Aires
#World_Cup_2022
#Lionel_Messi
#Local_News
Published_ 20 December 2022
ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ နိုင်ငံခြားသားဆရာ၊ ဆရာမတွေအနေနဲ့ ပြည်တွင်းကျောင်းတွေမှာ ပညာလာသင်ပေးဖို့ ဗီဇာအခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ပြည်တွင်းနိုင်ငံတကာကျောင်းများ အသင်းနာယကဦးနေအုပ်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Event
Published 20 December 2022
စတုတ္ထအကြိမ်မြောက် ဟိုင်နန်ကျွန်းနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံတောင်ဘက်စွန်းဟိုင်နန်ဒေသရှိ ဆန်ညာအပန်းဖြေကမ်းရိုးတန်းမြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့ပြီး အမြင်အာရုံချို့တဲ့သူများ ရုပ်ရှင်များကိုနားဆင်ခံစားနိုင်ရန်အတွက် အသံသရုပ်ဖော်ပြချက်ဖြင့် အထူးတင်ဆက်တဲ့ အထူးအစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 20 Published 2022
သက်ကြီးဘိုးဘွားဂေဟာတွေဆီ ခိုကိုးရာမဲ့ ဘိုးဘွားတွေ ပို့ဆောင်ဖို့အတွက် လာရောက်ဆက်သွယ်မှုတွေ များလာတယ်လို့ ဘိုးဘွားဂေဟာတချို့ဆီကနေ အခုလိုပဲ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 20 December 2022
နှစ်စဉ်နှစ်တိုင်း ခရစ္စမတ်နဲ့နှစ်သစ်ကူးကာလညပိုင်းအချိန်တွေမှာအပျော်လွန်သူအချို့ဟာ ယာဉ်အန္တရာယ်နဲ့ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိတာတွေများ လေ့ရှိပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 20 December 2022
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ကျော်တက်ပြီး ထိုင်းနိုင်ငံက ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှုတွေ ပြုလုပ်ထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 20 December 2022
၁။ တရုတ်ထက် ထိုင်းနိုင်ငံနှင့် ပမာဏအများဆုံး နယ်စပ်ကုန်သွယ်မှု ပြုလုပ်ထား
၂။ ခရစ္စမတ်နှင့် နှစ်သစ်ကူးညများတွင် ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးနိုင်ရန်အသင့်ပြင်ဆင်ထားဟုဆို
၃။ ဘိုးဘွားဂေဟာများထံ ခိုနားရာမဲ့ဘိုးဘွားများ ပို့ဆောင်ရန် ဆက်သွယ်လာမှုအများအပြားရှိနေ
၄။ အမြင်အာရုံချို့တဲ့သူများအတွက် အသံဖြင့်သရုပ်ဖော်ထားသောအစီအစဉ်ပါဝင်သည့် ရုပ်ရှင်ပွဲတော်စတုတ္ထအကြိမ်မြောက်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_20 December 2022
ကျောက်စိမ်း၊ ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတွေ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၃၉ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_20 December 2022
ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းများပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း ရောင်းသူ၊ ဝယ်သူများထံမှ သိရသည်။
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ တစ်နှစ်ပတ်လုံး ဝယ်လိုအားများနေသည့်အတွက် ကြက်သွန်နီဈေးနှုန်းသည် ယမန်နှစ်ထက် ဈေးကပိုမြင့်နေကြောင်း၊ ယင်းအပြင် ကြက်သွန်အသစ်ပေါ်ချိန်ဖြစ်သော်လည်း ပြီးခဲ့သည့်တစ်ပါတ်အထိ ဈေးနှုန်းမှာ ၅၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဈေးကွက်ထဲတွင် ကြက်သွန်အကြီး တစ်ပိဿာ ၄၀၀၀ ကျပ်ဖြစ်ပြီး ကြက်သွန်အသေးတစ်ပိဿာ ၃၀၀၀ ကျပ်ရှိကြောင်း ရောင်းချသူထံမှသိရသည်။
ယင်းအပြင် ငရုတ်သီးကိုလည်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်မှဝယ်လိုအားများနေသည့်အတွက် တစ်ပိဿာ တစ်သောင်းဝန်းကျင်ခန့်အထိ ဆက်လက်မြင့်တက်နေကြောင်းသိရသည်။ နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေ နေ့စဉ် ၂၅ စီးဝန်းကျင်ဝင်ရောက်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောပြချက်အရ သိရသည်။
ယင်းအပြင် တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်း (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်နေပြီး မြို့ပေါ်မှာရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများ၌ ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲဝန်းကျင် ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
အခြေခံစားသောက်ကုန်စည်များထဲမှ တစ်ခုဖြစ်သည့် စားအုန်းဆီဈေးနှုန်းသည် ဈေးကွက်အတွင်းဆက်တိုက်လာကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 20 December 2022
ရန်ကုန်မြို့၊ ဒဂုံတောင် အမှတ်(105)ရပ်ကွက်မင်းရဲကောင်းပုံလမ်းနှင့် ရေနံသာလမ်းဘေးရှိ ဈေးဆိုင်အလွတ်ခုံပေါ်တွင် လွန်ခဲ့သော ၂ရက်ခန့် နေ့လည် ၁နာရီဝန်းကျင်လောက်တွင် ဒေါင်ဆင်ဒရုန်း ရောဂါခံစားနေရသည့် ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေ ကလေးသူငယ်စောင့်ရှောက်ရေး အသင်းအဖွဲ့ထံမှ သိရသည်။
"အမတို့ဆီအကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးရပ် တာဝန်ရှိတဲ့ စည်ပင်က လူကြီးတွေရယ်နဲ့ အမတို့ အဲ့နေရာရောက်သွားခဲ့ပါတယ်။ ကလေးလေးကို ရပ်ကွက်ကလူတွေပြောတာတော့ အမျိုးသမီးတစ်ဦးကချီလာတယ်လို့ ပြောတယ်။ ဘေးကနားဈေးဆိုင်လဲရှိတော့ ပထမက သတိမထားမိဘူး၊ နောက်တော့မှ ကလေးကတအားငိုတဲ့ အသံကြားမှ စွန့်ပစ်သွားမှန်းသိကြပြီး အမတို့ဆီဆက်သွယ်တာပါ။ အမတို့ရောက်တော့ ကလေးပုံစံက ဒေါင်းရောဂါသည်ပုံစံမျိုးနဲ့ဆင်တူနေတာကြောင့် သက်ဆိုင်ရာလူကြီးတွေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လူကယ်ပြန်ဌာနကို အကြောင်းကြားထားပါတယ်။ ကလေးလေးကိုတော့ အခုအမတို့ 105 မှာပဲ စောင့်ရှောက်ထားပါတယ်။ လူကယ်ပြန်ဌာနဆီမရောက်ခင် မိဘနဲ့တွေ့လိုတွေ့ငြားဆိုပြီး အမတို့က ကလေးပုံနဲ့တကွ စွန့်ပစ်ခံရကြောင်း တင်ပေးထားပါတယ်" ဟု အလင်းတန်း ကလေး သူငယ်ကာကွယ်စောက်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက YMG သို့ပြောခဲ့သည်။
ကလေးအား လူမှုရေးအသင်းအဖွဲ့အချို့ထံ ကူညီစောင့်ရှောက်ရန်အတွက် ဆက်သွယ်ထားရှိပြီး စွန့်ပစ်ခံရချိန်တွင် အဝတ်စားထုတ်လည်း ပါရှိကြောင်း သိရှိရသည်။
လက်ရှိတွင် ကလေးအား မိဘမှလာရောက်ခေါ်ယူချင်ပါက ခေါ်ယူ၍ရအောင် ရပ်ကွက်၌ တပတ်တိတိ စောင့်ရှောက်သွားမှာဖြစ်ကာ တပတ်ကျော်ပါက သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဟုလည်း သိရှိရသည်။
#Ymg/NN
#Yangon_Media_Group
#World_News
Published 20 December 2022
တွစ်တာဆိုရှယ်မီဒီယာရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်ကနေ 'အီလွန်မက်စ်'နှုတ်ထွက်သင့်တယ်လို့ တွစ်တာအသုံးပြုသူတွေက စစ်တမ်းတစ်ခုမှာ မဲပေးခဲ့ကြပါတယ်။
တွစ်တာကို အငြင်းပွားဖွယ်ဖြစ်ရပ်တွေနဲ့ ရယူခဲ့ပြီးနောက် ၂ လမပြည့်ခင်မှာပဲ 'မက်စ်'ကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။
စစ်တမ်းကောက်ယူချက်ရဲ့ ရလဒ်အတိုင်း လိုက်နာသွားမယ်လို့ 'မက်စ်'က တနင်္ဂနွေနေ့မှာဆိုခဲ့ပေမယ့် နှုတ်ထွက်သင့်တယ်လို့ ရလဒ်ထွက်ပေါ်လာပါက ဘယ်အချိန်ရာထူးဆင်းမှာလဲဆိုတာကိုတော့ အတိအကျမပြောသွားပါဘူး။
သူ့နေရာကို ဆက်ခံမယ့်လူလည်း မရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။
ဘီလျံနာ'မက်စ်'က တနင်္ဂနွေညနေခင်းမှာ စစ်တမ်းကောက်ယူခဲ့ရာ လူပေါင်း ၁၇.၅ သန်းပါဝင်မဲပေးခဲ့ကြရာ ၅၇.၅ ရာခိုင်နှုန်းက နှုတ်ထွက်သင့်တယ်လို့ ဖြေကြားခဲ့ပြီး ၄၂.၅ ရာခိုင်နှုန်းကတော့ ဆန့်ကျင်မဲပေးခဲ့ပါတယ်။
လေ့လာသူအချို့ရဲ့ အခိုင်အမာပြောဆိုချက်များအရ တွစ်တာလုပ်ငန်း ဆက်လက်လည်ပတ်နေဖို့ တိကျပြင်းထန်တဲ့အတိုင်းအတာများ လိုအပ်ပါတယ်။
'မက်စ်'သာ မဦးဆောင်နိုင်ဘူးဆိုရင် အားတက်သရောဦးဆောင်နိုင်မယ့်လူ ရှာတွေ့ဖို့ကလည်းခက်ခဲမှာဖြစ်ကြောင်း 'ဆိုဖီလန်းယတီးစ်'က ဆိုလိုက်ပါတယ်။
တွစ်တာရဲ့ ကိုယ်ရေးမူဝါဒပြောင်းလဲခြင်း၊ သတင်းထောက်တွေရဲ့အကောင့်များ ဆိုင်းငံ့ခြင်းနဲ့ ပြန်လည်ထည့်သွင်းခြင်းတို့ကြောင့် သတင်းအဖွဲ့အစည်းများ၊ စည်းရုံးရေးအဖွဲ့များနဲ့ တာဝန်ရှိသူများမှ ပြစ်တင်ရှုတ်ချမှုများ ခံနေရတဲ့အချိန်မှာ အခုလို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်(Meta)လို ပြိုင်ဘက်လုပ်ငန်းတွေကို အမွှန်းတင်ဖော်ပြနေတဲ့ အကောင့်တွေကို တွစ်တာက ပိတ်ပင်ခဲ့ရာ 'မက်စ်'ကို ကာလကြာရှည်စွာ ထောက်ခံလာတဲ့'ဂျက်ခ်ဒေါ်ဆေး'လို ပုဂ္ဂိုလ်ကပင် မေးခွန်းထုတ်လာကြပါတယ်။
အောက်တိုလာလ စတင်တာဝန်ယူကတည်းက 'မက်စ်'က ကုမ္ပဏီရဲ့ထိပ်သီးပုဂ္ဂိုလ်များနဲ့ ဝန်ထမ်းပေါင်း ထောင်ဂဏန်းကို အလုပ်ထုတ်ပယ်ခဲ့ပါတယ်။
အရင်က ပိတ်ထားတဲ့ 'ဒေါ်နယ်ထရမ့်'လို အကောင့်တွေကို ပြန်ဖွင့်ပေးခဲ့ပါတယ်။
အခြားဆိုရှယ်မီဒီယာများမှ အကြောင်းအရာများကို ဖော်ပြနေတဲ့အကောင့်တွေကို တားမြစ်တဲ့မူဝါဒ ထားရှိသင့်သလားဆိုတာကိုလည်း စစ်တမ်းကောက်ယူလျက်ရှိရာ ၈၇ ရာခိုင်နှုန်းက ဆန့်ကျင်မဲပေးထားပါတယ်။
Source: Reuters
#Yangon_Media_Group
#World_Health
Published 20 December 2022
ချောကလက်မည်းတွေက ကျန်းမာရေးအတွက်ကောင်းမွန်စေတယ်လို့ သိထားခဲ့တာကြာပြီဖြစ်ပေမယ့် ဘေးအန္တရာယ်လည်းရှိနိုင်တယ်လို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
ချောကလက်တောင့်တွေမှာ ကျန်းမာရေးပြဿနာအမျိုးမျိုးဖြစ်နိုင်စေတဲ့ သိပ်သည်းဆမြင့်တဲ့သတ္တုဓာတ် ၂ မျိုးပါဝင်နိုင်ကြောင်း Consumer Reports က လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။
Hershey’s, Ghirardelli, Lindt, Dove, Godiva, Trader Joe’s, Hu, Mast, Taza Chocolate, Valrhona, Beyond Good, Equal Exchange, Scharffen Berger, Alter Eco, Pascha, Tony’s, Lily’s, Chocolove, Endangered Species, Theo နဲ့ Green & Black’s စတဲ့ အမှတ်တံဆိပ် ၂၈ မျိုးတွေပါတဲ့ ချောကလက်တွေကို လေ့လာခဲ့ကြပါတယ်။
အဆိုပါ ၂၈ မျိုးစလုံးမှာ မြေကြီးမှာ သဘာဝအတိုင်းတွေ့ရတဲ့ ကဒ်မီယမ်နဲ့ ခဲသတ္တုဓာတ်များပါဝင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အဆိုပါသတ္တုတွေဟာ အဆုတ်ပြဿနာ၊ မှတ်ဉာဏ်ပြဿနာ၊ ကင်ဆာနဲ့ စောစီးစွာအသက်ဆုံးရှုံးခြင်းတို့နဲ့ပါ ဆက်စပ်နေကြပါတယ်။
ခဲဟာ လူသားတွေနဲ့ ကြာရှည်ထိတွေ့တဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ သွေးပေါင်ချိန်တိုးခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ လူကြီးတွေမှာ စိတ်အခြေအနေကျဆင်းခြင်း၊ ကလေးတွေမှာ ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်တို့ ထိခိုက်ကာ သင်ယူလေ့လာနိုင်စွမ်းနဲ့ နေထိုင်မှုပုံစံပြဿနာများ ဖြစ်ပေါ်လာတတ်ပါတယ်။
ကဒ်မီယမ်သတ္တုဓာတ်ကတော့ ပမာဏနည်းနည်းဖြင့်ပင် ကင်ဆာဖြစ်နိုင်ချေရှိပြီး ကျောက်ကပ်ကင်ဆာ၊ အရိုးကြွပ်ဆပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
ချောကလက်တွေမှာ အဆိုပါသတ္တုဓာတ်တွေ အများအပြားပါဝင်တာမဟုတ်ပေမယ့် ကျန်းမာရေးပြဿနာဖြစ်လောက်တဲ့အထိတော့ ပါဝင်နေကြောင်း အစားအစာစမ်းသပ်ရေးနဲ့ဘေးကင်းရေး ညွှန်ကြားရေးမှူး'ဂျိမ်းစ်ရော်ဂျာစ်'က ဆိုပါတယ်။
ချောကလက်အမှတ်တံဆိပ် ၂၈ မျိုးထဲက ၂၃ မျိုးဟာ တစ်နေ့ကို တစ်အောင်စပဲစားရင်တောင် ဆိုးကျိုးဖြစ်စေတဲ့သတ္တုဓာတ်အနည်းဆုံးတစ်မျိုး ရစေနိုင်ပါတယ်။
၅ မျိုးက ကဒ်မီယမ်နဲ့ ခဲဓာတ် ကျော်လွန်စွာပါဝင်နေပြီး နောက်ထပ် ၅ မျိုးကတော့ နှစ်မျိုးစလုံးနည်းပါးစွာ ပါဝင်နေပါတယ်။
ကုန်သွယ်ရေးစက်မှုအဖွဲ့ဖြစ်တဲ့ National Confectioners အဖွဲ့အစည်းကတော့ ဒီအချက်အလက်တွေကို အတိုက်အခံဆိုခဲ့ကာ ချောကလက်တွေက ရာစုနှစ်များစွာတိုင်အောင် စားသုံးခဲ့တဲ့အတိုင်း ဘေးကင်းစိတ်ချစွာစားသုံးနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
Source: NY Post
#Yangon_Media_Group
Page 1214 of 1767