#Local_News
Published_20 December 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သား (၉၀) ဦး၊ CBT ကုန်ထုတ်လုပ်သာ (၇) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၃) စုစုပေါင်း (၁၁၀) ဦးကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ဒီဇင်ဘာ ၂၆ရက်တွင် Regular(ကုန်ထုတ်လုပ်သား) ၊ Re-entry ကုန်ထုတ်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သား ) စုစုပေါင်း ၁၄၉ ဦး ကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှု ဒီဇင်ဘာလ ၂၀ ရက်အထိ မြန်မာလုပ်သား ၃၈၁ ဦးကိုစေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 20 Published 2022
မလေးရှားနိုင်ငံ၊ ကလန်းမြို့တွင် အလုပ်မှ နေအိမ်သို့ ပြန်လာသည့် မြန်မာအမျိုးသားတစ်ဦးကို အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာဒီဇင်ဘာလ ၁၉ရက် ည ၁၀နာရီဝန်းကျင်ခန့်က မလေးရှားနိုင်ငံ၊ ကလန်းမြို့နေ ကိုရာဇာမျိုးသည် အလုပ်မှနေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမည်မသိလူတစ်စုမှ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။
လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် ကိုရာဇာမျိုးသည် အရိုက်ခံရသည့်နေရာ၌ပင် မေ့လဲသွားခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၀ရက် နံနက် ၄နာရီခန့်တွင် ဝမ်းဗိုက်အားလက်ဖြင့်ဖိပြီး နေအိမ်သို့ပြန်ရောက်လာခဲ့သည်။
ထိုသို့ ဒဏ်ရာများဖြင့် အိမ်ပြန်ရောက်လာသည့်အတွက် ကိုရာဇာမျိုး၏ ဇနီးဖြစ်သူမှ အကူအညီတောင်းခံကာ ရှားအလမ်းဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ကာ လူနာရဲ့ဝမ်းဗိုက်အား ခွဲစိတ်ခဲ့ရပြီး ဒဏ်ရာများစွာဖြင့် ဆေးကုသလျက်ရှိနေကြောင်း အသင်းမှ သိရသည်။
ယင်းနောက် ဆေးရုံကိစ္စများ၊ ကုန်ကျငွေများ မတတ်နိုင်သဖြင့် နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံ အကူအညီတောင်းခံလာသည့်အတွက် ဆေးရုံသို့သွားရောက်ကာ လူနာကျန်းမာရေးအတွက် ရင်းဂစ် ၁၀၀၀ လှူဒါန်းခဲ့ကြောင်း အသင်းမှ သိရှိရသည်။
#Ymg/NN
#Yangom_Media _Group
#Local_News
Published_ 20 December 2022
တရုတ်နိုင်ငံမှ မီဒီယာစီမံခန့်ခွဲမှုဆိုင်ရာမွမ်းမံသင်တန်းကို အွန်လိုင်းမှတစ်ဆင့်ဖွင့်လှစ်ခဲ့ပြီး မြန်မာသင်တန်းသား(၁၉)ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်၊၊
အဆိုပါ 'မြန်မာနိုင်ငံအဓိကမီဒီယာများ၏ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံသင်တန်း'ကို ဒီဇင်ဘာလ(၁၆)ရက်တွင် အွန်လိုင်းမှတစ်ဆင့်ဖွင့်လှစ်ခဲ့သည်၊၊
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ အမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနချုပ် လေ့ကျင့်ရေးကျောင်းမှ တာဝန်ယူကျင်းပခဲ့ခြင်း ဖြစ်သည်၊၊
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ တရုတ်နိုင်ငံအမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနချုပ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Yan Ni ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Kyaw Naing Tint၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Cho Nwe Htay Win တို့တက်ရောက်ကြပြီး မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနနှင့် အဓိကမီဒီယာများမှ သင်တန်းသား ၁၉ ဦး ပါဝင်တက်ရောက်ကြသည်။
သံမှူး Mr. Tan Shufu က မီဒီယာများသည် ပြည်သူချင်း ကူးလူးဖလှယ်မှု မြှင့်တင်ရေး၊ ပြည်သူချင်း စိတ်ချင်းဆက်နွှယ်မှု မြင့်မားရေး တို့အတွက် အရေးကြီးသော ပေါင်းကူးတံတားနှင့် ချိတ်ဆက်မှုဖြစ်ကြောင်း၊ တရုတ်-မြန်မာမီဒီယာများအကြား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် “Belt and Road” ကို တရုတ်-မြန်မာ အတူတည်ဆောက်မှု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်သင်ယူလေ့လာမှု မြှင့်တင်ရေးတို့၌ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ပေါင်းစည်းရေးနှင့် ပြည်သူချင်း စိတ်ချင်းယှက်နွှယ်မှုတို့ကို မြှင့်တင်ရန်၊ မီဒီယာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု၏ နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုကို တိုးချဲ့ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
Ms. Yan Ni ကအမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနချုပ်သည် မြန်မာနိုင်ငံနှင့် ရင်းနှီးစွာလက်တွဲ၍ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်သင်ယူလေ့လာမှုများ မြှင့်တင်ကာ မီဒီယာလုပ်ငန်း စည်ပင်ဝပြောတိုးတက်ရေးအတွက် အတူတကွမြှင့်တင်ကြရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Mr. Kyaw Naing Tint က တရုတ်နိုင်ငံနှင့် ချိတ်ဆက်ကူးလူးဖလှယ်မှုများ တိုးမြှင့်၍ နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အဆက်မပြတ် မြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
ယခုသင်တန်းမှာ (၁၄) ရက် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် မီဒီယာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး အယူအဆများနှင့် လက်တွေ့စီမံခန့်ခွဲမှုများ၊ Omnimedia ခေတ်တွင် သတင်းတင်ဆက်ဖော်ပြမှုနှင့် မီဒီယာစီမံခန့်ခွဲမှုများ၊ New media လုပ်ငန်းလည်ပတ် စီမံခန့်ခွဲမှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းဗျူဟာ စသည့်သင်ခန်းစာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local _News
Published _ 20 December 2022
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်ရှိ ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ခရီးသည်များတင်ဆောင်မောင်းနှင်လာသည့် ချယ်ရီ(၂) ရေယာဉ်ပေါ်တွင် ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်က လက်လုပ်မိုင်းပေါက်ကွဲ၍ ၁၇ ဦးဒဏ်ရာရခဲ့သည်။
ဖြစ်စဉ်တွင် ခရီးသည် အမျိုးသား၊ အမျိုးသမီး ၁၇ ဦးမိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဖြစ်စဉ်အား ပြင်းထန်စွာရှုတ်ချကြောင်း အသင်းအဖွဲများက အသီးသီးထုတ်ပြန်ခဲ့ကြသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးများမှ ဖြစ်စဉ်အားလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာရှုတ်ချကြောင်းများ အသီးသီးထုတ်ပြန်ခဲ့ကြသည်။
ဖြစ်စဉ်အတွင်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူ ၁၇ ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိနေကြောင်း နစက၏ထုတ်ပြန်ချက်များအရ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#World_Health
Published 20 December 2022
အိပ်ရေးပျက်ပြီး ပင်ပန်းနွမ်းနယ်လာတဲ့အခါ ကော်ဖီ ၂ ခွက်လောက် ဒါမှမဟုတ် အားဖြည့်အချိုရည်သောက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။
အချို့ဆိုရင် မနက်အိပ်ရာနိုးတဲ့အခါ အားဖြည့်အချိုရည်တစ်ဗူးသောက်တာ အကျင့်ဖြစ်နေပါပြီ။
ဒါပေမဲ့ ဒီအကျင့်ကို ရှောင်ရှားသင့်တယ်လို့ ကျွမ်းကျင်သူများက ဆိုလိုက်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အားဖြည့်အချိုရည်သောက်တဲ့အခါ တစ်နာရီခွဲအတွင်း သွေးကြောများကျဉ်းစေပြီးတော့ ပိတ်ဆို့မှုဖြစ်ပွားနိုင်ကာ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ချေရှိပါတယ်။
အားဖြည့်အချိုရည်တွေဟာ လူငယ်တွေကြား ပိုပိုပြီးအသောက်များလာတာကြောင့် သောက်သုံးသူတွေရဲ့ကျန်းမာရေးကို ဘယ်လိုဆိုးရွားစွာထိခိုက်စေသလဲဆိုတာကို တက္ကဆပ်စ် ဟျူစတန်တက္ကသိုလ်မှ သုတေသီများက လေ့လာချင်ခဲ့ကြပါတယ်။
ဆယ်ကျော်သက်တွေ ကလေးတွေက အထိန်းအချုပ်မရှိသောက်သုံးနေတာကြောင့် ပိုပြီးစိုးရိမ်စရာဖြစ်လာရပါတယ်။
သုတေသီများက အသက် ၂၀ ဝန်းကျင်၊ ဆေးလိပ်မသောက်တတ်ဘဲ ကျန်းမာရေးပြဿနာမရှိဖူးတဲ့ လူငယ်တွေကို စမ်းသပ်ဖို့ခေါ်ယူခဲ့ပါတယ်။
အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖင်း၊ တော်ရင်း၊ သကြားတို့ပါဝင်ကာ သွေးကြောနံရံတွေကို ထိခိုက်စေပါတယ်။
အချိုရည် ၁၀၀ မီလီမီတာမှာ ကဖင်းဓာတ် ၈၀ မီလီဂရမ်ပါဝင်ပြီး ဒါဟာ ကိုလာ ၃ ဗူး ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ ညီမျှပါတယ်။
သောက်သုံးပြီး မိနစ် ၉၀ အကြာမှာ သွေးကြောတွေသိသိသာသာ ကျဉ်းသွားစေပါတယ်။
သွေးကြောများကျဉ်းခြင်းကြောင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေ ဆိုးရွားစွာထိခိုက်စေပါတယ်။
အစာအိမ်နံရံတွေကို အန္တရာယ်ဖြစ်စေကာ အနည်းငယ်မျှသောက်သုံးရင်တောင် ရေဓာတ်လျင်မြန်စွာခန်းခြောက်စေပါတယ်။
အားဖြည့်အချိုရည်တွေ ကျန်းမာရေးပြဿနာဖြစ်စေတာကို အခုမှလေ့လာတာမဟုတ်ပါဘူး။
အရင်လေ့လာမှုတွေမှာလည်း နှလုံး၊ အာရုံကြောစနစ်၊ အစာခြေပြဿနာများ ဖြစ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။
အားဖြည့်အချိုရည်သောက်သုံးခြင်းနဲ့ ကျန်းမာရေးမညီညွတ်တဲ့ အခြားအပြုအမူများကြား ဆက်စပ်မှုကိုလည်း တွေ့ရှိခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ၂၀၁၄ ခုနှစ်ကြား အမေရိကန်တစ်နိုင်ငံတည်းမှာတင် အားဖြည့်အချိုရည်သောက်သုံးခြင်းကြောင့် အရေးပေါ်ကုသခံယူမှု ၂ ဆပိုများနေခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Education
Published 19 December 2022
ဂျပန်လူမျိုးဆရာတစ်ဦးဖြစ်တဲ့ 'ယိုရှီယိုကူဒို'ရဲ့ နောက်ဆုံးဒိုင်ယာရီရေးသားမှုထဲမှာ အလုပ်စောစောထလုပ်ပြီး ညသန်းခေါင်အထိလုပ်ရတဲ့ နေ့ရက်တွေအကြောင်း ညည်းတွားဖော်ပြသွားခဲ့ပါတယ်။
#Yangon_Media_Group
Published 19 December 2022
တနင်္ဂနွေညကပြုလုပ်တဲ့ ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ လီယွန်နယ်မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ ပြင်သစ် ကို ပင်နယ်တီနှင့် လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားကြီးကိုရရှိသွားခဲ့ပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့ရှိ လူဆေးဘောလုံးကွင်းမှာကျင်းပတဲ့ နောက်ဆုံးဗိုလ်လုပွဲဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးကျယ် ဆုံး ဗိုလ်လုပွဲတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ်။
အချိန်ပိုကစားတဲ့အထိ သုံးဂိုးဆီသရေကစားနေရာမှာပင်နယ်တီအဆုံးအဖြတ်နှင့် အာဂျင်တီးနားက ဗိုလ်စွဲခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား ကစားသမားတွေဟာ နှစ်ထပ်ဘတ်စ်ကားကြီးပေါ်လိုက်ပါစီးနင်းပြီး ဒိုဟာရဲ့ လမ်းမတွေအပေါ် စီတန်းလှည့်လည်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။ အဲဒီပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။
Source: AFP
#World_Cup_Final
#Argentina_Victory
#Argentina_playesr_celebrate_victory
#Local_News
Published _ 19 December 2022
လက်ရှိတွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုပိုများလာပြီး ပြည်တွင်း စားသုံးမှုဈေးကွက်ထဲမှာလည်း ဈေးကောင်းရနေတယ်လို့ မှိုစိုက်ပျိုးထုတ်လုပ်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_19 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၉ ရက်အထိ ၈ လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် လျော့ကျလာတယ်လို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 December 2022
ခရစ္စမတ်နားနီးလာလေ ရာသီဥတုအေးလာလေဖြစ်ပြီး ဇန်နဝါရီလမှာတော့ အအေးဆုံးဖြစ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 19 December 2022
အခုနှစ်ကျင်းပမယ့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့၊သာကေတမြို့နယ်ရှိ တိုင်းရင်း သားကျေးရွာမှာ စည်ကားသိုက်မြိုက်စွာကျင်းပသွားဖို့ရှိတယ်လို့ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 19 December 2022
၁။ ခရစ္စမတ်နားနီးလာလေ အေးလာလေဖြစ်ပြီး ဇန်နဝါရီလတွင် အအေးဆုံးဖြစ်လာနိုင်ဟုဆို
၂။ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ကန်ဒေါ်လာ ၂၁ သန်းကျော်လျော့ကျ
၃။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှုပိုများလာပြီး ဈေးကွက်ရနေသည့် ငွေနှင်းမှို
၄။ အလုပ်ချိန်များလွန်းသည့် ဂျပန်ကျောင်းဆရာများအတွက် အလုပ်ချိန်စနစ်ပြုပြင်ပြောင်းလဲရန်လိုအပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1215 of 1767