#Local_News
Published_30 April 2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ခန်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ယာယီနေအိမ်(၃၁)လုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနက အခမဲ့ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
င်းနေအိမ်များကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊အိမ်အရွယ်အစားမှာ(၁၄)ပေပတ်လည်ဖြစ်ကာ ထရံကာ၊ သက္ကယ်မိုး၊ ဝါးကြမ်းခင်း၊ သုံးပင် ပတ်လည် မြေစိုက်ယာယီနေအိမ် အမျိုးအစားဖြစ်ကြောင်း၊
ယခုအခါ နေအိမ် ၂၉ လုံး ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ခန်ကုန်းကျေးရွာ၌ ဧပြီလ ၂ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။
#ymg/pl
#YMG #Yangon_Media_Group




#Local_News
Published_ 30 April 2023
ဆူဒန်နိုင်ငံ စစ်ဘေးအတွင်း ပိတ်မိနေသည့်မြန်မာနိုင်ငံသားအမျိုးသမီးအား ကူညီကယ်တင်ပြီးအလုပ်ရှိရာဒူဘိုင်းသို့ပြန်ရန်စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်၊၊
ထုတ်ပြန်ချက်တွင်မြန်မာသံရုံး၊ ရီရတ်ဒ်မြို့အနေဖြင့် နိုင်ငံသားများအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများတွင် ရောက်ရှိနေပြီး အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသူ မြန်မာနိုင်ငံသား မလယ်မယ်မီး (Lae Mae Mee) သည် သူမ၏အိမ်ရှင်နှင့်အတူ အားလပ်ရက်ခရီးအဖြစ် ဆူဒန်နိုင်ငံ၊ ခါတွန်မြို့သို့ ရောက်ရှိပြီး စစ်မက်ဘေးနှင့် ကြုံတွေ့ကာ Port Sudan မြို့တွင်ပိတ်မိနေကြောင်း ၂၆-၄-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့) ညပိုင်းတွင် သံရုံးမှ သတင်းရရှိခဲ့ကြောင်း၊
မြန်မာသံရုံးမှ မလယ်မယ်မီးအား ကူညီကယ်ဆယ်နိုင်ရေးအတွက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ဆူဒန်နိုင်ငံ စစ်ဘေးအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးအတွက် ဆော်ဒီနိုင်ငံမှ ဖွဲ့စည်းထားသည့် Emergency Crisis Management Team သို့လည်းကောင်း ဆက်သွယ်၍ ဆော်ဒီနိုင်ငံမှ စီစဉ်ဆောင်ရွက်နေသည့် ကယ်ဆယ်ရေး သင်္ဘောတွင် လိုက်ပါခွင့်ရရှိရေးအတွက် ညှိနှိုင်းရရှိခဲ့ကြောင်း၊
ထို့နောက် မလယ်မယ်မီးသည် ဆူဒန်နိုင်ငံ Port Sudan မြို့မှ ဂျက်ဒါမြို့သို့ ၂၉-၄-၂၀၂၃ ရက် (စနေနေ့) ညပိုင်းတွင်ရောက်ရှိခဲ့ပြီး၊ ထိုမှတစ်ဆင့် သူမ၏လုပ်ငန်းခွင်ရှိရာ ဒူဘိုင်းမြို့သို့ ခရီးဆက်လက် ထွက်ခွာနိုင်ရေးအတွက် မြန်မာသံရုံး၊ ရီရတ်ဒ်မြို့မှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။
ymg/tthl
#YMG #Yangon_Media_Group

Published 30 April 2023
တရုတ်နိုင်ငံ ချန်တူးမြို့မှာရှိတဲ့ ပန်ဒါကြီးမွေးမြူရေးသုတေသနစခန်းမှာ ပန်ဒါတစ်ကောင်က အခန်းထဲကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့အခါ နောက်အဖော်ပန်ဒါတစ်ကောင်က အတင်းပြန်ဆွဲချတဲ့ ရုပ်သံတစ်ခုကို မြင်တွေ့ကြရပါတယ်။
အိုင်ပန်ဒါလို့ အမည်ပေးထားတဲ့ မာလ်တီမီဒီယာပလက်ဖောင်းတစ်ခုပေါ်တင်ထားတဲ့ အဆိုပါဗွီဒီယိုမှာ ပန်ဒါပေါက်စပ် နှစ်ကောင်ဟာ အကျဉ်းကနေလွတ်မြောက်ချင်တာကြောင့် ကာရံထားတဲ့ ခြံစည်းရိုးအပေါ် ခုန်ကျော်တက်ဖို့ ကြိုးစားနေကြတာကိုတွေ့ကြရပါတယ်။ အဲဒီအထဲက တစ်ကောင်ဟာ ကြိုးစားတာမအောင်မြင်ပေမယ့် နောက်တစ်ကောင်ကတော့ အပေါ်ကိုရောက်လုနီးနီးရှိတဲ့အချိန်မှာ အောက်မှာရှိနနတဲ့ မနာလိုတဲ့ အဖော်က ပြန်ဆွဲချပါတယ်။
Source CCTV+
#ပန်ဒါကြီး
#တရုတ်ပန်ဒါကြီးများ
#YangonMediaGroup
#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published_ 30 April 2023
တားရော့ပညာကို စတင်လေ့လာဖြစ်ခဲ့ပုံအကြောင်း တားရော့ကြည့်ပေးဖြစ်တဲ့ အချိန်တိုင်းအစောင့်အရှောက်တွေကို မေတ္တာပို့ပေးလေ့ရှိကြောင်း တားရော့မေးကြသူတွေက ၇၅%မှန်တယ်လို့ ပြောလေ့ရှိကြောင်း
တားရော့ပညာနဲ့ပတ်သတ်ပြီး သင်ပေးခဲ့သူဆိုတာထက် ကိုယ်တိုင်ကြိုးစားလေ့လာခဲ့ရတာဖြစ်ကြောင်း
တားရော့ကတ်ပေါ်မှ ကိုယ်တွေ့ဖြစ်ရပ်များ၊ မမြင်ရသူတွေရဲ့ပုံရိပ်များ စာအုပ်နှစ်အုပ်ရေးသားဖြစ်ခဲ့တဲ့အကြောင်း
(၁၀)ရက် ပြတ် တားရော့သင်တန်းအပတ်စဉ် ၉အထိ သင်ကြားပေးနေမှုအကြောင်း"စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #နေခြည် (တားရော့)
#YMG #Yangon_Media_Group
#Local_News
Published_ 30 April 2023
မိုးတိမ်တောင်ဖြစ်ထွန်းမှုကြောင့် ရန်ကုန်တိုင်းအပါ အဝင်ဒေသ(၇)ခုမိုးသက်လေပြင်းကျနိုင်သလို မုတ်သုန်မဝင်ခင် မေလဆန်းပိုင်းထဲမှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #ရန်ကုန်အပါအဝင်ဒေသ(၇)ခု #မုန်တိုင်းဝင်နိုင်ခြေရှိ
#YMG #Yangon_Media_Group
Published 30 April 2023
ယခုတစ်ပတ် တောင်ကိုရီးယားမှာ အအောင်မြင်ဆုံးဒရာမာအဖြစ်ထိပ်ဆုံးရောက်ရှိနေတာက JTBC ရဲ့ စီးရီးအသစ်ဖြစ်တဲ့ “ဒေါက်တာချား” “Doctor Cha” ပဲဖြစ်ပါတယ်။ အဲဒီစီးရီးတစ်ခုလုံံးရော စီးရီးမှာပါတဲ့ သရုပ်ဆောင်တွေကိုပါ လူကြိုက်များနေတာပါ။
ပြီးခဲ့တဲ့အပတ်ကတော့ “ဒေါက်တချား” ဟာ ဒုတိယနေရာမှာပဲရှိနေရာကနေ ယခုတစ်ပတ်မှာ Good Data Corporation ရဲ့ အပတ်စဉ်အဆင့်သတ်မှတ်ချက်အရ နံပါတ်(၁)နေရာရောက်လာတာပါ။
ဒေါက်တာချားဟာ စီးရီးအရ နံပါတ်(၁)ဖြစ်ရုံမျှမကဘဲ ဇာတ်ကားထဲက သရုပ်ဆောင်တွေဟာ တစ်ပတ်အတွင်း ထိပ်တန်း(၁၀)စာရင်းမှာ လေးနေရာရရှိခဲ့ကြပါတယ်။ အမ်ဂျွန်ဟွာUhm Jung Hwaနှင့် ကင်မ်ဘျန်ချုလ်Kim Byung Chul တို့ဟာ အကောင်းဆုံးသရုပ်ဆောင် အမှတ်စဉ်(၁)နှင့် (၂)နေရာကို ဒီတပတ်စာရင်းထဲရောက်ရှိလာကြတာ ဖြစ်ပါတယ်။ မြောင်ဆီဘင်Myung Se Binက အမှတ်စဉ်(၅)နှင့် မင်ဝိုယပ်က Min Woo Hyukအမှတ်စဉ် (၉)မှာ နေရာယူခဲ့ကြပါတယ်။
တစ်ပြိုင်းတည်းမှာပဲ ENAက ထုတ်လုပ်တဲ့ ပါးလ်မွန်း “Pale Moon”ဒရာမာဟာ နံပါတ်(၂) ဒုတိယနေရာက လိုက်လာပြီး အဲဒီစီးရီးရဲ့ အဓိကအမျိုးသမီးသရုပ်ဆောင် ကင်မ်ဆောင်ယွန် Kim Seo Hyung ဟာ နံပါတ်(၇)နေရာချိတ်ခဲ့ပါတယ်။


SBS ရဲ့ “ဒေါက်တာရိုမန်တစ်-၃” “Dr. Romantic 3” က အမှတ်စဉ်(၃)မှာရှိခဲ့ပြီး tvN ရဲ့စီးရီးအသစ် “ဖယ်မလီ” “Family” က နံပါတ်(၄)မှာရှိခဲ့ပါတယ်။ ဖယ်မလီ စီးရီးထဲက သရုပ်ဆောင် ဂျန်နာရာ Jang Nara နှင့် ဂျန်ဟပ် Jang Hyuk တို့ဟာ သရုပ်ဆောင်အဆင့်မှာ အမှတ်စဉ်(၃)နှင့်(၄) အသီးသီးနေရာချိတ်ခဲ့ပါတယ်။
ဧပြီတတ်ိယပတ်အတွက် ကိုရီးယားဒရာမာတွေထဲက လူကြိုက်အများဆုံး ထိပ်ဆုံး(၁၀)စာရင်းကိုဖော်ပြပေးလိုက်ပါတယ်။
၁။JTBC “Doctor Cha”
၂။ ENA “Pale Moon”
၃။ SBS “Dr. Romantic 3”
၄။ tvN “Family”
၅။ KBS2 “The Real Has Come!”
၆။ KBS2 “Oasis”
၇။MBC “Joseon Attorney”
၈။ tvN “Stealer: The Treasure Keeper”
၉။KBS2 “Woman in a Veil
၁၀။ SBS “The Secret Romantic Guesthouse”
တစ်ပတ်အတွင်းလူကြိုက်အများဆုံး သရုပ်ဆောင်(၁၀)ဦးစာရင်းက
၁။Uhm Jung Hwa (“Doctor Cha”)
၂။ Kim Byung Chul (“Doctor Cha”)
၃။Jang Nara (“Family”)
၄။Jang Hyuk (“Family”)
၅။Myung Se Bin (“Doctor Cha”)
၆။Baek Jin Hee (“The Real Has Come!”)
၇။Kim Seo Hyung (“Pale Moon”)
၈။Ahn Jae Hyun (“The Real Has Come!”)
၉။Min Woo Hyuk (“Doctor Cha”)
၁၀။Jang Dong Yoon (“Oasis”)
Source: Agencies
#YangonMediaHroup
#Top10_best dramas_Korea
#Top10_best_actors_Korea
Published 30 April 2023
နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ် လူဝီဗစ်တွန်(အယ်ဗွီ)ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရဲ့ ဂျမ်ဆူဂျိုတံတားပေါ်မှာ ပထမဆုံးဆောင်းဦးအကြိုဖက်ရှင်ပွဲကို ဧပြီ၂၉ ရက်က ပြသသွားခဲ့ပါတယ်။
အဆိုပါဖက်ရှင်ပွဲမှာ နာမည် ကျော်နက်ဖလစ်စီးရီး စကွစ်ဂိမ်းဒါရိုက်တာ ဟွမ်ဒေါင်းယပ်လည်း ပွဲရဲ့ ဖန်တီးမှုအကြံပေးအဖြစ် ပါဝင်ဆင်နွှဲခဲ့ပါတယ်။ အဲဒီအပြင် အဲဒီစီးရီးရဲ့ သရုပ်ဆောင်လည်းမင်းသမီးဖြစ် တောင်ကိုရီးယားမော်ဒယ်လ်လည်းဖြစ်တဲ့ ဂျွန်ဟိုယွန်းလည်း တက်ရောက်ခဲ့ပါတယ်။
Source AFP
#Louis_Vuitton
#Prefall_show
#Seoul_Fashion_Show
#YangonMediaGroup
#Local_News
Published_ 30 April2023
မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ ရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
ယနေ့ ဧပြီလ ၃၀ ရက် ၊မွန်းလွဲ ၁ နာရီ (၂၆)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၄)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မင်းကင်းမြို့၏ အနာက်မြောက်ဘက် (၁၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၁)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၃၃)ဒီဂရီ၊ အနက်(၁၁၅)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/pl
#Local_News ##မင်းကင်းမြို့ # မြေငလျင်တစ်ခုလှုပ်ရှား
#YMG #Yangon_Media_Group
#Myanmar_News
Published_ 30 April 2023
၂၀၂၃ ခုနှစ်အတွက် တောင်ကြီး၊ပုဂံနှင့်ငွေဆောင် လူရည်ချွန်အပန်းဖြေစခန်းတွေကို ဧပြီ ၁၉ရက်က အသီးသီးဖွင့်လှစ်ပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲကို နစက ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိူတွေက ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူ ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကိုလည်းကျင်းပခဲ့ရာမှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းအား နှင့် တာဝန်ရှိသူတွေနှင့်အတူ Grade-9 လူရည်ချွန်ကျောင်းသား/သူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် ဧကာဒသမ လူရည်ချွန်များအတွက် လူရည်ချွန်စခန်း(ငွေဆောင်)ဖွင့်ပွဲ အခမ်းအနားကို ငွေဆောင်မြို့ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရသိရှိရပါတယ်။
-ymh/knl
#လူရည်ချွန်စခန်းများဖွင့်
#တောင်ကြီး၊ငွေဆောင်၊ပုဂံလူရည်ချွန်စခန်းများဖွင်
#မြန်မာပညာရေး
#YMG #Yangon_Media_Group



Published 28 April 2023
မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုန်အန်ရဲ့ ဩဇာတိက္ကမကြီးမားလှတဲ့ နှမဖြစ်သူ ကင်မ်ယိုဂျုန်က အမေရိကန်နှင့် တောင်ကိုရီးယားတို့ နျူကလီးယားသဘောတူညီချက်အသစ်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် သတိပေးချက်ထုတ်ပြန် လိုက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း သူငယ်ပြန်နေသူလို့ ခေါ်ဝေါ်သုံးစွဲလိုက်ကာ သူ့ရဲ့ ကြေညာချက်ဟာ “ အတွက်အချက်အလွန်မှားယွင်းပြီး တာဝန်မဲ့တဲ့ သတ္တိတွေ” ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ပြုံယမ်းကို ဟန့်တားတာ တိုးမြှင့်ဖို့ ရည်ရွယ်တဲ့ အဆိုပါသဘောတူညီချက်ဟာ ဒေသအတွင်း ပိုပြီးစိုးရိမ်ရတဲ့ အန္တရာယ်ထဲ ရောက်သွားအောင်ဦးတည်သွားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။
“ ဒီဖော်ပြမှုဟာ ကျွန်မတို့ရဲ့ ရန်အလိုဆုံးရန်ဘက်ဖြစ်တဲ့ အမေရိကန်သမ္မတရဲ့ ပုဂ္ဂိုလ်ရေးအရ အသုံးပြုတာလို့ ကျွန်မတို့ မှတ်ယူတယ်” လို့ သူမကပြောတယ်လို့မြောက်ကိုရီးယား နိုင်ငံပိုင် ကေအင်န်စီအေသတင်းဌာနက ရေးသားပါတယ်။
“ သူတို့ကို နျူကလီးယား စစ်လေ့ကျင့်ခန်းတွေပိုလုပ်လေလေ၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားပိုင်ဆိုင်မှုတွေ ပိုဖြန့်ကျက်ချထားလေလေ၊ သူတို့လုပ်တာနှင့် အချိုးကျစွာပဲ ကျွန်မတို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ပို ပိုမိုအားကောင်းအောင် လုပ်မှာပဲဖြစ်တယ်” လို့ သူမက သတိပေးခဲ့ပါတယ်။
ကင်မ်ဂျုန်အန်ဟာ အမေရိကန်နှင့်အပေါင်းပါမဟာမိတ်တွေအပေါ် နျူကလီးယားတိုက်ခိုက်မှုလုပ်လာရင် သူ့ရဲ့အစိုးရဟာ တည်ရှိမှု အဆုံးသတ်သွားလိမ့်မယ်လို့ ဘိုင်ဒင်က ပြောခဲ့အပြီး ကင်ယိုဂျုန်ရဲ့ သတင်းထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုရဲ့ ဒီတစ်ပတ်စောစောပိုင်း အမေရိကန်ခရီးစဉ်မှာ ဝါရှင်တန်ကြေညာချက်လက်မှတ်ရေးထိုးအပြီး ဘိုင်ဒင်ရဲ့ မှတ်ချက်စကားထွက်ပေါ်လာခဲ့တာပါ။
ဝါရှင်တန်ကြေညာချက်အရ ဆိုးလ်အနေနှင့် သူ့ကိုယ်ပိုင်နျူကလီးယားလက်နက်တွေထုတ်လုပ်မှာမဟုတ်ဘဲ မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစစ်လာနိုင်ချေတစ်ခုခုရှိတဲ့အခါ အမေရိကန်က အဲဒါတွေအသုံးပြုဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ အဲဒီအပြင် အမေရိကန်ဟာ သဘောတူညီချက်အစိတ်အပိုင်းတစ်ခုအရ တောင်ကိုရီးယားမှာ နျူကလီးယား လက်နက်တပ် ရေငုပ်သင်္ဘောတွေ ဖြန့်ကျက်ချထားပါလိမ့်မယ်။ ပြီးတော့ ရန်သူတွေကို သတင်းစကားပါးတဲ့အနေနှင့် လေယာဉ်တင်သင်္ဘော်တွေနှင့် ဗုန်းကြဲလေယာဉ်တွေကို တောင်ကိုရီးယားထံ ပုံမှန်ခရီးသွားရောက်မှာလည်း ဖြစ်ပါတယ်။
၁၉၉၁ခုနှစ်မှာ အမေရိကန်က သူ့ရဲ့ နျူကလီးယားလက်နက်တွေကို တောင်ကိုရီးယားနိုင်ငံမှ ပြန်လည်ရုပ်သိမ်းပြီးနောက် ဒီသဘောတူညီချက်ဟာ ပထမဆုံးရရှိတဲ့သဘောတူညီချက်ဖြစ်ပါတယ်။
Source WION
#ကိုရီးယားကျွန်းဆွယ်တင်းမာမှု
#ကင်မ်ယိုဂျုန်
#ဝါရှင်တန်ကြေညာချက်
#YangonMediaGroup
#Local_News
Published_30 April2023
လျှပ်စစ်မီးကို ၂ နာရီပေး ၊ ၄ နာရီပိတ် စနစ်ဖြင့် ပေးမည်ဟု ညွှန်ကြားချက် ရန်ကုန်တွင် မလာသေးကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း တာဝန်ရှိသူက ပြောသည်။
မနက်ဖြန် မေလ ၁ ရက်ကစ၍ နေ့စဉ် အုပ်စု ၃ စု ခွဲပြီး ၂နာရီ ပေး ၄နာရီ ပိတ် စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးသွားမည်ဟု ထွက်ပေါ်နေသော သတင်းအပေါ် အဆိုပါ တာဝန်ရှိသူက YMG ကို ပြောခြင်း ဖြစ်သည်။
"အဲဒီလို တော့ ညွှန်ကြားလာတာ မရှိသေးဘူး။လောလောဆယ်တော့ လာမယ့်မိုးရာသီအမီ ရေအားတွေကိုတော့ ထိန်းထားတယ်။ထိန်းပြီးတော့ပေးနေပေမဲ့ အဲဒီလို Plan တော့ မညွှန်ကြားသေးဘူး၊တစ်နိုင်ငံလုံးထုတ်တဲ့ဓာတ်အားကိုတော့ ထိန်းပြီး ရန်ကုန်ဘယ်လောက်၊ဘယ်ကိုဘယ်လောက်ဆိုတာတော့ လုပ်နေတာပေါ့၊အဲဒီထက် ထပ်လျှော့ပြီးတော့ ဘယ်လောက်နဲ့ လောက်အောင်သုံး ဆိုပြီးတော့တော့ မထုတ်ပြန်သေးဘူး"ဟု ယင်း တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မဂ္ဂါဝပ် ၁၂၀၀ ခန့် အသုံးပြုနေကြောင်းနှင့် နေ့ဘက်အချိန်ထက် ညပိုင်းကို ပို၍ လျှပ်စစ်မီးပေးနိုင်ရေးလုပ်ဆောင်နေကြောင်း၊သို့သော်လည်း ဝန်အား မမျှမှုဖြစ်ပေါ်ပါက ပိတ်ထားရသည်များရှိကြောင်း သိရသည်။
ymg/pl
#Local_News #လျှပ်စစ်မီးကို၂နာရီပေး၊၄နာရီပိတ်စနစ် #ညွှန်ကြားချက်
#YMG #Yangon_Media_Group
Page 1215 of 1958